Perfect Plan Financial Advisory Group
Your Best Financial Partner
21/04/2023
Looking back at a day where the passion for golf brought us all together ⛳❤️
The Third Golf Tournament by Perfect Plan Financial Advisory Group 🏆
www.ppfag.com
02/02/2023
တစ်နှစ်ပြည့်ခဲ့ပါပြီ PPFAG
ကျွန်တော်တို့ Perfect Plan Financial Advisory Group သည် တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ
အတွေ့အကြုံတွေ ..
အောင်မြင်မှုတွေ ... ရရှိရဖို့ဆိုတာ
ပင်းပန်းမှုတွေ၊ အခက်အခဲတွေကို ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေနှင့်ထုဆစ်ခဲ့ကြရတာပါ ...
Organization Achievement တွေရရှိမှသာ Personal Achievement ရရှိနိုင်မှာဖြစ်တယ်လို့ ခံယူတဲ့အတွက် PPFAG ၏ ဝန်ထမ်းများအားလုံးသည် Organizational Interest ကိုသာ ရှေ့တန်းတင်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
ထို့ကြောင့် မိမိတို့ PPFAG သည် လှုမှု-စီးပွားမျှတသည့် လုပ်ငန်းတစ်ခုအနေဖြင့် တစ်နှစ်အတွင်း အောင်မြင်စွာရပ်တည်နိုင်ခဲ့ပါသည်။
ထို့အချက်သည် လုပ်ငန်းရှင်-ဝန်းထမ်း နှင့် စားသုံးသူများဆိုသည့် ဆက်ဆံရေးဝန်ဆောင်မှုကို ကောင်းမွန်စွာ စီမံခန့်ခွဲ၍ ထိန်းကြောင်းနိုင်ခဲ့သည်ဟု မိမိတို့ခံယူသည်အတွက် …
တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါသည်။
ယုံကြည်စွာ အားပေးခဲ့သည့် မိမိတို့၏ တန်ဖိုးထားရသော Customers များအား ကျေးဇူးအထူးတင်ရှိပါသည်။
မိမိတို့ PPFAG သည် နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာရှိစွာအောင်မြင်ပြီး လူ့အဖွဲ့အစည်းအား ပြန်လည်အကျိုးပြုနိုင်သည့် လုပ်ငန်းစုတစ်ခုအဖြစ် ရပ်တည်နိုင်ရန် အစပေါင်းများစွာ အင်အားအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
Perfect Plan Financial Advisory Group
Perfect Plan Insurance
Perfect Plan Car Sales Service
Perfect Plan Real Estate
06/01/2023
Perfect Plan Financial Advisory Group တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ team member များ အလိုရှိသည်။
🔺️ Admin Executive (Female) - 1 post
• Microsoft Word, Excel, Power Point ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမည်။
• External affair, General Procurement ကိစ္စရပ်များနှင့် အစိုးရရုံးများသို့ အခွန်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရပါမည်။
• Admin / HR field ဖြင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူများကို ဦးစားပေးမည်။
• သွက်လက်တက်ကြွ၍ Admin field အား အမှန်တကယ် ခံယူချက်ရှိရှိဖြင့် ရည်ရွယ်လုပ်ကိုင်လိုသူ ဖြစ်ရပါမည်။
• အလုပ်အပေါ် စိတ်ပါဝင်စားမှုရှိပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
• ဆက်ဆံရေးပြေပြစ်ကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရပါမည်။
================================
🔺️ HR Executive (Female) - 1 post
• Outlook, Word, Excel, PowerPoint နှင့် IT Devices များအား အသုံးပြုနိုင်ရမည်။
• HR Recruitment Process များ လုပ်ဆောင်နိုင်ရမည်။
• Training Arrangement & Management လုပ်ဆောင်ရမည်။
• Rules & Regulation Process များ ပိုင်နိုင်ရမည်။
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၂)နှစ်အထက် ရှိရမည်။
• Quick Learner, Active Learner, Good Communication ကောင်းမွန်ရမည်။
• ပေါင်းသင်းဆက်ဆံရေး ပြေပြစ်၍ အများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
================================
🔺️ Digital Marketing Supervisor (Male/Female) - 1 Post
- Content များကို မိမိ ကိုယ်ပိုင် Creation ဖြင့် ရေးသားနိုင်ရမည်။
- Design ဆွဲနိုင်သူကို ပိုဦးစားပေးမည်။
- Internet & Email ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
- စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။
- အပတ်စဥ်/လစဥ် Plan များ ရေးဆွဲနိုင်ရမည်။
- Digital Marketing (or) Page Admin လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရမည်။
- ခရီးသွားနိုင်ရမည်။
- Perfect Plan Financial Advisory Group ၏ page များနှင့် website များကို manage လုပ်ပေးရမည်။
- Real Estate Website တွင် အိမ်ခြံမြေ အရောင်းအဝယ် post များတင်ပေးခြင်း၊ user များကို register လုပ်နည်း၊ အရောင်းအဝယ် post တင်နည်းများ ရှင်းပြပေးရမည်။
- Real Estate အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
================================
🔺️ Sales Executive (Male/Female) - 3 posts
- အိမ်ခြံမြေ၊ ကား၊ အာမခံနှင့် ပတ်သက်၍ စိတ်ဝင်စားသူဖြစ်ရမည်။
- အရောင်းပိုင်းအားကျွမ်းကျင်စွာ ရောင်းချနိုင်သူဖြစ်ရမည်။
- လစဥ် sales target ထိအောင် လုပ်ဆောင်နိုင်ရမည်။
- အဖွဲ့အစည်းဖြင့် လုပ်ကိုင်နိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိသူဖြစ်ရမည်။
- ခရီးသွားနိုင်ရမည်။
================================
🔺️ Marketing Manager (Male/Female) - 1 post
- Marketing Field တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိရပါမည်။
- အရောင်းတိုးတက်ရန်အတွက် Sales Plan/Way Plan နှင့် Marketing Strategy ဆွဲနိုင်သူ ဖြစ်ရပါမည်။
- ပေးအပ်သော Target ပြည့်မှီအောင် ရောင်းချနိုင်ရန်အတွက် လိုအပ်သည်များကို Supporting ပေး၍ ဦးဆောင်လမ်းညွှန်နိုင်ရပါမည်။
- Sales Target ပြည့်မှီရန်အတွက် (Daily, Weekly, Monthly, Yearly) အရောင်းလျာထားချက်များ ချမှတ်ပြီး မိမိအရောင်းအဖွဲ့များ၏ ရောင်းချမှု အခြေအနေများကို သုံးသပ်လေ့လာ၍ တာဝန်ခွဲဝေမှု၊ တာဝန်အပ်နှင်းမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရပါမည်။
- သက်ဆိုင်ရာ အရောင်းအဖွဲ့များမှ တင်ပြလာသော အရောင်းဆိုင်ရာ အခက်အခဲများ၊ Customer များ၏ Complaints များအား အချိန်နှင့်တပြေးညီ ဖြေရှင်းပေးရပါမည်။
- အကျင့်စာရိတ္တကောင်းမွန်ပြီး ပေါင်းသင်းဆက်ဆံရေး အထူးကောင်းမွန်၍ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။
- ခရီးသွားနိုင်ရမည်။
================================
Working Hour
- အလုပ်ချိန် (9:00 am to 5:00 pm)
- ပိတ်ရက် စနေ၊ တနင်္ဂနွေနေ့နှင့် Gazette Holiday ပိတ်ရက်များ။
- ပိတ်ရက်သတ်မှတ်ထားသော်လည်း လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လျှင် ဆင်းပေးနိုင်ရပါမည်။
လျှောက်ထားလိုသူများသည်
📧 Email - [email protected]
📲 Viber - 09765649651
သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
www.ppfag.com
www.ppfagrealestate.com
04/01/2023
Perfect Plan welcomed 2023 with a day of golf ⛳️
Here's to new beginnings on the greens! 🎉
The Second Golf Tournament by Perfect Plan Financial Advisory Group 🏆
www.ppfag.com
04/01/2023
''လွတ်လပ်ရေးနေ့ တို့မမေ့''
ဇန်နဝါရီလ၊ ၄ရက်၊ ၂၀၂၃
(၇၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကျွန်တော်တို့ PPFAG Team မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
🎉 Happy New Year 2023 🎊
နှစ်သစ်ကူးဆုတောင်း ✨
2023 နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီးတော့ စီးပွားလာဘ်လာဘများတိုးပွားကြပါစေ။ မိသားစုတွေအားလုံး သာယာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ကြပါစေ။ မကောင်းသောဘေး၊ မကောင်းသောအန္တရာယ်များမှလည်း ကင်းဝေးနိုင်ကြပါစေ။ နှစ်သစ်မှ ကောင်းချီးမင်္ဂလာများစွာ ဆီးကြိုနေပါစေလို့ ကျွန်တော်တို့ PPFAG အဖွဲ့သားများမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ 🙏
www.ppfag.com
Advanced New World Co., Ltd ရဲ့ ရော်ဘာစိုက်ခင်းများကို PPFAG အဖွဲ့သားများမှ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျာ
Advanced New World Co., Ltd ဟာ Perfect Plan Financial Advisory Group ရဲ့ exclusive partner ဖြစ်ပြီးတော့ ယခုလက်တွဲလုပ်ကိုင်နေတဲ့ ရော်ဘာစိုက်ပျိုးရေးဟာ နှစ်ရှည်စီမံကိန်းတစ်ခုပဲ ဖြစ်ပါတယ်
www.ppfag.com
The gift of love 🩷
The gift of peace 🤍
The gift of happiness 🩵
May all these be yours at Christmas❣️
🎄 ခရစ္စမတ် အခါသမယမှစပြီး ချစ်သောမိသားစုဝင်များနှင့်အတူ နေ့ရက်တိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ဖြတ်သန်းသွားနိုင်ပါစေကြောင်း ကျွန်တော်တို့ PPFAG အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🤍
www.ppfag.com
ကရင်နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သခြင်း 🙏
ကရင်နှစ်သစ်ကူးဟာဆိုရင် ကရင်လူမျိုးတွေရဲ့ အဓိကအားလပ်ရက်ပွဲတော် ဖြစ်ပါတယ်။ မြန်မာနှစ်ရဲ့ ပြာသိုလ ပထမဆုံးရက်မှာ ကျင်းပကြပါတယ်။ ကရင်နှစ်သစ်ကူးကို မြန်မာနိုင်ငံမှာရှိတဲ့ ကရင်တိုင်းရင်းသားတို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီးတော့ တိုင်းရင်းသားအချင်းချင်း ခင်မင်ရင်းနှီးမှု တိုးပွားစေတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၃၇-၁၉၃၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီးတော့ ကရင်နှစ်သစ်ကူးဟာဆိုရင် အရှေ့တောင်အာရှ စပါးရိတ်သိမ်းပြီးချိန်နဲ့ တိုက်ဆိုင်ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ကို ဗြိတိသျှကိုလိုနီအစိုးရမှ ၁၉၃၈ ခုနှစ်တွင် အများပြည်သူရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသားတို့က ဒုံးယိမ်းအကကခြင်း၊ သီချင်းဆိုခြင်း၊ ကရင်နှစ်သစ်ကူးနဲ့ ပတ်သတ်ပြီး မိန့်ခွန်းအကြောင်းအရာ ပြောကြားခြင်းနှင့် စျေးရောင်းပွဲတော်များပြုလုပ်ကြပြီးတော့ စားသောက်ပွဲတော် ဆင်နွှဲလေ့ရှိကြပါတယ်။
ကရင်နှစ်သစ်ကူးနေ့မှာ လူကြီးမင်းတို့လည်း မိသားစု၊ မိတ်ဆွေအပေါင်းအဖော်များနှင့် သာယာပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေကြောင်း ကျွန်တော်တို့ Perfect Plan အဖွဲ့သားများမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။
www.ppfag.com
11/12/2022
Perfect Plan Financial Advisory Group မှ ကျိုက္ကလဲ့မင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် သင်္ကန်းနှင့် ဖိနပ်များ လှူဒါန်းပေးခဲ့ပါတယ် 🙏
မထင်မှတ်ဘဲ လုပ်ဖြစ်ခဲ့တဲ့ အလှူလေးဖြစ်လို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျာ
အချိန်တိုအတွင်းမှာ လိုအပ်တဲ့ပစ္စည်းတွေကို ရှာဖွေဝယ်ယူပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ PPFAG team ကိုလဲ ကျေးဇူးတင်ပါတယ်
www.ppfag.com
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon