For Your Study
This page shares information on scholarships, education, and useful facts for English learners.
21/11/2025
ဆီပူထိုးသည်/ ဆီသတ်သည် ကိုတော့ - saute လို့သုံးပါတယ်။
ဒီတစ်ခါမှာ linking verb တွေကို ဖော်ပြသွားပါမယ်။ Examples of common linking verbs 👇
🔸appear, be, become, feel, get, go, grow, look, prove, remain, seem, smell, sound, stay, taste, turn
🔸Linking verb ရဲ့နောက်မှာ a noun or pronoun/ an adjective/ an adverbial phrase ဒီထဲကတစ်မျိုးမျိုးလိုက်လေ့ရှိပါတယ်။
✅Linking verbs + Noun
He became a teacher.
They are students.
He seems a good person.
The winner was John.
He appears the leader of the team.
The idea feels a good solution.
The sky looks a deep blue.
----
✅Linking verbs + Pronoun
That was her.
I feel you.
That became him.
That person seems him.
That remains them.
It turns out to be her.
This appears him.
----
✅Linking verbs + Adjective
It’s getting dark outside.
The milk went sour.
The child grew strong and healthy.
The idea proved useful.
The soup smells delicious.
You look tired.
That sounds interesting.
He stayed quiet throughout the discussion.
This cake tastes sweet.
-----
✅Linking verbs + Adverbial phrase
She is at home.
They were in the garden.
The situation remains under control.
The matter turned into a big problem.
She remains at home.
The meeting fell on Friday.
The situation turned out well.
15/06/2025
တခြားနည်းနဲ့ ပြောင်းပြောကြမယ်
Alternative ways to say 💕
Mastervoc.English မှာရှာပြီး ထပ်မံလေ့လာနိုင်ပါတယ်
31/05/2025
👩🏻🎓 “Scholarship တော့ လျှောက်ထားပြီးပြီ၊ ဒါပေမယ့် ကြားထဲမှာ ဘာလုပ်ရမလဲမသိဘူး” ဆိုပြီး လမ်းပျောက်နေတဲ့အဖွဲ့အတွက် လမ်းပြပေးဖို့အတွက် “𝗭𝗲𝗿𝗼 𝘁𝗼 𝗜𝗻𝗳𝗶𝗻𝗶𝘁𝘆 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗚𝘂𝗶𝗱𝗲𝗹𝗶𝗻𝗲𝘀” ဆိုတဲ့ Content Series ရဲ့ (Part -3) ဇာတ်သိမ်းပိုင်းလေး ရောက်ရှိလာပါပြီ။
ကိုယ့်ရဲ့ Application ကို submit ပြီးတာနဲ့ နောက်ထပ် စောင့်မျှော်ရမယ့်တစ်ခုကတော့ Interview တွေပဲဖြစ်ပါတယ်။ ဒါဆိုရင် အဲ့အတွက် ဘာတွေပြင်ဆင်ထားရမလဲ❓
🔊 အရင်ဆုံး… မေးလေ့ရှိတဲ့ Common Questions တွေကို Youtube/ Websites တွေကနေ ရှာပြီး လေ့ကျင့်ထားပါ။
ဥပမာ - Why do you deserve this scholarship?
How does this scholarship help your future goals?
🔹 မေးခွန်းတစ်ခုစီအတွက် ဘယ်လိုဖြေရမလဲ အကြမ်းဖျင်း စဉ်းစားပြီးရင်တော့ ကိုယ်နဲ့တူတူလေ့ကျင့်ပေးနိုင်မယ့် သူငယ်ချင်း၊ စီနီယာ ဒါမှမဟုတ် အသိတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး Interview Session အတွက် Role play ပုံစံမျိုးလေ့ကျင့်ထားရင် ပိုလို့တောင်ကောင်းပါသေးတယ်။
🔹 ကိုယ် Confidence ရှိတာပေါ်လွင်နေပါစေ။ ကြောက်နေရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တာမလို့ Interviewer ကို Eye Contact မိမိနဲ့ သူမေးသမျှကို သေချာလေးဖြေပေးပါ။ သြော် ဒါနဲ့ ပြုံးပြုံးလေးပြောဖို့လည်း မမေ့နဲ့ဦးနော်။
🔹 အရေးကြီးဆုံးတစ်ခုက မဖြေခင် ကိုယ့်ရဲ့ Statement of Purpose နဲ့ သူတို့ရဲ့ mission တွေ values တွေကိုလည်း ပြန်ဖတ်သွားဦးနော်။
🏆 Interview ပြီးသွားရင်တော့ ကျောင်းဘက်ကနေ ကိုယ့်ကို ပြန်ပေးမယ့် အဖြေနှစ်ခုက Selected or Rejected ပါပဲ။ အရွေးချယ်ခံလိုက်ရပြီဆိုပါစို့။ အထုတ်တွေ ကြိုပြင်ထားလိုက်ရတော့မလား။ နိုး.. နိုး အဲ့တာတွေက ခဏထားပါဦး 🖐🏻
🔹 အရင်ဆုံး သူတို့နဲ့ Scholarship Terms တွေကို သတိထားရပါမယ်။ ဉပမာ Scholarship Winner တစ်ယောက်က GPA ကို ဘယ်အထိထိန်းထားပေးဖို့လိုသလဲ၊ ကိုယ့်ရဲ့တိုးတက်မှုတွေကို ပြန်ပြီး Report အနေနဲ့ ပျက်ကွက်မှု မရှိအောင် တင်ပေးစရာလို/မလို၊ ကိုယ့်ဘက်က ကျောင်းကို ဘာတွေပြန်လုပ်ပေးရမလဲ အစရှိတာတွေကို သေချာလေးဖတ်ထားရပါမယ်။
🔹 နောက်ထပ် Scholarship ကအကုန် cover ဖြစ်သလားဆိုတာကိုကြည့်ပြီး ကျောင်းဘက်က Stipend ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ် ပေးတဲ့အခါ အဲ့ပိုက်ဆံကို အခန်းငှားတဲ့နေရာမှာဘယ်လောက်သုံးမယ်၊ ကျောင်းကိစ္စနဲ့ပတ်သက်တာ၊ စားစရိတ်အတွက်ဘယ်လောက် အစရှိသဖြင့် ကိုယ့်မှာရှိတဲ့ budget အလိုက် ကြိုစဉ်းစားထားရပါမယ်။
🔹 တကယ်လို့ ကျောင်းကပေးတာက ကိုယ့်အတွက် မလုံလောက်ဘူးဆိုရင် ဘာလုပ်မလဲဆိုတာရော တွေးထားရပါမယ်။ အိမ်က ထောက်ပံ့ပေးနိုင်သလား၊ Student Loan ယူမှာလား ဒါမှမဟုတ် ကိုယ်လျှောက်ထားတဲ့ နိုင်ငံအလိုက် Part-time လုပ်လို့ရနိုင်မလား စတဲ့ ဖြစ်နိုင်ချေတွေကို စဉ်းစားပြီး ကုန်ကျစရိတ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါ တွေးထားပါ။
🔹 ပြီးသွားရင် ကိုယ်သွားမယ့်နိုင်ငံပေါ်မူတည်ပြီးတော့ သူတို့တွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေအောင် အချက်အလက်တွေ ကြိုတင်ရှာထားပြီး လေ့လာထားရင်ကောင်းပါတယ်။ English ကို First langauge အနေနဲ့ပြောတဲ့ နိုင်ငံမဟုတ်ရင် သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာစကားကို ကြိုလေ့လာထားဖို့ အကြံပြုချင်ပါတယ်။
❌ ကျောင်းလျှောက်တာ အငြင်းခံလိုက်ရရင်ရော ဘယ်လိုလုပ်ရပါ့မလဲ။
လုံးဝ လုံးဝ အရေးကြီးဆုံးတစ်ချက်ကတော့ စိတ်ဓာတ်ကျပြီး လုပ်နေသမျှတွေကို ရပ်မပစ်လိုက်ပါနဲ့။
ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ဝမ်းနည်းကြတာ မှန်ပေမယ့် ကိုယ့်ကြိုးစားမှုကို အသိအမှတ်ပြုပေးရပါမယ်။
ကိုယ်ဘယ်နားတွေ လိုအပ်နေသလဲ၊ ဘာတွေပြင်ဆင်ဖို့လိုသလဲဆိုတာကို သိဖို့အတွက်
Essay တွေ letters of recommendation တွေ ပြန်ကြည့်ကြည့်ပါ။ ပြင်ဆင်စရာရှိတာပြင်ဆင်ပါ။
နောက်ထပ် လျှောက်နိုင်မယ့် Scholarship အခွင့်အလမ်းတွေ လိုက်ရှာပါ။
Admin ဆိုလည်း အခုလက်ရှိ scholarship မရခင် ရှေ့မှာ နှစ်ခါလောက်အငြင်းခံခဲ့ဖူးပါတယ်။ ဒါကြောင့် အမှားတွေပြင်ဆင်ရင်း အားမလျှော့ဘဲ ဆက်လျှောက်ဖို့ အကြံပေးချင်ပါတယ်။
🤍Scholarship လျှောက်ဖို့ ရည်ရွယ်နေသူများအားလုံး scholarship ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ 🙏
ကဲ ဒါဆိုရင်တော့ ဒီ Content Series လေးကို သုံးခုလုံး စုံအောင်ဖတ်ပြီးသွားတဲ့သူတွေက Scholarship လျှောက်တဲ့အခါ လုံးဝလမ်းပျောက်စရာမလိုတော့ဘူးနော် အားလုံးပဲ Fightinggg! ✨
Part 1, Part 2 မဖတ်ရသေးတဲ့သူတွေအတွက် 👇👇👇
https://www.facebook.com/share/p/16H3jjKvNH/ (Part-1)
https://www.facebook.com/share/p/16Xy13B65z/ (Part-2)
13/05/2025
ဟိတ် Scholar လျှောက်တယ်ဆိုတဲ့ Process ကြီးကို စ၊ လယ်၊ ဆုံး သိရှိနိုင်ဖို့အတွက် “က”ကြီးကနေ “အ”အထိ ပြောပြပေးမယ့် “𝗭𝗲𝗿𝗼 𝘁𝗼 𝗜𝗻𝗳𝗶𝗻𝗶𝘁𝘆 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗚𝘂𝗶𝗱𝗲𝗹𝗶𝗻𝗲𝘀” (Part -2) လေး ပြန်လာပြီနော်။
အရင်တစ်ခေါက်မှာ “မလျှောက်ခင် ဘာတွေပြင်ဆင်ထားရမလဲ” ဆိုတာကို စုံစုံလင်လင်ပြောပြခဲ့ပြီဆိုတော့ အခု ဒုတိယ Step အနေနဲ့ Scholarship လျှောက်ဖို့ ပြင်ဆင်နေတုန်းမှာ (သို့) လျှောက်နေတုန်းမှာ ဘာတွေလုပ်ဖို့လိုအပ်သလဲဆိုတာနဲ့ သတိထားရမယ့်အချက်တွေကို တစ်ခုချင်းစီပြောပြပေးသွားပါမယ်။
⛳️ ကျောင်းသားတွေမှာ Goal တစ်ခုဆိုတစ်ခု အတည်တကျရှိတာကောင်းပေမယ့် Scholarship တစ်ခုဆို တစ်ခုကိုပဲ ကိုယ့်ရဲ့ရှိသမျှ အချိန်တွေပုံအောပြီး လျှောက်တာက Risk များလွန်းပါတယ်။ ကိုယ်က ဒီတစ်ခုတည်းကိုပဲ ရကိုရမယ် စိတ်ပိုင်းဖြတ်ပြီး လျှောက်ရင်းက အခြား Scholarship တွေကို မလျှောက်တော့တဲ့အခါ အကယ်လို့ မရခဲ့ရင် ဟိုလျှောက်မမီ၊ ဒီလျှောက်မမီဖြစ်ပြီး အချိန်တစ်နှစ်လုံး waste ဖြစ်သွားနိုင်စေပါတယ်။
ဒါကြောင့် …
📍 တစ်ခုဆိုတစ်ခုတည်း အစွဲအလမ်းကြီးတာကိုရပ်လိုက်ပါ။
📍 တစ်ခုတည်းပုံအောလျှောက်တာလည်း မကောင်းသလို လျှောက်ချင်တာများပြီး ဟိုမလွတ် ဒီမလွတ် ပြန့်ကျဲနေတာလည်း ရှောင်ရပါမယ်။
ဒါဆိုဘာတွေလုပ်သင့်သလဲ ❓
🔹ကိုယ်လျှောက်မယ့် scholarship/ program list တွေကို Google sheet or Excel မှာ ချမှတ်လိုက်ပါ။
🔹ပြီးတော့ အဲ့တာတွေနဲ့ သက်ဆိုင်တဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ Fully or Partial (ပညာသင်ဆုအပြည့်လား နေစရိတ် စားစရိတ်တွေရော အကုန် cover ဖြစ်သလား) ဆိုတာတွေအပြင် University Website Link, Application Timeline စတာတွေကို Column အလိုက်ခွဲပြီး စုစုစည်းစည်း မှတ်ထားသင့်ပါတယ်။
🔹Scholarship တစ်ခုချင်းစီအတွက် လုပ်ရမယ့် task တွေကို ရက်အလိုက် သေချာလေးခွဲထားပါ။ ဥပမာ Prospect Burma အတွက်တော့ essay ရေးရဦးမယ်၊ IIE အတွက် recommendation letter တောင်းဖို့ လိုသေးတယ် စသဖြင့်။
🔹Deadline မတိုင်ခင် တစ်ပတ် ဆယ်ရက်လောက်အလိုမှာတော့ လိုတာတွေအကုန်ပြင်ဆင်ပြီး Submit ဖို့ အသင့်ဖြစ်နေအောင် Reminder လေးတစ်ခုခုထားလိုက်ပါ။
📋 Essay ရေးတဲ့အခါမှာ ဘာတွေကို သတိထားရမလဲ၊ လုပ်ရမလဲ။
💠 ကိုယ်လျှောက်မယ့် Scholarship committee ရဲ့ Vision, Mission တွေကို သေချာလေးသိထားသင့်ပြီး သူတို့က ဘယ်လို quality ရှိတဲ့ကျောင်းသားတွေကို လိုချင်သလဲဆိုတာ သိမှ ကိုယ်က သူတို့ပြောထားတဲ့ အချက်တွေနဲ့ ကိုက်ပြီး Personal Statement တွေကို ကောင်းကောင်းရေးနိုင်မှာပဲဖြစ်ပါတယ်။
💠 သူတို့ဘက်ကချပေးထားတဲ့ essay prompts တွေကိုရေးတာပဲဖြစ်ဖြစ်၊ Personal Statement ရေးတာဖြစ်ဖြစ် ဘယ်ဟာရေးရေး သတိထားရမှာကတော့ specific ဖြစ်ဖို့ပါပဲ။ သူတို့ပေးထားတဲ့ questions တွေကို ဝေ့ဝိုက်မနေဘဲ တိတိကျကျအသေးစိတ်ဖြေသင့်ပါတယ်။ မဆိုင်တဲ့အကြောင်းအရာ ထည့်ရေးတာမျိုးလည်း သတိထားရမယ်နော်။
💠 ကိုယ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပြန်ပြောတဲ့အခါမှာလည်း ဘာလုပ်ခဲ့တယ်ဆိုပြီး အကြမ်းဖြင်း ပြောတာထက် ဘယ်လိုတွေသင်ယူခဲ့ရတယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြေရှင်းခဲ့တယ် စတာတွေကို ရုပ်ရှင်တစ်ခုရဲ့ scene တစ်ခုကို ဆွဲထုတ်လိုက်သလို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ရေးပေးရပါမယ်။
📢 အားလုံးပြီးသွားပြီဆိုရင်တော့
𝟭. ကိုယ်နဲ့ခင်တဲ့သူငယ်ချင်း Professor ဒါမှမဟုတ် ကိုယ့်အရှေ့က scholarship ရဖူးတဲ့ senior တွေကို essay ကို proofread လုပ်ခိုင်းပါ။ ဒါမှသာ ကိုယ်မမြင်တဲ့ဘယ်နားလေးမှာ ပြင်ဖို့လိုအပ်နေလဲဆိုတာတွေကို သူတို့က ထောက်ပြနိုင်မှာပဲဖြစ်ပါတယ်။
𝟮. ကိုယ်ပြင်ဆင်ထားတဲ့ document အားလုံးကို submit မလုပ်ခင်မှာ ဘာတွေလိုနေလဲ spelling errors တွေပါနေလားဆိုတာကို နှစ်ခါ၊ သုံးခါပြန်စစ်ပါ။
𝟯. ကျောင်းဘက်က application အတွက် လိုအပ်တဲ့ document တွေကို ဘာ format (PDF, Word, etc.) နဲ့ထပ်ခိုင်းသလဲဆိုတာကို ကြည့်ပါ။ (TISR ဆိုရင် file တွေကို အကုန် combine လုပ်ပြီး pdf format နဲ့သာထပ်ရပါတယ်။)
♦️ တစ်ခုသတိပေးချင်တာကတော့ Program တစ်ခုအတွက် သီးသန့်ရေးထားတဲ့ Essay တွေကို နောက်တစ်ခုလျှောက်တဲ့အခါ ထပ်သုံးတာမျိုးကို ရှောင်ရပါမယ်။
ဒါဆိုရင် နောက်ဆုံး Content Series လေးဖြစ်တဲ့ “𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 လျှောက်ပြီးရင် ဘာတွေလုပ်ရမလဲ” ဆိုတာကို နောက်တစ်ခုမှာ ဆက်ပြောပြသွားမှာဖြစ်လို့ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ ဘာလုပ်ရမလဲမသိဘဲ လမ်းပျောက်စရာမလိုတော့ဘူးနော်။
💁🏼♀️
𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 လျှောက်ဖို့ ရည်ရွယ်နေသူများအားလုံး မျှော်မှန်းတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ 🙏
18/04/2025
𝐀𝐃𝐁-𝐉𝐒𝐏 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ဖြင့် 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (GSID), 𝐍𝐚𝐠𝐨𝐲𝐚 𝐔𝐧𝐯𝐢𝐞𝐫𝐬𝐢𝐭𝐲 (NU) မှာ ကျောင်းတက်နိုင်ဖို့
▪️▪️▪️▪️▪️▪️▪️▪️▪️▪️
✨ လက်ရှိမှာ Admin က 𝐀𝐃𝐁-𝐉𝐒𝐏 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ဖြင့် GSID, 𝐍𝐚𝐠𝐨𝐲𝐚 𝐔𝐧𝐯𝐢𝐞𝐫𝐬𝐢𝐭𝐲 (NU) မှာ Master's degree program တက်ရောက်နေပါတယ်။
✔️ 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (GSID) မှာ ရွေးချယ်စရာ Program 5 ခု ရှိပါတယ်။
🎓Program in Economic Development Policy and Management
🎓Program in Education and Human Resource Development
🎓Program in Inclusive Society and State
🎓Program in Peace and Governance
🎓Program in Poverty and Social Policy
𝐀𝐃𝐁-𝐉𝐒𝐏 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ဖြင့် GSID မှာ ကျောင်းတက်ရောက်လိုတယ်ဆိုရင် 👇
📍Application period: June 1 - June 16 (2025)
📍Application Process အနေနဲ့
🔸အရင်ဆုံး ကျောင်းကိုတိုက်ရိုက်လျှောက်ထားရမှာဖြစ်ပါတယ်။
🔸ကျောင်းကရွေးချယ်ခံရပြီးရင် Asian Development Bank-Japan Scholarship Program (ADB-JSP) ကထပ်ရွေးပါလိမ့်မယ်။
🔸Interview ဖြေရပါမယ်။
✔️ Application အတွက် ကိုယ်စိတ်၀င်စားတဲ့ နယ်ပယ်အလိုက် Research Proposal ကောင်းကောင်းရေးဖို့အပြင် အခြားလိုအပ်တဲ့ criteria နဲ့ information တွေကို GSID website link ထဲမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။
The admission process of the GSID under ADB-JSP is as follows:
https://www4.gsid.nagoya-u.ac.jp/en/admission/application
🔰Announcement
✨GSID မှာ online information session တစ်ခုကျင်းပဖို့ရှိပါတယ်။ အဲ့ဒိမှာ scholarship ဖြင့် ကျောင်း၀င်ခွင့်ရဖို့ ဘာတွေလိုလဲ၊ ဘာတွေပြင်ဆင်ရမလဲ၊ ကျောင်းလျှောက်တာနဲ့ ပတ်သက်ပြီး ကိုယ်သိချင်တာကို တိုက်ရိုက်မေးလို့ရပါတယ်။
Online information session will be hold as scheduled below.
🔸Date: Saturday, April 19, 2025
🔸Time: 5:00 PM *Japan Time*
🔸Platform: Zoom
🔰 For those who are interested in online information session of ADB-Japan Scholarship Program at GSID, registration site below: 👇
https://forms.gle/8wvmAHqZdsLQfnxb6
📌 Additional information အနေနဲ့
အခုလက်ရှိအထိ 𝐀𝐃𝐁-𝐉𝐒𝐏 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ဖြင့် ပညာသင်ယူဖို့ ရွေးချယ်လျှောက်ထားနိုင်တဲ့ အခြားနိုင်ငံတွေလည်းရှိတာမို့ အဲ့ဒိနိုင်ငံတွေထဲက Academic Institutions တွေကို အောက်ပါ link မှာ၀င်ကြည့်ကြည့်ပါ။ အခြားကျောင်းတွေကနေ offer ပေးတဲ့ အခြား program field တွေလည်းရှိပြီး တစ်ကျောင်းနဲ့ တစ်ကျောင်းရဲ့ application period ကလည်း မတူပါဘူး။ အသေးစိတ်ကို အောက်ပါ link ထဲမှာ ကြည့်နိုင်ပါတယ်။
https://www.adb.org/work-with-us/careers/japan-scholarship-program/institutions
19/03/2025
လူငယ်တွေ တောင့်တလွန်းလှတဲ့ Scholarship ဆိုတဲ့အကြောင်းကို “က”ကြီးကနေ “အ”အထိ သိရှိနိုင်ဖို့..‼️
Scholarship လျှောက်တယ်ဆိုတာက အခုတလောမှာ လူငယ်တွေကြားထဲ ရေပန်းစားနာမည်ကြီးနေပေမယ့် တကယ်တမ်း သူ့ကိုရဖို့ဆိုတာကလွယ်လင့်တကူဖြစ်မနေခဲ့ပါဘူး။ မလွယ်ကူဘူးပဲ ပြောတာနော် မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။
ဒီနေ့မှာတော့ scholarship journey ကို လျှောက်လှမ်းလိုသူတွေအတွက် 𝗭𝗲𝗿𝗼 𝘁𝗼 𝗜𝗻𝗳𝗶𝗻𝗶𝘁𝘆 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗚𝘂𝗶𝗱𝗲𝗹𝗶𝗻𝗲𝘀 တွေကို မျှဝေပေးပါမယ်။
Scholar လျှောက်တယ်ဆိုတဲ့ Process ကြီးကို စ၊ လယ်၊ ဆုံး သိရှိနိုင်ဖို့အတွက် အရင်ဆုံး
“မလျှောက်ခင် ဘာတွေပြင်ဆင်ထားရမလဲ”
💻 ဘယ် Scholarship တွေ လျှောက်ဖြစ်ဖို့ရှိမလဲဆိုတာ ကိုယ်တိုင်အရင်ဆုံး Research လုပ်ထားသင့်ပါတယ်။
ကိုယ်က ဘယ် Major တက်ချင်တာလဲ၊ ကိုယ်တက်မယ့်ကျောင်းကရော ကိုယ်လိုချင်တဲ့ Major/ Program တွေရှိရဲ့လား၊ ရှိတယ်ဆိုရင်လည်း အဲ့အတွက် Scholar/ Financial Aid ပေးတာတွေရှိသလား စတဲ့အချက်တွေကို အားတဲ့အချိန်မှာ အကုန် အသေးစိတ် မြေလှန်ရှာထားရပါမယ်။ Research လုပ်ရုံနဲ့ပြီးပြီလား ကိုယ်လျှောက်ချင်တာ သိရုံနဲ့ရပြီလားဆိုရင်တော့ နိုးပါနော်။
ဒီနေရာမှာ အကြံပေးချင်တာတစ်ခုကတော့ ကိုယ်လျှောက်မယ်လို့ဆုံးဖြတ်ထားတဲ့ Scholarships တွေကို Google Sheet ဒါမှမဟုတ် Document တစ်ခုခုမှာ အဲ့ဒီ Deadline က ဘယ်အချိန်လဲ၊ ဘယ်ကျောင်းက ပေးတဲ့ စကော်လာလဲ၊ သူ့ရဲ့ Requirements တွေက ဘာလဲဆိုတာတွေကိုပါ တစ်ခါတည်း Organized ဖြစ်ဖြစ်နဲ့ မှတ်ထားမှသာ ကျောင်းတွေဘက်က လျှောက်ဖို့စခေါ်တာနဲ့ ကိုယ့်ဘက်က ဟိုရှာ ဒီရှာနဲ့ ပြာယာခတ်စရာမလိုတော့ဘဲ အေးဆေးလျှောက်လိုက်ရုံပဲဖြစ်ပါတယ်။
📑 ကျောင်းလျှောက်တဲ့အခါမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကြိုပြင်ဆင်ထားနှင့်ပါ။
ဥပမာ ကိုယ့်ရဲ့ Academic Background ကိုပြဖို့အတွက် Transcripts (အမှတ်စာရင်းတွေ) ၊ IELTS, TOEFL တို့လို Proficiency Test Results တွေနဲ့ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေဖြစ်တဲ့ ပြိုင်ပွဲမှာပြိုင်ခဲ့တာတွေ၊ ဆုရတာတွေနဲ့ Community Service အတွက် Volunteer လုပ်ခဲ့ဖူးတယ်ဆိုရင် အဲ့ကရတဲ့ Certificates တွေအကုန်လုံးကို တစ်စုတစ်စည်းတည်း ထာသင့်ပါတယ်။ ကိုယ်က တကယ်လို့ English Proficiency အတွက် အခုထိ ဘာဖြေလို့ဖြေရမလဲဆိုတာ ဝေခွဲမရဖြစ်နေသေးရင်တော့ ကိုယ်လျှောက်မယ့် ကျောင်း (သို့) Scholarship ပေးမယ့်အဖွဲ့အစည်းရဲ့ Website ကိုသွားပြီး Duolingo လက်ခံသလား၊ တခြားအမှတ်တွေပဲ လက်ခံသလားဆိုတာကို သေချာအောင်ကြည့်ထားနှင့်ရပါမယ်။ အဲ့ဒီနောက်မှာလည်း တစ်ခါတည်း လိုအပ်တဲ့စာမေးပွဲတွေအကုန်ကို အဆင်သင့်ဖြစ်အောင် ဖြေထားပါ။ ဒါမှသာ လျှောက်နေရင်းတန်းလန်း Result မထွက်သေးလို့ လည်ပင်းအရှည်ကြီးနဲ့ စောင့်နေစရာမလိုတော့မှာပဲဖြစ်ပါတယ်။
‼️ CVSR တွေကိုလည်း လုံးဝမမေ့ပါနဲ့။
CVSR = (𝗖𝗩, 𝙎tatement of Purpose, 𝗥ecommendation Letter)
CV တစ်ခုကောင်းကောင်းရေးတတ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း လိုအပ်သလို ကျောင်းတွေလျှောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့ CV structure ပေါ်မှာ မူတည်ပြီး Impression ကောင်း၊မကောင်းကိုအဆုံးအဖြတ်ပေးနိုင်မယ့်အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။
နောက်ပြီး Personal Statement လို့ခေါ်တဲ့ Statement of Purpose အကြောင်း။ Scholarship လျှောက်တိုင်း ဒါကိုပါ တွဲပြီး Submit ပေးရတာဖြစ်လို့ ဘယ်လိုရေးမလဲ၊ ဘာတွေထည့်ရေးသင့်လဲဆိုတာကို အကြမ်းဖျင်း Draft အနေနဲ့ ရေးမှတ်ထားကြည့်ပါ။ တကယ်လို့ ကိုယ်က ဒါနဲ့ လုံးဝ အစိမ်းသက်သက် ဖြစ်နေတယ်ဆိုရင် Internet မှာ တခြားသူတွေရဲ့ ရေးနည်း approach တွေကို ကြည့်ပြီး ဘယ်နေရာတွေမှာ ဘာတွေထည့်သင့်လဲ၊ ဘယ်လို technique တွေကို သုံးထားသလဲဆိုတာတွေကို သုံးသပ်လေ့လာနိုင်ပါတယ်။
Recommendation Letter က ပုံမှန်အားဖြင့် ကိုယ့်ရဲ့ Professors/ Teachers တွေဆီက တောင်းရတဲ့ Academic Field ကတစ်စောင်ရယ်၊ ကိုယ်အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်က ဒါမှမဟုတ် Volunteer လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုခုကနေတောင်းပေးရတဲ့ တစ်စောင်ဆိုပြီး စုစုပေါင်း ၂စောင်လောက်ပေးရတတ်ပါတယ်။ Rec: Letter တောင်းတဲ့အခါမှာလည်း ရေးပေးမယ့်သူက ကိုယ့်အကြောင်းကို ကောင်းကောင်းသိပြီး Performance တွေကို Highlight လုပ်ပေးနိုင်တဲ့သူဖြစ်ဖို့ကလည်း အရေးကြီးနေပါသေးတယ်။
🗂️ Back-up Plan တွေထားထားပါ။
ငါကတော့ ဒါကြီးမှ မရတော့ရင် မလျှောက်တော့ပါဘူးဆိုပြီး ရပ်မပစ်လိုက်ဖို့အတွက် ကိုယ်လက်လှမ်းမှီသလောက် Scholarship တွေ လိုက်လျှောက်ဖို့အတွက် Mentally အရရော Physically အရ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပြီး Plan A, Plan B, Plan C တွေပါ တစ်ခါတည်း ဆွဲထားနှင့်ပါ။ ဘာလို့ Plan တွေ ဆွဲခိုင်းရသလဲဆိုရင် မတော်တဆ ကိုယ့်ရဲ့ Scholarship Application က Reject ထိသွားခဲ့တယ်ဆိုရင်တောင် အရမ်းကြီးစိတ်ဓာတ်ကျမနေတော့ဘဲ ဒီလို Chance တွေ ထပ်ရှိသေးပါလားဆိုတဲ့ စိတ်နဲ့ အားမလျှော့ဘဲ ဆက်လျှောက်နိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် အခုက Scholarship မလျှောက်ခင်မှာ လုပ်ထား၊ ပြင်ဆင်ထားရမယ့် အချက်တွေကို ပြောပြခဲ့တာဆိုတော့ နောက်လာမယ့် Content Series လေးမှာ“𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 လျှောက်နေတုန်းမှာ လုပ်ဆောင်ရမယ့် အချက်တွေ” ကို ဆက်ပြောပြသွားမှာဖြစ်လို့ စောင့်ကြည့်ကြပါဦးနော်။ 👀
19/01/2025
Edited: လူပြည့်သွားပြီမို့ Registration ပိတ်လိုက်ပါပြီ။
✨5 နာရီလောက်သာ Interpreter အနေနဲ့ ဆောင်ရွက်ပေးရုံနဲ့ 150,000 MMK ရရှိမယ့် အခွင့်အရေး✨
▪️▪️▪️▪️▪️▪️▪️
နိုင်ငံပေါင်း ၁၁ နိုင်ငံ (𝐁𝐞𝐥𝐠𝐢𝐮𝐦, 𝐂𝐚𝐧𝐚𝐝𝐚, 𝐈𝐭𝐚𝐥𝐲, 𝐍𝐞𝐰 𝐙𝐞𝐚𝐥𝐚𝐧𝐝, 𝐏𝐨𝐫𝐭𝐮𝐠𝐚𝐥, 𝐒𝐩𝐚𝐢𝐧, 𝐒𝐰𝐢𝐭𝐳𝐞𝐫𝐥𝐚𝐧𝐝, 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝, 𝐔𝐊, 𝐔𝐒𝐀, 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚) မှ ထိပ်တန်းကျောင်းပေါင်း 60 ကျော် ပါဝင်ပြသမယ့် "𝐄𝐝𝐮𝐯𝐢𝐬𝐢𝐨𝐧-𝐂𝐄𝐓𝐀 𝐖𝐨𝐫𝐥𝐝 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐅𝐚𝐢𝐫" ပညာရေးပွဲတော်ကို one stop services နဲ့ပညာရေး၀န်ဆောင်မှုပေးတဲ့ 𝐄𝐝𝐮𝐯𝐢𝐬𝐢𝐨𝐧 က အောက်ပါအတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်-
📍 နေရာ: 𝐖𝐲𝐧𝐝𝐡𝐚𝐦 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧
📅 နေ့ရက်: 𝟏𝟔𝐭𝐡 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟓 (𝐒𝐮𝐧𝐝𝐚𝐲)
⏰ အချိန်: 𝟏𝟐 𝐏𝐌 - 𝟓 𝐏𝐌
📌အဲ့ဒိအတွက် Interpreters - 15 ယောက် ကို ထပ်မံခေါ်ယူပါမယ်။ ပွဲကျင်းပမယ့်နေ့ (𝟏𝟔𝐭𝐡 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟓 - 𝐒𝐮𝐧𝐝𝐚𝐲)𝟏𝟐 𝐏𝐌 - 𝟓 𝐏𝐌 အတွက် Interpreter fee - 150,000 MMK ပေးမှာဖြစ်ပါတယ်။
📌ဆောင်ရွက်ပေးရမှာကတော့..
𝐅𝐚𝐢𝐫 မှာ ပါ၀င်တဲ့ International School မှ တာ၀န်ရှိသူနဲ့ ကျောင်းသား/မိဘတွေကြားမှာ သူတို့ပြောသမျှ အပြန်အလှန် စကားပြန်ပေးရမှာဖြစ်ပါတယ်။ (ဥပမာ- ကျောင်းရဲ့ offer များဖြစ်တဲ့ scholarship & internship opportunities, direct university admission opportunity, their teaching systems etc. စသဖြင့် ကျောင်းဘက်က ရှင်းပြတာကို ကိုယ်တာ၀န်ယူရတဲ့ ကျောင်းသားနဲ့ မိဘကို ပြန်လည်ရှင်းပြပြီး သူတို့သိချင်တာကိုလည်း ကျောင်းဘက်ကိုပြန်မေးပေးရပါမယ်)
📌Medium languages ကတော့ English နဲ့ Myanmar ပါ။ ဒါကြောင့် English လို ပြောဆိုနိုင်ပြီး English - B2 level ရှိရပါမယ်။
📌𝐅𝐚𝐢𝐫 မှာ ပါ၀င်မယ့်ကျောင်းများက 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 များဖြစ်လို့ 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐥𝐞𝐯𝐞𝐥 အတွက် ရည်ရွယ်တဲ့ပွဲပါ။
📌𝐄𝐝𝐮𝐯𝐢𝐬𝐢𝐨𝐧 page မှာလည်း 𝐅𝐚𝐢𝐫 မှာ ပါ၀င်ပြသမယ့် ထိပ်တန်းနိုင်ငံများက High School တွေရဲ့ အကြောင်းကို general ရှင်းပြထားတာမို့ သွားရောက်လေ့လာကြည့်ပါ။
📌𝐅𝐚𝐢𝐫 မှာ interpreter အနေနဲ့ ဆောင်ရွက်လိုသူများကို February 5, 2025 ရက်နေ့မှာ zoom မှတစ်ဆင့် interview ခေါ်မှာဖြစ်ပါတယ်။ (English လို အဆင်ပြေပြေ communicate လုပ်နိုင်ရင် ရပါပြီ။ အသက်အရွယ်၊ ကျား/မ မကန့်သတ်ထားသလို ဘာ documents မှလည်း ပေးစရာမလိုပါ။) ရွေးချယ်ခံရရင်တော့ ပွဲကျင်းပမယ့်နေ့မတိုင်မီ interpreter များကို online/ in person ဖြင့် အကြိုတွေ့ဆုံပြီး ပွဲနဲ့သက်ဆိုင်တာများကို ပြောကြားသွားမှာဖြစ်ပါတယ်။
📌Interpretation fee ရမယ့်အပြင်၊ ပညာရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံအသစ်တွေပါရပြီး international school များနဲ့ exposure တိုးစေတာကြောင့် စိတ်ပါ၀င်စားလို့ ပွဲမှာ interpreter အနေနဲ့ ဆောင်ရွက်လိုပါက ဒီ page cb မှာ လာရောက်ပြောကြားပြီး name, email address နဲ့ contact number (possible) ပို့ထားပေးပါ။ Mail ကနေတစ်ဆင့် interview ၀င်ရမယ့်အချိန်နဲ့ zoom link ကို February 2/3 နေ့မှာ ပြန်လည်အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။
02/01/2025
နှစ်သစ်မှာ Scholarship လျှောက်လိုသူများအတွက် Fully Funded Scholarship for Master Degree Programs
𝐉𝐨𝐢𝐧𝐭 𝐉𝐚𝐩𝐚𝐧/𝐖𝐨𝐫𝐥𝐝 𝐁𝐚𝐧𝐤 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 (𝟏𝟎𝟎 % 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐧𝐝𝐞𝐝, 𝟐𝟎𝟐𝟓)
𝐉𝐉/𝐖𝐁𝐆𝐒𝐏 က မြန်မာအပါအ၀င် အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များအတွက် 𝟏𝟎𝟎 % 𝐅𝐮𝐥𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တွေပေးနေပါပြီ။
𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ရရှိသူများအနေနဲ့ 𝐔.𝐒., 𝐄𝐮𝐫𝐨𝐩𝐞, 𝐀𝐟𝐫𝐢𝐜𝐚, 𝐎𝐜𝐞𝐚𝐧𝐢𝐚 နဲ့ 𝐉𝐚𝐩𝐚𝐧 နိုင်ငံများရှိ 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 𝟐𝟒 ခုမှ 𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐭𝐢𝐧𝐠 𝐌𝐚𝐬𝐭𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 ပေါင်း (𝟒𝟏) ခုကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
👉 𝙎𝙩𝙪𝙙𝙮 𝙁𝙞𝙚𝙡𝙙/𝘼𝙧𝙚𝙖
🎓𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
🎓𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐂𝐡𝐚𝐧𝐠𝐞
🎓𝐂𝐢𝐯𝐢𝐥 𝐚𝐧𝐝 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠
🎓𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜 𝐏𝐨𝐥𝐢𝐜𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
🎓𝐆𝐥𝐨𝐛𝐚𝐥 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐞 𝐏𝐨𝐥𝐢𝐜𝐲 𝐚𝐧𝐝 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
🎓𝐆𝐥𝐨𝐛𝐚𝐥 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩
🎓𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐨𝐥𝐢𝐜𝐲
🎓𝐑𝐞𝐟𝐮𝐠𝐞𝐞 𝐚𝐧𝐝 𝐅𝐨𝐫𝐜𝐞𝐝 𝐌𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐮𝐝𝐢𝐞𝐬
🎓𝐓𝐚𝐱 𝐏𝐨𝐥𝐢𝐜𝐲, 𝐚𝐧𝐝 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
🎓𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡/ 𝐏𝐨𝐥𝐢𝐜𝐲/ 𝐅𝐢𝐧𝐚𝐧𝐜𝐞
🎓𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝
🎓𝐎𝐭𝐡𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐟𝐢𝐞𝐥𝐝𝐬
(𝐩𝐫𝐨𝐠𝐫𝐚𝐦 ပေါင်းများစွာရှိတာမို့ 𝐨𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐰𝐞𝐛𝐬𝐢𝐭𝐞 မှာ အသေးစိတ် ၀င်ရောက်ကြည့်ပေးပါ)
🌐 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝘄𝗲𝗯𝘀𝗶𝘁𝗲 𝗹𝗶𝗻𝗸:
https://www.worldbank.org/en/programs/scholarships/jj-wbgsp
👉 𝘽𝙚𝙣𝙚𝙛𝙞𝙩𝙨
▪️𝐓𝐰𝐨-𝐰𝐚𝐲 𝐞𝐜𝐨𝐧𝐨𝐦𝐲 𝐜𝐥𝐚𝐬𝐬 𝐚𝐢𝐫 𝐭𝐫𝐚𝐯𝐞𝐥 + 𝐔𝐒 $𝟔𝟎𝟎 𝐭𝐫𝐚𝐯𝐞𝐥 𝐚𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐞𝐚𝐜𝐡 𝐭𝐫𝐢𝐩
▪️𝐓𝐮𝐢𝐭𝐢𝐨𝐧 𝐟𝐞𝐞
▪️𝐂𝐨𝐬𝐭 𝐨𝐟 𝐛𝐚𝐬𝐢𝐜 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐢𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞
▪️𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐬𝐮𝐛𝐬𝐢𝐬𝐭𝐞𝐧𝐜𝐞 𝐚𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐭𝐨 𝐜𝐨𝐯𝐞𝐫 𝐚𝐥𝐥 𝐥𝐢𝐯𝐢𝐧𝐠 𝐞𝐱𝐩𝐞𝐧𝐬𝐞𝐬 (𝐚𝐜𝐜𝐨𝐦𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧𝐬, 𝐟𝐨𝐨𝐝, 𝐞𝐭𝐜., 𝐢𝐧𝐜𝐥𝐮𝐝𝐢𝐧𝐠 𝐛𝐨𝐨𝐤𝐬)
👉 Scholarship Application Process : 𝐢𝐬 𝐨𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 𝐢𝐧 𝐭𝐰𝐨 𝐫𝐨𝐮𝐧𝐝𝐬 : (𝐨𝐧𝐥𝐢𝐧𝐞 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐬𝐲𝐬𝐭𝐞𝐦 ဖြင့်လျှောက်ထားရမည်။ နှစ်သက်ရာ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐖𝐢𝐧𝐝𝐨𝐰 ကို 𝐨𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐰𝐞𝐛𝐬𝐢𝐭𝐞 မှတစ်ဆင့် ၀င်ရောက်လျှောက်ထားပါ)
🔹𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐖𝐢𝐧𝐝𝐨𝐰 𝟏 𝐰𝐢𝐥𝐥 𝐨𝐩𝐞𝐧 𝐟𝐫𝐨𝐦 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟏𝟑 𝐭𝐨 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟖, 𝟐𝟎𝟐𝟓 𝐚𝐭 𝟏𝟐:𝟎𝟎 𝐧𝐨𝐨𝐧 𝐄𝐒𝐓
https://www.worldbank.org/en/programs/scholarships/brief/jjwbgsp-participating-programs-2022-2024-application-window-1
🔹𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐖𝐢𝐧𝐝𝐨𝐰 𝟐 𝐰𝐢𝐥𝐥 𝐨𝐩𝐞𝐧 𝐟𝐫𝐨𝐦 𝐌𝐚𝐫𝐜𝐡 𝟐𝟓 𝐭𝐨 𝐌𝐚𝐲 𝟐𝟑, 𝟐𝟎𝟐𝟓 𝐚𝐭 𝟏𝟐:𝟎𝟎 𝐧𝐨𝐨𝐧 𝐄𝐒𝐓 https://www.worldbank.org/en/programs/scholarships/brief/jjwbgsp-participating-programs-2022-2024-application-window-2
𝐏𝐥𝐞𝐚𝐬𝐞 𝐧𝐨𝐭𝐞𝐝
📌 𝐉𝐉/𝐖𝐁𝐆𝐒𝐏 ကပေးတဲ့ 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်ထားဖို့ အရင်ဆုံး ကိုယ်တက်ရောက်ချင်တဲ့ 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကနေ ကျောင်း၀င်ခွင့် (𝐋𝐞𝐭𝐭𝐞𝐫 𝐨𝐟 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐨𝐫 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐋𝐞𝐭𝐭𝐞𝐫) ရရှိထားဖို့လိုပါတယ်။
📌 ကျောင်း၀င်ခွင့်အတွက် လျှောက်ထားနိုင်တဲ့ 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 𝟐𝟒 ခုရှိပြီး တစ်ခုနဲ့တစ်ခု သတ်မှတ်ထားတဲ့ 𝐫𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐝𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 တွေက အနည်းငယ်ကွဲလွဲပါတယ်။ (အသေးစိတ်ကို 𝐨𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐰𝐞𝐛𝐬𝐢𝐭𝐞 မှတစ်ဆင့် ၀င်ရောက်လေ့လာနိုင်ပါတယ်)
#𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
#𝐅𝐮𝐥𝐥𝐲𝐅𝐮𝐧𝐝𝐞𝐝
04/12/2024
ဒီနေ့မှာတော့ မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် scholarship တွေကို အထိရောက်ဆုံး ရှာဖွေနိုင်မယ့် website များကို ဖော်ပြပေးသွားပါမယ်။ အဲ့ဒိ website တွေကနေ internship နဲ့ exchange program များကိုပါ တစ်ပါတည်း ရှာဖွေ လေ့လာနိုင်ပါတယ်။
ဒါ့အပြင် university ranking တို့ subject ranking တို့ကို အလွယ်တကူရှာဖွေနိုင်မယ့် website တွေကိုလည်း ဖော်ပြထားတာမို့ ဒီ post လေးက နိုင်ငံခြားမှာ သွားရောက် ပညာလေ့လာလိုသူများအတွက် များစွာအကျိုးရှိမှာပါ။ 👌
📌အရင်ဆုံး scholarship ရှာရတာ လွယ်ကူတဲ့ website များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Filter နဲ့ရှာလို့ရတဲ့ website များလည်းပါတာမို့ ကိုယ် study လုပ်ချင်တဲ့ နယ်ပယ်နဲ့ နိုင်ငံတို့ကို လွယ်လင့်တကူ ရှာဖွေလို့ရပါတယ်။
🔹https://www.wemakescholars.com/scholarship? (ဒီ website မှာဆိုရင် filter ထဲက Nationality နေရာမှာ Myanmar လို့ရိုက်ထည့်လိုက်တာနဲ့ မြန်မာနိုင်ငံသားတွေကို ပေးတဲ့ Scholarship တွေကျလာပါလိမ့်မယ်။)
🔹www.bachelorsportal.com
🔹www.mastersportal.com
🔹https://www.phdportal.com/?_sp=be65de46-a47f-4149-8f06-91f4a386b601.1732211793531&redirect=false
🔹https://scholarshiproar.com/?amp
🔹https://scholarshipscorner.website/
📌 world university ranking တို့ subject ranking တို့ ရှာလိုပါက 👇
🔹https://www.topuniversities.com/
🔹https://www.timeshighereducation.com/world-university-rankings
နောက်ထပ်လည်း မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးမှာမို့ For Your Study page လေးကို like and follow လုပ်ထားစေချင်ပါတယ်။🙆
14/11/2024
🇪🇺 တစ်မူထူးခြားတဲ့ Fully Funded Scholarship Program လေးဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။
🎓 ဒါကတော့ ဖြစ်ပြီး ပညာသင်ဆုရရှိတဲ့ ကျောင်းသူ၊ကျောင်းသားတွေက master program အတွက် EU အဖွဲ့ဝင်နိုင်ငံ အနည်းဆုံး ၂ နိုင်ငံ နဲ့ အများဆုံး ၃ နိုင်ငံမှာ ပညာသင်ကြားခွင့်ရမှာဖြစ်ပါတယ် 👌
𝘿𝙚𝙜𝙧𝙚𝙚 𝙡𝙚𝙫𝙚𝙡
👉 Master
𝘽𝙚𝙣𝙚𝙛𝙞𝙩𝙨
👉 Tuition fee
👉 Travel allowance
👉 Subsistence allowance to cover all living expenses (accommodations, food, etc., including books)
👉 Application period ကတော့ October လကနေ January လ အထိဖြစ်ပြီး master's program ပေါင်း 100 ကျော်ကို စိတ်ကြိုက်ရွေးချယ် လျှောက်ထားနိုင်ပါတယ်။
👉 လျှောက်ထားနိုင်မယ့် ဘာသာရပ်တွေကို အောက်ပါလင့်ခ်ကတစ်ဆင့် ဝင်ရောက် လေ့လာပါ။
https://www.eacea.ec.europa.eu/scholarships/erasmus-mundus-catalogue_en
တခြားသော အသေးစိတ်အကြောင်းအရာများကို EMJM Programme ရဲ့ official link မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
🌐 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝘄𝗲𝗯𝘀𝗶𝘁𝗲 𝗹𝗶𝗻𝗸:
https://erasmus-plus.ec.europa.eu/opportunities/opportunities-for-individuals/students/erasmus-mundus-joint-masters
Erasmus Mundus Catalogue Funded Master's degrees from Erasmus Mundus.
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11181