SHWE

SHWE

Share

Mental Health service for all. Dr Aung Win (Consultant Psychiatrist)
SHWE Clinic Psychiatric consultation and treatment.

25/01/2026

၂၇- ၁၂-၂၀၂၅ မှစ၍ ထားဝယ်ဆေးကုခန်းကို ခေတ္တပိတ်ထားပါသည်

11/06/2025

17/06/2023

အသက်၆၀ကျော် အမျိုးသမီး ပထမဦးဆုံးအကြိမ် အိပ်မပျော်တဲ့ ဝေဒနာ ၁၅ရက် ကြုံတယ် ညဖက် အမူအရာတွေက တယောက်ယောက်နဲ့ ရန်ဖြစ်လို စကားတွေ အပြန်အလှန်ပြောနေသလိုပါ တယောက်ယောက်က ဟန့်လိုက်ရင် စိတ်ဆိုးတယ် ဘဝဟောင်းက ပဋန်းဆက်လို့ပြောတယ် သူ့ကို အောက်လမ်းနဲ့ လုပ်တယ် ဒါ့ကြောင့် ဝေဒနာတွေ ခံစားရတယ် လူကအလွန်ဝတဲ့သူ သွေးတိုးရောဂါရှိတယ် သားသမီး၄ယောက် ရှမ်းကမ်းမှာ စိတ်ပူတယ်လို့ပြောပြတယ် တတ်စွမ်းသလောက် ကူညီလိုက်ပါသည်

30/03/2022

❝ အတွေးလွန်ခြင်းဆိုတာ စိတ်ရောဂါတစ်မျိုးပါပဲ ❞

အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို
အတွေးလွန်တယ်လို့ ခေါ်ပါတယ်။

ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ
အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို
ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး
အတွေးလွန်တဲ့ပုံစံ နှစ်မျိုးရှိပါတယ်။
အတွေးလွန်ခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ
အများကြီးပါ။

- စိတ်ဖိစီးမှု အလွန်အမင်းမြင့်တက်လာမယ်။

- မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။

- မှတ်ဥာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။

- အားငယ်စိတ်တွေ ပိုများလာမယ်။

- ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကချည်း
စဉ်းစားလာမယ်။

- အရာရာကို လွယ်လွယ်ကူကူ အရှုံးပေးလာမယ်။

- အိပ်ပျော်ဖို့ခက်ခဲလာမယ်။

- အစာစားလိုစိတ် ပျောက်ဆုံးလာမယ်။

- နှလုံးရောဂါ ရလာမယ်။

- စိတ်ရော ကိုယ်ပါ ပင်ပန်းဆင်းရဲလာမယ်။

အဆုံးမှာ သတ်သေတဲ့အထိ အခြေအနေ
ဆိုးနိုင်ပါတယ်။

အတွေးလွန်ခြင်းဟာ
ကျွန်တော်တို့ကြုံနေရတဲ့ ပြဿနာတွေအတွက်
မှန်ကန်တဲ့အဖြေကို မပေးပါဘူး။
တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးရာရောက်ပါတယ်။ကျွန်တော်တို့ရဲ့ဘဝကိုလည်း
အောက်ဆုံးထိရောက်အောင် ဆွဲချနိုင်ပါတယ်။လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊
ဘယ်ကိစ္စမှာမဆို အတွေးလွန်ခြင်းက ကျွန်တော်တို့ကို ဒုက္ခရောက်စေနိုင်ပါတယ်။

ဒါကြောင့် အတွေးလွန်တတ်တဲ့စိတ် ရှိနေပြီဆိုရင်
မဖြစ်မနေကုသဖို့လိုအပ်ပါတယ်။
ကျွန်တော်လေ့လာထားတဲ့ အတွေးလွန်ခြင်းကနေ
ရုန်းထွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို
ဝေမျှပေးချင်ပါတယ်။

(၁) မအိပ်ခင်မှာ ပျော်စရာအကြောင်းတွေပဲ
တွေးကြည့်ပါ။အိပ်ရာနိုးရင်လည်း ပျော်စရာကိစ္စကိုပဲ စပြီးတွေးပါ။နေ့တစ်နေ့ရဲ့အစနဲ့အဆုံးမှာ မကောင်းတဲ့အကြောင်းတွေ လုံးဝမတွေးပါနဲ့။

(၂) အတိတ်က မကောင်းတဲ့ကိစ္စတွေကို
ပြန်မတွေးမိအောင်နေပါ။အနာဂတ်ကိုလည်း ဘယ်တော့မှ ကြိုပြီး မစိုးရိမ်ပါနဲ့။
လက်ရှိအခြေအနေမှာပဲ အကောင်းဆုံးရှေ့ဆက်ဖို့ ကြိုးစားကြည့်ပါ။

(၃) ဘယ်သူမှ Perfect မဖြစ်ဘူးဆိုတဲ့အသိကို
ခေါင်းထဲထည့်ထားပါ။လောကကြီးမှာ အမှားကင်းတဲ့သူ၊ အပြစ်ကင်းတဲ့သူ၊ အားနည်းချက်ကင်းတဲ့သူ
ဆိုတာ မရှိပါဘူး။

(၄) အတွေးမလွန်ဖို့ သတိကပ်ထားပါ။
တစ်ခုခုကို ၅ မိနစ်ထက် ပိုတွေးနေမိပြီဆိုတာနဲ့
အဲ့ဒီအတွေးကို ဖြတ်တောက်လိုက်ပါ။
ပြီးရင် တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။

(၅) ဘယ်အရာမဆို လုပ်နိုင်တယ်ဆိုတဲ့
ယုံကြည်ချက်ထားပါ။မှားရင် ပြန်ပြင်မယ်။
လဲကျရင် ပြန်ထမယ်။မလိုအပ်တာတွေ မစိုးရိမ်ပါနဲ့။ ကြိုမတွေးပါနဲ့။ခွန်အားရှိသမျှသာ ကြိုးစားပါ။

(၆) ဘယ်ကိစ္စမှာမဆို အကောင်းမြင်စိတ်မွေးပါ။
အကောင်းဘက်က တမင်လှည့်တွေးပါ။
အကောင်းမြင်ခြင်းက ကြီးတဲ့ပြဿနာကို သေးစေပြီး သေးတဲ့ပြဿနာကို ပပျောက်သွားစေပါတယ်။

(၇) တစ်ယောက်တည်းမနေပါနဲ့။
မိသားစု သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိနေပါစေ။စိတ်ညစ်စရာတွေကို ရင်ဖွင့်ပါ။
သူတို့နဲ့ တိုင်ပင်ပါ။အကြံဥာဏ်ယူပါ။

(၈) နေ့တိုင်း ကိုယ်ဝါသနာပါတာကို အနည်းဆုံး
မိနစ် ၃၀ လုပ်ပါ။TV ကြည့်တာ၊ Game ဆော့တာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ဘာပဲဖြစ်ဖြစ် လုပ်ပြီး စိတ်ကို ပျော်အောင်ထားပါ။

(၉) နေ့တိုင်း အားကစားတစ်ခုခုလုပ်ပါ။
Gym ဆော့နိုင်ရင် အကောင်းဆုံးပါပဲ။
အားကစားလုပ်ခြင်းက စိတ်ရောကိုယ်ပါ
ကျန်းမာစေပါတယ်။

(၁၀) အစားကို အချိန်မှန်မှန်စားပါ။
ရေလည်း များများသောက်ပါ။
ညဘက် ၁၁ နာရီဆို မကောင်းတာတွေ မတွေးဘဲ
အိပ်ပါ။ ၈ နာရီပြည့်အောင် အိပ်ပါ။

ကျွန်တော်လည်း အခုဆိုရင် ဘာကိစ္စကိုမှ
အတွေးမလွန်တော့ပါဘူး။
အတွေးမလွန်တဲ့အခါ ဘဝကပိုပြီး
ပျော်ရွှင်စရာ ဖြစ်လာပါတယ်။
အားလုံး အတွေးလွန်ခြင်းမှ ကင်းဝေးကြပါစေ။
#ဘဝရဲ့ခရီးသည်
Credit_Original_Uploader

Photos from Ministry of Health, National Unity Government of Myanmar's post 29/03/2022
28/03/2022

ဇဏ်ခီပြောတဲ့ စိတ်အကြောင်း
Copy / Paste လုပ်ထားပါတယ်

စိတ်

ကျနော့်ကိုဒုက္ခအပေးဆုံးက ကျနော့်စိတ်ပဲ။ ဒါပေမယ့်လည်း ကျနော့်စိတ်ကိုကျနော် အထူးကျေးဇူးတင်မိတယ်။ သူ့ကြောင့် အပူ သောက ရမ္မက် အတ္တ တဏှာရာဂအကြောင်းတွေ၊ ကရုဏာ မုဒိတာ မေတ္တာအကြောင်းတွေကိုကောင်းကောင်းသိခွင့်ရတယ်။ တရားပေါက်သွားပြီလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးလိုပါပဲ။ ရုန်းကန်နေရဆဲပါ။

၂၀၁၇ခုနှစ်က ဘဝမှာ အမှောင်မိုက်ဆုံးနှစ်။ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ အဖေဆုံးတယ်။ အဖေ့ရဲ့သေဆုံးခြင်းဟာ ကျနော့်အတွက် ရေကာတာကျိုးတာပဲ။ နှစ်ပေါင်းများစွာ ထိမ်းထားသမျှအကုန်ပြိုလဲတဲ့အချိန်။ ဘာတွေထိမ်းထာတာလဲဆိုတော့ ကျနော့်ရဲ့ဟိုးငယ်ငယ်ကတည်းကရှိနေတဲ့ Anxiety Disorder ရယ်၊ ဆယ်စုနှစ်တစ်စုလောက်ရင်းနှီးမြှပ်နှံထားတဲ့အချိန်နဲ့အလုပ်တွေ အကောင်အထည်မဖေါ်နိုင်လောက်တော့ဘူးဆိုတဲ့ ခံစားချက်တွေ၊ ပြန်မဆပ်နိုင်လောက်တော့အောင် ဝိုင်းဝိုင်းလည်နေတဲ့အကြွေးတွေ၊ ပြီးတော့ ငယ်ငယ်ကတည်းက အဖေ့ရဲ့ approval ကိုအရမ်းလိုချင်ခဲ့တဲ့သူဆိုတော့ သူ့ဆီက “သား မင်းတော်တယ်” ဆိုတဲ့စကားကိုလည်း ဒီတစ်သက်ကြားရပါ့ဦးမလားဆိုတဲ့ သံသယ။
အဖေဆုံးပြီလို အမေရိကားကနေ message ဝင်လာတဲ့အချိန်မှာ... အမှန်ပြောရရင် ကျနော် message ကိုဖျတ်ခနဲမြင်လိုက်ပြီး ချက်ခြင်းမမြင်ချင်ဟန်ဆောင်လိုက်သေးတယ် (မှတ်မှတ်ရရ supermarket မှာစျေးဝယ်နေတဲ့အချိန်)။ ဒီလိုကိစ္စတွေက မသိချင်ဟန်ဆောင်လို့မှ မရတာကိုနော်။ ၂၀၁၀ မှာပထမသားဆုံးသွားတုန်းက ကျနော်ထင်ထားခဲ့တာ ဘဝမှာဒီလောက်ထိထပ်ခံစားဖို့မရှိလောက်တော့ဘူးလို့။ ဒါပေမယ့် တစ်ယောက်တစ်မျိုးစီ အောင့်သက်သက်ကြီးပါပဲ။

ကျနော့်တစ်သက်မှာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ (su***de လုပ်တဲ့) သူတွေကို လုံးဝနားမလည်ခဲ့သလို တိတ်တိတ်ကလေးတောင်ရှူံ့ချခဲ့ဖူးပါတယ်။ ၂၀၁၇ မှာ သူတို့ကိုစပြီးတော့ နားလည်နိုင်လာခဲ့တယ်။ နားလည်နိုင်လာတဲ့ကိုယ့်ရဲ့စိတ်ကိုလည်း ပြန်ကြောက်မိပြန်တယ်။ အဲ့ဒီ့ကာလအတွင်းမှာပဲ Depression စဝင်တယ်။ အမြဲကြားဖူးနေတဲ့ စိတ်ရောဂါ။ အရင်ကထင်ထားခဲ့တာ စိတ်ဓါတ်ကျတယ်ပေါ့။ ပြီးရင် ပြီးသွားတာမျိုးလို့ ထင်ထားခဲ့မိတယ်။ No no no.. မဟုတ်ဘူး။
IT’S THE BEAST THAT NEVER LEAVES.
Depression ဆိုတဲ့ဟာကြီးနဲ့ တကယ်တွေ့တဲ့အချိန်မှာ ကျနော်တုန်လှုပ်သွားတယ်။ သူဟာဘာကြီးနဲ့တူသလည်းဆိုတော့ Blackhole လိုပဲ။ ကိုယ့်မှာရှိသမျှ ခွန်အားတွေကိုဖြည်းဖြည်းချင်းစုပ်ယူတယ်။ ကိုယ့်ရဲ့စိတ်တွင်းထဲက ကိုယ့်ကိုယ်ကိုပြောတဲ့စကားတွေ ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင်တွေကို မျှော်လင့်ချက်ကုန်ခန်းစေတဲ့အရာတွေကိုပဲ တရစပ်တွေးစေတယ် ပြောစေတယ် မြင်စေတယ်။ အဲ့ဒါတင်မကဘူး။ ခန္ဓာဒာကိုယ်ရဲ့အားအင်တွေကိုပါစုပ်ယူတယ်။ ကုတင်ပေါ်ကနေမထနိုင်လောက်အောင်ကို အောက်ကနေဆွဲထားသလိုပဲ။ Gravity ဟာ နှစ်ဆအားကောင်းနေသယောင်။ အဲ့ဒီ့ဝန်ကြီးဟာ နေ့စဉ်ရက်ဆက် အချိန်ပြည့်ဖြစ်လာတဲ့အခါမှာ သိပ်ပြီးလေးလံလွန်းလာတယ်။ စိတ်တွေအင်မတန်ပင်ပန်းလာပြီး မွန်းကြပ်လာတယ်။ အဲ့ဒီ့အချိန်မှာပဲ su***de ဆိုတာ possible option တစ်ခုဖြစ်လာတယ်။ ထွက်ပေါက်တစ်ခုပေါ့။ ဒီဝိတ်ကြီးကိုမခံနိုင်လွန်းလို့ပဲ Chris Cornellတို့ Chester Benningtonတို့ Robin Williamsတို့ နဲ့အတူ တစ်ခြားသောသူများဟာ ထွက်ခွါသွားခဲ့ကြတာပါ။

ကျနော် ၂၀၁၇ တစ်နှစ်လုံး anti-depressant/anti-anxiety ဆေးတွေသောက်ခဲ့ရတယ်။ နောက်ပိုင်းဆေး dosage တွေတိုးရတဲ့အဆင့်ရောက်လာတယ်။ ၂၀၁၇ အကုန်လောက်မှာတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျနော်ဆေးသောက်တာရပ်ပစ်ခဲ့ပါတယ်။ ဖြတ်ဖို့ဆုံးဖြတ်တဲ့အချိန်မှာ အတော့်ကိုကြောက်နေခဲ့မိတယ်။ ဆေးအပေါ် Dependent (မှီခို) တစ်ယောက်စဖြစ်နေပြီဆိုတာကိုလည်း သတိထားမိသွားတယ်။ ဆေးဖြတ်လိုက်ရင် Blackhole ကြီးနဲ့ပြန်တွေ့ရမှာကိုကြောက်နေခဲ့တာ။ နောက်ဆုံးတော့ ကျနော် cold turkey နည်းနဲ့ပဲ တုန်းတိဖြတ်ပစ်လိုက်ခဲ့တယ်။
အဲ့ဒီ့နောက် သတိပဌါန်ကိုပဲ တတ်နိုင်သမျှအားစိုက်ပြီးမှတ်ခဲ့တယ်။ အစမှာ လုံးဝမလွယ်ကူပါဘူး။ အခုလည်း တစ်ချို့နေ့တွေမှာ စိတ်ကဟိုးအောက်ကိုရောက်ရောက်သွားတတ်နေတုန်းပါပဲ။ မှတ်နေရင်းနဲ့ကိုပဲ တစ်ခါတစ်ခါ စိတ်ကဝုန်းဆိုပြီးထိုးကျသွားတတ်သေးတယ်။ ဒါပေမယ့်အရင်ကလို အဲ့ဒီ့အောက်မှာ dwell (နေထိုင်) မလုပ်တော့ဘူး။ ဖြစ်နေတဲ့စိတ်ကို ဖြစ်နေတဲ့အတိုင်းပဲ ထိုင်ကြည့်နိုင်အောင် ကြိုးစားတယ်။ နောက်တော့ positive thinking ကို antidote (ဖြေဆေး) အနေနဲ့ consciously and actively (အသိစိတ်နဲ့ များများ) အသုံးပြုပါတယ်။ လေ့ကျင့်ခန်းလည်း တတ်နိုင်သမျှ ပုံမှန်လုပ်ဖြစ်အောင်ကြိုးစားရတယ်။ လေ့ကျင့်ခန်းလုပ်တော့ self-confidence လေးအားကောင်းလာတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေပိုရှိလာပါတယ်။ သို့သော် အပေါ်ကပြောသလိုပဲ The beast that never leaves ကြီးကအမြဲတန်းကျနော်နဲ့အတူရှိနေတယ်။ အရင်တုန်းကတော့ ထွက်ပြေးဖို့အမြဲကြိုးစားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့မိတ်ဖွဲ့ဖို့ကြိုးစားတယ်။
စိတ်ကျနေပြီဆိုရင် “အော် ငါစိတ်ကျနေပြီ။” ကြောက်နေပြီဆိုရင် “ငါကြောက်နေပြီ။” ဆိုပြီး ကိုယ့်ကိုယ်ကိုကရုဏာထားလိုက်တယ်။ ဒါပေမယ့် စိတ်ကနေမှတစ်ဆင့် ခန္ဒာကိုယ်မှာပါခံစားရပြီဆိုရင် - ဥပမာ - ခေါင်းတွေမူးဝေလာတာတို့.. ရုတ်တရက် အိပ်မက်ကြီးလိုဖြစ်လာတာတို့.. ရင်ဘက်တွေအောင့်လာတာတို့.. အားယုတ်လာတာတို့ စသည်ဖြင့် - ခက်ခဲမှုကနောက်တစ်ဆင့်မြင့်သွားသလိုဖြစ်သွားရင်တော့ စိတ်ဓါတ်ကျ စိတ်ပျက်ရပြီး လက်လျှော့ချင်သလိုလိုဖြစ်သွားတတ်ပြန်တယ်။ အစမှာတော့ အဲ့လိုဖြစ်ရင် ဘာဆက်လုပ်ရမှန်းမသိအောင်ဖြစ်ဖြစ်သွားပြီး panic ဖြစ်ချင်သလိုလို စိတ်တွေကယောက်ကယက်ဖြစ်တယ်။ ဒါပေမယ့်နောက်ပိုင်းမှာဘာသိလာသလည်းဆိုတော့ ပြီးရင်လည်းပြီးသွားတာပဲဆိုတာကိုပါ။ ဒါကြောင့် panic ဖြစ်ချင်ရင် ပေးဖြစ်လိုက်တယ်။ I let it pass through me. ကျနော်နဲ့မဆိုင်သလိုမျိုးပေါ့လေ။
ဒါတွေအားလုံးရဲ့အမြတ်ကဘာလဲဆိုတော့ ကျနော်ဟာသတိပဌါန်ကို အချိန်တော်တော်များများမှာ မဖြစ်မနေလုပ်ဖြစ်နေတယ်။ မလုပ်လို့လည်းမရလောက်အောင်ကို ကျနော့်ရဲ့ Beast ကအလုပ်ကြိုးစားတယ်လေ။ Dancing with the beast ပေါ့လေ။ နောက်တစ်ခုကတော့ ကျနော်လူတွေကိုပိုသနားတတ်လာတယ်။ ကိုယ့်ကိုယ်ကိုကရုဏာထားဖို့ကြိုးစားရင်း သူများကိုပါကရုဏာပိုထားနိုင်လာတယ် (အားလုံးကိုတော့မဟုတ်သေးပါဘူး။ မကြိုက်တဲ့သူ မနှစ်မြို့တဲ့သူတွေတော့ ရှိနေတုန်းပါပဲ)။

ဒီစာကိုရေးရတာ ကျနော့်အတွက်တော်တော်မလွယ်ပါဘူး။ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေလို့ပါ။ ရေးသင့်မရေးသင့်လည်း တော်တော်စဉ်းစားရတယ်။ဘာကြောင့်ရေးဖြစ်သလဲဆိုတော့...
ကျနော်ဟာအများအမြင်မှာ အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တစ်ယောက်။ ဂီတစာပေသမားတစ်ယောက်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတယ်။ တရားသဘောနဲ့ဒဿနတွေလည်းရေးတဲ့သူဆိုတော့ ကျနော့်ကို ပြီးပြည့်စုံသူတစ်ယောက်လို့မြင်မိမှာစိုးလို့ပါ။ ဘာကြောင့်အဲ့လိုမြင်မိမှာစိုးတာလဲဆိုတော့ ကျနော့်ကိုသနားစေချင်လို့မဟုတ်ပါဘူး။ ကျနော်ဟာ ဘာအတွက်ကြောင့်မှ ဘယ်သူသနားတာကို ဘယ်သောအခါမှခံချင်သူတစ်ယောက်မဟုတ်ပါဘူး။
ဒါဆိုဘာအတွက်လဲ..

ပထမဦးဆုံးအချက်ကတော့ ကျနော့်လိုစိတ်ကျန်းမာရေးကိစ္စတွေရှိနေသူတွေကို အားပေးချင်တာပါ။ Depression ရှိရှိ၊ Anxiety Disorder ရှိရှိ၊ Bipolar ဖြစ်ဖြစ်၊ Suicidal ဖြစ်ဖြစ် ဘဝမှာလုပ်ချင်တာတွေဆက်လုပ်လို့ရတယ်ဆိုတာကိုပြောချင်တာပါ။ ဆက်ကိုလုပ်ရမယ်။ မလုပ်လို့ကိုမရတာ။ “Life is like a bicycle. In order to keep your balance you have to keep moving” တဲ့။ “ဘဝဟာစက်ဘီးတစ်စီးလိုပဲ။ မလဲသွားဖို့ဆိုရင် ဆက်နင်းနေရမယ်” Einstein ပြောခဲ့တာပါ။ အဲ့ဒါတကယ်ဟုတ်တယ်။ ဆက်မသွားပဲရပ်နေလို့ကတော့ “Blackhole beast” ရဲ့အကြိုက်ပေါ့။ ဒါကြောင့် ရပ်ပြီးမတွေဝေပါနဲ့။ လုပ်စရာရှိတာကိုဆက်လုပ် အချိန်တန်ရင်အဆင်ပြေသွားမယ်ဆိုတာကို ယုံလိုက်ပါ။ အရုဏ်တစ်ခုစတိုင်း၊ နေ့သစ်တစ်နေ့စတိုင်း You have another chance to be reborn. To reinvent yourself. မျှော်လင့်ချက်မဲ့သလိုခံစားနေပြီဆိုရင်လည်း တစ်ခုကိုသတိရဖြစ်အောင်ရပါ။ You are not alone. ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုပါ။ အမေရိကားမှာဆိုရင် လူလေးယောက်မှာတစ်ယောက်က Anxiety Disorder ရှိတယ်။ Depression ရှိတဲ့သူတွေလည်းအများကြီးပဲ။ ဒါကြောင့် ကိုယ့်မှာ Depressionတို့ Anxietyတို့ ဘာပဲရှိရှိ ရှက်လို့ဆိုပြီးတော့ ဖွက်ထားစရာမလိုပါဘူး။

ပြီးတော့ ဒုတိယအချက်ကတော့ သတိပဌါန် (ခေါ်) mindfulness meditation ဟာ ဘယ်လောက်ထိအကျိုးရှိကြောင်းကိုလည်း မျှဝေပေးချင်တာပါ။
အချိန်တိုင်း နေရာတိုင်းမှာ လုပ်လို့ရပါတယ်။ ဘုရားစင်အရှေ့မှမဟုတ်ပါဘူး။ အလုပ်မှာပဲဖြစ်ဖြစ်၊ လမ်းသွားနေရင်းပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဘာကြောင့်လုပ်သင့်သလဲဆိုရင် - အထူးသဖြင့် Depression/Anxiety သမားတွေဟာ negative ဘက်မှာစိတ်ကယိုင်နေတာများတဲ့အလျှောက် ကိုယ့်ကိုယ်ကိုထိခိုက်စေမယ့်အရာတွေကိုပဲ ထပ်ခါတလဲလဲတွေးမိနေကြတာများတယ်။ အဲ့ဒါကို အထူးသတိပြုမိဖို့လိုပါတယ်။ သတိပဌါန်လုပ်နေကျဖြစ်သွားရင် ကိုယ့်အတွေးတွေကိုလက်လွတ်စဖွယ်မထားတော့ negative အတွေးတွေဝင်လာရင်ချက်ခြင်းသတိထားမိလာပါတယ်။ ဒါကြောင့် သတိပဌါန်ဆိုတဲ့ mindfulness meditation လုပ်သင့်တာပါ။ ဆရာဝန်ညွှန်ကြားချက်အရ ဆေးသောက်စရာရှိတာလည်းသောက်ပေါ့ ဒါပေမယ့် သတိပဌါန်လေးပါတွဲလုပ်ရင် နောက်ပိုင်းမှာဆေးလျှော့ပြီး နောက်ဆုံးဆေးမလိုတော့တဲ့အဆင့်ကိုရောက်နိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် မြန်မာပြည်မှာ stigma ကြီးရှိနေတယ်။ Stigma ဆိုတာဘာလဲဆိုတော့ လှောင်စရာ၊ ပျက်ရယ်ပြုစရာ၊ အထင်သေးရှောင်ရှားစရာဖြစ်နေတာမျိုးကိုဆိုလိုတာပါ။ တိုးတက်တဲ့နိုင်ငံကြီးတွေမှာဆိုရင် စိတ်ကျန်းမာရေးကိစ္စတွေက အဆန်းအပြားတွေမဟုတ်ပါဘူး။ စိတ်ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေး ရင်ဖွင့်ပြီး အကူအညီတွေတောင်း အကြံကောင်းတွေယူကြတဲ့သူတွေဆိုတာ အလွှာမရွေး အရွယ်မရွေး ရှိကြပါတယ် (လုပ်ငန်းရှင် သူဌေးကြီးတွေလည်းပါပါတယ်)။ မိသားစုအသိုင်းအဝိုင်းတွေကလည်း ကူညီအားပေးကြတယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်လည်ရပ်တည်နိုင်ကြတယ်။ အာရှတိုက် (အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ) မှာတော့ support system အားနည်းသေးတဲ့အပြင် အပေါ်မှာပြောသလို stigma ကြီးရှိနေတော့ နည်းနည်းပဲဖြစ်ရမှာက ဆိုးဆိုးဝါးဝါးတွေဖြစ်ကုန်တဲ့အဖြစ်တွေအများကြီးရှိပါတယ်။ ဒီ stigma ကြီးကို ကျနော်တို့အားလုံးဝိုင်းဝန်းပြီးတိုက်ဖျက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ဘဝဆိုတာ ဘယ်အချိန် ဘာဖြစ်မယ်ဆိုမသိရတဲ့အတွက် ကိုယ်ဟာအခုချိန်မှာ ကျန်းမာသန်စွမ်းသူ အောင်မြင်ကျော်ကြားသူ ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် တစ်ချိန်မှာ ကျန်းမာရေးမကောင်းတော့ရင်ပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေး/စီးပွါးရေး ပြိုလဲသွားရင်ပဲဖြစ်ဖြစ် အကူအညီလိုတဲ့သူတစ်ယောက်ပြန်ဖြစ်သွားနိုင်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ဖေးမဆွဲထူတတ်တဲ့ မိသားစုစိတ်ဓါတ်ရှိတဲ့ လူပီသတဲ့ အဆင့်မြင့်နိုင်ငံတစ်ခုဖြစ်ဖို့ရည်မှန်းလျှက်...

Zenn Kyi (ဇဏ်ခီ)

The NHS website 27/03/2022

#စိတ်ကျရောဂါလက္ခဏာများ

Depression ဆိုတဲ့စကားလုံးက လူတိုင်းရင်းနှီးပြီးသားပါ။ ဒါပေမဲ့ သာမန်စိတ်ကျတဲ့ အခြေအနေနဲ့ ရောဂါအဆင့်စိတ်ကျတဲ့ အခြေအနေ...ဘာတွေကွာလဲဆိုတာ သေချာသိတဲ့သူ နည်းပါလိမ့်မယ်။ ဒါကြောင့် စိတ်ကျရောဂါခံစားနေရပြီဆိုရင် ဘယ်လို လက္ခဏာတွေကြုံရလဲဆိုတာ ဗဟုသုတအနေနဲ့ဖော်ပြပေးပါမယ်။

▶ အဓိက ကွာခြားချက်က စိတ်ရောဂါဖြစ်နေပြီလို့ ပြောဖို့အတွက် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် အလုပ်၊ လူမှုရေးနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေ ထိခိုက်မှုကြုံနေရပါမယ်။

▶ စိတ်ကျနေပေမဲ့ လုပ်နိုင်ကိုင်နိုင်နေသေးတယ်၊ ထိခိုက်မှုတွေ ရှိမနေရင် သာမန်စိတ်ကျတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။

▶ ဒီအချက်ကြောင့်ပဲ ဘဝမှာအောင်မြင်တဲ့ထိ ကြိုးစားရုန်းကိုင်နိုင်နေတဲ့ စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေကို အမည်တပ်ဖို့ High Functioning Depression ဆိုတဲ့စကားလုံးပေါ်လာတဲ့ ပုံပါ။

▶စိတ်ဓါတ်ကျပြီဆိုရင် အဓိကခံစားရတတ်တာက အတိတ်နဲ့ပတ်သတ်ပြီး နောင်တရတာ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတာ၊ အနာဂတ်နဲ့ပတ်သတ်ပြီး ​မျှော်လင့်ချက်မဲ့သလိုခံစားရတာ၊ ဘဝမှာ မနေပျော်တော့တာ၊ သတ်သေလိုစိတ်ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။

▶စိတ်ဓါတ်ကျပြီဆိုတာနဲ့ စိတ်ပိုင်းတင်မကဘဲရုပ်ပိုင်း၊ လှုမှုရေးပိုင်း၊ အလုပ်အကိုင်... အကုန်ထိခိုက်ပါတယ်။ ကြုံလာနိုင်တဲ့ လက္ခဏာတွေကို အချက်အလက်အနေနဲ့ ပြောပြရရင်....

1️⃣ #စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
▶တောက်လျောက် စိတ်ဓါတ်ကျ သို့ ဝမ်းနည်းနေခြင်း
▶ မျှော်လင့်ချက်မဲ့၊ ကူကယ်ရာမဲ့သလို ခံစားရခြင်း
▶ ကိုယ့်ကိုယ်ကို လေးစားမှုနည်းလာခြင်း/မိမိကိုယ်မိမိတန်ဖိုးထားမှု လျော့နည်းလာခြင်း
▶ မျက်ရည်လွယ်လာခြင်း
▶ အပြစ်ရှိတယ်လို့ ခံစားနေရခြင်း
▶ စိတ်တိုစိတ်ဆတ်လွယ်လာပြီး တခြားသူများကို သည်းမခံနိုင်လာခြင်း
▶ စိတ်တက်ကြွမှုကင်းမဲ့လာ​ခြင်း သို့ ကိစ္စများကို စိတ်မဝင်စားတော့ခြင်း
▶ဆုံးဖြတ်ချက်ချရန် ခက်ခဲလာခြင်း
▶ဘဝမှာ ပျော်ရွှင်စရာ ရှာမတွေ့တော့ခြင်း
▶ စိုးရိမ်ပူပန်စိတ် ဖြစ်လာခြင်း
▶ သတ်သေလိုစိတ်ပေါ်လာခြင်း သို့ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ဖို့ အတွေးဝင်လာခြင်း

2️⃣ #ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
▶ စကားပြောပုံ (သို့) လှုပ်ရှားသွားလာပုံတွေက ပုံမှန်ထက်ပိုနှေးလာခြင်း
▶ ကိုယ်အလေးချိန် (သို့) စားချင်စိတ် ပြောင်းလဲလာခြင်း (များသောအားဖြင့် စားချင်စိတ်နည်းတာ ဝိတ်ကျလာတာ အဖြစ်များပါတယ်) တချို့တွေမှာ Depression ဝင်ရင် အစားစားချင်စိတ်မရှိတော့ဘူး။ အဲတော့ ဝိတ်ကျလာတတ်တယ်။ တချို့ကျ Depression ဝင်တာနဲ့ ပိုစားလာတတ်တယ်။ များသောအားဖြင့် စိတ်ဖိစီးစရာကြုံရင် အစားစားဖြေရှင်းတတ်တဲ့သူတွေပေါ့။ သူတို့ဆို ဝိတ်တက်လာကြတယ်။
▶ဝမ်းချုပ်ခြင်း
▶အကြောင်းရင်းရှာမရဘဲ နာကျင်ကိုက်ခဲတာဖြစ်လာခြင်း
▶ အင်အားကုန်ခမ်းခြင်း
▶လိင်စိတ်သားစိတ် လျော့ပါးလာခြင်း
▶အမျိုးသမီးများမှာ ဓမ္မတာကိစ္စ မမှန်တာဖြစ်လာခြင်း
▶ အိပ်ရေးပျက်လာခြင်း (e.g.,ညဘက် အိပ်ပျော်ဖို့ ခက်ခဲလာခြင်း၊ ပုံမှန်ထက် မနက်စောစော နိုးလာတတ်ခြင်း)

3️⃣ #လူမှုဆက်ဆံရေးပိုင်းဆိုင်ရာလက္ခဏာများ
▶အပေါင်းအသင်းမိတ်ဆွေများကို ​ရှောင်လာခြင်း၊ သာရေးနာရေးကိစ္စများတွင် မပါဝင်တော့ခြင်း
▶ ကိုယ်ဝါသနာပါတဲ့ကိစ္စနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လျစ်လျုရှုလာခြင်း
▶အလုပ်၊ အိမ်နဲ့ မိသားစုကိစ္စများတွင် အခက်အခဲကြုံလားခြင်း.....တို့ ဖြစ်ပါတယ်။

▶ ဒီလက္ခဏာတွေကို အနည်းနဲ့အများကြုံဖူးကြမှာပါ။ အများအားဖြင့် ရက်ပိုင်းနဲ့ ပျောက်သွားကြပါတယ်။ ပျောက်မသွားဘဲ ၂ပတ်ဆက်တိုက် ခံစားနေရပြီဆိုရင်တော့ စိတ်ကျရောဂါလို့ သတ်မှတ်လို့ရနေပါပြီ။ ကျွမ်းကျင်သူများနဲ့ Mental Health Assessment လုပ်ဖို့ လိုအပ်နေပါပြီ။

🔶 #စိတ်ကျဝေဒနာပြင်းထန်မှုအခြေအနေများ
▶ Depression က ဖြေးဖြေးချင်း ဝင်လာတတ်တာမို့ စဖြစ်ကာစမှာ သတိမပြုမိကြပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြည့်တတ်ကြပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက တခုခုတော့ဖြစ်နေပြီနော်ဆိုပြီး ပြောမှ သတိထားမိတတ်ကြပါတယ်။ တချို့ကျလဲ ရောဂါရင့်လာမှ သိကြပါတယ်။

▶ ဆေးပညာအရ စိတ်ကျရောဂါ အတိမ်အနက်ကို..

🔹အနည်းငယ်စိတ်ကျခြင်း (Mild)- နေ့စဥ်လူနေမူဘဝကို အနည်းငယ်ထိခိုက်တဲ့အဆင့်
🔹 အတော်အသင့်စိတ်ကျခြင်း (Moderate)- နေ့စဥ်လူမှုဘဝကို သိသိသာသာထိခိုက်တဲ့အဆင့်
🔹 ပြင်းထန်စွာစိတ်ကျခြင်း (Severe)- နေ့စဥ်လုပ်ငန်းဆောင်တာတွေကို လုံးဝမလုပ်နိုင်လောက်တဲ့နီးပါး ထိခိုက်တဲ့အဆင့် ဆိုပြီး ခွဲခြားထားပါတယ်။

▶ရောဂါပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး ကုသပုံလဲ ကွာခြားပါတယ်။

▶တချို့ပိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ပြောခဲ့တဲ့ လက္ခဏာတွေအပြင် Psychotic features လို့ခေါ်တဲ့ (Hallucinations) ပတ်ဝန်းကျင်မှာ တကယ်မရှိဘဲ အသံကြားတာ၊ မြင်တာစတဲ့ အရာတွေဖြစ်လာတာ၊ Delusions (ယုံမှားစွဲခြင်း) တကယ်မဟုတ်မမှန်တဲ့အရာတွေကို အမှန်လို့ယုံလာတာတွေ ခံစားလာရတတ်ပါတယ်။

▶ အခုပြောခဲ့တာတွေကတော့ စိတ်ကျရောဂါဖြစ်နေပြီဆိုရင် ကြုံလာရမဲ့ လက္ခဏာတွေပါ။ စိတ်ဓါတ်ကျနေတယ်လို့ ခံစားနေရရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ပါ။ တူညီတာများနေရင်ဖြစ်ဖြစ်၊ ခံစားနေရတာ ၂ပတ်လောက်နေရင်ပဲဖြစ်ဖြစ် ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

🖋 Written by Dr. Htein Linn Aung

Source: www.nhs.uk

The NHS website Find information and advice on health conditions, symptoms, healthy living, medicines and how to get help.

WebMD - Better information. Better health. 14/03/2022

Psychopath နဲ့ Sociopath ဘာကွာလဲ...

ဒီစကားလုံး ၂လုံးကို ကြားဖူးတဲ့သူတွေ ရှိကြမှာပါ။
ရုပ်ရှင်တွေထဲမှာလည်း ပါတတ်ပါတယ်။ ဒီစကား၂လုံးက
တူသယောင်ယောင်ဖြစ်ပြီး တစ်ခါတစ်လေ ရောထွေး
တတ်ပါတယ်။ ဒီလို လူမျိုးတွေဟာ ပြင်ပလောကမှာလည်း
တကယ်ရှိပြီး တစ်နေ့သင်ကြုံတွေ့နိုင်ရတာမို့ ကျွန်တော်
ဖတ်ဖူးသမျှ ဝေမျှလိုက်ရပါတယ်။

သူတို့နှစ်မျိုးလုံးကို ခြုံငုံပြီးပြောရရင် လူ့ခွစာတွေ..
အတ္တကြီးသူတွေ..Psycho ဆန်ဆန်တွေ...သူတစ်ပါးကို
လှည့်ဖျားအသုံးချတတ်သူတွေလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် သူတို့ရဲ့ စိတ်နေစိတ်ထားဟာ ဒီထက်အများ
ကြီးပိုကျယ်ပြန့်ပါတယ်။Sociopath တစ်ယောက်
ဘယ်လိုလဲဆိုတာ ကြည့်ချင်ရင် ရှားလော့ဟုမ်းကို
ကြည့်ပါ။ သူ့ကိုယ်သူလည်း High-funtioning
sociopath လို့တင်စားလေ့ရှိပါတယ်။ Psychopath
တစ်ယောက်ဘယ်လိုလဲဆိုတာ သိချင်ရင်...
Patrick Bateman ("American Psycho"),
Norman Bates ("Psycho"),
Hannibal Lecter ("Silence of the Lambs")
တို့ကို ကြည့်ပါ။ သူတို့က အနီးစပ်ဆုံးသာဖြစ်ပါတယ်။
အတိအကျကြီးတော့ မဟုတ်ပါဘူး။ အရမ်း Violent
မဖြစ်တဲ့ Psychopath တွေလည်း ရှိပါတယ်။ Violent
တော့ မဖြစ်ပဲ သူတစ်ပါးကို ချနင်းပြီး ဘဝတက်လမ်း
ရှာတတ်တဲ့ Psychopath တွေလည်း ရှိပါတယ်။

သင့်ပတ်ဝန်းကျင်မှာ အောက်ပါအချက်မျိုးရှိတဲ့
သူတွေရှိလား...

👉စကားပြောအရမ်းကောင်းတယ်...သူများကို အသုံးချ
တတ်တယ်။
👉သူတို့ဘဝတက်လမ်းအတွက်ဆို သူတစ်ပါးကို ချနင်းရ
မှာ မကြောက်ဘူး။
👉ကိုယ်ချင်းစာစိတ်ကင်းမဲ့တယ်...စိတ်ခံစားမှု မရှိသလိုပဲ။
👉အပြစ်ပေးခံရမှာတွေ...ပြစ်ဒဏ်ကျမှာတွေ မကြောက်ဘူး။
👉အကြောက်အရွံ့ မရှိသလိုပဲ။
👉ခန့်မှန်းရခက်တယ်...လူတွေကို အရုပ်လေးတွေလိုပဲ
ကစားတတ်တယ်။
👉တစ်ကိုယ်ကောင်းဆန်လွန်းတယ်။

အဲ့ဒါဆိုရင်တော့ သင် Psychopath တစ်ယောက်သို့မဟုတ်
Sociopath တစ်ယောက်နဲ့ ကြုံတွေ့နေတာ ဖြစ်နိုင်ချေများ
ပါတယ်။ Psychopath နဲ့ Sociopath ဘာကွာလဲကြည့်ရ
အောင်....

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✏Psychopath Vs Sociopath✏

Psychopath တွေက Cold-hearted တွေ များပါတယ်။
သူတို့ကိုPsychopath တစ်ယောက်မှန်း သင်သတိထားမိဖို့
မလွယ်ပါဘူး။သူတို့ဟာ ဥာဏ်လည်းကောင်းတတ်ကြပါတယ်။
ဟန်ဆောင်တာလည်း အရမ်းတော်ပါတယ်။ သင့်အကြောင်း
စိတ်ဝင်စားချင်ယောင်ဆောင်ပေမယ့် ရင်ထဲမှာ အဖက်တောင်
မလုပ်ပါဘူး။ သူတို့ရဲ့လိုအပ်ချက်တစ်ခုကို ရဖို့ သင့်ကို
လိမ်ညာလှည့်ဖျားပေါင်းသင်းမှာ ဖြစ်ပါတယ်။ သူတို့က
ကြောက်ဖို့ကောင်းတယ်။ အကွက်ချပြီးမှ စနစ်တကျ
လှုပ်ရှားတတ်ကြတယ်။ သူတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံမှာ
သာမန်လူတွေနဲ့ မတူတာတွေရှိနေတယ်။ သာမန်လူဟာ
သွေးမြင်ရင်..သို့မဟုတ် အကြမ်းဖက်မှု တစ်ခုခုမြင်ရင်
ကြောက်မယ်...နှလုံးခုန်မြန်မယ်...အသက်ရှုမြန်မယ်..
လက်မှာချွေးတွေစို့လာမယ်…ဒါပေမယ့် Psychopath
တွေက အဲ့ဒီလိုမြင်ကွင်မျိုးမြင်လေ..ပိုပြီးတည်ငြိမ်လာလေ
ပဲ။ အဲ့ဒီအချက်ကြောင့်ပဲ အန္တရာယ်ရှိတဲ့အလုပ်တွေ
လုပ်တဲ့နေရာမှာ သူတို့ဟာ လက်ရဲဇက်ရဲရှိတတ်
ကြတာဖြစ်ပါတယ်။ သူတို့လုပ်လိုက်တဲ့အရာရဲ့ ဆိုးကျိုး
ကိုလည်းကြောက်လေ့မရှိကြပါဘူး။

Sociopath တွေကျတော့ အဲ့လို မဟုတ်ဘူး။ သူတို့က
တစ်ယောက်တည်းနေတာ များတယ်။ သူတို့အကြောင်း
ကလွဲပြီး သူများအကြောင်းသိပ်စိတ်မဝင်စားဘူး။ သူတို့
က အပြစ်လည်း ဝန်ခံလေ့မရှိဘူး။ အမြဲတမ်း ဆင်ခြေ
ဆင်တက် ရှိတတ်တယ်။ သူတို့ကို အချို့ပညာရှင်တွေ
က “Hot-headed” လို့ခေါ်လေ့ရှိတယ်။ သူတို့က
တစ်ခါတစ်လေသေချာ မစဉ်းစားပဲ လုပ်ချင်တာ
လုပ်လိုက်လေ့ရှိတယ်။ သူတို့ပြောလိုက်တဲ့စကား
တစ်ခွန်း သူများကိုထိခိုက်သွားလား သိပ်ပြီး မစဉ်းစား
တတ်ကြဘူး။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေကတော့ သန္ဓေတည်စဉ်ထဲက..ဗီဇဓာတ်
အချို့ရယ်..ငယ်စဉ်ဘဝမှာ အနိုင်ကျင့်ခံရခြင်း...အစွန့်ပစ်ခံရခြင်း..ပစ်ပယ်ခံရခြင်း..စတာတွေ ပေါင်းစပ်ပြီးဖြစ်လာတာများပါတယ်။

Sociopath တွေဟာ မွေးရာပါ ဖြစ်လာတာမဟုတ်ပဲ
ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့် Sociopath
ပုံစံဖြစ်လာကြတာများပါတယ်။ ငယ်စဉ်က အနိုင်ကျင့်
ခံရတာမျိုး...မိသားစုထဲမှာ အနိုင်ကျင့်တဲ့ မိခင်..ဖခင်
ပါတာမျိုး...အနိုင်ကျင့်ခြင်း..ရိုက်နှက်ခြင်း...စတာတွေ
ရှိနေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မွေးဖွားလာသူ
တွေများပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေဟာ သူတို့ဘဝတစ်လျှောက်
တစ်ဖြည်းဖြည်းနဲ့ပိုပိုပြီး အန္တရာယ်ရှိတဲ့ သူတစ်ယောက်
ဖြစ်လာတတ်ပါတယ်။ သူများကို အန္တရာယ်ပေးနိုင်ခြေဟာ
သက်လတ်ပိုင်းအရွယ်မှာ အနည်းငယ်လျော့သွားလေ့ရှိပါ
တယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေကို လျော့တွက်လို့
မရပါဘူး။ သူတို့ဟာ အပြစ်ပေးခံရမှာလည်း သိပ်ကြောက်
လေ့မရှိပါဘူး။ ခံစားတတ်တဲ့အပိုင်းတွေ သိပ်အလုပ်
မလုပ်ကြပါဘူး။ အကြောက်အလန့်လည်း နည်းတတ်ကြ
ပါတယ်။ ဖိအားဝင်တာလည်း နည်းတတ်ကြပါတယ်။ ဒါ့ကြောင့်
သွေးအေးအေးနဲ့ ရက်ရက်စက်စက်လည်း လုပ်တတ်ကြပါ
တယ်။

Sociopath တွေကတော့ အချိန်ကြာလာလေလေ
အန္တရာယ်ပြုတာနည်းသွားလေလေ ဖြစ်တတ်ပါတယ်။
သူတို့ဟာ သာမန်လူတွေလို စိတ်ဖိစီးမှု..စိုးရိမ်မှု..ကြောင့်ကြမှု..
ရှက်ရွံ့မှု..စတာတွေ ရှိတတ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေက အရမ်းသွေးအေးကြတယ်...ဘာမှ
မဖြစ်သလိုဟန်ဆောင်တတ်ကြတယ်။ သူတို့က လူတွေနဲ့
ဆက်ဆံရတာ သိပ်ပြီးမကြိုက်ပေမယ့် သူတို့အတွက်လိုအပ်ရင်
ဟန်ဆောင်ပြီး ပေါင်းတတ်ကြတယ်။

Sociopath တွေကတော့ Angry Loser တွေ ဖြစ်လေ့ရှိတယ်။
ရှုံးပြီဆို ဒေါသအကြီးအကျယ်ထွက်လေ့ရှိတယ်။ ရှားလော့ဟုမ်း
လည်း ဒီလိုပဲ အမှုတွေ မပေါ်ပဲ သူ့ဘက်က အရေးနိမ့်နေရင်
နေလို့ ထိုင်လို့ အဆင်မပြေဖြစ်လာရော..

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေမှာ သူတစ်ပါးကို စာနာတတ်ခြင်း
လုံးဝမရှိပါဘူး။ကိုယ်ချင်းစာစိတ်ဆိုတာဘာမှန်းတောင်
သူတို့ မသိပါဘူး။ ဟန်ဆောင်ပြီး စိတ်မကောင်းချင်ယောင်
ဆောင်တတ်ပေမယ့် ရင်ထဲမှာဘယ်တော့မှ သူများအတွက်
ခံစားပေးလေ့မရှိပါဘူး။

Sociopath တွေကတော့ ခံစားမှုရှိပါတယ်။ ကိုယ်ချင်းစာ
တရားလည်း ရှိပါတယ်။ လူအများစုမှာရှိတာထက်တော့
နည်းပါတယ်။ နောက်ပြီးအချိန်တိုင်း ခံစားမှုတွေကို
ရိုက်ချိုးထားလေ့ရှိပါတယ်။ ရှားလော့ဟုမ်းနဲ့ ဥပမာပေးရရင်
ရှားလော့ဟုမ်းဟာ သံယောဇဉ်ဆိုတာကို အားနည်းချက်လို့
ခံယူထားပြီး သူငယ်ချင်း ထားလေ့မရှိပါဘူး။ ဒါပေမယ့်
စိတ်ရဲ့အတွင်းတစ်နေရာမှာ လူသားဆန်တဲ့..ကြင်နာတဲ့
စိတ်ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီစိတ်အပြင်မထွက်အောင်
ချိုးနှိမ်ထားတတ်ကြပါတယ်။ သူတို့ ထိခိုက်လွယ်တဲ့
သူဖြစ်သွားမှာ စိုးလို့ဖြစ်ပါတယ်။

မိုးရှင်း (I.M.T) ရေးသားသည်။ Ref: webmd.com

ဖတ်မိသမျှများကို ပြန်လည်ဝေမျှသည်။

WebMD - Better information. Better health. The leading source for trustworthy and timely health and medical news and information. Providing credible health information, supportive community, and educational services by blending award-winning expertise in content, community services, expert commentary, and medical review.

04/03/2022

အရက်ကို ဘေးကင်းတဲ့သောက်နည်း၊ ဆေးဖြစ်ဝါးဖြစ်သောက်နည်း ဆိုတာ မရှိပါ။ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ၊ ခဏဖြစ်စေ၊ ရေရှည်ဖြစ်စေ ဘယ်လိုသောက်သောက် သူ့အိုးနဲ့သူ့ဆန် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပါတယ်။ "တရက်တလေပဲသောက်တာပါ"ဆိုရင်တောင် အရက်သောက်ပြီး နောက်တနေ့ Hang-over(အရက်နာကျ)ကာလမှာ ပြန်သက်သာဖို့ အချိန်ယူရပါတယ်။ နေ့စဥ်ရက်ဆက် အရက်သောက်နေရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေး မလွဲမသွေထိခိုက်လာမှာပါ။

အရက်ကိုရှောင်နိုင်တာ အကောင်းဆုံးပေမယ့် မရှောင်နိုင်ခဲ့ရင်တော့.......ဘေးအန္တရာယ်နည်းစေနိုင်မယ့် အပြုအမူနည်းလမ်းများဖြင့် မိမိကိုယ်မိမိထိန်းသိမ်းကာ အရက်သောက်ပါ။
🥃 ကိုယ်သောက်မည့် အရက်ပမာဏကို ကန့်သတ်ပါ၊ သတ်သတ်မှတ်မှတ်ထားပါ(တနေ့ကို ၂ခွက်ထက်ပိုမသောက်ဘူး၊ တပတ်ကို အနည်းဆုံး ၂ရက် အရက်လုံးဝရှောင်မယ်)။
🥃 သောက်နေတဲ့အချိန်မှာ ဖြည်းဖြည်းနဲ့နည်းနည်းချင်းစီသောက်ပါ။
🥃 အရက်ချည်းပဲ မသောက်ပဲ ရေ/အရက်မဟုတ်သောအရည်များ ဖျော်ရည်များ ရောသောက်ပါ။
🥃 ပြင်းသော အရက်ကြမ်းများကို ရှောင်ပြီး သန့်စင်သော အရက်ကို ချင့်ချိန်သောက်ပါ။
🥃 အမြည်းကောင်းကောင်းစား၍ သောက်ပါ။
🥃 ကိုယ်ဘယ်နေ့က ဘယ်လောက်သောက်တယ်ဆိုတာကို သတိချပ်ပါ။
🥃 အရက်များများသောက်မိဖို့ အကြောင်းဖန်လာနိုင်တဲ့၊ တိုက်တွန်းတဲ့ အခြေအနေ/မိတ်ဆွေများကိုရှောင်ကြဥ်ပါ။
🥃 လူမှုဘဝ အခက်အခဲပြဿနာများ၊ စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို အရက်သောက်ခြင်း/မူးယစ်ဆေးသုံးခြင်းဖြင့် မဖြေရှင်းပါနှင့် (အခက်အခဲများ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျှင် ပြဿနာကို မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ကြိုးစားပါ၊ စိတ်ပိုင်းဆိုင်ရာပြဿနာအခက်အခဲများနှင့် ကြုံတွေ့ရလျှင် ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီ ရယူပါ)။

မပြင်းထန်သော အပျော့စား အရက်စွဲခြင်းများကို လူနာကိုယ်တိုင်၏ အရက်ဖြတ်လိုသည့်ဆန္ဒ အပါအဝင် မိသားစုပတ်ဝန်းကျင်၏ ကူညီစောင့်ရှောက်မှုဖြင့် ကျော်လွှားနိုင်ပါတယ်။

အရက်စွဲလန်းမှုပြင်းထန်ပြီး ကိုယ်ပိုင်းဆိုင်ရာ အရက်ပြတ်လက္ခဏာများပါ ရှိနေပါက စိတ်ဆရာဝန်ဖြင့်ပြသ၍ ဆေးကုသမှသာ ဘေးအန္တရာယ်ကင်းစွာဖြင့် အရက်ဖြတ်နိုင်မည်ဖြစ်သည်။

👇👇အရက်စွဲရောဂါအကြောင်းဖတ်ရန်👇👇
https://www.facebook.com/176048877240751/posts/484002836445352/


#စိတ်အထူးကုဆရာဝန်ပြောပြတဲ့စိတ်ကျန်းမာရေးအကြောင်း

လူနာ ပုံမှန် ၁၅၀၀-ဝန်းကျင်ရှိ (ရွာသာကြီး)ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ဆေးရုံတက်ရောက်ကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရသူတွေရဲ့ သုံးပုံတပုံက အရက်စွဲရောဂါနှင့် အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲစိတ်ရောဂါများကြောင့် ဆေးရုံတက်ရသူများဖြစ်ပါတယ်။ ဒီအချက်အလက်မှာ အခြားပြည်နယ်တိုင်းဒေသကြီးများရှိ စိတ်ဆေးရုံ/စိတ်ကျန်းမာရေးဌာနများ မပါဝင်သေးသည့်အပြင် ၂၀၂၀ ခုနှစ်အထိ အချက်အလက်များသာဖြစ်ပါတယ် (ယခုအခါ ရွာသာကြီး၌ နာတာရှည်/အနေကြာ စိတ်ရောဂါလူနာ ၁၀၀၀-ဝန်းကျင်သာ အတွင်းလူနာများအဖြစ် ကျန်ရှိပါတယ်)။ မြန်မာပြည်အပါအဝင် တကမ္ဘာလုံးမှာ အရက်ကြောင့်ထိခိုက်ဖြစ်ပေါ်လာတဲ့ ကိုယ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာရောဂါတွေအပြင် မတော်တဆမှု၊ ရာဇဝတ်မှုတွေပါ မရေတွက်နိုင်အောင် ရှိနေဆဲပါ။

