Tech Note

Tech Note

Share

Let’s learn together

05/10/2025

AWS VPC and related resources explained for beginners

28/09/2025

🔹 NAT ဆိုတာဘာလဲ?
NAT (Network Address Translation) က Private Network အတွင်းရှိ Device တွေကို Public IP တွေသုံးပြီး Internet ပေါ်ထွက်နိုင်အောင် ပြောင်းပေးတဲ့ နည်းပညာပါ။ Private IP တွေကိုလည်း Public ကမမြင်နိုင်အောင် ကာကွယ်ပေးပါတယ်။

✨ NAT အမျိုးအစားများ​တွေက​တော့ -

Static NAT
Private IP တစ်ခုကို Public IP တစ်ခုနဲ့ Mapping လုပ်ပြီး Private to Public(Internet) ကို translate လုပ်​ပေးပါတယ်။ (One to One)

Dynamic NAT
Private IP တွေကို Public IP Pool ထဲက တစ်ခုခုနဲ့ translate လုပ်​ပေးတာပါ။ (One to Many)

PAT (Port Address Translation / NAT Overload)
Private IP အများစုကို Public IP တစ်ခုတည်းနဲ့ Port မတူဘဲ ခွဲသုံးခြင်း ဖြစ်ပါတယ်။

✨ လက်​တွေ အသုံးပြုတဲ့ အခါ​တွေမှာ SNAT နဲ့ DNAT ကိုကြားဖူးကြမှာပါ။

SNAT (Source NAT)
Private Network က​နေ မတူညီတဲ့ Network ကိုသွားတဲ့အခါ Source IP ကို ပြောင်းလဲပြီး သွားခြင်းလို့မှတ်ယူလို့ရပါတယ်။

DNAT (Destination NAT)
အခြား Network တွေက​နေ မိမိ Local network ကို လာတဲ့ အခါ Destination IP ကို ပြောင်းလဲ​ပေးလိုက်ခြင်းပဲဖြစ်တယ် (အပြင်ကသူတွေ အတွင်း Server ကို ဝင်မယ့်အချိန်)

Eg -
• YouTube သုံးတဲ့အခါ > SNAT with PAT
• အပြင်ကသူတွေ သင့် Web Server ကို ဝင်ကြည့်တဲ့အခါ > DNAT

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon