Things That Yutty Likes
Buy Now , Cry Later...��
အခုလက်ရှိ မိမိအခြေအနေ 😅😅😅
How to put in your jibbitz
# Jibbitz
Credit to original uploader
Crocs clog မှာ Jibbitz တပ်နည်း ဖြုတ်နည်းလေးပါ
Credit to original uploader
12/06/2024
ကြက်ဥအကြောင်း သိကောင်းစရာ (အပိုင်း၂)
ကြက်ဥကို အကျက်စားကြရာဝယ် ——-
“အပူပြင်းပြင်း”နဲ့ “အချိန်ကြာကြာချက်ခြင်း” ကို သတိပြုရပါမယ်။
အာဟာရဓာတ်တွေ ပျက်ကုန်တတ်သည့်အပြင် cholesterol ကပါ oxidized ဖြစ်သွားပါတယ်တဲ့။
အကောင်းဆုံးကတော့ “အချိန်တိုတို” နဲ့ “မီးမပြင်း” စေရပါ။
မီးပြင်းပြင်းနဲ့ချက်လိုက်ရင် ဘာဖြစ်နိုင်လို့ပါလဲ?
ကြက်ဥအနှစ်မှာပါနေတဲ့ cholesterol ဟာ oxidized ဖြစ်သွားတတ်ပါတယ်။
ကြက်ကြော်တို့/ ငါးကြော်တို့/ အာလူးချောင်းကြော်တို့မှာ တွေ့လေ့ ရှိသည့် oxidized cholesterol ဖြစ်ပါတယ်။
ဥပါဒ်ပေးတတ်သည့်ဒြဗ်အသွင်သို့ ပြောင်းသွားခြင်း ဖြစ်ပါတယ်။
ဆိုလိုချင်တာကတော့ ဆီပူပူကြီးထဲမှာ ကြက်ဥကို ထည့်မကြော်မိစေရန် သတိပြုဖို့ပါ။
ကြက်ဥ ပြုတ်ပြန်ရင်လဲ ရေဆူပြီး အကြာကြီးမထားသင့်ပါ။
More than 15-20minutes.
ဓာတ်ပြောင်းလဲသွားတတ်ပါတယ်။
အာဟာရဓာတ်တွေ ကျန်နေရအောင်ရယ် / cholesterol ကို oxidized ဖြစ်မသွားအောင်ရယ် ( ဥပါဒ် မဖြစ်အောင် )
၁.ကြက်ဥကို ပြုတ် သို့မဟုတ် ပေါင်းစားပါ။
ရေဆူလာလျှင် ရေပွက်ရပ်သွားအောင်မီးဖိုကနေ အိုးကိုဖယ်လိုက်ပါ။
ရေပွက်တာရပ်သွားလျှင် ကြက်ဥကို ဖြေးဖြေးခြင်း ထည့်လိုက်ပါ။
အဖုံးကို ပြန်ဖုံးလိုက်ပါ။ မီးကို medium low လောက်မှာ လျှော့လိုက်ပါ။
4 minutes and 45 seconds ဆိုရင် ပြန်ဆည်လိုက်ပါ။
အကာက ကျက်ပြီး အနှစ်က ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ စားလို့ကောင်းပါတယ်။
Soft boiled egg ပါ။
Hard boiled egg ကို ကြိုက်တယ်ဆိုရင်တော့
ရေနွေးထဲမှာ 9 -10minutes လောက်ဆိုရင် ရပါပြီ။
အကြာကြီးပြုတ်ရင်တော့ မာနေတဲ့ကြက်ဥအနှစ် ပတ်လည်မှာ အစိမ်းရောင်အရစ်ကို တွေ့ရတတ်ပါတယ်။
ကြက်ဥအနှစ်မှာ ပါနေတဲ့သံဓာတ် iron နဲ့ ကြက်ဥအကာမှာ ပါနေတဲ့ sulfur ဓာတ်တို့ reaction ဖြစ်သွားလို့ပါ။
အနံ့ကလဲ မကောင်းသည့်အပြင် စားရတာလဲ အရသာ မရှိတော့ပါ။
ကျော်စားချင်တယ်ဆိုရင် ——-
ဆီသုံးသည့်အခါ သတိပြုရပါမယ်။
Butter or ghee or coconut oil ဝက်ဆီဟာ အပူပေးရင် oxidized မဖြစ်လွယ်ပါ။
ဆီကိုတော့ အပူမပြင်းစေနဲ့ပေါ့။
ကိုယ်ကြိုက်နှစ်သက်သလို ကြော်စားနိုင်ပါတယ်။
Sunny side up or over easy or scrambled eggs.
ကြက်ဥကို ဝယ်သည့်အခါ pasture raised / organic eggs ရနိုင်ရင် ပိုကောင်းပါတယ်။
သတိပြုရမည့်အချက်က ကြာကြာချက်လေ အာဟာရဓာတ်တွေ လျော့နည်းကုန်လေပါပဲ။
မီးပြင်းလေ Oxidized ဖြစ်ဖို့လမ်း ပိုများပါတယ်။
ကြက်ဥ ဘယ်နှလုံးစားလို့ရပါသလဲလို့ မေးတာထက် ဘယ်လိုချက်စားရင် အကောင်းဆုံးလဲဆိုတာကို သိဖို့လိုပါတယ်။
ယခုခေတ်မှာ အစစအရာရာ ကုန်ဈေးတွေကလဲကြီးတာမို့ အာဟာရဖြစ်အောင် ချက်စားနိုင်ပါမှ တန်ပါလိမ့်မယ်။
ဈေးကြီးလဲပေးရ ဥပါဒ်လဲ ရှိတယ်ဆိုရင်တော့ မတန်တော့ဘူးပေါ့နော်။
Source :To A Better Health
17/04/2024
16/04/2024
😁😄
ကမ္ဘာကျော် brand တွေရဲ့ အသံထွက်
video crd
Love it ❤️💓
15/11/2023
Chanel Tweed Wedding Dress နဲ့ အရမ်းလှနေတဲ့ သတို့သမီးလေး
အမြဲတမ်းဒီလိုလေးပဲပြုံးပျော်နိုင်ပါစေကွယ်
Photo Credits : Mr. Haw
08/09/2023
သကြားဓာတ်ကို လျော့ချနည်း နောက်တစ်မျိုး
တရုပ်ခေါက်ဆွဲ သို့မဟုတ် Italian pasta ကို ပြုတ်သည့်အခါ Glycemic index နည်းစေချင်ရင် ( သွေးထဲကို သကြားဓာတ် မြန်မြန်ဆန်ဆန် မတက်စေချင်ရင် )
နူးပျော့အိနေအောင် မပြုတ်ရပါ။
Al Dente meaning "to the tooth" in Italian
သွားနဲ့ ဝါးသည့်အခါ နည်းနည်း ဆတ်ဆတ် ဖြစ်နေသည့် အနေအထားလောက်ကို ဆိုလိုပါတယ်။
ပျော့ပေမဲ့ နည်းနည်း တောင့်တောင့်ကလေး ဖြစ်သည့်အနေအထားကို ဆိုလိုပါတယ်။
ဆိုလိုချင်တာကတော့ အရမ်းပျော့သည့်အထိ မပြုတ်ရပါ။
ပြုတ်ပြီးရင်လဲ starch water ကို သွန်ပစ်ပြီး ရေနဲ့ဆေးချရင် starch content ပိုလျော့သွားနိုင်ပါတယ်။
ခေါက်ဆွဲတွေကလဲ ကပ်မနေတော့ဘူးပေါ့။
ပြီးရင် ဆီအနည်းငယ်နဲ့ လူးပေးလိုက်ပါ။
ထမင်း/ ခေါက်ဆွဲဆိုတာ လူအများစုရဲ့အကြိုက်မို့ ကိုယ့်ဖက်က တတ်နိုင်သ၍ သကြားဓာတ်ကို လျော့နိုင်သမျှလျော့အောင် ချက်နည်းတစ်မျိုးပါ။
crd
နာမည်ကြီး Brand တွေရဲ့ အသံထွက် အမှန် ကိုပြောပြထားတဲ့ video လေးပါ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon