T2 Bookstore

T2 Bookstore

Share

နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စာအုပ်များ ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးသည်။

Photos from T2 Bookstore's post 08/09/2026

ဒေါက်တာအောင်မြင့်ဦးစာအုပ်2မျိုး
ဆေးဝါးလက်စွဲ
တန်ဖိုး-၂၅၀၀၀
စာမျက်နှာ-၄၈၀
~~~~~~~~~~
ယနေ့ဆေးဝါးမှတ်စု
တန်ဖိုး-၂၅၀၀၀
စာမျက်နှာ-၅၅၇

08/09/2026

အမြန်တတ်ချင်ရင် . . .
ဒီ....အတတ်မြန် အပြောမှန် စာအုပ်ကိုသာ ဝယ်ဖတ်လိုက်ပါ။

☑️သဒ္ဒါနည်းဖြင့် ချဉ်းကပ်စရာမလို၊ "ပုံစံတူပွားလေ့ကျင့်နည်း” ဖြင့် အချိန်တိုအတွင်းမှာ အံဩလောက်အောင် အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ ဧကန်မုချ။

☑️ မသိမဖြစ် Sentence Openers ပေါင်း၂၀၀ ကျော်ကို Type (၄)မျိုးခွဲကာ ပုံစံတူပွားဝါကျ (၁၀)ကြောင်းစီဖြင့် စုစည်းတင်ပြထားပါသည်။

☑️ မသုံးမဖြစ် သုံးနေရမည့် နေ့စဉ်သုံး Expressions များဖြစ်သဖြင့်၊ အမြဲဆောင်ထား၊ အားတိုင်းဖတ်၊ အသံထွက်ဖတ်၊ အထပ်ထပ်လေ့ကျင့်၊

☑️အင်္ဂလိပ်စာ လေ့လာလိုက်စားသူတိုင်း ဆောင်ထားရမည့် လက်စွဲစာအုပ်
~~~~~~~~
📓အတတ်မြန်အပြောမှန်
✍ဆရာထွန်းစိန် EEE
တန်ဖိုး–15000
စာမျက်နှာ–226

08/09/2026

ခေတ်ပေါ်ဆေးဝါး အမျိုးပေါင်း ၄ဝဝ နီးပါး၊ အမည်ပေါင်း ၃၃ဝဝ ကျော်တို့၏ အသုံးပြုနည်း၊ ဆောင်ရန် ရှောင်ရန်အချက်များတို့ကို ပြညွှန်းထားသော စာအုပ်ဖြစ်သည်။ ဆေးအမည်များကို အက္ခရာစဉ်ကာ ဆေးတစ်မျိုးစီ၏ အသုံး၊ ဆေးညွှန်းနှင့် အသုံးပြုပုံ၊ သတိပြုရန်၊ ဆေးအပြစ်များ၊ ရှောင်ရန်များကို စနစ်တကျ ဖော်ပြထားသည်ကိုတွေ့ရသည်။
~~~~~~~~~~~~~~~~
📘ခေတ်ပေါ်ဆေးဝါးလမ်းညွှန်
✍–ဒေါက်တာဇေယျ
တန်ဖိုး–25000
စာမျက်နှာ–639

07/09/2026

ဤစာအုပ်သည် တိုယိုတာမှထုတ်ဝေသော Fundamentals of Serviving စာအုပ်ကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ဤစာအုပ်တွင် မော်တော်ယာဉ်တစ်စီး၌ ပါဝင်အသုံးပြုထားသောနည်းပညာအခြေခံများအားလုံးကို ခြုံငုံမိအောင်ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။ တစ်နည်းအားဖြင့် မော်တော်ယာဉ်ပိုင်ရှင်များအနေနှင့်လည်းကောင်း၊မော်တော်ယာဉ်ပြုပြင်သူများအနေဖြင့်လည်းကောင်း၊မော်တော်ယာဉ်လုပ်ငန်းများလုပ်ကိုင်သူများအနေနှင့်လည်းကောင်း မသိမဖြစ်သိထားသင့်သော၊မရှိမဖြစ်လက်ကိုင် ထားသင့်သော အခြေခံနည်းပညာစာအုပ်ဖြစ်ပါသည်။
------
ခေတ်မီ မော်တော်ယဉ်ဆိုင်ရာ အခြေခံနည်းပညာများ (အလုပ်ရုံလက်စွဲ)
========================
စာရေးသူ–မင်းသိန်း (စက်မှု)
တန်ဖိုး–45000 ကျပ်
စာမျက်နှာ–375

07/09/2026

🔸လျပ်စစ်အင်ဂျင်နီယာဆိုင်ရာ ပညာရပ်နယ်ပယ်ရှိဝေါဟာရ (၂၈ဝဝ) ကျော်ကို မြန်မာဘာသာဖြင့် ရှင်းလင်းလွယ်ကူစွာ အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြထားပါသည်။

🔸လေ့လာသူများ ပိုမို အဆင်ပြေစေရန် သရုပ်ဖော်ပုံ (၁၉ဝ) ကျော်ကို ဖြည့်စွက်ထားပါသည်။

🔸အိမ်တွင်းမီးဆင်ခြင်း၊ မော်တာ၊ ဂျင်နရေတာများတပ်ဆင်ခြင်း၊ ပါဝါလျှပ်စစ်ကြိုးများ ဖြန့်ကျက် တည်ဆောက်ခြင်း၊ ဗို့အားမြှင့် ဗို့အားနှိမ့် ထရန်စဖော်မာများ တည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း၊ လျှပ်စစ်အတိုင်းကိရိယာများ တည်ဆောက်ခြင်း၊ လျပ်စစ်ဂဟေနှင့် လျှပ်စစ်သတ္တုကျိုခြင်း စသောလုပ်ငန်း အသီးသီးနှင့် ဆက်စပ်လျက်ရှိသည့် ဝေါဟာရများ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်များကိုလည်း လက်လှမ်းမီသရွေ့ ထည့်သွင်း ထားရှိပါသည်။

🔸နောက်ဆက်တွဲအနေဖြင့် လျှပ်စစ်အင်ဂျင်နီယာဆိုင်ရာ, အသုံးချ အချက်အလက်အချို့ကို ဖော်ပြထားပါသည်။

📓လျှပ်စစ်အင်ဂျင်နီယာအဘိဓာန်
✍ဦးသန်းမောင်
တန်ဖိုး-20000
စာ-444

07/09/2026

GOOD ENGLISH
အကောင်းဆုံးအဂ်လိပ်စာ
အရှင်းဆုံးအဂ်လိပ်သဒ္ဒါ
~~~~~~~~~~~~~
တန်ဖိုး–၆၅၀၀
စာမျက်နှာ–၃၆၈
စာရေးသူ - ဒေါက်တာမင်းတင်မွန်
----------------------------------------------
ဆက်သွယ်ရန် ဖုန်းနံပါတ်
Ph.09442647037
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
မှာယူလိုပါက
✓နေရပ်လိပ်စာ အပြည့်အစုံ
✓လက်ခံသူအမည်
✓ဖုန်းနံပါတ်
တို့ကို Messenger မှ ပေးပို့ပြီးမှာယူနိုင်ပါတယ်။

05/09/2026

မီလျံနာတစ်ယောက်လိုတွေးပါ
~~~~~~~~~~~
တန်ဖိုး–15000
စာမျက်နှာ–155
စာရေးသူ -D.R MOE
----------------------------------------------
ဆက်သွယ်ရန် ဖုန်းနံပါတ်
Ph.09442647037
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
မှာယူလိုပါက
✓နေရပ်လိပ်စာ အပြည့်အစုံ
✓လက်ခံသူအမည်
✓ဖုန်းနံပါတ်
တို့ကို Messenger မှ ပေးပို့ပြီးမှာယူနိုင်ပါတယ်။
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
m.me/T2BookShop

05/09/2026

AUTISM ပျိုးထောင်နည်း
~~~~~~~~~~~
မိဘတစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ကူလှသလို ကိုယ့်ကလေးမှာ ထူးခြားတဲ့ဖွံ့ဖြိုးမှုပုံစံလေးတွေ ရှိနေတဲ့အခါ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဘာလုပ်ရမှန်းမသိယောင်ချာချာ ဖြစ်ရတာမျိုးကို မိဘတိုင်း ကြုံဖူးကြပါလိမ့်မယ်။

ဒီစာအုပ်ကတော့ ကလေးရဲ့ အပြုအမူတွေအပေါ် စိုးရိမ်စိတ်နဲ့ ဟိုပြေးဒီပြေးမေးမြန်းနေစရာမလိုဘဲ အိမ်မှာတင် ကိုယ်တိုင်ဆန်းစစ်ပြီး လက်တွေ့ကုသပျိုးထောင်ပေးနိုင်မဲ့ လမ်းညွှန်စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ အဓိကထူးခြားချက်က သီအိုရီတွေအများကြီးနဲ့ ပျင်းစရာမကောင်းဘဲ မိဘတွေ အိမ်မှာတင် ချက်ချင်းလက်တွေ့လုပ်လို့ရတဲ့ နည်းလမ်းတွေချည်းပဲ သီးသန့်စုစည်းပေးထားတာပါ။ အချိန်အကြာကြီးစောင့်ပြီး အဖြေရှာနေစရာမလိုဘဲ အိမ်တွင်းလေ့ကျင့်ခန်းတွေနဲ့ ကလေးကို အကောင်းဆုံးကူညီပေးနိုင်အောင် ပံ့ပိုးပေးထားပါတယ်။

ဒီစာအုပ်ဟာ ဆရာဝန်တစ်ယောက်က ဆေးပညာရပ်ဆိုင်ရာအသုံးအနှုန်းတွေနဲ့ ခြောက်ကပ်ကပ်ရေးထားတာမျိုး မဟုတ်ဘဲ ကလေးတစ်ဦးချင်းစီရဲ့အခက်အခဲကို မိဘတစ်ယောက်လို စာနာနားလည်ပေးပြီး တစ်ဖက်ကလဲ သိပ္ပံနည်းကျ လက်တွေ့ကျကျ အဖြေရှာပေးထားတဲ့ သွေးချင်းနီးစပ်တဲ့ လမ်းညွှန်ချက်တွေဖြစ်လို့ ဖတ်ရတာ အလွန်ပေါ့ပါးပြီး ထိရောက်မှုရှိလှပါတယ်။

AUTISM ရှိတဲ့ကလေးတစ်ယောက်အနေနဲ့လဲ ဘဝမှာ ရပ်တည်ဖို့အတွက် သူ့အတိုင်းအတာနဲ့သူ ညှိယူရှင်သန်ဖို့တော့ လိုအပ်နေဦးမှာပါပဲ။ ကိုယ့်ကလေးမှာ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ လိုအပ်ချက်လေးတွေ ရှိနေသလို ခံစားရလို့ပဲဖြစ်ဖြစ်၊ ကလေးငယ်တွေကို စနစ်တကျ

ပြုစုပျိုးထောင်ပေးချင်လို့ပဲဖြစ်ဖြစ် မိဘတိုင်း ဆရာတိုင်း ဆောင်ထားသင့်တဲ့ "လက်တွေ့သုံး မိဘလက်စွဲ" စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

တန်ဖိုး–11000
စာမျက်နှာ–140
စာရေးသူ -အောင်မျိုးထက်
----------------------------------------------
ဆက်သွယ်ရန် ဖုန်းနံပါတ်
Ph.09442647037
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
မှာယူလိုပါက
✓နေရပ်လိပ်စာ အပြည့်အစုံ
✓လက်ခံသူအမည်
✓ဖုန်းနံပါတ်
တို့ကို Messenger မှ ပေးပို့ပြီးမှာယူနိုင်ပါတယ်။
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
m.me/T2BookShop

05/09/2026

လက်တွေ့ကျကျ မိဘအုပ်ထိန်းမှု
~~~~~~~~~~~
ဒီစာအုပ်မှာ မွေးကင်းစကလေးကနေ အသက် ၆ နှစ်အထိကလေးတွေကို ပြုစုပျိုးထောင်ရာမှာ လက်တွေ့ကျကျ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေကို လမ်းညွှန်ပေးထားပါတယ်။

မွေးကင်းစကနေ အသက် ၆ နှစ်အထိကလေးတွေရဲ့ အပြုအမူတွေကို နားလည်လာဖို့၊ ချစ်ခြင်းမေတ္တာနဲ့ တာဝန်ယူမှုကို တစ်ပြိုင်နက်တည်း သင်ပေးနိုင်တဲ့ နည်းလမ်းတွေ၊ မိဘနဲ့ သားသမီးဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေတဲ့ စကားပြောနည်းတွေ၊ နေ့စဉ်ဘဝထဲမှာ လက်တွေ့အသုံးချလို့ရတဲ့ ဥပမာတွေ ပါဝင်ပါတယ်။

ကလေးကို ချစ်ခြင်းမေတ္တာနဲ့ လမ်းညွန်ပြီး ကိုယ်တိုင်တာဝန်ယူတတ်တဲ့ လူငယ်လေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်ချင်တဲ့ မိဘတွေအတွက် အလွန်အသုံးဝင်တဲ့ လမ်းညွန်စာအုပ် ဖြစ်ပါတယ်။

တန်ဖိုး–15500
စာမျက်နှာ–207
စာရေးသူ -စုမြတ်ချစ်
----------------------------------------------
ဆက်သွယ်ရန် ဖုန်းနံပါတ်
Ph.09442647037
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
မှာယူလိုပါက
✓နေရပ်လိပ်စာ အပြည့်အစုံ
✓လက်ခံသူအမည်
✓ဖုန်းနံပါတ်
တို့ကို Messenger မှ ပေးပို့ပြီးမှာယူနိုင်ပါတယ်။
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
m.me/T2BookShop

28/08/2026

ဤစာအုပ်တွင် ခေတ်မီ ရေခဲသေတ္တာနှင့် လေအေးပေးစက်တို့နှင့် ပတ်သက်သော
-အခြေခံအချက်အလက်များ
-သဘောတရားများ
-အသုံးချမှုများ
-ပုစ္ဆာများ
-တွက်ချက်မှုများ
-တပ်ဆင်ခြင်း
-အပြစ်ရှာဖွေခြင်း
-ပြုပြင်ထိမ်းသိမ်းခြင်း
-စစ်ဆေးခြင်း
-ခန့်မှန်းတွက်ချက်ခြင်း စသည့် အကြောင်းအရာများစွာကို ပြည့်စုံစွာ ဖော်ပြထားပါသည်။
ဒါအပြင့် ဘာသာရပ်နှင့် ပတ်သက်သည့် အခြေခံသီအိုရီများ၊ Law များ၊ အလုပ်လုပ်ပုံစသည့် အကြောင်းအရာများကို ပုံများဖြင့် စနစ်တကျ ရေးသားဖော်ပြထားပါသည်။
----------------------------------------------

ခေတ်မီလေအေးပေးစက်နှင့်ရေခဲသေတ္တာ
စာရေးသူ-ဦးအုန်းမြင့်(ဒီဇယ်)
တန်ဖိုး-၄၀၀၀၀ ကျပ်
~~~~~
မှာယူလိုပါက
* နေရပ်လိပ်စာ အပြည့်အစုံ
* လက်ခံသူအမည်
* ဖုန်းနံပါတ် တို့ကို Messenger မှ ပေးပို့နိုင်ပါတယ်
စာပို့ဆက်သွယ်ရန်
m.me/T2BookShop
ဆက်သွယ်ရန် ဖုန်းနံပါတ်
09442647037

Category

Telephone

Address


Yangon

Alerts

Be the first to know and let us send you an email when T2 Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.