Useless Envelope

Useless Envelope

Share

poem

04/01/2026

ကို့ စိတ္တဇနဲ့ ကိုယ်

အိပ်မရတဲ့ ညတွေမှာ
အမှောင်ရဲ့ညီးညူသံဟာ အဆူညံဆုံးဘဲ
ခဏပါလို့တွေးပီး တစ်ဘဝမက ကြာခဲ့ပေါ့

သံကြိုးအထပ်ထပ်နဲ့ စိတ် တွေကို
သော့တွေအခါခါ ခပ်ပီးမှ
မှားလားမှန်လား ငါ မတွေးချင်တော့

တစ်စက္ကန့်စာ လွဲချော်မှုတွေက
လစ်ဟာမှုတွေကို အသုံးတော်ခံနေသလို
ဘဝ ဟာ ဒါပါလို့ ဘယ်သူမှလည်း မရှင်းပြကြ

ဒါနောက်ဆုံးရယ်သံတွေပါ
ကိုယ့်စိတ်တွေ ကိုယ်တိုင်စားသုံးပီး
(အရာရာမှာ)
ဆုံးရှုံးစပြုနေတဲ့ လူငယ်တစ်ယောက်ရဲ့အတွေးတွေပါ။

ယောဏံ

31/05/2024

ကိုယ်တို့တွေ လွဲပီးထည်းကပါဘဲ
အရာရာဟာ ထပ်တူမညီနိုင်တော့
ကိုဟာကိုမဟုတ်သလို
မင်းဟာလည်းမင်းမဟုတ်တော့
လက်ဗလာနဲ့ခေါင်းငုံပြန်ခဲ့ပါတယ်ပေါ့
ဖုန်ထူထပ်နေတဲ့နေရာဟောင်းမှ

TIke Sway Lu
10:19 PM

22/05/2024

တိမ်တွေလိုရှင်သန်ချင်ရုံ ☁️

Yaw Hnan
6:01pm

12/05/2024

ကာရံမဲ့ချိန်

ရည်ရွယ်ထားတဲ့အလင်းတန်းတွေ
အိမ်မက်ဖြစ်မလာခဲ့
အတ္တမာနတွေ အစားထိုးမယ်
တာဝန်တွေဝတ္တရားတွေ
ခေါင်းမာတာဟာနေရာတိုင်းမကောင်းခဲ့
ဖြစ်တည်မှုမရှိတော့တဲ့အခါ
အိမ်မက်ဟာဗလာညများ။

တိုက်ဆွေးလူ

07/05/2024

Pageကခုမှပြန်runမှာမို့ ကဗျာတွေ စိတ်ခံစားချက်စာစုတွေတင်မှာပါဗျာ ။ ဘော်ဒါတွေဘက်ကကြိုက်နှစ်သက်ရင် ကူးယူဖော်ပြလို့ရပါတယ်။

07/05/2024

ကျယ်လောက်စွာဆူညံမိသမျှတွက်
ရိုကျိုးစွာတောင်းပန်ပါတယ်
မငိုနိုင်တဲ့လှိုင်းတွေမို့
ငြီးတွားခွင့်တော့ပေးလှည့်ပါ။

တိုက်ဆွေးလူ

18/02/2024

မြစ် ၂

ကောက်ကွေ့တယ်ထင်ရပေမယ့်
စီးတော့လည်းတဖြောင့်ထည်း
အတိမ်အနက်က အဓိကမဟုတ်ရင်
မြစ်ဖျားခံမှာဘယ်အရပ်လဲ
လိုအပ်သလိုတိုက်စားကြေး‌ဆို
လုံးပါးပါးတာကြာရောပေါ့
ဒီတစ်ခေါက်ရော ဘယ်အရပ်စီလဲ။

ယောဏံ

02/02/2024

မထိုက်တဲ့အလင်း

ပန်းတွေကြွေအောင်
ဝေဆာခဲ့သမျှ တောင်းပန်ပါတယ်
မတည်ငြိမ်တဲ့လှိုင်းမို့
ကမ်းတင်ခဲ့ရုံနဲ့တင်ကျေနပ်ပါတယ်
တို့လမ်းဟာတိုတောင်းခဲ့ပေမယ့်
အမှတ်တရတွေဟာ ထင်ကျန်ဆဲပါ
ပိုးစုန်းကြူးလိုအလင်းမျိုးမို့
လမင်းကိုမမျော်တော့တာ တရားပါတယ်။

