Simple Mechanic
reporter
"Pistons Rings and Connecting Rod installation to The Engine Block"
အင်ဂျင် block(ဘလောက်) နဲ့ ကောနက်တင်းရော့(connecting rod) ချိတ်ပုံအဆင့်ဆင့်ကို detail ကျကြီးတော့ မရိုက်လိုက်ရပေမယ့် ထည့်ပုံထည့်နည်း အဆင့်ဆင့်ကို ဗဟုသုတ အနေနဲ့မျှ ဝေပေးလိုက်ပါတယ်။
"Engine Block Crankshaft installation"
Crankshaft installing ကို step by step အတွေ့အကြုံတွေနဲ့တူ ဖော်ပြပေးလိုက်ပါတယ်..
သိလိုသမျှ comment မာ ဆွေးနွေးနိုင်ပါတယ်ဗျ။
p.s piston နဲ့ ring ထည့်ပုံကိုလာ ဆက်လက်တင်ပေးပါအုံးမယ်
နောက်လဲ mechanical နဲ့ဆိုင်တာတွေ အတွေ့အကြုံတွေကို ဆက်လက်မျှဝေသွားပါအုံးမယ်။
How Diesel Engine work with 4 storkes circle!
◇ ဒီဇယ် engine မီးပေါက်စဥ် 4 ချက်နဲ့ အလုပ်လုပ်ပုံ!
vedio source from youtube
05/04/2023
Exhaust pipe က ထွက်တဲ့ မီးခိုးအရောင် ကို ကြည့်ပြီး အကြမ်းဖျင်း ပြသာနာကို ခန့်မှန်းနိုင်မယ့် နည်းလေးတွေ ဖြစ်ပါတယ်။
photo source from
15/03/2023
"Importance of Facing"
Page ကို ရပ်ထားတာ ကြာပြီဖြစ်လို့ ပြန်စတဲ့အနေနဲ့ Mechanical လောကမာ အရေးပါဆုံးထဲက တခုဖြစ်တဲ့ Facing(မျက်နှာပြင်) အကြောင်းကို sharing လုပ်ချင်ပါတယ်။
Fresh graduate , under graduate တော် တော်များက မျက်နှာပြင်ရဲ့ အရေးပါမှူကို သတိမမူမိကြတာ များပါတယ်။Engine တလုံးလုံးမာတင်မက head နဲ့ block ချိတ်ဆက်တဲ့ချိန်မာတောင်
မျက်နှာပြင်က အရေးပါလှပါတယ်။ထို့ကြောင့် မျက်နှာပြင်မချိတ်ဆက်ခင် မျက်နှာပြင် ညီညာမှူရှိမရှိ စစ်ဆေးကြရပါတယ်။ထိုနည်းတူ Engine oil case,Typing cover အစရှိသဖြင့် bearing တွေကအဆုံး မျက်နှာပြင်များကို စစ်ဆေးကြရပါတယ်။မဟုတ်ရင် facing မညီမညာမှုတွေကြားက Pressure leakage တွေဖြစ်လာနိုင်ပြီး လိုအပ်တဲ့ engine oil တွန်းအားတွေ မရရှိတာ အစရှိသကဲ့သို့ ပြသာနာတွေ ဖြစ်လာနိုင်ပါတယ်။မျက်နှာပြင်စစ်ဆေးပြီးနောက် bolt တွေရဲ့ တင်းအားက အရေးပါတဲ့ကဏ္ဠတခုဖြစ်လာပါတယ်။bolt တိုင်းကို တင်းအား တူညီစွာ ထားရှိရမာ ဖြစ်ပြီး ထိုမှသာ မျက်နှာပြင်တိုင်းကို ထိရောက်စွာ ကပ်ချိတ်နိုင်မာ ဖြစ်ပါတယ်။ Bolt nut ဆွဲတဲ့အကြောင်းကို ကြုံရင် အသေးစိတ်ရှင်းပြပါအုံးမယ်။အခုတော့ မျက်နှာပြင်(facing)အရေးပါပုံ အကြောင်း အနည်းငယ် တီးမိခေါက်မိလောက်ပြီလို့ ထင်ပါတယ်။
နောက်လည်း Mechanicalနဲ့ဆိုင်တာတွေ ဆက်လက်မျှဝေသွားပါအုံးမယ်။
photo source from internet
14/09/2022
မထင်ထားတဲ့ကြန့်ကြာမှုတွေက "သဘာ" ကို မွေးထုတ်ပေးကြပါတယ်။ XD
12/07/2022
" Inspection And Micrometer"
ဒီတခါမှာတော့ ရပ်ထားတာ ကြာပြီဖြစ်တဲ့ ဒီ sharing ကို ပြန်လည်စတင်တော့မာ ဖြစ်ပါတယ်။ပြန်စတဲ့အနေတဲ့ Engine ပြန်လည်ပြုပြင်ခြင်း အပိုင်းမာ အရေးပါဆုံး ဖြစ်တဲ့ တိုင်းထွာခြင်းအကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ်။တိုင်းထွာတယ်တာ ပြန်သုံးလို့ ရမရ ဆုံးဖြတ်မယ့်သဘောဖြစ်ပါတယ်။တိုင်းတာမှုအနေနဲ့ Engine block(Housing),Piston, Crankshaft စသည်သဖြင့် တိုင်းထွာရပါတယ်။ဘာကို တိုင်းတာသလဲဆိုတာကို အကျယ်တဖွင့်ရှင်းပြရရင် လုံးပတ်ကို တိုင်းတာဖြစ်ပါတယ်။ဥပမာ Connecting rod နဲ့ Crankshaft ဆက်တဲ့နေရာမာ အသုံးပြုပါများလေလေ ပွတ်တိုက်မှုကြောင့် ပုံစံပျက်လာတာ ပါးလာတာတွေရှိတတ်ပါတယ်။ဒါ့ကြောင့် Crankshaft ရဲ့ Piston နဲ့ချိတ်ဆက်တဲ့နေရာကို standard size အတိုင်းရှိမရှိ စစ်ဆေးပေးရပါတယ်။ကျန်တဲ့လိုအပ်တဲ့နေရာတွေကိုလည်း ထို့အတူစစ်ဆေးရမာဖြစ်ပါတယ်။ စစ်ဆေးရာမာ ကျွန်တော်တို့ micrometers တွေကို အသုံးပြုကြပါတယ်။အသုံးပြုတဲ့ micrometers အချို့ကို ပြပေးထားပါတယ်။ထို micrometer တွေရဲ့ အသေးစိတ်ကိုတော့ နောက်မှ ထပ်ရှင်းပြပါအုံးမယ်။
နောက်လည်း Mechanical နဲ့ဆိုင်တာတွေ ထပ်မံမျှဝေသွားပါအုံးမယ်။
Photo source from internet
13/12/2021
ဒီတခါမှာတော့ Mitsubishi ဂျပန်မီးစက်တစ်လုံး နှိုးမရတော့လို့သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဖြေကတော့ engine head ရေလိုင်း Gasket ပေါက်ပြီး ရေလိုင်းကနေ Chamber ထဲရော နေရာစုံ ရေတွေဝင်သွားတာပါဖြစ်ပါတယ်။Typic တွေလည်း တော်တော်ဟနေတာဖြစ်လို့ အပေါ်ခြမ်းကိုင်ပြီး ပြန်လည်တပ်ဆင်ပေးခဲ့ပါတယ် ။ပြောပြချင်တာကတော့ engine တလုံးကို စစ်ရင်' ဆီ လေ မီး' ဆိုတာကို အဓိက ထားပြီး တဆင့်ချင်းဆီ အဖြေကို ရောက်အောင် သွားတာဘဲ ဖြစ်ပါတယ်။(ဥပမာ ဆီဆို ဆီနဲ့ပက်သက်တာတွေ oil pump oil filter etc , လေဆို air cleaner , မီးဆို heat plug အဲ့လိုမျိုး စစ်သွားပြီး အဖြေကိုရှာကြရပါတယ်)။
06/10/2021
"Timing and Type"
ဒီတခါမာတော့ Engine ရဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ Timing အကြောင်း အကျဥ်းချုပ်ပြောပြချင်ပါတယ်။ Timing လို့ပြောတဲ့နေရာမာ အရေးကြီးတဲ့ မီးပေါက်စဥ် (firing order)ကို မေ့ထားလို့မရပါဘူး။Combustion Chamber ထဲမာ မီးပေါက်ကွဲဖို့အတွက် Disel engine ကို ဥပမာအနေနဲ့ ပြောရရင် ဆီ လေ မီး ဆိုပြီး ၃မျိုးလိုပါတယ်။ တိကျတဲ့အချိန်မာ ဆီကို Nozzle ကနေ ပစ်ပေးကပြီး heat plug ကနေ မီးပွင့်ပေးကမာဖြစ်ပါတယ်။ဒါတွေအကုန်လုံးကိုတော့ engine ရဲ့ တဖက်မာ ထိန်းချုပ်ထားပါတယ်။အဲ့မာ Type အတွက် နည်းနည်း ပြောပြချင်ပါတယ်။ Belt type နဲ့ Pinion type ဆိုပြီး ၂မျိုးရှိပါတယ်။ခြားနားချက်ပြောရမယ်ဆိုရင် belt type မာ Camshaft က Overhead Cam ဖြစ်ပြီးတော့ Penium type မာတော့ Camshaft က Engine Block ထဲမာ ဖြစ်ပါတယ်(ဒီအကြောင်းတွေကို နောက်တခါ အသေးစိတ်ရှင်းပြပေးပါ့မယ်)။Timing အကြောင်းပြန်ဆက်ကရင် Timing ချိန်ဖို့အတွက် Belt သို့ Pinion ကိုယ်စီမာ အမှတ်အသားတွေပါပြီးသားပါ။ ပြန်တပ်ရင် ထိုအမှတ်တွေနဲ့ ပြန်တပ်နိုင်ပါတယ်။ဒါမဲ့ တချို့ အမှတ်မပါတဲ့ဟာတွေ ကိုယ့်ဘာသာဆင်ချင်တဲ့ဟာတွေဆိုရင်တော့ Firing order က အဓိက ကျောရိုးဖြစ်မာ အသေအချာပါဘဲ(Firing order နဲ့ Timing ချိန်တဲ့အကြောင်းကိုလဲ နောက်အသေးစိတ်ရှင်းပြပါအုံးမယ်)။ဒါတွေကတော့ Timing အကြောင်းအကျဥ်းချုပ်ဖြစ်ပါတယ်။မြင်လိုက်ရင် နည်းနည်းပါးပါးသိတယ်ဆိုတဲ့ အတွေးလေးရသွားရင်ကို ကျေနပ်အားရရပါတယ်။
နောက်လည်း Mechanical နဲ့ပက်သက်တာတွေကို ဝေမျှသွားပါအုံးမယ်။
01/10/2021
စိတ်ကြိုက်ဝယ်ပါ လမ်းလယ်မာ ထိုးရပ်ပေးပါ့မယ်🤣
Crd soure Mechanic and Car Memes
24/09/2021
ဒီတခါမာတော့ Mechanical ကျောင်းသားတွေ မသိသလောက်မရှိတဲ့ software တွေ ဖြစ်တဲ့ Autocad နဲ့ Solidwork software installation file တွေကို ဝေမျှပေးသွားပါမယ်။အကုန် Crack version ဖြစ်တဲ့အတွက် install လုပ်ရင် microsoft defender , anti virus နဲ့ အင်တာနက် တို့ကို ပိတ်ထားသင့်ပါတယ်။
Autocad : https://www.facebook.com/groups/3085993624766609/permalink/4501290959903528/
SolidWorks :
https://www.facebook.com/groups/3085993624766609/permalink/4506948346004456/
22/09/2021
Piston Rings And Rings Compressor
Combustion Chamber ထဲမာ pistonက လေကို ကျစ်တဲ့အခါ ပိုမို လုံပြီး ကျစ်အားကောင်းစေဖို့အတွက် ကဏ္ဠမာ rings တွေက ပါဝင်လာပါတယ်။ ပုံမှန် အနေနဲ့ piston တလုံးမာ rings ၃ကွင်းပါရှိပြီး ပထမဆုံး piston head နဲ့အကပ်ဆုံး rings ကို Compression ring လို့ခေါ်ပါတယ်။ ကျစ်နေတဲ့အချိန် ring ဟာ ကျယ်လာပြီး Engine Sleeve နဲ့ piston ကြား clearence နည်းအောင်လုပ်ပေးခြင်းဖြင့် ကျစ်အားပိုကောင်းအောင် ပံ့ပိုးပေးပါတယ်။ တတိယ ring ကို oil ring လို့ခေါ်ပြီး အင်ဂျင်ဝုင်တွေကို chamber ထဲမရောက်အောင် ကာပေးတာ ဖြစ်ပါတယ်။ ဒုတိယring ကတော့ ၂ဖက်လုံးအတွက် အရံဖြစ်ပါတယ်။ ဆီခြစ်လို့လည်းခေါ်ကြပါတယ်။ fisrt ring မလုံတော့ရင် Second ring အလုပ်လုပ်ပေးပြီး တတိယ ring က ကျွံလာတဲ့ ဆီတွေကို ခြစ်ချပေးပါတယ်။Rings ကဏ္ဠက အရေးပါပြီး ring တွေတပ်ရင် ring plier ကို အသုံးပြုကြပါတယ်။ကျိုးသွားရင် တစ်ချောင်းထဲ ပြန်ဝယ်မရဘဲ အစုံလိုက်တစုံလုံးပြန်ဝယ်ရတဲ့အတွက် သတိထားကိုင်တွယ်ဖို့တော့လိုအပ်ပါတယ်။Ringထည့်ပြီးသား piston ကို engine sleeve ထဲထည့်မယ့်ချိန်ကျရင်တော့ Ring Compressor ဆိုတဲ့ ကရိယာကို အသုံးပြုကြပါတယ်။ Rings တွေ ကဏ္ဠဟာလည်း အရေးကြီးပြီး rings တွေပျက်တယ်ဆိုရင်တော့ ပြင်ပ လက္ခဏာတွေအနေနဲ့ မီးခိုး အဖြူရောင်ထွက်တာတို့ speed ကျသွားတာတို့ ဖြစ်လာတတ်ပါတယ်။အင်ဂျင်ဝိုင်တွေ Chamber ထဲမာ လိုက်ပေါက်ကွဲကုန်တာကြောင့်ပါ။ဒါကတော့ rings တွေအကြောင်း အကျဥ်းချုပ်ဖြစ်ပါတယ်။
နောက်လဲ mechanical နဲ့ပက်သက်တဲ့ သိသင့်တာတွေ ဝေမျှသွားပါအုံးမယ်။
Photo source from internet
Click here to claim your Sponsored Listing.
Category
Website
Address
Yangon