D Two Business

D Two Business

Share

DTwo Liquor Store, DTwo Mini Mart

Photos from D Two Business's post 05/01/2026

New Beginning Unlocked 🔓
💕Annual Staff Party Moments💕

ကျွန်တော်တို့ Trusted DTwo Co., Ltd ရဲ့ အောင်မြင်မှု ခရီးလမ်းမှာ အားတက်သရော ပါ၀င်ခဲ့ကြတဲ့ ၀န်ထမ်းတွေ အားလုံးအတွက် ရည်ရွယ်ပြီး 3.1.2026 ညနေခင်းလေးမှာ Staff Party ပွဲလေး ပြုလုပ်ကျင်းပခဲ့ပါတယ်။

Staff Party ပွဲလေးကို တက်ရောက်ချီးမြှင့်ပေးပါသော Trusted DTwo Co., Ltd ၏ CEO ကိုကောင်းထက် နှင့် ဇနီး မရတနာ၊ ပျော်ရွှင်စရာအမှတ်တရများ အတူတကွ ဖန်တီးပေးခဲ့ကြသော ၀န်ထမ်း တစ်ယောက်ချင်းစီ အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်🥳🎉

ပူးပေါင်းဆောင်ရွက်မှု အင်အားတွေနဲ့ အတူ ရှေ့ဆက်မယ့် အနာဂတ်တွေမှာလဲ အကောင်းဆုံး ဆက်လက် ကြိုးစားသွားပါဦးမယ်🥰

03/01/2026

Staff Party ပွဲလေး ရှိလို့ ဆိုင်လေးတွေ ဒီနေ့ တစ်ရက်လောက် ပိတ်ခွင့်ပြုပါနော် ☺️

လေးစားရပါသော Customer များခင်ဗျာ
ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင်...
🥂 D Two staff party ပွဲရှိသောကြောင့် ညနေ ၅ နာရီမှ စပြီး ဆိုင်ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ခင်ဗျာ။
ဇန်နဝါရီ ၄ ရက် ( စနေ ) နေ့တွင် မနက် ၁၀ နာရီမှစ၍
D Two ဆိုင်များအားလုံး​ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လစ်မည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့အဆင်မပြေမှုများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် ကျွန်တော်တို့ D Two မိသားစုမှ မေတ္တာရပ်ခံအပ်ပါသည်။

Photos from D Two Business's post 13/11/2025

ယခု အပတ် 11,12,13 ရက်တွေမှာ ဆိုင်မှ ၀န်ထမ်းသစ်များအတွက် Orientation & Service Training Program လေး ပြုလုပ်ပေးခဲ့ပါတယ်🥰

✨DTwo မှ ၀န်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်၊ ၀န်ထမ်းများ လုပ်ငန်းဆောင်တာ‌ တွေကို တိကျ မှန်ကန်စွာလုပ်ဆောင်နိုင်ပြီး ထူးချွန်လာစေရန်နှင့် စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးပြီး အောင်မြင်တဲ့ လုပ်ငန်းဖြစ်လာစေရန် သင်ပြလမ်းညွှန်ပေးခဲ့ပါတယ်။

☀️ယခု Program လေး အောင်မြင်စွာပြီးမြောက်အောင် ကူညီအားဖြည့်ပေးကြ‌သူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်🥰

25/09/2025
24/09/2025

DTwo Business Co., Ltd နှင့် အတူ လက်တွဲ‌လုပ်ကိုင်ရန် ၀န်ထမ်းများခေါ်ယူနေပါတယ်🤗

🔰DTwo Business Co. Ltd တွင် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။

♦️Junior Graphic Designer
♦️Sale Incharge
♦️Purchase Helper ...... နှင့် အခြားရာထူးများအတွက် ဝန်ထမ်းများ ခေါ်ယူနေပါသည်။

ဖော်ပြပါရာထူးများကို Link များမှ တစ်ဆင့်(ယခုပဲလျှောက်ထားနိုင်သည်)ကိုနှိပ်ပြီး လိပ်စာ၊ ဖုန်းနံပါတ်၊ Email တိုကို ကြည့်ရှု လျှောက်ထားနိုင်ပါသည်။

Junior Graphic Designer
https://www.24jobs.com.mm/job?permalink=JuniorGraphicDesignerjobpostSJRUQFBAW

Sale Incharge
https://www.24jobs.com.mm/job?permalink=SaleInchargejobpostFPMXNHCW

Purchase Helper
https://www.24jobs.com.mm/job?permalink=PurchaseHelperjobpostBTMLFL

Store Helper
https://www.24jobs.com.mm/job?permalink=StoreHelperjobpostTUDUSHQDDX

Driver
https://www.24jobs.com.mm/job?permalink=DriverjobpostUDSJJV

အလုပ်ခေါ်စာများကို အခွင့်အလမ်းဂျာနယ် Telegram Channel & Viber Community တို့မှာ စုံလင်စွာကြည့်ရှုနိုင်ပါပြီ...

Viber Community-----
https://invite.viber.com/?g2=AQAClW0wRzeemk3sV5TZF1KXSy6NlLM7AkbAcEGV%2FgA9jRUDy%2Bh45QJhY5s9kE2E&fbclid=IwAR2rVkpO4JfNWFLw271a7xhwZJFXMWMDBn9TfQN_Rg7o1ctXlgSg981Mfz0&lang=en

Telegram Channel ---
https://t.me/thejournalopportunity

#အခွင့်အလမ်း #အလုပ်ရှာမယ် #ဝန်ထမ်း

Photos from D Two Business's post 19/09/2025

အခုလိုဆိုင်ခွဲသစ်လေးဖွင့်နိုင်ခဲ့တာ အကိုနဲ့အစ်မဘေးမှာအမြဲတမ်းယုံကြည်စွာနဲ့ အစ်မနဲ့အကို ဖစ်ချင်တာကို အကောင်းဆုံး လုပ်ဆောင်ပေးကြတဲ့ မောင်လေးတို့ညီမလေးတို့ အကုန်လုံးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်းပါပါတယ်။ 🥰🥰

မနေ့ကလည်းဆိုင်ဖွင့်ပွဲမှာ အားတက်သရော ပါဝင်ကြတယ် ကူညီပေးကြတယ် မငြီးမငြူ စိတ်အားထက်သန်စွာ ပါဝင်ပေးကြတယ် support ပေးကြတဲ့ ဝန်ထမ်းတွေအကုန်လုံးကိုလည်း အကိုနဲ့အစ်မကကျေးဇူးအများကြီးတင်ပါတယ်လို့။ 😇😇💙

18.9.2025

Photos from D Two Liquor Store's post 17/09/2025

ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ🙏🙏🙏

24/06/2025

"Retail Sale Manager" ရာထူး နဲ့ အလုပ်လုပ်ကိုင်ချင်သူဆိုရင် ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း၊ လှည်းတန်းအနီးရှိ DTwo Liquor Mart ကနေ ခေါ်ယူနေတဲ့ "Sale Manager" ရာထူးကို အခုပဲ လျှောက်ထားလိုက်ပါ🤗
🥳(အဆောင်နေလိုသူများအား နေစရာစီစဉ်ပေးသည်)

✨We 're Hiring

🔹 Sale Manager (ကျား/မ - 1 ဦး)

