Movie Store
movie အသစ်များကိုအတတ်နိုင်ဆုံးfacebooklinkနဲ့? Movie and Vebio
03/06/2023
Oh Young Sim (2023) အပိုင်း ၁
တနင်္လာနဲ့အင်္ဂါကို ချိုချိုမြန်မြန်လေးဖြတ်သန်းဖို့အတွက် webtoon ကိုပြန်လည်ရိုက်ကူးထားတဲ့ drama အသစ်လေးလာပါပြီ။
ဇာတ်လမ်းအကျဉ်းလေးကတော့ .....
အိုယောင်းရှင်းဆိုတဲ့ ကောင်မလေးက ရသစုံရှိုးပီဒီတစ်ယောက်ဖြစ်ပေမယ့် လုပ်သမျှရှိုးတိုင်း ကြည့်ရှုသူနည်းပါးလွန်းလို့ ဖျက်သိမ်းခံနေရတဲ့သူတစ်ယောက်ပါ။
အလုပ်ပြုတ်ခါနီးနီးမှာ ရေတိုပရိုဂရမ်လေးတစ်ခုရလာတာကြောင့် နောက်ဆုံးအခွင့်အရေးအနေနဲ့ အဲဒီအစီအစဉ်အောင်မြင်ဖို့အတွက် သေသေကြေကြေကြိုးစားရတော့မယ့်အခြေအနေပါ။
အဲဒီအစီစဉ်အတွက် စွန့်ဦးတည်ထွင်ရေးသမားMark Wang ကို ဖိတ်ခေါ်လိုက်ပေမယ့်
တကယ်တော့ ဒီလူက ငယ်ငယ်က သူ့ကိုတစ်ဖက်သတ်ကြိတ်ချစ်နေခဲ့တဲ့ ဝမ်ဂယောင်းထယ်ဆိုတဲ့ ကောင်လေးဖြစ်နေပါတော့တယ်။
ဒီလိုသူတို့၂ယောက်ဆက်ဆံရေးကြားမှာ သူမရဲ့အချစ်ရေးပရိုဂရမ်လေးကရော အောင်မြင်သွားမလား….
သူမကို သဘောကျမိနေတဲ့ဂျူနီယာလေး အီချယ်ဒုံတစ်ယောက်ရော ကံကောင်းနိုင်ပါ့မလားဆိုတာကိုတော့
vedioထဲမှာစောင့်မျှော်အားပေးရင်းကြည့်ရှုပါ
စုစုပေါင်း ၁၀ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
Telegram Link
https://t.me/MgYeKyaw
02/06/2023
Back From the Brink ( 2023 )
ဒီတစ်ခါ CM Chinese Fanလေးတွေအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့…
နူးညံ့သိမ်မွေ့ပြီး ပြေပြစ်ချောမောလှတဲ့ အချစ်ကြီးတဲ့ နှစ်ပေါင်းထောင်ချီ မိစ္ဆာနဂါး ‘ထျန်းယောက်’အဖြစ် မင်းသား Neo Hou
ထက်မြက်သွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေး ‘ယန့်ဟွေ’အဖြစ် မင်းသမီး Zhou Ye
လနတ်သမီးပမာ လှပပြီးတော့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် ‘စုယင်’အဖြစ် မင်းသမီး Yang Rong တို
အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Back From The Brink ဆိုတဲ့ XianXia ကားလေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀က ထျန်းယောက်ဟာ သူ ချစ်ရသူဖြစ်တဲ့
ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် စုယင် သစ္စာဖောက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နဂါးအကြေးခွံတွေ
နဂါးအရိုးတွေအပါအဝင် ခန္ဓာကိုယ်ရော ဝိညာဉ်ရော အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီးတော့
အရပ်လေးမျက်နှာမှာ တံဆိပ်ခတ်ချုပ်နှောင်တာကို ခံလိုက်ရတယ်…
ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်လာခဲ့တယ်…
အဲ့ဒါနဲ့ သူက ရွာတစ်ရွာက ရေကန်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ သူ့ရဲ့ နဂါးအရိုးကို ခံစားမိပြီးတော့
မလွဲသာတဲ့ အခြေအနေကြောင့် ကလေးယောကျာ်းလေးထဲ ဝင်ပူးပြီး
နဂါးအရိုးကို ပြန်ယူဖို အခွင့်အရေးကို စောင့်နေခဲ့တယ်…
အဲ့ဒီနောက် အမှားကို ကျူးလွန်မိလို ဆရာ့ဂိုဏ်းကနေ မောင်းထုတ်ခံလိုက်ရတဲ့ ယန့်ဟွေနဲ့
အချစ်ကြောင့် စိတ်ဒဏ်ရာရထားတဲ့ ထျန်းယောက်တို ဆုံတွေ့သွားကြတဲ့ အခါမှာ
ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဖြစ်လာမလဲ
ယန့်ဟွေမှာ နှလုံးကို ကာကွယ်ပေးတဲ့ နဂါးအကြေးခွံကို ပိုင်ဆိုင်ထားမှန်း
ထျန်းယောက် မတော်တဆသိသွားတဲ့အခါမှာအမှတ်တံဆိပ်ခတ် ချုပ်နှောင်ခံထားရတဲ့
သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်ယူဖိုအတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီး
ယန့်ဟွေကို နည်းပေါင်းစုံနဲ့ အတင်းအကြပ် ကူညီစေခဲ့တဲ့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ
အဲ့ဒီ အစွမ်းအစကို ပိုင်ဆိုင်ထားတဲ့ ယန့်ဟွေကရော ထျန်းယောက်ရဲ့ အသုံးတော်ခံဖြစ်ပြီးတဲ့နောက်မှာ
ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ…ခန္ဓာကိုယ်အစိတ်အပိုင်း ရှာပုံတော် ခရီးစဥ်တစ်လျှောက်
တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်လာတဲ့အခါမှာ ဘယ်လိုရင်ခုန်စရာ အခိုက်အတန့်လေးတွေဖြစ်လာမလဲ…
စုယင်နဲ့ ယန့်ဟွေရဲ့ ဆရာဖြစ်သူ လင်ရှောင်းတိုကြားမှာရော ဘယ်လိုပတ်သက်မှုတွေ ရှိနေမလဲ
ချစ်သူရဲ့ သစ္စာဖောက်မှုကြောင့် အေးစက်သွားတဲ့ မိစ္ဆာနဂါးကြီးရဲ့ နှလုံးသားကို နေမင်းပမာ
နွေးထွေးတဲ့ မိန်းကလေးက ဘယ်လိုအရည်ပျော်သွားအောင်လုပ်မလဲ…
ချစ်ခြင်းမေတ္တာ၊ အမုန်း၊ ရန်ငြိုး၊ ကလဲ့စားဘာညာ ခွေးသွေးအစုံပလုံအပြင် ဟာသလေးတွေ နှောပြီး
ခွေးစာအချိုတွေလည်း ရှယ်ကျွေးမဲ့ ရသပေါင်းစုံ ခံစားရမဲ့ XianXiaကားလေးကိုတော့
CMကနေ စောင့်မျှော် ကြည့်ရှု အားပေးကြပါဦးနော်
Telegram Link
https://t.me/MgYeKyaw
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Movie Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.