Redevils Burma

Redevils Burma

Share

မန်ချက်စတာ ယူနိုက်တက် သတင်းစုံ

24/11/2025

Matchday vibes! 🔴🔵 Manchester United vs Everton — who’s taking the win today?

06/10/2024

🗣️ အက်စတွန်ဗီလာနှင့် ပွဲအပြီး အဲရစ် တန်ဟတ်၏ ပြောကြားချက်

🔱 “ဒီနှစ်ရာသီရဲ့ ၄ ပွဲမြောက် Clean Sheet လို့ ကျွန်တော်ထင်တာပါပဲဗျာ။"

🔱 “ကျွန်တော်တို့ရဲ့ အရမ်းကောင်းတဲ့ စုဖွဲ့မှုနဲ့ စည်းလုံးညီညွှတ်မှုတွေကို မြင်ကြမှာပါ။”

🔱 “အသင်းမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေရှိပါတယ်။ ကြံ့ကြံ့ခံနိုင်ပြီး အလျော့မပေးတဲ့ စိတ်ဓာတ်တွေကို တွေ့ရပါတယ်။”

06/10/2024

🗣️ အက်စတွန်ဗီလာနှင့် ပွဲအပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်၏ ပြောကြားချက်

🔱 “အလွန်ခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ။ အသင်းနှစ်သင်းစလုံးက အကောင်းဆုံးအနေအထားမှာရှိမနေပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဖိအားတစ်ပုံတစ်ပင်နဲ့ ခက်ခက်ခဲခဲကစားသွားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ဒီပွဲကို အနိုင်ကန်ဖို့လာတယ်လို့ ကျွန်တော်မခံစားရပါဘူး။ သေရေးရှင်ရေးအတွက် တစ်ပွဲထိုး နည်းဗျူဟာနဲ့ ကစားခဲ့ဟန်တူပါတယ်။”

06/10/2024

🔴 မန်ချက်စတာယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲတွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိကာ မိနစ် ၃၀၈ ဂိုးပေါက်ပျောက်ခဲ့သည်။

06/10/2024

🔴 အက်စတွန်ဗီလာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရီးမီးယားလိဂ်မှ ချီးမြှင့်သော အကောင်းဆုံး ကစားသမားဆု (Player of The Match) ကို မန်ချက်စတာယူနိုက်တက် ဗဟိုနောက်ခံကစားသမား ဂျော်နီ အီဗန့်မှ ရရှိခဲ့သည်။

06/10/2024

ပရီးမီးယားလိဂ် ပွဲစဉ် ၇

ပွဲပြီးရလဒ်

Aston Villa 0-0 Manchester United

06/10/2024

🔴 ပရီးမီးယားလိဂ် ပွဲစဉ် ၇

🔱 မန်ချက်စတာယူနိုက်တက်ပွဲထွက်လူစာရင်း

Aston Villa Vs Manchester United
MM time - 6 October 2024 7:30 pm

04/10/2024

🗣️ နည်းပြ အဲရစ် တန်ဟတ်၏ အနာဂတ်နှင့် ပတ်သတ်၍ ရှယ်ယာရှင်ပိုင်ရှင်သစ် Sir Jim Ratcliffe၏ ပြောကြားချက်

🔱 “အဲရစ် တန်ဟတ် ထုတ်ပယ်ခံရနိုင်လားဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်လို့ ကျွန်တော်မဖြေချင်ပါဘူး။ အဲရစ် တန်ဟတ်ကို ကျွန်တော်ကြိုက်ပါတယ်။ အရမ်းတော်တဲ့ နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းကို တာဝန်ယူကြီးကြပ်နေတဲ့ စီမံခန့်ခွဲရေးအဖွဲ့က အကောင်းဆုံး ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာ ဆုံးဖြတ်ရမှာပါ။”

🔱 “ယခုအသင်းကို ဦးဆောင်နေကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဇွန်၊ဇူလိုင်လလောက်ကမှ အတူလက်တွဲအလုပ်လုပ်ခဲ့ကြတာပါ။ Omar Berrada၊ Dan Ashworth တို့ ဇူလိုင်လမှ အသင်းကိုရောက်တာပါ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ သူတို့မရှိကြသေးပါဘူး။”

🔱 “သူတို့အသင်းကို ရောက်တာ အရမ်း မကြာသေးပါဘူး။ ရက်သတ္တပတ် အနည်းငယ်ပဲရှိပါသေးတယ်။ ဒါကြောင့် အခြေအနေကို သေချာလေ့လာဆန်းစစ်ပြီး ဓမ္မဓိဌာန်ကျကျ ဆုံးဖြတ်ချက်ချပါလိမ့်မယ်”

🔱 “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အလွန်ရှင်းလင်းပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရှိသင့်ရှိထိုက်တဲ့ နေရာကို ပြန်ရောက်တာ ကျွန်တော်တို့မြင်ချင်ပါတယ်။ အခု အဲဒီနေရာကို ပြန်မရောက်သေးတာ သိသာထင်ရှားပါတယ်။”

Photos from Redevils Burma 's post 04/10/2024

🔴⚪️ ၂၀၂၄/၂၅ ရာသီ မားကပ် ရက်ရှ်ဖို့ဒ်နှင့် အမ်ဘာပေတို့၏ ပယ်နယ်တီမပါဝင်သော ဂိုးဖန်တီးမှုနှင့် သွင်းဂိုးမှတ်တမ်း

🔱 မားကပ် ရက်ဖို့ဒ် - ၆
👑 အမ်ဘာပေ - ၅

04/10/2024

🗣️ ရာသီကုန်မှ ဝေဖန်ပါဟု နည်းပြ အဲရစ် တန်ဟတ် ပြောကြား

🔱 “ဒီအချိန်မှာ ဝေဖန်လေကန်နေတာ မစောလွန်းဘူးလားဗျာ။ အခုအချိန်လောက်နဲ့ အကဲမဖြတ်ပါနဲ့အုန်း။ ကျွန်တော်တို့ကို ရာသီကုန်မှ ဝေဖန်ပါ။ ကျွန်တော်တို့ တိုးတက်ကောင်းမွန်အောင် ကြိုးစားနေပါတယ်။”

🔱 “ပြီးခဲ့တဲ့ ရာသီ၂ ခုမှာ ဖလား ၂ လုံးရပြီးပြီလေဗျာ။ စောင့်လဲကြည့်ကြပါဦးဗျာ။”

03/10/2024

ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၂

ပွဲပြီးရလဒ်

FC Porto 3-3 Manchester United
⚽ Pêpe 27' ⚽ Rashford 7'
⚽ Omorodion 34', 50' ⚽ Højlund 20'
⚽ Maguire 90+1'
🟥 B. Fernandes 82'

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon