One personal Vlog

One personal Vlog

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from One personal Vlog, Blogger, Japan, Yangon.

24/06/2025
Photos from One personal Vlog's post 15/05/2025

交通 阪和線「美章園」徒歩2分
南大阪線「河堀口」徒歩4分
御堂筋線「天王寺」徒歩15分
55500

Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

Photos from One personal Vlog's post 15/05/2025

交通 谷町線「四天王寺前夕陽ヶ丘」徒歩8分
環状線「桃谷」徒歩9分
近鉄奈良線「大阪上本町」徒歩15分
အိမ်လခ 52000

Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

Photos from One personal Vlog's post 14/05/2025

交通 長堀鶴見線「玉造」徒歩7分
谷町線「谷町六丁目」徒歩10分
環状線「玉造」徒歩12分
အိမ်လခ48000
Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

Photos from One personal Vlog's post 14/05/2025

中央線「緑橋」徒歩5分
中央線「深江橋」徒歩11分
今里筋線「今里」徒歩18分
အိမ်လစာ 40000

Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

Photos from One personal Vlog's post 13/05/2025

堺筋線「長堀橋」徒歩7分
အိမ်လခ51000

Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

Photos from One personal Vlog's post 13/05/2025

南大阪線「針中野」徒歩7分
南大阪線「矢田」徒歩11分
谷町線「駒川中野」徒歩14分
ရေဖိုးအပါ 39000
Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

Photos from One personal Vlog's post 13/05/2025

京阪本線「滝井」徒歩4分
京阪本線「千林」徒歩6分
今里筋線「太子橋今市」徒歩8分
အိမ်လစာ 42000

Osaka,Kobe,Nara,Kyoto,
Nagoyaအပြင်
ဂျပန်တစ်နိုင်ငံလုံး ဝန်ဆောင်ခ
အခမဲ့ဖြင့် အိမ်ရှာပေးပါတယ်ရှင့်

30/04/2025

ဒီနေ့ ပြောချင်တာလေး
Language School
နဲ့ဂျပန်ကိုလာပြီးရင်ကျောင်းကိုပြီးအောင်တက်ပြီးမှ
ခဇုတိုးဗီဇာတွေပြောင်းပေးကြပါလို့
လူတိုင်းအခက်အခဲရှိတာသိပေမယ့်
ခဇုတိုး ကအလွယ်ရနေတော့language Schoolပြီးအောင်မတက်ဘဲ ခဇုတိုးတွေချိန်းလိုက်ကြတော့
အခုjapanကကျောင်းတော်တော်များများ မြန်မာကျောင်းသားလက်မခံတော့ဘူး
ကိုယ်တက်နေတဲ့ကျောင်းအပါအဝင်ဘဲ
College ရောက်မှ ဆက်မတက်ဘဲ ပြောင်းတဲ့သူတွေ
Language Schoolပြီးလို့ပြောင်းတဲ့သူတွေကိုမဆိုလိုဘူးနော်
Language Schoolကိုပြီးအောင်ဆက်မတက်ဘဲထွက်ပြေးပြီး ပြောင်းတဲ့သူတွေ အဓိကပြောချင်တာပါ
လူတိုင်းအခက်အခဲရှိတာသိတယ် Language Schoolရဲ့ကျောင်းလခက သိပ်မများပါဘူးရှာနိုင်ကြပါတယ်
အဲ့လိုအလွယ်လမ်းတွေလိုက်ကြတော့
မြန်မာပြည် ကနေ Language Schoolနဲ့လာချင်တဲ့သူတွေအတွက်အခွင့်အလမ်းတွေဆုံးရှုံးတယ်ခေါ်ချင်တဲ့ကျောင်းတွေနည်းကုန်တယ်
ပြီးတော့ ခဇုတိုးနဲ့နေပြီး ကိုယ်က နေရာတကာသွားပြီးအလုပ်လုပ်ချင်ရင် ကိုယ့်နာမည်နဲ့ အိမ်မငှားဘဲ သူငယ်ချင်းနဲ့သာအတူတူနေပြီး အိမ်ငှားပါ
ကိုယ်နာမည်နဲ့အိမ်ငှား ပြီးရင် တခြားနေရာပြောင်း နှစ်မပြည့်ခင်ပြောင်းတဲ့သူနဲ့အိမ်လခ မပေး နိုင်နဲ့ ကိုယ်ကိုယ်တိုင် လည်း blacklist ဖြစ်လို့အိမ်ငှားလို့မရနိုင်သလို အိမ်ငှား company တွေကလည်းမြန်မာ ခဇုတိုးဗီဇာနဲ့ဆို အိမ်မငှားပေးချင်ကြတော့ဘူးသူတို့companyနာမည်ပျက်လို့တဲ့လေ
ကျေးဇူးပြုပြီး ဆင်ခြင်ပေးကြပါ
တခြားသူတွေအတွက်
အကြံပေးတာပါ🙏🙏