ယောဏံ

07/11/2023

ခေါင်းစဉ်မရှိသောနေ့စွဲများ

နီးချင်တော့လည်း
နီးစပ်ခဲ့ကြတဲ့ ဆက်ဆံရေးတွေ
ဝေးချင်တော့လည်း
ဝေးခဲ့ကြရတဲ့ အခြေနေတွေပါပဲ
ကံပါသလောက်ပေါ့ကွယ်
အမှတ်တရတွေအတွက်တော့
ကျေးဇူးတင်ပါတယ်......

#မောင်လွင့်မြော....

26/10/2023

ကျနော်ဟာ

ကျ‌နော်ဟာနားလည်ရခက်တဲ့ပုဒ်စာ
ကျ‌နော်ဟာအဝင်ရခက်တဲ့ဝင်္ကပါ
ကျနော်ဟာကွဲအက်နေတဲ့မှန်
ကျနော်ဟာအဖြူရောင်စက္ကူရွက်
ကျနော်ဟာမုန်တိုင်းအစပျိုးလေပြေညှင်း
ကျနော်ဟာအိပ်တန်းမတက်တဲ့ငှက်
ကျနော်ဟာရေမရှိတဲ့ကန္တာရ
ကျနော်ဟာကျောက်ဆောင်ပေါ်ကမီးပြတိုက်
ကျနော်ဟာပန်းတိုင်းမနားတဲ့လိပ်ပြာ
ကျနော်ဟာနှလုံးသားရှိတဲ့အိမ်ခြေရာမဲ့
ကျနော်ဟာကြိုးမဲ့နေတဲ့စွန်
ကျနော်ဟာအစွယ်ချိုးခံရတဲ့မြွေ

Min Thu Rain

08/10/2023

ငါ့ညီ
ကဗျာတွေမှာတရားသဘောတွေရှိတယ်
သဘောတရားတွေရှိတယ်
မင်းရှာဖွေနိုင်မယ်လို့လည်းငါယုံတယ်
ငါတို့နိုင်ငံရဲ့အဖြစ်အပျက်တွေအတွက်
သကြားမင်းရဲ့ကျောက်ဖျာဟာတင်မာမလာခဲ့သလို
ငါတို့ကိုလည်းဘယ်နတ်သကြားမှဆင်းမကယ်ဘူး
ဆီတိုးနေတဲ့လူအုပ်တွေထဲ
ဘယ်နတ်တစ်ပါးမှဝင်မတိုးဘူးသလို
အလုအယှက်ခံနေရလဲ
ဘယ်နတ်တစ်ပါးမှဝင်မဖမ်းပေးဘူး
ရှင်းရှင်းပြောမယ်ကွာသူခိုးပြေးရင်တောင်
ခလုတ်တိုက်လဲအောင်မစွမ်းဆောင်ပေးဘူး
ခေတ်ပျက်ကြီးထဲ
မင်းမေတ္တာသုတ်ထိုင်ရွတ်နေလဲ
အာခေါင်ချောက်ပြီးသေသွားယုံမှတပါး
ဘာမှဖြစ်မလာဘူး ဘာမှဖြစ်မလာနိုင်ဘူး
မမြင်နိုင်တာတွေယုံကြည်နေ့မဲ့အစား
မဖြစ်နိုင်တာတွေမျှော်လင့်နေမဲ့အစား
မင်းကိုယ်မင်းသာအသက်ရှင်အောင်နေ
အိမ်အပြင်ထွက်လိုက်တာနဲ့
ငါတို့မင်းတို့ရဲ့စစ်မြေပြင်ပဲ
မင်းအိမ်ထဲထိဝင်မလာချင်ရင်တော့
မင်းအိမ်တံခါးသာလုံအောင်ခတ်အိပ်

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon