One Minute Tutorial

One Minute Tutorial

Share

Graphic Design နဲ့ပတ်သက်ပြီး Tips & Trick များကို. အချ

24/03/2022

ဒီလိုလွယ်ကူရိုးရှင်းတဲ့ Tutorial တွေကိုမှ လိုက်မလေ့လာ ထားရင် နောက်ဘယ်အရာကိုမှ သင်လိုက်ပြီး လေ့လာဖြစ်တော့မှာ မဟုတ်ပါဘူး။

Design နဲ့ ပတ်သက်တဲ့ Tutorial တစ်ခုဖြစ်တဲ့ Ai မှာ Image trace လုပ်တယ်ဆိုရင် Default ထပ်ပိုကောင်းအောင် လုပ်ပေးတဲ့ နည်းလမ်းတစ်ခုကို အောက်က Video ထဲမှာ အချိန်တစ်မိနစ်ပေးပြီး လေ့လာနိုင်ပါတယ်။

Pen Tools ကိုင်ရမှာ ကြောက်နေတဲ့သူတွေ အတွက် Trace ကို ဒီနည်းလမ်းသုံးပြီး သပ်သပ်ရပ်ရပ် လုပ်လို့ရပါတယ်။

Photos from One Minute Tutorial's post 18/03/2022

ခုနှစ်နာရီ Live တုန်းက လုပ်ပြခဲ့တဲ့ ပုံလေးတွေရဲ့ Final Result လေးပါ

17/03/2022

ညစ်စရာတွေများလာတဲ့အခါ စိတ်အပန်းဖြေဖို့ဆိုတာ ကိုယ်ဝါသနာပါတာတွေကို လုပ်လိုက်ရတာပါပဲ။

အဲ့တော့ မနက်ဖြန်ည ၇နာရီမှာ ဝါသနာတူတဲ့သူတွေ ဆုံလိုက်ကြရအောင်။

Live ထဲမှာ စကားလေးတွေပြောရင်း မသိတာလေးတွေမေးရင်းနဲ့ တဆင့်ချင်းသွားကြမယ်။

11/03/2022

ဘယ်လိုမှ ဖောက်လို့မရတော့ဘူး ဆိုရင်
တင်ထားတဲ့ Tutorial လေးသာ ဝင်ကြည့်လိုက်ပါ။👇👇
https://youtu.be/H4NhrP0z1ng
👆👆
ကြာချိန်လည်း တစ်မိနစ်ပဲရှိတာမို့ လမ်းကြုံဝင်ကြည့်ရင်း ပညာရသွားရင် Subscribe လေးနှိပ်ပေးဖို့လည်း အလှူခံတယ်နော်။😁😁

06/03/2022

ကြော်ငြာအား ထိရောက်ဖို့ဆိုပြီး မနေ့က ပုံနဲ့တကွရှင်းပြပေးထားတဲ့ Motion Graphic အကြောင်းကို ဒီညမှာတော့ ပိုနားလည်လွယ်ပြီး မျက်လုံးထဲမြင်သာအောင် Live နဲ့ အတူ ဆွဲပြီး ပြောပြပေးသွားပါမယ်။(ဒီည ၈ နာရီ ဝန်းကျင်လောက်ပါ)

မနေ့က ပုံထဲမှာ စာလုံးတွေသေးလို့ မမြင်ရတဲ့သူတွေလည်း တခါထဲကြည့်ပြီး လိုက်ဆွဲလို့ရပါတယ်။
(ပညာတွေ ဖလှယ်ကြရင်းပေါ့)🤝🤝

အောက်က Link ကတော့ မနေ့ကတင်ထားတဲ့ ကြော်ငြာအားပိုကောင်းအောင် ဖန်တီးနိုင်တဲ့ Motion Graphic အကြောင်း အပြည့်အစုံပါ။

https://www.facebook.com/107003764391539/posts/486956626396249/?d=n

Photos from One Minute Tutorial's post 05/03/2022

ကြော်ငြာအားကောင်းဖို့ ဖန်တီးကြရာဝယ်။

အခုနောက်ပိုင်း Social Media ကို သုံးနေသ၍ နေ့စဉ်နဲ့အမျှ ကြော်ငြာတွေကို ရှောင်လွှဲလို့ ရမှာမဟုတ်တော့ပါဘူး။
(ဘာလို့ဆို ဇူဇူကိုယ်တိုင်က Facebook ကို ဒီအတွက်ပဲ လုပ်ထားတာ ဖြစ်လာလို့ပါ)

အဲ့တော့ ကြော်ငြာတွေကို တွေ့ပါများလို့ ပျင်းရိလာတဲ့ လူတစုစိတ်ပြန်လည်လာစေဖို့ဆို ဆန်းသစ်တဲ့အရာလေးတွေနဲ့ ပြန်မျှားခေါ်ရပါမယ်။

အဲ့ဒါက Motion Graphic လို့ခေါ်တဲ့ ပုံရိပ်တွေကို လှုပ်ရှားပြီး ပျင်းရိနေတဲ့ လူတစုကို ပြန်ဆွဲဆောင်နိုင်တယ် ထင်ရတဲ့ကြော်ငြာ Design တမျိုးပါ။

ကြော်ငြာ တစ်ခုက Design ပေါ်မှာ အများကြီး မူတည်တာမို့ သာမန် ကြော်ငြာ Design တစ်ခုကိုတွေ့မြင်နေရတာထပ်စာရင် စိတ်ဝင်စားဖို့ပိုကောင်းတဲ့ Motion Graphic က သင့်ရဲ့ ကြော်ငြာအားကို ပိုပြီး မြှင့်တက်စေနိုင်ပါတယ်။

အဲ့တော့မြင်ရတဲ့သူလည်း စိတ်ကျေနပ်မယ် ကြေညာတဲ့သူလည်း အဆင်ပြေစေတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် Motion Graphic ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံထဲမှာပြပေးထားပါတယ်။

Designer တော်တော်များများလည်း နောက်ပိုင်းမှာ ဒါကိုသုံးလာကျလို့ မလုပ်တတ်သေးတဲ့သူတွေလည်းသိသွားအောင် ပြုလုပ်ပြီး ရလာတဲ့ Result ကို Comment ထဲမှာ ကြည့်ကြည့်လိုက်ပါနော်။

(ပုံမှာရေးထားတဲ့စာတွေသေးနေတာ ကျေးဇူးပြုပြီး ကွန်ပြူတာနဲ့ ကြည့်ပေးကြပါ 😁😁)

01/03/2022

စိတ်ခံစားချက်တစ်ခုကို ဖော်ပြတဲ့ အရောင်တစ်ခုစီမှာ စွမ်းအားတစ်ခုစီရှိပါတယ်။✨✨

အဲ့ဒါတွေက အရောင်တစ်ခုကို ကြည့်လိုက်ရင် ဘယ်အရောင်ကတော့ အေးမြစေတယ် ဘယ်အရောင်ကတော့ ပူလောင်စေတယ်ဆိုပြီး လူတွေရဲ့သတ်မှတ်ချက်တွေကြောင့်ဖြစ်လာရတာပါ။

အဲ့လိုသတ်မှတ်ချက်တွေကြောင့် အပူရောင် အအေးရောင် ကြောက်မက်ဖွယ် စွဲလမ်းဖွယ် နဲ့ ကြည်နူးဖွယ်ရာ အရောင်တွေဆိုပြီး ခံစားချက်အလိုက် အရောင်တွေရဲ့ စွမ်းအားတွေပါ ပြောင်းလဲလာပါတယ်။

အမြင်သာဆုံးပြောရမယ်ဆို တော်ဝင်မိသားစုတွေမှာ ခရမ်းရောင် (Purple 💜)
ကို တော်ဝင်အရောင်အဖြစ် အသုံးများကြပြီး Dark Side မှာကျတော့ ခရမ်းရောင် ( Purple 💜)ကို အဆိပ်အနေနဲ့ အသုံးပြုကြပါတယ်။

ဒါဟာ လူတွေရဲ့ ခံစားချက်နဲ့ သတ်မှတ်ချက်ကြောင့် အရောင်တစ်ခုက နေရာတစ်ခုစီမှာ မတူညီတဲ့ စွမ်းအားတွေနဲ့ရှိနေတယ်လို့ ဆိုလိုလို့ရပါတယ်။

ပိုပြီးနားလည်လွယ်အောင် ပုံထဲမှာ Disney Characters လေးတွေကို အရောင်တွေနဲ့ ပြန်ပြီးခွဲထုတ်ပြပေးထားပါတယ်။

(ဒီဇာတ်ကားတွေထဲမှာ ဘယ် Character က ဘယ်အရောင်ကို ကိုယ်စားပြုသုံးထားလဲ ကြည့်ခြင်းအားဖြင့် အရောင်တွေရဲ့ စွမ်းအားကို သိမြင်ရမှာပါ)✨✨

Photos from One Minute Tutorial's post 27/02/2022

အရောင်တစ်ခုစီက စိတ်ခံစားချက်တစ်ခုစီကို ဖော်ပြပါတယ်(သို့မဟုတ်)ကိုယ်စားပြုပါတယ်။✨

တကယ်တော့ လူတွေက အရောင်တွေကို ခံစားရတာ မဟုတ်ပါဘူး အရောင်တွေကမှ လူတွေကို ခံစားစေရတာပါ။

(အဲ့ဒါကြောင့် Heart Emoji မှာ အရောင်စုံပါနေရတာကကိုယ်ချစ်တဲ့သူကို အသည်းရဲ့ အရောင်အလိုက် ခံစားချက်ကိုဖော်ပြပေးချင်တာပါ)

အရောင်တွေအကုန်လုံးက လူတွေရဲ့ နေရာတစိတ်တပိုင်းမှာ သူ့နေရာနဲ့သူ အသုံးဝင်ကြပါတယ်။

အနီရောင်တွေက အစာချေဖျက်နှုန်းကို ပိုမြင့်မားစေလို့ အနီရောင်များတဲ့နေရာမှာဆို သင့်ဗိုက်ဟာ လိုတာထပ်ပိုဆာလာမှာပါ။ အဲ့ဒါကြောင့် တချို့စားသောက်ဆိုင်မှာ အနီရောင်များများ သုံးပြီးဖွင့်ထားတတ်ကြပါတယ်။

အဲ့လိုပဲ အဝါရောင်ကျတော့ လူတွေကို စုဝေးစေတဲ့ အစွမ်းရှိတာမို့ ကိုယ့်ဆိုင်တွေ လုပ်ငန်းတွေမှာ လူများများလာစေချင်ရင် အဝါရောင်ကို သုံးပြီးခံစားချက်ကို ပြသပါတယ်။

ဒီလိုလုပ်ငန်းတွေမှ မဟုတ်ဘဲ ရုပ်ရှင်တွေ Video တွေ Design တွေမှာဆိုရင်လည်း အရောင်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ပေါ်လွင်ဖို့ သရုပ်ဖော်ဖို့ အတွက် Colour Correction ကို မှန်ကန်စွာသုံးတတ်ဖို့လိုပါတယ်။

Colour Correction ဆိုတာ အရောင်တွေကို တသားတည်းဖြစ်အောင် သဘာဝကျအောင် ကိုယ်သုံးမယ့် Theme နဲ့ ကိုက်အောင် ပြန်ချိန်ညှိတာကိုခေါ်တာပါ။
ဒါမှလည်း ကိုယ်ဖန်တီးထားတဲ့ Design တခုက လူတွေရဲ့ စိတ်ခံစားချက်ကို စွဲဆောင်နိုင်ပြီး ပိုပြီး အသက်ပါစေမှာဖြစ်ပါတယ်။

ဒီအောက်ကပုံတွေကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ စိတ်ခံစားချက်အလိုက် Colour Correction ပေါ်လွင်အောင် ဘယ်လိုသုံးထားလဲ တွေ့မြင်ရမှာပါ။( ဒါတွေဟာ ဒီဇာတ်ကားတွေ အောင်မြင်ရခြင်းရဲ့ လျိူ့ဝှက်ချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်)✨✨

21/02/2022

ဒီတခေါက်မှာတော့ Graphic Designer Beginner သမားများအတွက် အသုံးတည့်မယ့် Image Processing အကြောင်းလေး မျှဝေပေးချင်ပါတယ်။

ဓာတ်ပုံတွေကနေပြီးတော့ ကိုယ်လိုချင်တဲ့ အပိုင်းကိုယူပြီး အောက်မှာပြထားသလို ပုံတစ်ပုံရအောင် ပြန်လည်ပေါင်းစည်းထားခြင်းကို Image Processing လို့ခေါ်ပါတယ်။

ရှင်းရှင်းပြောရရင်တော့ ပုံတစ်ပုံခြင်းစီထဲကနေ ကိုယ်လိုချင်တာလေးတွေပဲ ဆွဲထုတ်ပြီး ပုံတစ်ပုံထဲမှာ အားလုံးပေါင်းထည့်ပြီး စိတ်ကြိုက် ဖန်တီးလိုက်တာကို ဆိုလိုတာပါ။

Image Processing မှာ Composition , Lighting , Shadow , Highlight and Colour Correction ဆိုတဲ့ စတဲ့ အပိုင်းတွေကိုလည်း လေ့လာလို့ရပါသေးတယ်။

ကိုယ်က အပျော်တမ်းအတွက်ပဲ ဖြစ်ဖြစ် Commercial အတွက်ပဲဖြစ်ဖြစ် Graphic Design ကို ဝါသနာပါလို့ ဒီလောကထဲစဝင်ပြီဆို Image Processing အကြောင်းက ချန်ထားလို့မရတဲ့အတွက် ခုမှစလေ့လာမယ့် Beginner သမားများ သိရအောင် ဝေမျှပေးလိုက်ပါတယ်။

နောက်လည်း Graphic Design နဲ့ပတ်သက်တဲ့ tip and trips နဲ့ Tutorial တွေကို တင်ပေးဦးမှာမို့လို့ လက်လွှတ်မခံပဲ စောင့်ကြည့်ပေးကြပါဦးနော်။

Photos from One Minute Tutorial's post 18/02/2022

Think Out Of The Box

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon