Time On You
Time on You is a wristwatch store selling authentic watches produced by worldwide famous brands.
မိုးရာသီရဲ့ စိန်ခေါ်မှုတွေကို အေးဆေးကျော်ဖြတ်မယ့် 𝐖𝐚𝐭𝐜𝐡 𝐨𝐟 𝐭𝐡𝐞 𝐖𝐞𝐞𝐤 𝐂𝐚𝐬𝐢𝐨 𝟐𝟎𝟎𝐦 𝐖𝐚𝐭𝐞𝐫 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🌧️
မိုးတွင်းရောက်ပြီဆိုတာနဲ့ နာရီ ရေဝင်သွားမလား ဆိုတဲ့အစိုးရိမ်ရဆုံး ပြဿနာပါ....
မိုးရွာထဲ ဆိုင်ကယ်မောင်းရတာ၊ ထီးမပါဘဲ မိုးမိသွားတာမျိုးတွေအတွက် သာမန် Water Resistance 30m, 50m လောက်နဲ့က စိတ်မချရပါဘူး။ တကယ့်ကို ယုံကြည်စိတ်ချရဖို့ဆိုရင် အနည်းဆုံး 200m Water Resistance ပါဝင်တဲ့ နာရီမျိုးမှသာ စိတ်အေးရမှာပါ...
ဒါကြောင့် ဒီတစ်ပတ်ရဲ့ Watch of the Week အဖြစ် မိုးရာသီအတွက် အသင့်တော်ဆုံးဖြစ်မယ့် Casio ရဲ့ Water Resistance 200m အထိရမဲ့ နာရီ (၃) လုံးကို ရွေးချယ်ပေးလိုက်ပါတယ်...
၁။ 𝐂𝐚𝐬𝐢𝐨 𝐌𝐃𝐕-𝟏𝟎𝟕𝐃-𝟖𝐀𝐕
Classic ဆန်ဆန် Steel ကြိုးနဲ့မှ ပတ်ချင်တဲ့ ညီအစ်ကိုတွေအတွက်ပါ။ 200-meter water resistance ပါဝင်သလို၊ ရေဝင်တာကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ Screw Lock Back စနစ်ကို သုံးထားပါတယ်။ Anti-reverse Bezel လည်း ပါဝင်လို့ Diver Watch တစ်လုံးရဲ့ အငွေ့အသက်ကို အပြည့်အဝ ပေးစွမ်းနိုင်ပြီး၊ ရုံးသွား၊ အပြင်သွား ဘယ်လို Outfit မျိုးနဲ့မဆို လိုက်ဖက်တဲ့ Sporty & Classic ဒီဇိုင်းပါပဲ....
ဈေးနှုန်းအားဖြင့် ငါးသိန်းခွဲဝန်းကျင် ရှိပါမယ်...
၂။ 𝐆-𝐒𝐇𝐎𝐂𝐊 𝐃𝐖-𝟓𝟔𝟎𝟎𝐔𝐁𝐁-𝟏
G-Shock ရဲ့ ဂန္ထဝင် Square Shape ကိုမှ All-Black သီးသန့်ဖန်တီးထားတဲ့ မော်ဒယ်ပါ။ Matte Finish ဖြစ်လို့ ကြည့်လိုက်တာနဲ့ အရမ်းကို Tough ဖြစ်တဲ့ Vibe ကို ရရှိစေပါတယ်။ 200m Water Resistance အပြင် Shock Resistant ပါ ဖြစ်လို့ မိုးဒဏ်၊ ရေဒဏ်တင်မကဘဲ အကြမ်းပတမ်း အသုံးပြုမှုတိုင်းအတွက် အယုံကြည်ရဆုံး အဖော်မွန်ပါပဲ။ နောက်ထပ် အရမ်းမိုက်တာက ဘယ်လိုပဲ Sporty Designလို့ပဲ ပြောပြော ဘယ်လို Outfit နဲ့ဖြစ်ဖြစ် လိုက်ဖက်နိုင်တယ်ဆိုတဲ့ Aura မျိုးရနေတဲ့ နာရီလို့လည်း ပြောလို့ရပါတယ်......
ဈေးနှုန်းအားဖြင့် လေးသိန်းဝန်းကျင် ရှိပါမယ်...
၃။ 𝐆-𝐒𝐇𝐎𝐂𝐊 𝐆𝐀-𝟐𝟏𝟎𝟎-𝟏𝐀𝟐
CasiOak လို့ ချစ်စနိုးခေါ် ကြတဲ့ 2100 Series ထဲက အရမ်းမိုက်တဲ့ ကာလာစပ်လေးပါ....
Matte Black ကိုယ်ထည်ပေါ်မှာ Vibrant Neon Blue လက်တံတွေ၊ အမှတ်အသားတွေနဲ့ ပေါင်းစပ်ထားလို့ မိုးအုံ့နေတဲ့ နေ့ရက်တွေမှာတောင် လက်ပေါ်မှာ လင်းလက် တက်ကြွနေမှာပါ....
Carbon Core Guard နည်းပညာကြောင့် ပေါ့ပါးခိုင်ခံ့ပြီး 200m Water Resistance ပါဝင်လို့ ရေစိုမှာကို လုံးဝ ပူစရာမလိုတော့ပါဘူး....
ဈေးနှုန်းအားဖြင့် လေးသိန်းကျော် ရှိပါမယ်...
ဒီမိုးရာသီကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ခုရွေးပေးလိုက်တဲ့ Model လေးတွေ မိုက်ပါတယ်....
ကိုယ်နဲ့ အလိုက်ဖက်ဆုံး တစ်လုံးကို ရွေးချယ်ဖို့ဆိုရင်တော့ ကျွန်တော်တို့ Showroom မှာ လာရောက် စမ်းသပ်ဝတ်ဆင်ကြည့်ဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျာ....
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger: m.me/TOYtimeonyou
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
📍 Google Maps: [https://maps.app.goo.gl/BevbX2dEYSzUGZtN6]
🚛 ရန်ကုန်၊ မန္တလေးမြို့များကို ၃ ရက်အတွင်း၊ နယ်မြို့များကို ၅ ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ။
# # ကျွန်တော်တို့ရဲ့ အခြား Channel များကိုလည်း Follow လုပ်ထားနိုင်ပါတယ်
◾Tiktok: https://www.tiktok.com/
◾ Telegram: https://t.me/+lUhezUKD3ME1ZWJl
DISCLAIMER
We operate transparently as a reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ #ဖက်ရှင်
20/06/2026
ရုပ်ထွက်က Sporty ဖြစ်ပြီး ခပ်မိုက်မိုက်... ဘက်ထရီ (၁၀) နှစ်စာ စိတ်ချရတဲ့ 𝐂𝐚𝐬𝐢𝐨 𝐀𝐌𝐖-𝟖𝟖𝟎 ⚡
𝐂𝐚𝐬𝐢𝐨 𝐀𝐌𝐖-𝟖𝟖𝟎𝐃-𝟐𝐀𝟏𝐕 (𝐈𝐧𝐬𝐭𝐨𝐜𝐤)
နာရီတစ်လုံးဝယ်ရင် ဒီဇိုင်းလှမယ်၊ နေ့စဉ်ဘဝမှာ တကယ်အသုံးတည့်ပြီး Maintenance သိပ်လုပ်စရာမလိုရဘူး၊ ဆိုရင် ညီအစ်ကိုတို့ရှာနေတာ ဒီ Casio မော်ဒယ်လေးပါပဲ...
မျက်စိကျစရာကတော့ Metal-clad လို့ခေါ်တဲ့ ခိုင်ခံ့တဲ့ Stainless Steel Caseနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြာရောင် ဒိုင်ခွက်ရဲ့ အတွဲအစပ်ပါပဲ....
Analog နဲ့ Digital နှစ်မျိုးလုံးကို ပေါင်းစပ်ထားတဲ့ Ana-Digi ဒီဇိုင်းမို့ Sporty လည်းဖြစ်သလို၊ ယောက်ျားပီသတဲ့ Vibe ကိုပါ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်...
ဒီနာရီရဲ့ အမိုက်ဆုံးနဲ့ အကြိုက်ဆုံးအချက် (၂) ချက်ရှိပါတယ်...
ပထမတစ်ချက်ကတော့ 10-Year Battery Life ပါ။ တစ်ခါဝယ်ပြီးရင် ဘက်ထရီကုန်သွားမလားဆိုပြီး ခေါင်းစားစရာမလိုဘဲ (၁၀) နှစ်လောက်ကို အေးအေးဆေးဆေး ပတ်လို့ရပါတယ်...
ဒုတိယတစ်ချက်ကတော့ Telememo 30 လုပ်ဆောင်ချက်ပါ။ ဖုန်းနံပါတ် (၃၀) အထိကို နာရီထဲမှာ မှတ်ထားလို့ရတဲ့ Retro-tech ဆန်ဆန် Feature လေးတစ်ခုမို့ တကယ့်ကို Classic ဖြစ်ပါတယ်...
ဒါ့အပြင် World Time ၊ 1/100-second Stopwatch၊ Countdown Timer၊ Daily Alarms (၃) ခုနဲ့ ညဘက် အချိန်ကြည့်နိုင်ဖို့ LED Light လည်း ပါဝင်သေးတာမို့ Function ပိုင်းမှာတော့ ပြောစရာမလိုအောင် ပြည့်စုံလွန်းပါတယ်...
ရုပ်ထွက်မိုက်မိုက်နဲ့ လုပ်ဆောင်ချက်အစုံအလင်ကို ငါးသိန်းစွန်းစွန်ဆိုတဲ့ ဈေးနှုန်းနဲ့ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Time On You မှာ လာရောက်ဝတ်ဆင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ...
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
🚛 ရန်ကုန်၊ မန္တလေးမြို့များကို ၃ ရက်အတွင်း၊ နယ်မြို့များကို ၅ ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ။
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️Case Size: 51.9 × 47 × 12 mm
✔️Weight: 154 g
✔️Case Material: Stainless steel
✔️Band: Stainless Steel Band (One-touch 3-fold Clasp)
✔️Glass: Mineral Glass
✔️Water Resistance: 50-meter water resistance
✔️Battery Life: Approx. 10 years on CR2025
✔️Features: Telememo (Up to 30 sets of data), World time (29 time zones), 1/100-second stopwatch, Countdown timer, 3 daily alarms, LED light (Amber), Full auto-calendar
DISCLAIMER
We operate transparently as a reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
19/06/2026
နာရီ Collector အမျိုးအစား ဘယ်နှမျိုးလောက်ရှိလဲ...? 🧐
နာရီဝယ်တိုင်း Collector လို့ ခေါ်လို့ရလားဆိုရင်... မရပါဘူး။ ဒါပေမဲ့ နာရီတစ်လုံးထက် မကပိုပြီး ဝယ်မိသွားပြီ၊ နောက်ထပ် ဘာနာရီလေး ဝယ်ရမလဲဆိုပြီး Review တွေ လိုက်ဖတ်နေမိပြီဆိုရင်တော့ မိတ်ဆွေက Collector လောကထဲကို ဝင်မှန်းမသိ ဝင်နေမိပြီလို့ ဆိုရမှာပါ....
ဒီတော့ နာရီ Collector တွေ ဘယ်နှမျိုးလောက်ရှိမလဲ အပျော်သဘော ခွဲခြားကြည့်ကြတာပေါ့....
၁။ ဘရန်းတစ်ခုတည်းကို စွဲလမ်းသူ...
သူတို့ကတော့ ရှင်းပါတယ်။ ကိုယ်ကြိုက်တဲ့ Brand တစ်ခုဆိုရင် အဲဒီ Brand ကထုတ်သမျှ စီးရီးစုံ၊ အရောင်စုံကို လိုက်စုတတ်တဲ့သူတွေပါ။ ဥပမာ - Seiko 5 တွေချည်းပဲ စုတဲ့သူ၊ Orient Bambino ဆိုရင် အရောင်စုံအောင် စုတဲ့သူ၊ ဒါမှမဟုတ် Tissot ဆိုရင် PRX ကလွဲပြီး ကျန်တာမကြည့်တတ်တဲ့သူမျိုးတွေပေါ့....
၂။ စက်ပိုင်းဆိုင်ရာကို ရူးသွပ်သူ....
ဒီအမျိုးအစားကတော့ နာရီရဲ့ အပြင်ပန်းအလှထက် စက်ပိုင်း၊ Spec ပိုင်းကို ပိုစိတ်ဝင်စားသူတွေပါ....
ဒီနာရီက In-house Movement လား၊ Caliber ဘယ်လောက်လဲ၊ Power Reserve ဘယ်လောက်ရလဲ၊ Sapphire Crystal လား၊ Hacking နဲ့ Hand-winding ရလား...
စသဖြင့် အချက်အလက်တွေကို အတိအကျသိအောင် စုံစမ်းမေးမြန်းပြီးမှ စုတတ်တဲ့ သူမျိုးပါ...
၃။ အတိတ်ကို တူးဆွသူ...📻🕰️
ခုခေတ်ပေါ်ဒီဇိုင်းတွေကို သိပ်စိတ်မဝင်စားဘဲ၊ ၁၉၆၀-၇၀ ပြည့်လွန်နှစ်တွေက Retro Vibe တွေကိုမှ ခုံမင်သူတွေပါ....
အရင်တုန်းက ထုတ်ခဲ့တဲ့ နာရီဒီဇိုင်းတွေကိုမှ ပြန်ထုတ်တဲ့ Reissue Design တွေ၊ Reinterpretation Design တွေကိုမှ စွဲစွဲလန်းလန်း လိုက်ရှာတတ်ကြပါတယ်....
၄။ ဖက်ရှင်နဲ့ အလှအပကို တန်ဖိုးထားသူ...
သူတို့အတွက်ကတော့ နာရီဆိုတာ Outfit ကို ပံ့ပိုးပေးတဲ့ အဓိက Accessory ပါပဲ....
ကိုယ့်ရဲ့ Lifestyle နဲ့ ကိုက်ညီမဲ့ နာရီတွေကိုပဲ သီးသန့်စုလေ့ရှိပြီးတော့..
Suit နဲ့ဝတ်ဖို့ Dress Watch တစ်လုံး၊ Casual သွားဖို့ Chronograph တစ်လုံး၊ ခရီးထွက်ဖို့ Diver တစ်လုံး စသဖြင့် နေရာနဲ့ အဝတ်အစားပေါ် မူတည်ပြီး နာရီကို သေသေချာချာ ရွေးချယ်တတ်တဲ့ စတိုင်လ်ကျကျ နေတတ်သူတွေ ဖြစ်ပါတယ်....
၅။ ရှားပါးမှုကို မက်မောသူ....
သူတို့ကတော့ Limited Edition တွေ၊ Special Edition တွေ၊ နောက်ကို ဆက်မထွက်တော့တဲ့ Discontinued Model တွေ စသဖြင့် ရှားပါးတဲ့ နာရီတွေကိုမှ ရင်ခုန်တတ်သူတွေပါ။ သူများနဲ့ တူညီနေတာကို မနှစ်သက်ဘဲ၊ ရှားပါး Item တွေကို လိုက်စုဆောင်းရတာကိုက သူတို့ရဲ့ အမူအကျင့် ပါပဲ....
၆။ ထူးခြားဆန်းပြားသူ...
သူတို့ကတော့ သမရိုးကျ နာရီတွေကို မစုချင်တဲ့သူတွေပါ...
Design အရ၊ Color အရ၊ သုံးထားတဲ့ Materials အရ၊ Inspiration ယူထားတဲ့ Concept အရတစ်ခုခု ထူးဆန်းနေတာမျိုးကိုမှ စုဆောင်းချင်သူတွေပါ....
Citizen Ana-Digi Temp လို စက်ရုပ်မျက်နှာပုံစံ၊ Timex 1975 Enigma လို Mystery Dial တွေ၊ Orient ရဲ့ Retro Future Camera လိုမျိုး Concept အဆန်းအပြားတွေကိုမှ သဘောကျတဲ့သူတွေပါ။ သူတို့ရဲ့ နာရီဘူးကို ဖွင့်ကြည့်လိုက်ရင် ပြတိုက်တစ်ခုထဲ ရောက်သွားသလို ထူးခြားနေတတ်ပါတယ်....
၇။ တစ်လုံးတည်းနဲ့ အဆုံးသတ်ချင်သူ...
သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် Collector လို့ မခံယူပါဘူး။ "ဒီတစ်လုံးဝယ်ပြီးရင် တော်ပြီ၊ ထပ်မဝယ်တော့ဘူးကွ" လို့ အမြဲပြောလေ့ရှိသူတွေပါ....
ဘယ်နေရာသွားသွား၊ ဘာပဲဝတ်ဝတ် အကုန်လိုက်ဖက်တဲ့ All Rounder နာရီမျိုးကို အမြဲရှာဖွေနေတတ်ပါတယ်....
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အဲ့ဒီ နောက်ဆုံးတစ်လုံး ဆိုတာ ဘယ်တော့မှ မဆုံးဘဲ၊ သူတို့မှာ All Rounder နာရီတွေ အများကြီး ရှိနေတတ်ပါတယ်....😁
ကဲ... ညီကိုတို့ရော ဘယ်အမျိုးအစားထဲမှာ ပါနေလဲ? Comment မှာ ဝန်ခံသွားခဲ့ပါဦးနော်... 😉
ဘယ်လို Collector မျိုးရဲ့ ရင်ခုန်သံနဲ့ ဖြစ်ဖြစ် ထပ်တူကျမယ့် နာရီကောင်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ကျွန်တော်တို့ Time On You Showroom ကို လာရောက်လေ့လာဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျာ....
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
#နာရီဗဟုသုတ #နာရီ
19/06/2026
ကမ္ဘာပေါ်မှာ အလုံးရေ (၁,၈၀၀) သာ ရှိတယ်ဆိုပေမဲ့... ကိုယ့်အတွက်တော့ တကယ့် တစ်လုံးတည်းသော နာရီ 🌌
𝐂𝐈𝐓𝐈𝐙𝐄𝐍 𝐀𝐓𝐓𝐄𝐒𝐀 𝐒𝐚𝐭𝐞𝐥𝐥𝐢𝐭𝐞 𝐖𝐚𝐯𝐞 𝐆𝐏𝐒 𝐅𝟗𝟓𝟎 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐄𝐝𝐢𝐭𝐢𝐨𝐧 (𝐂𝐂𝟒𝟏𝟎𝟕-𝟖𝟎𝐇)
စက်ရုံထုတ် နာရီတွေက တစ်လုံးနဲ့ တစ်လုံး ခွဲမရအောင် တူညီကြပေမဲ့... ဒီ 𝐂𝐈𝐓𝐈𝐙𝐄𝐍 𝐀𝐓𝐓𝐄𝐒𝐀 လေးကတော့ လုံးဝကို ကွဲထွက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ရှစ်ထောင့်ပုံစံ Bezel နဲ့ လက်ပတ်ကြိုးရဲ့ အလယ်လိုင်းလေးတွေကို Recrystallised Titanium လို့ခေါ်တဲ့ ပုံဆောင်ခဲ တိုက်တေနီယမ် နဲ့ အထူးဖန်တီးထားလို့ပါပဲ...
ဒီပစ္စည်းကို အပူချိန်ပြင်းပြင်းနဲ့ ဖုတ်ပြီး ပြန်အအေးခံလိုက်တဲ့အခါ သဘာဝတွင်းထွက် ကျောက်မျက်တွေလိုမျိုး Crystal Pattern လေးတွေ အလိုလို ပေါ်လာပါတယ်။ ဒီ Pattern တွေဟာ လက်ဗွေရာတွေလိုပဲ တစ်လုံးနဲ့ တစ်လုံး လုံးဝ မတူညီနိုင်ပါဘူး။ ဒါကြောင့် ကမ္ဘာပေါ်မှာ အလုံး ၁,၈၀၀ ပဲ ထုတ်တယ်ဆိုပေမဲ့၊ မိတ်ဆွေ ပိုင်ဆိုင်မယ့် နာရီက ကမ္ဘာပေါ်မှာ ဒီတစ်လုံးတည်း သာ ရှိတဲ့ Unique အဖြစ်ဆုံး နာရီ တစ်ခု ဖြစ်နေမှာပါ...
ဒီလို Recrystallised Titanium ရဲ့ Texture ကိုမှ Case နဲ့ Bracelet ရဲ့ Material ကတော့ Citizen ရဲ့ နာမည်ကျော် Super Titanium™ ကို Duratect DLC (Diamond-Like Carbon) နည်းပညာနဲ့ အနက်ရောင် Coating အုပ်ထားလို့ ဒီ Look နှစ်ခုက အတော်လေးကို Contrast ဖြစ်ပြီး လှပါတယ်...
ဒီဇိုင်းပိုင်းက အဲဒီလောက် မိုက်နေသလို နည်းပညာပိုင်းအရလည်း
Citizen ရဲ့ အမြင့်ဆုံး Movement ဖြစ်တဲ့ Cal. F950 ကို အသုံးပြုထားပြီး၊ ကမ္ဘာမြေပေါ်ကနေ ကီလိုမီတာ ၂ သောင်းအကွာမှာရှိတဲ့ GPS ဂြိုလ်တုတွေဆီကနေ time signal ကို ၃ စက္ကန့်အတွင်း ကမ္ဘာ့အမြန်ဆုံးနှုန်းနဲ့ လှမ်းဖမ်းပေးနိုင်ပါတယ်။ ကမ္ဘာ့ဘယ်နေရာရောက်ရောက် အတိကျဆုံး အချိန်ကို အလိုအလျောက် ချိန်ညှိပေးနေမှာပါ...
Eco-Drive စနစ်ဖြစ်လို့ ဘက်ထရီလဲဖို့ ခေါင်းရှုပ်စရာမလိုဘဲ အားအပြည့်သွင်းထားရင် Power Save Mode နဲ့ ၅ နှစ်တိုင်တိုင် အလုပ်လုပ်နိုင်ပါတယ်....
ဒါ့အပြင် Double Direct Flight စနစ်ပါဝင်လို့ Home Time နဲ့ Local Time ကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်ပါသေးတယ်...
Gunmetal Grey ကာလာ ဒိုင်ခွက်ပေါ်က အနုစိတ်ကျတဲ့ Finishing တွေ၊ Sapphire Crystal မှန်သားတွေနဲ့ 10 Bar Water Resistance တွေကလည်း ဒီနာရီရဲ့ Premium ဆန်မှုကို ပိုပြီး ပြည့်စုံသွားစေပါတယ်...
လာမဲ့ ဂျူလိုင်လမှာ ထွက်လာမှာ ဖြစ်ပြီးတော့ တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၂၆၀၀ ဝန်းကျင်လောက်တော့ ကျသင့်ပါမယ်....
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️Model: CC4107-80H (Worldwide Limited 1,800 pcs)
✔️Case/Band: Super Titanium™ with Duratect DLC (Recrystallised Titanium Bezel & Center Links)
✔️Case Diameter: 44.0 mm / Thickness: 13.7 mm
✔️Movement: Cal.F950 SATELLITE WAVE GPS (Eco-Drive)
✔️Power Reserve: 5 years on full charge (in power save mode)
✔️Glass: Sapphire glass with anti-reflective coating
✔️Features: World Time, 1/20 Sec Chronograph (24 Hrs), Perpetual Calendar, Double Direct Flight
✔️Water Resistance: 10 BAR
DISCLAIMER
We operate transparently as a reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ
19/06/2026
ဘက်ထရီ ခဏခဏ လဲရတဲ့ ဒုက္ခကနေ ဆယ်စုနှစ်တစ်ခုစာ ကင်းဝေးသွားစေမယ့် နာရီ... 🔋
𝐂𝐀𝐒𝐈𝐎 𝐀𝐌𝐖-𝟖𝟖𝟎𝐃-𝟑𝐀𝐕(𝐈𝐧𝐬𝐭𝐨𝐜𝐤)
နာရီတစ်လုံးဝယ်ပြီးရင် ဘက်ထရီကိစ္စကို ခေါင်းထဲကနေ လုံးဝထုတ်ထားချင်တဲ့ ညီအစ်ကိုတွေအတွက် 𝐂𝐚𝐬𝐢𝐨 ကနေ အကြမ်းခံဆုံးနဲ့ ယုံကြည်ရဆုံး နာရီ တစ်လုံးကို ဖန်တီးပေးလိုက်ပါပြီ...
𝐂𝐚𝐬𝐢𝐨 𝐀𝐌𝐖-𝟖𝟖𝟎𝐃 Series ဖြစ်တာကြောင့် ဘက်ထရီတစ်ခါ လဲထားရုံနဲ့ (၁၀) နှစ်တိတိ အသုံးခံမယ့် 10-Year Battery Life ကတော့ သူ့ရဲ့ အားသာချက်ပါ....
ဒီဇိုင်းပိုင်းမှာဆိုရင်လည်း Stainless Steel ကိုယ်ထည်နဲ့ကိုမှ ဒိုင်ခွက်ကို Analog နဲ့ Digital ပေါင်းစပ်ထားပြီး၊ အနက်ရောင် ဒစ်ဂျစ်တယ် နောက်ခံကိုမှ အစိမ်းရောင်လို ကာလာလွင်လွင်လေးသုံး ပေးထားလို့ အရမ်းလှပါတယ်...
ဒါ့အပြင် 50-meter water resistance ၊ World Time (29 Time Zones)၊ 1/100-sec Stopwatch၊ Countdown timer ၊ LED Light ၊ Calendar စတဲ့ လုပ်ဆောင်ချက်တွေ အစုံအလင် ပါဝင်ပါသေးတယ်...
ဒီလောက်ထိကို ပြည့်စုံတဲ့ နာရီကောင်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ ဒီ မော်ဒယ်လ် လေးကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ...
ဈေးနှုန်း - ငါးသိန်းဝန်းကျင်
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️Case size: 51.9 × 47 × 12 mm
✔️Weight: 154 g
✔️Case and bezel material: Stainless steel
✔️Band: Stainless Steel Band with One-touch 3-fold Clasp
✔️Water resistance: 50-meter water resistance
✔️Battery life: Approx. 10 years on CR2025
✔️Glass: Mineral Glass
✔️Features: World Time (29 time zones), 1/100-sec Stopwatch, Countdown timer, 3 daily alarms, Full auto-calendar, LED light (Amber), Telememo 30
DISCLAIMER
We operate transparently as a reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ
18/06/2026
Retro-Futuristic အငွေ့အသက်တွေနဲ့ ဂန္ထဝင် 𝐂𝐚𝐬𝐢𝐨 𝐕𝐢𝐧𝐭𝐚𝐠𝐞 လေး... 🕹️
𝐂𝐚𝐬𝐢𝐨 𝐕𝐢𝐧𝐭𝐚𝐠𝐞 𝐀𝟏𝟑𝟎𝐖𝐄𝐆𝐆-𝟏𝐀 (𝐈𝐧𝐬𝐭𝐨𝐜𝐤)
၈၀၊ ၉၀ ခုနှစ်တွေတုန်းက သိပ္ပံရုပ်ရှင်တွေထဲမှာ မြင်ဖူးခဲ့ရတဲ့ Retro-Futuristic ဆန်ဆန် Gadgety Look မျိုးကို သဘောကျတဲ့ ညီအစ်ကိုတွေအတွက်တော့ ဒီ 𝐂𝐚𝐬𝐢𝐨 𝐕𝐢𝐧𝐭𝐚𝐠𝐞 လေးက အကြိုက်တွေ့စေမှာ အသေအချာပါပဲ...
မြင်ရအတိုင်း ဒိုင်ခွက်ဒီဇိုင်းက အင်မတန် ဆန်းသစ်ပါတယ်။ LCD မျက်နှာပြင်ကို အပိုင်းတွေခွဲခြားထားပြီး၊ ဘယ်ဘက်အပေါ်ထောင့်မှာ Analog-style နဲ့ ပြသပေးထားပြီး၊ ညာဘက်အပေါ်မှာတော့ Function တွေကို Graphic လေးပါဝင်ပြီး၊ အောက်ဘက်မှာတော့ Digital Time ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြပေးထားတာ ဖြစ်ပါတယ်...
Gunmetal Color Case နဲ့ Stainless steel ကြိုးကို ပေါင်းစပ်ထားပြီး၊ ဒိုင်ခွက်ပေါ်က လိမ္မော်ရောင် အမီတ်လေးတွေကလည်း နာရီရဲ့ ရုပ်ထွက်ကို ပိုပြီး ထင်းထွက်သွားစေတာ ငြင်းမရတဲ့အချက်ပါ.....
40.5mm ပဲရှိတဲ့ Case Size နဲ့ 54g သာရှိတဲ့ အလေးချိန်ကြောင့် လက်ကောက်ဝတ်ပေါ်မှာ ပေါ့ပေါ့ပါးပါးနဲ့ အင်မတန် သက်သောင့်သက်သာ ရှိလှပါတယ်...
ညဘက် အချိန်ကြည့်ရလွယ်ကူစေမယ့် LED backlight၊ World Time ၊ 1/100-second Stopwatch နဲ့ Alarm စတဲ့ Function တွေလည်း အစုံအလင် ပါဝင်ပါသေးတယ်...
အသေးစိတ်ကို ရှုစားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Showroom မှာ ကိုယ်တိုင်လာရောက် ကြည့်ရှုဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျာ....
ဈေးနှုန်း - ငါးသိန်းကျော်
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️ Case size (L× W× H): 40.5 × 33.9 × 9 mm
✔️ Weight: 54 g
✔️ Case and bezel material: Resin / Chrome plated
✔️ Band: Stainless Steel Band (Black ion plated)
✔️ Water resistance: Water Resistant
✔️ Glass: Resin Glass
✔️ Display: LCD with analog-style clock display
✔️ Light: LED backlight (Amber)
✔️ World time: Multi Time (4 different cities), 31 time zones
✔️ Stopwatch: 1/100-second stopwatch
✔️ Timer: Countdown timer
✔️ Alarm: 5 daily alarms or one-time alarms
DISCLAIMER
We operate transparently as an reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ #ဖက်ရှင်
18/06/2026
မိုးရာသီ ရန်ကုန်မြို့ပြရဲ့ နေ့စဉ်ဘဝမှာ အဆင်ပြေဆုံး နာရီတစ်လုံး... 🌊
𝐂𝐚𝐬𝐢𝐨 𝐌𝐃𝐕-𝟏𝟎𝟕𝐃-𝟖𝐀𝐕 (𝐈𝐧𝐬𝐭𝐨𝐜𝐤)
Dive Watch တစ်လုံးရဲ့ အငွေ့အသက်ကို အပြည့်အဝလိုချင်တယ်၊ ခု မိုးရာသီ ရန်ကုန် မြို့ပြမှာ နေ့စဉ်ပတ်ဖို့ ရေစိုလည်းခံမဲ့ နာရီလိုချင်တယ်...
Dive Watch တွေရဲ့ ဈေးနှုန်းတွေကြောင့်လည်း လက်တွန့်နေတယ်ဆိုရင်... ငါးသိန်းခွဲဝန်းကျင်မှာ ဒီ 𝐂𝐚𝐬𝐢𝐨 လေးက ညီကိုတို့အတွက် အကောင်းဆုံး အဖြေတစ်ခုပါပဲ....
Water Resistance မီတာ ၂၀၀ အထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသလို၊ screw-lock case back နဲ့လာတာမို့ Professional Diver's Watch တွေရဲ့ အဆင့်ကိုမီတဲ့ နာရီတစ်လုံးလို့တောင် ပြောလို့ရပါတယ်....
Unidirectional Rotating Bezel နဲ့အတူ၊ Sporty ဖြစ်တဲ့ ရုပ်ထွက်ကို ပိုင်ဆိုင်ထားပေမဲ့လည်း Stainless Steel Bracelet နဲ့ တွဲဖက်ထားတာကြောင့် Classic ဆန်တဲ့ အသွင်အပြင်ကိုပါ တစ်ပြိုင်နက်တည်း ရရှိစေမှာပါ....
ခိုင်ခံ့မှု၊ စတိုင်လ်ကျမှု နဲ့ ပေးရတဲ့ ပိုက်ဆံနဲ့ ပြန်ရတဲ့ တန်ဖိုး ထိုက်တန်မှုတို့ကို ကြည့်ရင် အတော်ကို ပြီးပြည့်စုံတဲ့ နာရီလေးပါပဲ....
အသေးစိတ်ကို ရှုစားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Showroom မှာ ကိုယ်တိုင်လာရောက် ကြည့်ရှုဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျာ....
ဈေးနှုန်း - ငါးသိန်းခွဲဝန်းကျင်
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
🚛 ရန်ကုန်၊ မန္တလေးမြို့များကို ၃ ရက်အတွင်း၊ နယ်မြို့များကို ၅ ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ။
-------------------------------------------
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️Case size (L× W× H) 49.5 × 46.3 × 12.1 mm
✔️Weight 144 g
✔️Case and bezel material Stainless steel / Aluminum
✔️Band Stainless Steel Band
✔️Water resistance 200-meter water resistance
✔️Power supply and battery life Approx. battery life: 3 years on SR626SW
✔️Glass Mineral Glass
✔️Back plate Screw Lock Back
✔️Bezel features Anti-reverse Bezel
✔️Accuracy: ±20 seconds per month
✔️Analog: 3 hands (hour, minute, second)
✔️Date display
DISCLAIMER
We operate transparently as a reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ
18/06/2026
Diver Design ကို ဈေးသက်သက်သာသာနဲ့ ပတ်မယ်ဆိုရင်.....
𝐂𝐚𝐬𝐢𝐨 𝐌𝐓𝐃-𝟏𝟐𝟓𝐃-𝟏𝐀𝟑𝐕 (𝐈𝐧𝐬𝐭𝐨𝐜𝐤)
Dive Watch ဒီဇိုင်းတွေကို သဘောကျပေမဲ့ ဈေးအရမ်းကြီးတာတွေ မဝယ်ချင်သေးဘူး...
နေ့စဉ်ပတ်ဖို့ ၊ ခပ်ကြမ်းကြမ်းပတ်ဖို့၊ ခုလိုမိုးတွင်းနဲ့ ကိုက်ညီမဲ့ နာရီတစ်လုံး ရှာနေတယ်ဆိုရင်တော့ ဒီ 𝐂𝐚𝐬𝐢𝐨 လေးက အကောင်းဆုံး ရွေးချယ်မှုပါပဲ...
အနက်ရောင် ဒိုင်ခွက်ပေါ်မှာ ထင်ရှားပြတ်သားတဲ့ လက်တံတွေ၊ အမှတ်အသားတွေနဲ့ ဖွဲ့စည်းထားတဲ့ Marine sports design ကို အခြေခံထားတာမို့ ပင်လယ်ရေပြင်ရဲ့0 အငွေ့အသက်ကို ခံစားရစေမှာပါ....
Diver Watch တွေရဲ့ ဝိသေသတစ်ခုဖြစ်တဲ့ Anti-reverse Bezel ပါဝင်လာလို့ ရုပ်ထွက်က ပိုပြီး Tough ဖြစ်သလို Sporty Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်...
စွမ်းဆောင်ရည်ပိုင်းမှာလည်း 100-meter water resistance အထိ ရတာမို့ မိုးမိတာ၊ လက်ဆေးရင်း ရေစင်တာလောက်ကတော့ အေးအေးဆေးဆေးပါပဲ....
Case size ကတော့ 46.5mm အထိရှိပြီး Stainless Steel ကြိုးနဲ့ တွဲဖက်ထားတာမို့ လက်ပေါ်မှာတော့ Presence တစ်ခုကိုပြနိုင်ပါတယ်....
အသေးစိတ်ကို ရှုစားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Showroom မှာ ကိုယ်တိုင်လာရောက် ကြည့်ရှုဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျာ....
ဈေးနှုန်း - ခြောက်သိန်းကျော်
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️ Case size (L× W× H): 46.5 × 45.6 × 10.4 mm
✔️ Weight: 122 g
✔️ Case and bezel material: Stainless steel / Resin / Aluminum
✔️ Band: Stainless Steel Band (One-touch 3-fold Clasp)
✔️ Water resistance: 100-meter water resistance
✔️ Glass: Mineral Glass
✔️ Bezel features: Anti-reverse Bezel, Timer Bezel
✔️ Accuracy: ±20 seconds per month
✔️ Other features: Day and date display (English and Spanish)
DISCLAIMER
We operate transparently as an reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ
17/06/2026
ခေတ်အဆက်ဆက်ရဲ့ လွမ်းမောဖွယ်ရာ Coca-Cola ရဲ့ (၁၄၀) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ G-SHOCK နဲ့ Collaboration လုပ်ထားတဲ့ မော်ဒယ်လ်...
𝐆-𝐒𝐇𝐎𝐂𝐊 𝐂𝐨𝐜𝐚-𝐂𝐨𝐥𝐚® 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐌𝐨𝐝𝐞𝐥 𝐆𝐀-𝟐𝟏𝟎𝟎𝐂𝐂-𝟑𝐀
၁၈၈၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Coca-Cola ဟာ အခု ၂၀၂၆ မှာဆိုရင် နှစ်ပေါင်း (၁၄၀) တိုင်ခဲ့ပါပြီ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ သမိုင်းမှတ်တိုင်ကို ဂုဏ်ပြုဖို့အတွက် ကမ္ဘာ့အကြမ်းခံဆုံး နာရီ G-SHOCK နဲ့ ကမ္ဘာ့အကျော်ကြားဆုံး အချိုရည် Brand တို့ ပူးပေါင်းပြီး နာရီတစ်လုံး ကို ဖန်တီးလိုက်ပါတယ်....
ဒီနာရီလေးကို မြင်လိုက်တာနဲ့တင် ရင်းနှီးနေတဲ့ ခံစားချက်ကို ရစေမှာပါ။ ဘာလို့လဲဆိုတော့... သာမန်အရောင်တွေ မသုံးဘဲ Coca-Cola ဖန်ပုလင်းဖြစ်တဲ့ Contour Bottle ရဲ့ အစိမ်းဖျော့ဖျော့ မှန်ရောင်လေးကို အခြေခံပြီး Translucent Bezel နဲ့ Band အဖြစ် အသက်သွင်းထားလို့ပါပဲ.....
အတိတ်က ဖန်ပုလင်းအေးအေးလေးကို ကိုင်သောက်ခဲ့ရတဲ့ Nostalgic Feeling ကို လက်ကောက်ဝတ်ပေါ်မှာ အပြည့်အဝ ပြန်ရစေမှာပါ....
ဒီဇိုင်းကတော့ G-SHOCK တွေရဲ့ လူကြိုက်အများဆုံး GA-2100 စီးရီးကို အခြေခံထားကြီးဝောာ့ Detail ပိုင်းတွေကို တချက်ကြည့်ရင်...
၉ နာရီနေရာက Date indicator လက်တံလေးကို Coca-Cola ပုလင်းလေးရဲ့ ပုံစံလေး ဖန်တီးပေးထားပါတယ်....
Dial အောက်ခံမှာလည်း ကိုကာကိုလာ ရဲ့ ကာလာလေးတွေ၊ အမြှုပ်လေးတွေနဲ့ ပုံဖော်ထားပါတယ်....
နောက်ကျောဘက် Case back မှာဆိုရင်လည်း ပုလင်းဖုံး ပုံစံလေးနဲ့ Coca-Cola Logo ကို အနုစိတ် ထွင်ပေးထားပါတယ်....
Material ကတော့ Eco-friendly ဖြစ်တဲ့ Bio-based resin ကို အသုံးပြုထားပြီး G-SHOCK ရဲ့ ထုံးစံအတိုင်း Shock Resistant နဲ့ 20 bar Water Resistant တွေကတော့ အပြည့်အဝ ပါဝင်ပါတယ်....
Packaging ကတော့ အနီရောင် Vending Machine ပုံစံ Special packaging လေးနဲ့ လာတာမို့... နာရီပတ်ဖို့တင်မဟုတ်ဘဲ အခန်းထဲမှာ အလှပြထားဖို့ Collector Item တစ်ခုအနေနဲ့ပါ အရမ်းကို တန်ဖိုးရှိပါတယ်....
ကမ္ဘာတစ်ဝှမ်းက Collector တွေ မျက်စိကျနေတဲ့ ဒီ Special Edition လေးလည်းဖြစ်တာကြောင့် မိတ်ဆက်ပေးလိုက်ရပါတယ်....
🛒 ဝယ်ယူရန်နှင့် စုံစမ်းရန်
◾Page Messenger
◾Phone: 09 976 199 116
Showroom လာရောက်ကြည့်ရှုရန်
🏠 အမှတ် ၂၇၊ အနီဃာလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗼𝗳 𝘁𝗵𝗲 𝘄𝗮𝘁𝗰𝗵
✔️Model: GA-2100CC-3A
✔️Collaboration: G-SHOCK x Coca-Cola® 140th Anniversary
✔️Case/Bezel Material: Bio-based resin
✔️Band Material: Bio-based resin (Transparent color)
✔️Features: Shock resistant
✔️Water Resistance: 20 bar water resistant
✔️Light: LED light (Easy to see in darkness)
✔️Packaging: Special packaging
DISCLAIMER
We operate transparently as a reseller. Our products are directly sourced from trusted domestic and international suppliers, and we sell only authentic watches through legitimate channels. We do not infringe upon any third-party intellectual property rights. Products appearing in photographs are exclusively intended for resale. The trademarks on the products are not our property. All Brand Logos, Brand Names, and Trademarks shown in our posts are exclusively owned by their respective owners. These are displayed solely to help customers easily identify and distinguish between different brands. All rights and credits belong to their respective owners.
#နာရီ #လက်ပတ်နာရီ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yankin
Yangon
11081