စိတ်ကိုပြောင်းလဲစေတတ်သော သောက်သုံးစရာများအပါအဝင် မူးယစ်ဆေးဝါးများကို တရားဝင်သုံးစွဲခွင့်ရှိခြင်း/မရှိခြင်းသည် နိုင်ငံတနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်သည့်အပြင် တရားဥပဒေစိုးမိုးမှုအပေါ်လည်း မူတည်ပါတယ်။ "အရက်"သည် ကမ္ဘာအနှံ့အပြားမှာ တရားဝင်ခွင့်ပြုထားတဲ့ တခုတည်းသော စိတ်ကိုပြောင်းလဲစေနိုင်တဲ့ အဖျော်ယမကာ ဖြစ်ပါတယ်။ ဘီယာနှင့်ဝိုင်များတွင်လည်း အရက်ပါဝင်သောကြောင့် အရက်နှင့်တန်းတူ တွက်ဆသတ်မှတ်ပါတယ်။

ဒီလို အပန်းဖြေအဖျော်ယမကာအနေနဲ့ တွင်ကျယ်စွာသောက်သုံးကြတဲ့ အရက်ရဲ့ နောက်ဆက်တွဲ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ဆိုးကျိုးများကို ဆေးပညာရှုထောင့်မှ မှန်ကန်စွာ သိထားသင့်ပါတယ်။

ကိုယ်ကျန်းမာရေးအနေဖြင့်...
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းရောင်/အဆီဖုံး/ခြောက်/ကျွမ်း၊ နှလုံးရောင်/သွေးကြောပိတ်၊ ဦးနှောက်သွေးကြောပေါက်/ပိတ်၊ အစာအိမ်အူလမ်းကြောင်းသွေးကြောထုံး-ပေါက်၊ ပန်းသေပန်းညှိုး အစရှိတဲ့ များပြားလှသော ကိုယ်ပိုင်းဆိုင်ရာ ဝေဒနာရောဂါများ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရက်သည် အခြားဆေးဝါးများ၏အာနိသင်ကို လျော့စေ-တိုးစေခြင်းများလည်းရှိသည်(ဥပမာ- ပိုးသတ်ဆေးအာနိသင် ပြင်းထန်လွန်း သို့မဟုတ် ဆေးမတိုးခြင်း၊ အိပ်ဆေးအာနိသင်ပြင်းထန်ပြီး အသက်အန္တရာယ်ရှိစေနိုင်ခြင်း)။

စိတ်ကျန်းမာရေးအနေဖြင့်...
အရက်ကို အလွန်အကျွံသောက်သုံးလျှင် (သို့) အလွန်အကျွံမသောက်သော်လည်း အချိန်ကာလကြာရှည်စွာ နေ့စဥ်ရက်ဆက်နီးပါး သောက်သုံးလျှင်-
👉အရက်စွဲခြင်းနှင့်အရက်စွဲရောဂါ
👉စိတ်ကျရောဂါ https://www.facebook.com/176048877240751/posts/290268729152098/
👉စိတ်ကြွစိတ်ကျရောဂါ https://www.facebook.com/176048877240751/posts/295969401915364/
👉စိတ်ဖောက်ပြန်ခြင်းနှင့်စိတ်ကစဥ့်ကလျားရောဂါ https://www.facebook.com/176048877240751/posts/399168674928769/
👉အသိမှတ်ဥာဏ်ထိခိုက်ချို့ယွင်းလာသောရောဂါ https://www.facebook.com/176048877240751/posts/445333330312303/
စသည့်စိတ်ရောဂါများ နောက်ဆက်တွဲအနေနှင့် အဖြစ်များပါတယ်။

🥃အရက်စွဲခြင်းနှင့်အရက်စွဲရောဂါ🍺
တစ်နှစ်ကျော်ကာလအတွင်းမှာ
🍾အရက်သောက်ဖို့စိတ်ဆန္ဒပြင်းပြနေခြင်း
🍾အရက်ကိုမျှော်မှန်းထားသည်ထက် ပို၍သောက်မိခြင်း
🍾အရက်ဖြတ်ချင်ပေမယ့်ဖြတ်မရခြင်း
🍾အရက်သောက်ခြင်း၌ အချိန်ကုန်တတ်လာခြင်း
🍾အလုပ်အကိုင်ထိခိုက်လာသည်အထိ အရက်သောက်မိခြင်း
🍾အရက်ကြောင့်ဖြစ်ပေါ်လာတဲ့ လူမှုစီးပွား မိသားစုပြဿနာများရှိလာပြီး ရှိမှန်းသိသိရက်နှင့် အရက်ကိုဆက်လက်သောက်နေခြင်း
🍾မတော်တဆအန္တရာယ်ရှိနိုင်သည့်အခြေအနေများပါမရှောင် အရက်သောက်တတ်လာခြင်း(ဥပမာ- အရက်သောက်ကာ ကားမောင်းခြင်း)
🍾ရေချိန်တက်လာခြင်း/အရက်ကိုတိုး၍ပို၍ သောက်လာခြင်း
🍾အရက်ပြတ်လက္ခဏာများရှိလာခြင်း(နှလုံးခုန်၊ ရင်တုန်၊ ချွေးစီးပြန်၊ လက်တုန်၊ မူးဝေအော့အန်၊ အိပ်မပျော်၊ စိုးရိမ်ထိတ်လန့်၊ မရှိသည်ကိုအရှိဟု မြင်/ကြား/သိခြင်း၊ တက်၍သတိလစ်ခြင်း)

လူနာကိုယ်တိုင်၏ အရက်ဖြတ်လိုသည့်ဆန္ဒ အပါအဝင် မိသားစုပတ်ဝန်းကျင်၏ ကူညီစောင့်ရှောက်မှုဖြင့် မပြင်းထန်သော အပျော့စား အရက်စွဲခြင်းများကို ကျော်လွှားနိုင်ပါတယ်။

ရောဂါအဆင့်အထိ အရက်စွဲလန်းမှုပြင်းထန်ပြီး ကိုယ်ပိုင်းဆိုင်ရာ အရက်ပြတ်လက္ခဏာများပါ ရှိနေပါက စိတ်ဆရာဝန်ဖြင့်ပြသ၍ လူနာ၏ကိုယ်ပိုင်းစိတ်ပိုင်းအခြေအနေကို စနစ်တကျတွက်ဆလျက် ဆေးဝါးများဖြင့်ကုသမှသာ ဘေးအန္တရာယ်ကင်းစွာဖြင့် အရက်ဖြတ်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရက်စွဲခြင်းတွင် ကိုယ်ပိုင်းဆိုင်ရာစွဲလန်းမှုက အဓိကဖြစ်ပြီး (စိတ်ကြွရူးသွပ်ဆေးများနှင့်ဆေးခြောက်တို့ကဲ့သို့ စိတ်ပိုင်းဆိုင်ရာစွဲလန်းမှုက အဓိကမဟုတ်ချေ) ဆေးဝါးဖြင့်ကုသမှုမရှိပဲ အရက်ဖြတ်ပါက တက်ခြင်း၊ နှလုံးရပ်ခြင်း စသည်တို့ကြောင့် အသက်ဆုံးရှုံးနိုင်ရှိသည်။ ဒါ့အပြင် အရက်စွဲရောဂါနှင့်အတူ စိတ်ကျ​ခြင်း ၊ စိတ်ကြွခြင်း ၊ စိတ်ဖောက်ပြန်ခြင်း၊ အသိမှတ်ဥာဏ်ထိခိုက်ချို့ယွင်းလာခြင်းများ ရှိပါက စိတ်ဆရာဝန်ဖြင့် အမြန်ဆုံးပြသရန် လိုအပ်ပါတယ်။

👇👇 ရှောင်နိုင်လျှင်အကောင်းဆုံး.....မရှောင်နိုင်လျှင် ဘေးအန္တရာယ်နည်းအောင် ဘယ်လိုသောက်မလဲ 👇👇 https://www.facebook.com/176048877240751/posts/484004519778517/


#စိတ်အထူးကုဆရာဝန်ပြောပြတဲ့စိတ်ကျန်းမာရေးအကြောင်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


3/306, Gandamar Road, Waibargi, N Okkalapa
Yangon
11031