Myanmar Animals Rescue

Myanmar Animals Rescue

Share

Our targets

Save animals in Myanmar! Protecting animal rights in Myanmar!

17/08/2025

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ယနေ့တော့ လမ်းဘေးခွေးလေးတွေအကြောင်းပြောချင်ပါတယ်။ ကျနော်တို့သိရသလောက် လမ်းဘေးခွေးလေးတွေမှာ လူတွေလိုခွေးဆိုးခွေးကောင်းရှိပါတယ်။ များသောအားဖြင့်ခွေးလေးတွေလိုက်ကိုက်တယ်ဆိုတာ ရည်ရွယ်ချက်၂ခုရှိပါတယ် ။သခင်ကိုကာကွယ်ချင်တာ ၊သူတို့ရဲ့နေရာလမ်းရပ်ကွက်ကိုကာကွယ်ချင်တာ သို့မဟုတ် ဗီဇကိုကဆိုးတာပါ။

အဓိကကတော့ ကလေးတွေမိဘကိုပြောချင်တာက ကလေးတွေကိုတယောက်ထဲလွှတ်မထားပါနဲ့ ။ ကလေးတွေတိလေးတွေကိုရိုက်တာ ထုတာကိုလည်းစောင့်ကြည့်ပြီးမလုပ်ရန်သင်ပေးစေချင်ပါတယ် ခွေးလေးတင်မကတခြားတိလေးတွေကိုပါမလုပ်စေရန်ပါ လိုအပ်လို့ဖြစ်ပါတယ်။ အရင်ကျနော်တို့ကိုင်တဲ့caseဆို ကလေးကခွေးကိုလိုက်ရိုက်ခွေးကပြန်ကိုက်တော့ ခွေးကိုကလေးအဖေကဓားနဲ့လည်ပင်းခုတ်ပါတယ် ခွေးလေးကတော့သေသွားပါတယ် လမ်းဘေးခွေးပါ။ ကလေးလည်းအန္တရာယ်များခဲ့သလို ခွေးလေးကတော့ကြောက်လန့်စွာသေသွားခဲ့ပါတယ်။ ခွေးလေးတွေက တခါတလေသူတို့ကိုသူတို့ခုခံချင်လို့လဲကိုက်တတ်ပါတယ်။

မိဘတွေအနေနဲ့ ခွေးကိုက်ရင် အရမ်းအန္တရာယ်များတာကိုသိစေချင်တာပါ ။ကိုယ့်ကလေးကိုခွေးကိုက်ရင်ကာကွယ်ဆေးပြေးထိုးပါ၊ ခွေးရူးဆိုပိုတောင်အန္တရာယ်များပါတယ်။ ကိုယ့်ရပ်ကွက်ကခွေးကဆိုးရင် မုန့်ကျွေးပြီးယဉ်အောင်လုပ်ပေးနိုင်သလို နည်းများစွာရှိပါတယ်။ ခွေးတကောင်ကိုက်တိုင်း ခွေးတိုင်းခွေးဆိုးမဟုတ်တာ သိစေချင်ပါတယ်။

လူတွေမသိတာက သူတို့အတွက်က နေ့ရက်တိုင်းက ငရဲပါ။ ဆိုးတဲ့ခွေးရှိသလို ကောင်းတဲ့ခွေးလည်းရှိပါတယ်။ လမ်းဘေးချီးပါတာ ကားခြစ်မိတာနဲ့ အဆိပ်ချရန်ပြောနေသူတွေရှိလို့ပါ ။သူတို့ရဲ့အသိစိတ်မရှိတဲ့ အမှားသေးသေးလေးအတွက် အဆိပ်ချသတ်ဖို့အထိလိုလားလို့ တွေးစေချင်ပါတယ်။ ဘဝကံမကောင်းလို့ တိဖြစ်နေတာပါ ကိုယ်ချင်းစာပေးပါ။သတ္တဝါတိုင်း တန်ဖိုးရှိပါတယ် ။🙏

10/08/2025

Finland farmers have been spraying their deer with reflective paint in order to reduce road accidents. Now glowing antlers light up the dark roads like something out of a sci-fi movie. Some say it’s genius, others say it’s just plain weird but it’s definitely hard to ignore.

Photos from Myanmar Pressphoto Agency's post 02/08/2025
28/07/2025

သင်သိပါသလား??
တစ်နှစ်ကို တစ်သား​တောင်​ပေါက်ဖို့မ​သေချာတဲ့ ဧရာဝတီ လင်းပိုင်​လေး​တွေဟာ
၆ လအတွင်း ၇ ​ကောင်​လောက် ​ရှော့တိုက် ခြင်း​ကြောင့် ​သေဆုံးရတယ်

26/07/2025

စီးပွားရေးလူမှုရေးတွေပျက်ကပ်နေတဲ့အချိန်တွေမှာ
အလိမ်page တွေ သတင်းအမှားတွေ တိနှိပ်စက်မှုတွေ သတ်ဖြတ်မှုတွေ များလာပါတယ် ။ ကျနော်တို့လဲယာယီပိတ်နေပေမယ့် အလုပ်များရတဲ့ကြားက အချိန်လုပြီးကူညီပေးနေပါတယ် ၊ကူညီပေးသော်လည်း ထိရောက်စွာအများအပြားမကူညီနိုင်လို့ ဝမ်းနည်းမိပါတယ်။

ဒီလိုအခြေအနေကြားထဲကျနော်တို့ MAR ကအလေးအနက်တောင်းဆိုချင်တာက မြို့တိုင်းကတိချစ်သူတွေ ခုလိုခေတ်ပျက်မှာ ပိုပြီးစည်းလုံးပေးပါ ။တိလေးတွေနိပ်စက်ခံရမှုများနေချိန်မှာ ကိုယ်ပိုင်အချိန်ကနေ ၂နာရီ ၃နာရီလောက်ဖဲ့ပြီး သနားစရာအားကိုးမဲ့တိလေးတွေကို အဖွဲ့ဖွဲ့ ၊တာဝန်ယူစိတ်ရှိစွာ ၊စည်းလုံးစွာဖြင့် ကူညီကယ်တင်ပေးကြပါလို့ယုံကြည်စွာဖြင့် မေတ္တာရပ်ခံချင်ပါတယ်။

တိလေးတွေမှာ စကားလည်းမပြောနိုင်သလို အားကိုးစရာဆိုလို့ ကျနော်တို့တိချစ်သူအနည်းစုပဲရှိတာပါ။ ယခုထိ မျော်လင့်ချက်မရှိစွာဖြင့် အစာကျွေး ရပ်တည်ပေး ကြင်နာပေးသော တိချစ်သူများကိုလည်း ကျနော်တို့ MAR မှကျေးဇူးတင်စွာလေးစာစွာဖြင့်ဂုဏ်ပြုပါကြောင်း အသိပေးချင်ပါသည်။အားလုံးရဲ့အားကြောင့် MARကတည်ရှိခဲ့တာပါ။

May God bless u all 🙏🏻

20/06/2025

သင်သိပါသလား ❓
တောရိုင်းတိရိစ္ဆာန်လေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက တကယ်ဆေးဖက်မဝင်ပါဘူး။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ ဆေးဖက်ဝင်တယိဆိုတဲ့ အယူအဆအမှားကြောင့် တောရိုင်းတိရိစ္ဆာန်တွေမျိုးသုဉ်းလုနီးဖြစ်အောင် အသတ်ခံကြရပါတယ်။ အထူးသဖြင့် ရန်ကုန်လိုမြို့ကြီးနဲ့အနီးတဝိုက်မှာတောင် “မျောက်ချေးခါး” ကိုဆေးဖက်ဝင်တယ်ဆိုပြီး မှားယွင်းယုံကြည်မှုနဲ့ရောင်းချနေကြပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြချက်တွေလည်းမရှိပါဘူး။

ဒါကြောင့် ဒီအယူမှားကို မျှဝေခြင်းနဲ့ အတူအသိပညာပေးကြရအောင်။

I am Langur

https://www.facebook.com/share/16ZZ32wr2m/

07/04/2025

ငလျင်အခြေအနေကြောင့် မန္တလေးတွင် အပျက်အစီးများထဲမှ တိချစ်သူများကြောင့် တိလေးများအများစုမှာ ရေ အစားအစာမခက်ခဲပါ။ စစ်ကိုင်း နေပြည်တော်မြို့ရှိ တိလေးတွေအခြေအနေတော့ ကျနော်တို့မသိရသေးပါ။ အများစုမှာ ပျောက်ဆုံးနေကြောင်းသိရပါသည်။ ထို့ကြောင့် ယခင်က ကျနော်တ်ု့ MAR firstly suggest လု

ပ်ထားသော #ခွေးပျောက် #ကြောင်တွေ့ #မြို့ အပြင် ထပ်တိုးကာ ပျောက်သွားသောလမ်း ပါထည့်ပေးပါရန် ( ဥပမာ #16လမ်း ) ၊ တွေ့ရှိသော နေရာ (ဥပမာ #မြောက်ပြင် ) ကိုလည်း ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ထို့အပြင် ထပ်တိုးတောင်းဆိုချင်တာကတော့ အိမ်တိုင်းရှေ့မှာ ရေခွက် စားကျွင်းစားကျန်အပြင် betadine ဆေးကို လမ်းမှာတွေ့သော တိလေးများကိုဆေးကုပေးရန်ဆောင်ထားစေချင်ပါတယ်။ လူတွေအပြင်တိလေးတွေပါခက်ခဲနေကြလို့ပါ ကူညီကယ်ပေးသော တိချစ်သူများအားလုံးကို ကျေးဇူးတင်ပါသည်။ လိုင်းမကောင်းသောကြောင့် နောက်ကျမှတင်ရခြင်းကို နားလည်ပေးကြပါရန် ၊ စစ်ကိုင်း နေပြည်တော်ကတိချစ်သူများလည်း အခြေအနေကိုလိုင်းပေါ် သိုမဟုတ် MAR ကိုမန့်ပေးခြင်းဖြင့် ကူညီပေးကြပါ ကျနော်တို့တိချစ်သူအများစုကစိတ်ပူနေကြပါတယ်။

We MAR Ths u all for your kindness 🙏🏻

13/03/2025

▪️▪️▪️▪️▪️▪️▪️▪️

ကျေးဇူးပြုပြီးကျနော်တို့MARမှ တောင်းဆိုပါရစေ▪️

တိရိစ္ဆာန်အရှင်များစားခြင်းကို ရှောင်ပေးကြပါ ။လက်တလောတွင် တိရိစ္ဆာန်အရှင်ပင်လယ်စာအရှင်တွေကို အချို့စားသောက်ဆိုင်တွေ ဘူဖေးဆိုင်တွေမှာရောင်းချနေကြပါတယ် ။တိရိစ္ဆာန်အရှင်စားပြီး နောက်ပိုင်းတွင်တိရိစ္ဆာန်အရှင်များစားသုံးမှု ထမင်းစားရေသောက်သလို လွယ်ကူသွားနိုင်ပါတယ် ။ အခြားနိုင်ငံတွေစားပေမယ့် ကျနော်တို့ကအသိစိတ် ကိုယ်ချင်းစာစိတ်ရှိစွာဖြင့် ရှောင်ခြင်းဖြင့် ကူညီပေးကြပါ။ အရှင်စားခြင်းဟာ ကျန်းမာရေးအာမခံမရှိသည့်အပြင် ရောဂါတွေလည်းဖြစ်ပွားနိုင်ပါတယ်။

ခိုင်းနွား အလှနွားတွေကို အလှုတွေမှာသုံးရင်လည်း နွားတွေကိုခေါင်းစောင်းတဲ့အထိ ကြိုးချည်ခြင်း ၊ ဝန်များများသယ်ခြင်းကိုလည်း ကျေးဇူးပြုပြီးရှောင်ပေးကြပါ။ အကိုတို့အတွက်အလှုပေမယ့် ကျနော်တို့တိရိစ္ဆာန်ချစ်သူတွေအတွက် ရင်နာရပါတယ် ကိုယ်ချင်းစာစိတ်လေး မေတ္တာစိတ်လေးရှိပေးကြပါ။

ဆင်လေးများကို နွေရာသီပွဲများအတွက်ဌားရင်လည်း နေရာဝေးများကို တတ်နိုင်သလောက်ရှောင်ပေးကြပါ ။ သူတို့နွေအပူဒဏ်ဘလောက်ခံနိုင်သလဲ မသိပေမယ့် နေရာဝေးရင် အပူခံနိုင်ရည်မရှိမှာစိုးလို့ပါ။ နေရာဝေးဖြစ်ပါက သူတို့အပူဒဏ်ခံနိုင်ရည်ရှိအောင် ကျေးဇူးပြုပြီး သေချာလေးပြင်ဆင်ပေးကြပါ။

MAR with kind purpose
kind future ✍🏻

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00