25/04/2025

အမေ
ခေါ်ရတာသာစကားလုံး၂လုံး ထဲပါဘဲ
ဒါပေမယ့် တန်ဖိုးရှိမှုက သိန်းပေါင်းမက တန်လွန်းပါတယ်
အရာရာအစားထိုးလို့ရတဲ့အရာတွေထဲမှာ အမေ ဆိုတာ ပါမနေဘူး
ကိုယ့်အတွက် အမေ ဆိုတာ သူငယ်ချင်း‌ေကာင်းတစ်ယောက် မောင်နှမ တစ်ယောက် မိခင်ကောင်းတစ်ယောက်ပါဘဲ
ကိုယ်မုန်းတဲ့သူဆို သူလည်းမုန်းသလို
ကိုယ်ချစ်တဲ့သူဆို သူလည်းချစ်တယ်
တစ်လောကလုံးမှာ ပြေးကြည့်စရာဆိုလို့ အမေ ‌တစ်ယောက်ဘဲရှိနေခဲ့တော့
တခါတလေ ငါ့မှာငါ့အမေ ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့အားအင်ပြန်ဖြည့်ရလောက်အောင် အမေ က ကျွန်မအတွက် ခွန်အားဖြစ်စေတဲ့ အရာတစ်ခုပါဘဲ
သူမက သာ ကျွန်မ ကို အညိုအမဲစွဲအောင်ရိုက်ချင်ရိုက်လိမ့်မယ် အဖေက လေသံမာမာပြောရင်တောင်မကြိုက်တာလည်းသူမ ပါဘဲ
သူမက သာ ကျွန်မကို မကောင်းပြောရင်သာပြောမယ်
တခြားသူတွေဝေဖန်လာရင်တော့သူမ မကြိုက်ဘူး
မိသားစုနဲ့ အဝေးမှာ နေရတော့ မိသားစုရဲ့တန်ဖိုးကိုသိလာသလို အထူးသဖြင့် အမေရဲ့တန်ဖိုးကို ပိုသိလာတယ်
အယူ မရှိဘဲ အပေးသာရှိတဲ့ မေတ္တာဟာလည်း အမေဆီကပါဘဲ
အမေ ရေ ဆိုတာနဲ့
မပျော်ရင်ပြန်ခဲ့လေတဲ့
ဘာလိုအပ်လို့လဲနဲ့မေးရှာတယ်
အခုထိ တာဝန်မကျေသေးသရ်ျ အမေနဲ့သမီး ခွဲနေရအုံးမယ်
ကိုယ်ငယ်ငယ်လေးကတည်းက အရမ်းဆိုးတယ်
တစ်ယောက်ထဲမလို့လည်း ဖြစ်မယ်
၇နှစ်၈နှစ် ထိ နို့စို့တုန်း (ရယ်စရာတော့ကောင်းသား)
တခြားသူတွေက စုစု တို့က ကြီးနေပြီနို့စို့တုန်းလားမေးရင်
ကျုပ်ကလေးဒီတစ်ယောက်ရှိတာ စို့ပါစေတဲ့လေ
၁၇နှစ် ၁၈နှစ် ကိုယ်တိုင်ထမင်းခူးမစားချင်ရင်
အမေ့ကိုခွံ့ကျွေးခိုင်းတုန်း အမေ့ပါးစပ်နဲ့ကိုက်ပြီးတဲ့ထည့်ခွံ့ကျွေးတဲ့ကြက်သား ထက် ဘယ်အရာမှ အရသာမရှိဘူး အမေ
အသက် ၂၁နှစ်ကိုယ့်ကိုမွေးခဲ့တဲ့အမေ အသက်၂၈မှာလောကဓံ ကို သမီး ကြောင့် ကြံ့ကြံ့ခံခဲ့တယ်လို့ အမေ ရေးထားဖူးတဲ့ မှတ်စုတစ်ခုမှာဖတ်ခဲ့ဖူးတယ်
အခုသမီးလည်း ၂၈နှစ်မှာ အမေ့အတွက်လောကဓံကိုကြံ့ကြံ့ခံနိုင်ရည်ရှိအောင်ကြိုးစားနေတယ် အမေ
ငယ်ငယ်က ကျန်းမာရေးချူချာတဲ့သမီးတစ်ယောက်က
အမေပေးတဲ့အသက်နဲ့ခုထိနေနေရတာမလို့ ကျေးဇူးတင်တယ် အမေ
သွေးလွန်တုပ်ကွေးဆိုလည်း အရေးပေါ်ထိကိုယ်ရောက်တယ် အမေနေ့ညမအိပ် လိုက်လုပ်ပေးရှာတယ် မသောက်ချင်တဲ့ဓာတ်ဆား‌ရေကိုအတင်းတိုက်လို့ အမေ့ကိုစိတ်ဆိုးမိခဲ့သေးတယ် အမေသာ ဓာတ်ဆားရေတွေ အတင်းမတိုက်ခဲ့ရင် သမီးခုချိန်ထိအသက်ရှိအုံးမထင်
တီဘီရောဂါ ဖြစ်တယ် ကိုယ်က လူစွမ်းကောင်း
၆လနဲ့မပျောက်လို့ ၂နှစ်နီးပါး ဆေးစွဲသောက်ခဲ့ရတယ်
အမေသာဆေးပုံမှန်မတိုက်ခဲ့ရင် သမီးအခုချိန်ထိအသက်ရှိအုံးမယ် မထင်
တီဘီ ရောဂါ ဖြစ်ပြီးပျောက်တော့နောက်ဆက်တွဲရောဂါ ထပ်ဖြစ်တယ် ပန်းနာရင်ကျပ်ရောဂါတဲ့
‌ဆေးခန်းခဏခဏသွားရတယ်
ခဏခဏ အမောဖောက်တယ်
ညဘက်ကြီး အသက်ရှုကြပ်တော့ ၂၄နာရီ ဆေးရုံပြေးရတယ်
အဲ့ဒီညကသာ အမေ မနိုးနေခဲ့ရင် သမီး သေလောက်ပြီ
အမေပေးခဲ့တဲ့အသက်တွေအရမ်းများတယ်
အမေ အပေါ်ဆိုးခဲ့သလို သမီး ဘယ်သူ့အပေါ်မှာ ဆိုးမရဘူး
အမေ့အချစ် လောက် သမီးကိုဘယ်သူမှမချစ်နိုင်ဘူး
ဆုတောင်းရတာတွေမကြိုက်ပေမယ့်
အမေ့ကိုတော့ အမေပေးဆပ်သလိုသမီးပြန်ပေးဆပ်ချင်သေးတယ်
အမေလို မိခင်ကောင်းဖြစ်ဖို့ သမီး အဆင်သင့်မဖြစ်သေးသလို
သမီးကိုချစ်သလို အမေ့ကို ချစ်မယ့်မိသားစုတစ်ယောက်ရှာဖွေဖို့သမီး အဆင့်သင့်မဖြစ်သေးဘူး အမေ
ကောင်းမွန်ပျော်ရွှင်စွာနေထိုင်ပါ အမေ
ပျော်အောင်သာနေထိုင်ပါ လုပ်ချင်ရာတွေလည်းလုပ်ပါ
အခုထိတော့ အမေ့ရဲ့မပြ ည့်စုံသေးတဲ့အိုးကိုရေ($)မဖြည့်နိုင်သေးပေမယ့်🤭🤭
ဖြည့်နိုင်တဲ့အခါ အမေ့စိတ်ကြိုက်ကြိုက်တာသာလုပ်
မေမေ
ကျုပ်နဲ့ခင်ဗျားချင်း‌ေထွး‌ေနအောင်ရန်ဖြစ်ခဲ့တဲ့ခင်ဗျားကြီးကိုအရမ်းသတိရနေတယ်
#မေမေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Japan
Yangon