AZURE Building Design

AZURE Building Design

Share

We are a group of freelance building designers who are keen to be engaged individually or as a team

03/12/2020

မင်္ဂလာပါ ခင်ဗျ။

AZURE Building Design မှကြိုဆိုပါတယ်။ AZURE နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။

SERVICES (ဝန်ဆောင်မှုများ) 🧳

Azure အဖွဲ့မှ
- လူနေအိမ်၊ တိုက်ခန်း ၊ ကွန်ဒို၊ Retail ဆိုင်ခန်း၊ ရုံးခန်း များအတွက် Architectural Design နှင့် Exterior & Interior အတွင်းအပြင် အလှဆင် ဒီဇိုင်းများနှင့် ရေမီးဒီဇိုင်းများ ရေးဆွဲခြင်း၊

- ဆောက်လုပ်ပြီး အဆောက်အုံများအတွက် ပြန်လည်ပြုပြင် ဒီဇိုင်းရေးဆွဲခြင်း များကို များကို ကုန်ကျမည့် ပစ္စည်းအရေတွက် Estimate နှင့်တကွ လူကြီးမင်းတို့စိတ်တိုင်းကျ စေမည့် ရိုးရှင်းဆန်းသစ်သော ဒီဇိုင်း ၊ မှန်ကန်ချိုသာသောစျေးနှုန်းများဖြင့် စိတ်တိုင်းကျသည်အထိ ဆောင်ရွက်ပေးလျက်ရှိပါတယ် ခင်ဗျ။

OUR DESIGN 🎁

လူတစ်ယောက်မှာ ရုပ်ရည်အသွင်အပြင် ဟာအဘယ်လောက်ပဲလှလှ ကျန်းမာရေး မကောင်းရင် ဘဝကို ပြည့်ပြည့်စုံစုံ ဖြတ်သန်းဖို့ခက်ခဲလှသလို အဆောက်ဦးတစ်ခုမှာလည်း အပြင်ပန်းလှရုံ အပေါ်ယံဒီဇိုင်းဆန်းရုံနဲ့ အိမ်ကောင်းတစ်ခု အဆောက်အဦကောင်း တစ်ခုလို့ခေါ်လို့မရပါဘူး။

သူ့ရဲ့ intended function (အိမ်/ကျောင်း/ရုံး/shophouse/...) ကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် ဒီဇိုင်းဆွဲတဲ့နေရာမှာ အချက်အလက်တွေအများကြီးထည့်စဉ်းစားဖို့လိုပါတယ်။

ကျွန်တော်တို့အဖွဲ့ အနေနဲ့ ဥပမာ အိမ်တစ်လုံးဆွဲရင် တတ်နိုင်သမျှ
1. လေဝင်လေထွက်ကောင်းဖို့
2. သဘာဝအလင်းရောင်ရဖို့
3. ရေစီးရေလာကောင်းဖို့
4. အနံ့အသက်တွေ မလှောင်နေဖို့
5. နေမယ့်သူ သက်သောင့်သက်သာဖြစ်စေဖို့
စသည့်အချက်တွေအားလုံးကို သေချာ စဉ်းစားပါတယ်ခင်ဗျ။

မီးအလင်းအမှောင် Lighting Design ကအစ သက်ဆိုင်ရာနေရာနဲ့သူ အကောင်းဆုံးလိုက်လျှောညီထွေရှိအောင် တွက်ချက်ပြီးမှ ဒီဇိုင်းဆွဲပေးပါတယ်ခင်ဗျ။

ဒါ့အပြင် ပစ္စည်းတွေကိုလည်း ပြည်တွင်းမှာလည်း အလွယ်တကူရနိုင်မယ့် ဈေးလည်းသင့်တော်မယ့် ပစ္စည်းတွေ ကို အဓိကစဉ်းစားပါပေးပါတယ်။

Aesthetic အရကတော့ ကျွန်တော်တို့အဖွဲ့ရဲ့ Slogan 'Make it simple, Keep it unique' ဆိုတဲ့အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ Balance ဖြစ်စေပြီး ဆောက်လုပ်သူပါ အဆင်ပြေစေမည့် ဒီဇိုင်းများကိုစဥ်းစားပြီးရေးဆွဲဖြစ်ပါတယ်။

CONTACT ☎️

ဒါကြောင့် ကျွန်တော် တို့နဲ့ အလုပ်တွဲ လုပ်ချင်တာပဲဖြစ်ဖြစ် ဒီဇိုင်းအပ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုပါက
Phone - 09 970614053 📞
Email - [email protected] 📩 (သို့)
AZURE Page Chatbox မှ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျ။

Photos from AZURE Building Design's post 29/11/2020

PROJECT 46.

Project Location : North Dagon, Yangon
Land Size : 40'x60'
Rooms : 2 Master Bedrooms, 3 Common Bedroom, 2 Common Bathrooms, Shrine & Study Room, Living Room, Kitchen & Dining Room, Laundry Room, Car Portico, Balcony, Roof Terrace, Small Courtyard/Garden
Project Scope : Building Design, Lighting Design & M&E Design

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon