Lin Pyae Clinic

Lin Pyae Clinic

Share

We Care You Safe Home visit - available now. (during clinic hours)

01/08/2023

🙏🙏🙏 ယနေ့သည် ဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မိဘပြည်သူများအတွက် ဒု ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဖြစ်၍ ဆေးခန်း တစ်ရက်ပိတ်ပါသည်။
💌 မိဘ​ပြည်သူ အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာ ၍ လိုရာဆန္ဒအားလုံး ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါသည်။

Photos from Lin Pyae Clinic's post 25/04/2023

📣🌡 ပိုပူလာသော အပူရှိန်🌞 နှင့် အပူ🔥 အအေး❄ မမျှတခြင်း က လူကို အားအင်ကုန်ခမ်းခြင်းသာမက အသက်အန္တရာယ်🤒 ကိုပါ ထိခိုက်စေနိုင်ပါသည်။
🌇🚨

👒👕👖☂🕶🍉🍎🍏🍐🍊🍍🥛🏡🌳
အပူဒဏ် ကို ဘယ်လိုကာကွယ်ကြမလဲ. . 👇

10/04/2023

📣 မဟာသကြ်န်အခါသမယအချိန်တွင်း
ကျွန်တော်တို့ လင်းပြည့်ဆေးခန်းအား
👉 ၁၀.၄.၂၀၂၃ မှ ၁၈.၄.၂၀၂၃ ထိ 👈
ခေတ္တခဏ ပိတ်ထားမည် ဖြစ်ပါကြောင်း လူကြီးမိဘပြည်သူများအား ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။
မြန်မာသကြ်န် နှစ်သစ်ကူးကာလအတွင်း မိဘပြည်သူအားလုံး ကျန်းမာ ချမ်းသာ လန်းဖြာ နိုင်ကြပါစေ. . .
💖 🎉🎉🎉

📆 We are going to close clinic from 10.4.23 to 18.4.23. 👈
We wish you all healthy, wealthy and happy during Myanmar Thingyan New Year Festival. 🎉🎈💐

Photos from Lin Pyae Clinic's post 25/12/2022

May you all have a Happy Merry Christmas 🎄💖🎉🎅🎁🎆☃
December 27 မှစပြီး ပုံမှန်အတိုင်း ပြန်ဖွင့်ပါမည်။
Today 25 & Tomorrow 26 - Closed

11/12/2022

မြောက်ဒဂုံ ၃၂ ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ် ​ရှိ
''လင်းပြည့်'' အ​​ထွေထွေရောဂါကု ဆေးခန်းတွင် အလုပ်လုပ်ကိုင်ရန်အတွက် 'အထွေထွေဝန်ထမ်း(မိန်းကလေး) ' အလိုရှိသည်။
👉
-အသက် ၂၀ မှ ၃၅ နှစ် အတွင်း ဖြစ်ရမည်
-အတန်းပညာ ၉ / ၁၀ တန်းအောင်ပြီးသူ ဖြစ်ရမည်
-သွက်လက်ချက်ချာ၍ ရိုးသားသူ၊စိတ်ထားဖြူစင်သူ ဖြစ်ရမည်။
-ဆက်ဆံရေးကောင်းမွန်ပြီး အပြောအဆိုပြေပြစ်ရမည်။
-အလုပ်အပေါ်စိတ်ဝင်စားပြီး သင်ယူလိုစိတ်၊ တတ်မြောက်လိုစိတ် ရှိသူ ဖြစ်ရမည်။
-ဆေးများ၊ English စာများ ကောင်းစွာ ရေးတတ် ဖတ်တတ်ရမည်။
-မနက် ၈:၃၀ မှ ည ၈ နာရီ ဆေးခန်းပိတ်ချိန်ထိ အလုပ်ဆင်းပေးနိုင်သူဖြစ်ရမည် (နေ့လည်ဆေးခန်းပိတ်ချိန် အနားရနိုင်မည်). Monday တိုင်း တရက်ပိတ်သည်
-ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

-ဆေးဝါးကျွမ်းကျင် /သူနာပြုအကူသင်တန်းပြီးမြောက်ထားသူ ဦးစား​ပေးမည်
-အိမ်ထောင်မရှိသူ ဦးစားပေးမည်
-မြောက်ဒဂုံ တွင်နေထိုင်သူ ဦးစားပေးမည်
-အတွေ့အကြုံရှိသူ ဦးစားပေး၍ခေါ်ပါမည်။(အတွေ့အကြုံမရှိပါကလည်း လျောက်ထားနိုင်ပါသည်။)

လစာ - ညှိနှိုင်း ။

Page Cb သို့ CV form ပို့၍ လျောက်ထားနိုင်ပါသည်။
ရွေးချယ်ခံရသော CV form များကိုသာအကြောင်းကြားပေးပါမည်။(ပိုင်ရှင်တိုက်ရိုက်)

☎- 09420011421 သို့ (မနက် ၁၀ နာရီ မှ ညနေ ၅ နာရီ အတွင်း)ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

လိပ်စာ -အမှတ်(၉၈၅)၊ဘုရင့်နောင် လမ်း၊ (၃၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။ (ဆရာစံလမ်းဆုံ အနီး။ လင်းပြည့်ဆေးခန်း)

Form နောက်ဆုံးတင်ရမည့်ရက် - Wednesday 14.12.22.
Interview ဖြေရမည့်နေ့- Friday 16.12.22.

08/10/2022

သီတင်းကျွတ် အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည်စုံပါ​စေ​ကြောင်း လင်းပြည့်​ဆေးခန်း မိသားစုမှ ဆု​တောင်း​မေတ္တာပို့သပါတယ်။

လင်းပြည့်​ဆေးခန်းကိုလည်း သီတင်းကျွတ်လပြည့် (9.10.2021 မှ 10.10.2021) ထိ ပိတ်ထား​ပါ​ကြောင်း အသိ​ပေးအပ်ပါတယ်။

07/09/2022

ခုတလော Covid တွေပြန်ကူးစက်တာများလာတယ်. .
လူငယ်လူလတ်ပိုင်းတွေပါ သတိမထားမိလို့ အသက်ဆုံးရှုံးတာတွေပါ ကြားသိလာရတယ်. .

ယခု ကူးစက်နေတဲ့ Covid မျိုးကွဲ BA.5 အကြောင်းလေး ပြန်လည်မျှဝေပေးလိုက်ပါရစေ။

ကဘာတွေဖြစ်လဲဆို တော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊
အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

Day 0 - ကူးစက်ခံရတယ်ဆိုပါတော့

Day 1 - မှာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်၊ နုံးပြီး မလှုပ်ချင် မကိုင်ချင် စဖြစ်မယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းစိမ့်ပြီး တုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ ခံတွင်းစပျက်ပြီး အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ ရှတတနဲ့ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊
SPO2 စက်ဖြင့် အောက်စီဂျင် ကို တနေ့သုံးကြိမ် ပုံမှန်တိုင်းပေးပါ။
ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ

ဆီးချိုသမားတွေဆို RBS အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်းကို သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကတော့ စိတ်ချရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ
-BA.5

02/09/2022

လင်းပြည့်ဆေးခန်း သို့ လာရောက်ပြသသော မိဘပြည်သူများ အနေဖြင့်
ခုတလော လာရောက်ပြသသောနေ့သည် ဆေးခန်းပိတ်ရက် တနလ်ာနေ့ နှင့် တိုက်ဆိုင်​နေသဖြင့် အရေးကြီးသောလူနာများ လာရောက်ပြီး အဆင်မပြေမှုအတွက် ပြန်ကြားသိရ၍ များစွာ စိတ်မကောင်းဖြစ်ရပါသည်။

ထို့ကြောင့် ဆေးခန်း ဖွင့်ချိန် နှင့် ပိတ်ရက် အားထပ်မံ အကြောင်းကြားအပ်ပါသည်။
👇
🕘 နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ အထိ
🕘 ညနေ ၄ နာရီမှ ည ၈ နာရီ အထိ

🗓 တနလ်ာနေ့ တိုင်း ဆေးခန်းပိတ်ပါသည်။ 👈

☎ 09420011421

📍 အိမ်ပင့် ဆေးကုသဝန်ဆောင်မှုလည်း ဆေးခန်းချိန်အတွင်း ရရှိနိုင်ပါသည်။
📍 အလုံး၊ အကျိတ်၊ ပြည်တည်နာ၊ ထိခိုက်ဒဏ်ရာ များအားလည်း ထုံဆေးဖြင့် စျေးနှုန်းချိုသာစွာ ခွဲစိတ်ကုသပေးနေပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

မိဘပြည်သူများ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာ နိုင်ကြပါစေ။ 😊

Singapore reports 13th case of monkeypox infection since June 03/08/2022

ယခုတလော
မျောက်ကျောက် ရောဂါတွေ အဖြစ်များလာ သဖြင့်
အရည်ကြည်ဖု လို အနာများ ထွက်လာပါက ရောဂါအား ပိုဂရုစိုက်ပေးရန်နှင့် အခြားလူများအား မကူးစက်စေရန် အနာများကို ထိမိ ကိုင်ပြီးတိုင်း လက်ဆေးပေးရပါမည်။

#လင်းပြည့်ဆေးခန်း

Singapore reports 13th case of monkeypox infection since June The 33-year-old man who tested positive for the virus had no recent travel history, says the Ministry of Health.

12/07/2022

ယနေ့သည် ကျွနုပ်တို့ မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာတို့အတွက် ဥပုသ်သီတင်းသီလဆောက်တည်ကြမည့် ဝါတွင်းကာလ အစပြုသော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ကျရောက်သည့်အတွက် ​ဆေးခန်း ပိတ်ပါသည်။
ယခုလို ဝါဆိုလပြည့်နေ့၊ မင်္ဂလာရှိသောနေ့၌ ခပ်သိမ်းသော မိဘပြည်သူ အားလုံး အေးငြိမ်းချမ်းသာခြင်းနှင့်အတူ ရောဂါဘယများမှ ကင်းဝေးပြီး ချစ်ခြင်းမေတ္တာတရားများနှင့် ပြည့်စုံကြပါစေကြောင်း မိမိတို့ဆုတောင်းမေတ္တာပို့သပါသည်။

Our Clinic is closed today in observance of the Full Moon of Waso, a day that marks the beginning of Buddhist Lent in Myanmar.
On this Full Moon of Waso, we wish everyone in our country peace ,loving kindness (metta) and healthy.

Covid-19 infections in UK jump by more than half a million in a week | ITV News 08/07/2022

Covid symptoms are raising to appear in Myanmar too in recent as in UK.
Care should be taken again.

Covid-19 infections in UK jump by more than half a million in a week | ITV News

Photos from Win Orthopedic Joint Center's post 22/06/2022

ဒူးခေါင်းနာ တတ်သူများ အတွက် သက်သာ​စေသော လေ့ကျင့်ခန်းများကို ဖော်ပြပေးလိုက်ပါတယ်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ဘုရင့်နောင်လမ်း မြောက်ဒဂုံ ၃၂ ရပ်ကွက် ဆရာစံလမ်းဆုံအနီး
Yangon

Opening Hours

Tuesday 08:00 - 12:00
16:00 - 20:00
Wednesday 08:00 - 12:00
16:00 - 20:00
Thursday 08:00 - 12:00
16:00 - 20:00
Friday 08:00 - 12:00
16:00 - 20:00
Saturday 08:00 - 12:00
16:00 - 20:00
Sunday 08:00 - 12:00
16:00 - 20:00