Requirements

▫️ အသက် (27-35)နှစ် အတွင်းဖြစ်ရမည်။
▫️ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ Microsoft Office Software များ ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
▫️ သက်ဆိုင်ရာ ရာထူးနဲ့ အတွေ့အကြုံ (2)နှစ် အထက်ရှိပြီး Customer Complaints များအားကောင်းမွန်စွာ ဖြေရှင်းနိုင်သူ၊ ၀န်ထမ်းများကို စီမံအုပ်ချုပ်နိုင်ပြီး စည်းကမ်းပိုင်းလိုက်နာအောင် သင်ကြားဦးဆောင်နိုင်သူဖြစ်ရမည်။
▫️ Sales ၀န်ထမ်းများအား ကျွမ်းကျင်စွာ Coach လုပ်နိုင်ပြီး Sales Target ပြည့်မှီအောင် စွမ်းဆောင်နိုင်သူဖြစ်ရမည်။
▫️ရုံးစည်းကမ်းလိုက်နာ၍ အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
▫️ဆိုင်နှင့် ပတ်သက်၍ တာ၀န်ယူမှုတာ၀န်ခံမှု အပြည့်ရှိ၍ နေ့စဉ် ဆိုင်ခွဲ၏ရောင်းချနိုင်မှုစာရင်း၊ ‌၀င်ငွေ/ထွက်ငွေစာရင်းအား Report စီစဥ်တင်ပြပေးနိုင်သူဖြစ်ရမည်။

🔸ခေါ်ယူထားသော Position အတွက် -

⏩ Probation Period (အစမ်းခန့်ကာလ) ရှိမည်ဖြစ်သည်။
⏩ သတ်မှတ်ထားသော အလုပ်ချိန်ထက်ပို၍ အလုပ်ဆင်းရပါက ဥပဒေအရ သတ်မှတ်ထားသော အချိန်ပိုလုပ်ခ (Over Time ကြေး) ရရှိမည် ဖြစ်သည်။
⏩ နားရက် - တစ်ပတ် (၁) ရက်
⏩ အလုပ်ချိန် -
🔸မနက်ဆိုင်း (8:00 AM to 5:00 PM)
🔸ညဆိုင်း (1:00 PM to 10:00 PM)
(ညဆိုင်းသမားများအတွက် အပြန် Ferry စီစဉ်ပေးသည်)

⏩ လစာ (ညှိနှုင်း)

ဒီရာထူးကို စိတ်၀င်စားလို့ လျှောက်ထားချင်တယ်ဆိုရင် -

🔹 CV Form
🔹 သုံးလအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ (၂) ပုံ
🔹 မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုဇယားမိတ္တူ
🔹 ဘွဲ့လက်မှတ်/ပညာအရည်အချင်းထောက်ခံစာ မိတ္တူတွေနဲ့ အတူ

(30.6.2025) နောက်ဆုံးထားပြီး အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သလို Viber / Email တို့ကနေလဲ ပေးပို့လျှောက်ထားနိုင်ပါတယ်။

အလုပ်ခေါ်စာဖြင့်ပတ်သက်၍ ဆက်သွယ်ရန် (ရုံးချိန်အတွင်းသာ) -
DTwo Business - HR Department
————————————————
• Phone - 09 250066014
• Viber - 09 250066014
• Email - [email protected]
◽DTwo Liquor Mart– တိုက် 2, အမှတ်(၁)၊ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်၊ ရွှေကောင်း Hot Pot ဆိုင်အနီး။

05/06/2025

📢အသိပေးခြင်း !

DTwo Business လုပ်ငန်းစု၏ ဆိုင်ခွဲတစ်ခုဖြစ်သာ DTwo Liquor Mart တွင် Shop Accountant ရာထူးဖြင့် အလုပ်လုပ်ကိုင်နေသူ "မဆုယမင်းသန့်" သည် ကုမ္ပဏီမှ ချမှတ်ထားသော မူဝါဒ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပဲ မိမိသ‌ဘောဆန္ဒအရ ခွင့်မတိုင်ပဲ (3) ရက်ပျက်ကွက်သည့်အတွက် ကုမ္ပဏီစည်းမျဉ်းအရ ယနေ့ 5.6.2025 မှစ၍ အလုပ်တာ၀န်မှ ရပ်ဆိုင်းလိုက်ပါပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

နောက်နောင်တွင် "မဆုယမင်းသန့်" နှင့် ပတ်သက်သည့်ကိစ္စအ၀၀အား DTwo Business လုပ်ငန်းစုမှ တာ၀န်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 36, Shwe War Street, Tamwe
Yangon
11211