Perfect Date
Experience a perfect blind date
24/11/2020
သင်သိပါသလား: ဒီနေ့ဆို Perfect Date ကိုစထောင်တာတစ်နှစ်ပြည့်ဆိုတာ✨
သင်သိပါသလား: တစ်နှစ်ပြည့်သွားပေမယ့် ကိုဗစ်အစုတ်အပြတ်ကြောင့် အလုပ်တကယ်လုပ်ခဲ့ရတာ ၄လလောက်ဘဲရှိတယ်ဆိုတာ :')
ယုံကြည်စိတ်ချရမယ့် သူစိမ်းတစ်ယောက်နဲ့တွေ့ဖို့ သင်အဆင်သင့်ဖြစ်ပြီလား ?
နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Blind Date Service ကို သင်ကိုယ်တိုင် စမ်းသပ်ပြီး အတွေ့အကြုံသစ်တွေရဖို့အတွက် Perfect Date ကနေ
စတင်မိတ်ဆက်ပေးတော့မှာနော် 🔥
Blind Date Service in Yangon will coming soon !!!!!
About Service
________________
https://m.facebook.com/story.php?story_fbid=107789870693895&id=107179087421640
31/10/2020
လက်နှေးလို့မရလိုက်ဘူးဆိုတဲ့ FA လေးတွေ
ယူဒို့အဲ့လိုလက်နှေးလို့လည်း FA ဖြစ်နေတာ 😛 (စတာ)
Rs တွေကတော့၀င်ယူရင်ပြတ် (ဒါကတော့မစဘူးအတည်🌚)
ကဲဘယ်သူတွေဘယ်လောက်ရကြတုန်း😍
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
31/10/2020
၀င်ယူတဲ့ RS တွေပြတ်ကွာ (Perfect Date ကနေမှတွဲသွားတဲ့အတွဲတွေမပါ😚)
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
20/09/2020
အားလုံးဘဲ Stay Home ရင်း ကျန်းမာရေးကိုအများကြီးဂရုစိုက်ကြပါ✨
ဒိတ်ဒိတ်တို့လည်း ဒီကာလကြီးကိုအမြန်ဆုံးပြီးဆုံးနိုင်ဖို့ဆုတောင်းနေပါတယ်။
14/09/2020
Covid ကာလမှာ ဒိတ်ဒိတ်တို့ရဲ့ Blind Date Service ကိုစိတ်မကောင်းစွာနဲ့ဘဲ ခေတ္တရပ်နားထားလိုက်ရပါတယ်💔
စာတွေမပြန်တာကလည်း service တွေရပ်ထားလို့ပါ✨
Form အသစ်တင်ချင်သူတွေဒီအခြေအနေမှာ လက်မခံနိုင်တာကိုနားလည်ပေးကြပါနော်
Second wave ပြန်မစခင်မှာ Form တင်ပြီး service fees ပါလွှဲပေးထားတဲ့သူတွေလည်း ဒိတ်ဒိတ်တို့ အခြေအနေတွေငြိမ်သွားလို့ပြန်စတဲ့အခါမှာအရင်ဆုံး match လုပ်ပေးသွားမှာပါ ✨ စိတ်ရှည်ရှည်နဲ့စောင့်ပေးကြပါဦးနော်💛
အခု covid ကာလမတိုင်ခင်ရော လက်ရှိအထိမှာပါ Perfect Date ကနေလုပ်တဲ့ Blind Date service မှာပါ၀င်ခဲ့သူတွေရော စိတ်၀င်စားပေးကြတဲ့သူတွေကိုရောကျေးဇူးတင်ပါတယ်။
အားလုံးဘဲအိမ်မှာနေကြပါ။
ကျန်းမာရေးကိုဂရုစိုက်ပါ။
မတတ်သာလို့အပြင်သွားကြရမယ်ဆိုရင်တောင် Mask တပ်ကြပါနော် ။😷
2nd wave ကြီးပြီးတဲ့အခါအကုန်လုံးဆီကိုပိုပြီးကောင်းတဲ့ service တွေနဲ့ပြန်လာနိုင်အောင်ကြိုးစားထားပါ့မယ် 💛
13/08/2020
မီယန်မာအိုင်ဒေါမှာဒိုင်မလုပ်ဘူး Perfect Date မှာဘဲလုပ်မယ်😎
ကဲဒီတစ်ခါလည်း Honest Review လေးတစ်ခုတင်ပေးလိုက်ပါတယ်✨
တစ်ခါတစ်လေ Perfect Date မှာဖောင်တင်လိုက်ရင် ၂ပတ်လို့ပြောပြီးဂျင်းထည့်သွားတဲ့ ဒိတ်ဒိတ်တို့အက်ဒမင်တွေက တကယ်တော့သေချာလိုက်ဖက်တဲ့သူကိုရွေးနေလို့ပါ 😁မလိုက်ရင်တွေ့တဲ့သူနဲ့ ဒိတ်ပြီးရင်ပြီးရောဆိုပြီးမလုပ်လိုက်ဘဲ နောက် batch ကသူတွေနဲ့ပါသေချာရွေးပြီးမှ ဒိတ်စီစဉ်ပေးတာမို့လို့ကြာတာပါ 💛 ဒါတောင်တစ်ချို့တစ်လေဘဲနော်
ကဲအခုလည်း Early Bird Blind Date Form တွေရန်ကုန်ရော မန္တလေးရောမှာဖွင့်ပေးထားတာမို့လို့ ကိုယ်တိုင်အခုလိုမျိုးရီဗျူးလာပေးချင်ရင် မြန်မြန်လျှောက်ထားလိုက်နော် ✨
11/08/2020
Blind Date ပါတနာကနေလည်း အတင်းတုတ်ဖော်တုတ်ဖက်တွေဖြစ်သွားနိုင်ပါတယ် 😂
အခုလိုမျိုး good feedback တွေက Perfect Date ကိုဆက်လုပ်ဖြစ်စေတဲ့ အားတွေပါဘဲ ✨❤️
သင်လည်းတစ်ယောက်တည်းပျင်းနေရင်
အနည်းဆုံးတော့စကားပြောဖော်ရနိုင်တာမို့လို့ Blind Date ကိုစမ်းလုပ်ကြည့်သင့်တယ်နော်🤔
သတင်းကောင်းတစ်ခုက ရန်ကုန်မန္တလေး Form တွေကို လူအယောက် 20 စာ ကြိုဖွင့်လိုက်ပြီမို့လို့ အခုဘဲ page chatbot ကနေ Early Bird Form တွေယူလို့ရပါပြီနော်
အယောက် 20 ပြည့်သွားရင်တော့ Formဖွင့်ကြောင်းကို official ကြေငြာတဲ့နေ့မှပြန်တင်လို့ရမှာပါ။ 😍
🔹 Early Bird Form ယူနည်း 🔹
Page chatbot > Unicode (or) Zawgyi > Form တင်ရန်> Choose Yangon (or) Mandalay Form
အဲ့မှာ Form Link လေးကျလာရင်ဖြည့်လို့ရပါပြီ ✨
Perfect Date ရဲ့ Chatbot ကနေ Form ကိုအလွယ်တကူထုတ်နိုင်ပါပြီ 🤖
Chatbox မှာစမ်းနေတာကြာပြီမို့လို့ တစ်ချို့တွေလည်းသုံးဖူးပြီးသွားလောက်ပြီဆိုပေမယ့် ထပ်ပြီးမိတ်ဆက်ပေးချင်ပါတယ်။✨
ဒိတ်ဒိတ်တို့ဆီကိုစာတွေအ၀င်များပြီး Reply တွေကြာတာ form တွေမရလိုက်တာ စတဲ့ပြသနာတွေအတွက် Perfect Date Chatbot လေးရှိနေပါပြီ🤖
Formထုတ်ဖို့အတွက်ဆို
Step 1 မိမိအသုံးပြုလိုသော font ကိုရွေးချယ်ပါ
Step 2 Form တင်ရန်ကိုရွေးပါ
Step 3 မိမိ form တင်လိုတဲ့မြို့ကိုရွေးချယ်ပါ။
အဲ့လိုရွေးပြီးတဲ့အခါပြန်လည်ပေးပို့လာတဲ့ Link လေးကနေတစ်ဆင့်၀င်ပြီး အချက်အလက်တွေဖြည့်ပြီးတင်လိုက်ရုံပါဘဲ💻📝
Service Fees, Matching Process လိုမျိုးတစ်ခြားစုံစမ်းမေးမြန်းမှုတွေကိုလည်း Chatbot ကနေတစ်ဆင့်လုပ်နိုင်ပြီး ဖောင်တင်ပြီးသားသူတွေကတော့ Admin နဲ့စကားပြောရန်ကိုရွေးချယ်ပြီးဆက်သွယ်နိုင်ပါတယ်နော် 😍
🔥 သတင်းကောင်း 🔥
မနက်ဖြန်ဆိုရန်ကုန်ရောမန္တလေးရောဖောင်တွေပြန်ဖွင့်ပေးတော့ပါမယ်လို့ အကြာကြီးစောင့်နေပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်
ပုံ/
ချစ်သောဒိတ်ဒိတ်❤️
06/08/2020
10 တွဲ Arrange ပေးရင် 8 တွဲကတော့ အမြဲတမ်းအိုကေ 😎
ဒိတ်တဲ့သူတွေတော့မသိဘူး ကိုယ်တွေထဲက FA Admin တွေကတော့ review တွေဖတ်ပြီး ပါးစပ်ကနားရွက်ကိုတက်ချိတ်နေပါပြီ 😁✨
ကဲမကြာမီအချိန်တွင်းမှာလည်း Form တွေပြန်ဖွင့်တော့မှာဆိုတော့ နည်းနည်းလေးဘဲစောင့်ပေးကြပါနော် 💚
27/07/2020
✨ First Impression ကဘာလို့အရေးကြီးတာလဲ ?
✨ Date တစ်ခုလုပ်တော့မယ်ဆိုရင်ဘဲဖြစ်ဖြစ် အလုပ်interview တွေသွားဝာာဘဲဖြစ်ဖြစ် လူအသစ်တွေနဲ့တွေ့မယ်ဆို သင့်ရဲ့First Impression ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းကိုအရေးပါပါတယ်။
⏰ University of Pennsylvania က Psychologistတွေရဲ့ လေ့လာမှုအရ dating လုပ်ရာမှာ partnerဟာ တစ်ဖက် partner ရဲ့ အသွင်အပြင်ကို စတွေ့တဲ့ သုံးစက္ကန့်အတွင်းမှာ ဆုံးဖြတ်ချက်တစ်ခု ချလေ့ရှိပါတယ်တဲ့
📝 Website တစ်ခုက Single 5000 ကို ကောက်ထားတဲ့ surveyတစ်ခုအရ datingတစ်ခုမှာ အရေးကြီးတဲ့အရာတွေအဖြစ်
17% က stylish clothes
15% က sexy fragrance
14% က good skin
10% က great hair ဆိုပြီး ဖြေထားတယ်လို့ တွေ့ရတယ်နော်
✨ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ပထမဆုံးစစတွေ့ချင်းမှာ ကိုယ့်ရဲ့၀တ်စားဆင်ယင်မှု၊ကိုယ့်ရဲ့ကိုယ်နံ့၊ဆံပင်ပြင်ဆင်မှုအစရှိတဲ့အရာတွေက သင့်အပေါ်အများကြီးအကျိုးသက်ရောက်တာကိုတွေ့နိုင်ပါတယ်။
First Impression ကောင်းဖို့အတွက်လှနေစရာမလိုပါဘူး ❌
သင်သာ သေသေသပ်သပ်ဝတ်မယ် သန့်သန့်ရှင်းရှင်းလေးနဲ့ ရိုးရှင်းစွာနေမယ်ဆို သင့်အပေါ်လူတွေရဲ့ First Impression ကအလိုလိုမြင့်နေမှာပါနော်။ ✅
ဒိတ်ဒိတ်တို့က dateပြီးရောဆိုပြီး ပစ်ထားမှာမဟုတ်သလို before dating ပြင်ရန် ဆင်ရန် during dating ဆောင်ရန်ရှောင်ရန်တွေကို နောက်postတွေမှာ ဆက်ပြောပြသွားမှာမို့ ဒိတ်ဒိတ်တို့ရဲ့ Perfect Dateလေးကို see first နော်😗💖
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
11201
Opening Hours
| Monday | 11:00 - 21:00 |
| Tuesday | 11:00 - 21:00 |
| Wednesday | 11:00 - 21:00 |
| Thursday | 11:00 - 21:00 |
| Friday | 11:00 - 21:00 |
| Saturday | 11:00 - 21:00 |
| Sunday | 11:00 - 21:00 |