Level Up Marketing Group
Established in 2020, Level Up Marketing Group is a Yangon-based marketing agency specializing in omnichannel marketing solutions for businesses in Myanmar.
Their approach crafts cohesive brand experiences across SEO, social media, and digital channels.
16/06/2026
ဘာကြောင့် Video တွေက ပုံရိပ် (Images) တွေထက် ရလဒ် ၃ ဆ ပိုကောင်းနေရတာလဲဆိုတာကို သိချင်ကြလားဗျ? 🎬✨
ဒီနေ့ခေတ် Social Media သုံးစွဲသူတွေဟာ ငြိမ်နေတဲ့ပုံတွေထက် လှုပ်ရှားမှုရှိတဲ့ Video တွေကို ပိုပြီး အာရုံစိုက်ကြပါတယ်။ Video ဟာ ကိုယ့်လုပ်ငန်းရဲ့ အကြောင်းအရာကို စက္ကန့်ပိုင်းအတွင်းမှာ ပိုမိုနားလည်လွယ်စေပြီး ယုံကြည်မှုကိုလည်း မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်လို့ပါ။
အမြင်လှရုံတင်မဟုတ်ဘဲ အရောင်းတက်စေမယ့် Video နဲ့ပတ်သတ်တဲ့ Strategyတွေကို သေချာချမှတ်ထားဖို့ လိုအပ်ပါတယ်။ ပုံတစ်ပုံက အချက်အလက်တစ်ခုကိုပဲ ပေးနိုင်ပေမယ့် Video ကတော့ ကိုယ့်လုပ်ငန်းရဲ့ စိတ်ခံစားမှုနဲ့ တန်ဖိုးကို Customer ဆီ အရောက်ပို့ပေးနိုင်ပါတယ်ဗျ။
ကိုယ့်လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းဖို့ Video Marketing ကို အသုံးချချင်တယ်ဆိုရင် Level UP ကအသင့်ရှိနေပါတယ်ဗျာ။ 🚀
11/06/2026
စျေးကွက်ထဲမှာ အောင်မြင်ဖို့ဆိုတာ အမြဲတမ်း လှုပ်ရှားရုန်းကန်နေဖို့ထက် အခွင့်အရေးကောင်းကို စောင့်တတ်ဖို့က ပိုအရေးကြီးပါတယ်။ 💡
ကိုယ့်လုပ်ငန်းအတွက် အကောင်းဆုံးရလဒ်ရဖို့ဆိုရင်
✅စျေးကွက်ရဲ့ အခြေအနေကို သေချာစောင့်ကြည့်တယ်၊
✅Customer တွေရဲ့ လိုအပ်ချက်ကို လေ့လာတယ်၊
✅ပြီးမှ အချိန်ကိုက် တိတိကျကျ လုပ်ဆောင်တတ်ကြပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ ဘတ်ဂျက်နဲ့ အချိန်တွေ မဖြုန်းတီးရအောင် စနစ်ကျတဲ့ အချက်အလက်တွေနဲ့ အခွင့်အရေးကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ Level UPက အသင့်ရှိနေပါတယ်ခင်ဗျာ။
အချိန်အခါမဟုတ်ဘဲ အော်ဟစ်နေတာထက် အချိန်တန်ရင် တစ်ချက်တည်းနဲ့ အောင်မြင်အောင် လုပ်ဆောင်တာကမှ စစ်မှန်တဲ့ Marketing ပါ။
စနစ်ကျတဲ့ စောင့်ကြည့်မှု၊ တိကျတဲ့ လုပ်ဆောင်မှုနဲ့အတူ အနိုင်ယူဖို့ ကျွန်တော်တို့နဲ့ အတူ ပြင်ဆင်လိုက်ပါ။ 🚀
ချစ်ရသော Client တွေ ပြောနေကြ စကားလေးတစ်ခွန်း 🥺😂
07/06/2026
လူတိုင်းလုပ်နေကြတဲ့လမ်းနောက်ကိုပဲ လိုက်နေမယ်ဆိုရင် ကိုယ့်လုပ်ငန်းက လူအများကြားထဲမှာပဲ ပျောက်ကွယ်နေပါလိမ့်မယ်။ 💡
နည်းစနစ်ကျတဲ့ လုပ်ငန်းရှင်တွေက အများလုပ်သလို လိုက်လုပ်လေ့မရှိပါဘူး။ စျေးကွက်ကို သေချာသုံးသပ်ပြီး တခြားသူတွေမမြင်နိုင်တဲ့ ရှုထောင့်အသစ်ကနေ စနစ်ကျတဲ့ Strategy တစ်ခုကို ချမှတ်တတ်ကြပါတယ်။ အများနဲ့မတူဘဲ ထင်ပေါ်နေဖို့ဆိုတာ မှန်ကန်တဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။
ကျွန်တော်တို့ Level UP မှာတော့ ကိုယ့်လုပ်ငန်းရဲ့ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပေးပြီး ခိုင်မာတဲ့ ရလဒ်တွေရရှိအောင် အမြင်သစ်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
လူအများနောက်လိုက်နေတာကို ရပ်တန့်ပြီး ရှေ့ကနေ ဦးဆောင်သူဖြစ်ဖို့ ကျွန်တော်တို့နဲ့အတူ ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုပဲ dmကနေတစ်ဆင့် ဆက်သွယ်လိုက်ပါတော့ခင်ဗျာ။🚀
03/06/2026
Marketing လုပ်တဲ့အခါ... ပိုက်ဆံချည်းပဲ အများကြီးသုံးနေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ အဓိကက ခေါင်းသုံးဖို့ လိုတာပါ။ 🧠💡
ရမ်းသမ်းပြီး ကြော်ငြာနေမယ့်အစား၊ မှန်ကန်တဲ့ Strategy တစ်ခုရှိရင် သင့်ရဲ့ Budget တွေကို အများကြီး သက်သာစေပါတယ်။
သင့်ရဲ့ Product ကို Customer တွေဆီ အရောက်ပို့ဖို့အတွက်ဆိုရင် လိုအပ်တဲ့ "ခေါင်းစားရမယ့် အပိုင်းတွေ" ကို ကျွန်တော်တို့ဆီ လွှဲထားလိုက်ပါ။
✅ Creative Thinking: ဈေးကွက်ထဲမှာ ပေါ်လွင်နေစေမယ့် တွေးခေါ်မှုတွေ
✅ Strategic Planning: အလေအလွင့်မရှိဘဲ ရလဒ်ထွက်မယ့် နည်းဗျူဟာတွေ အတွက်
အချိန်တွေ အလဟဿ မကုန်ဆုံးစေဘဲ... အသေးစိတ်အချက်ကျကျ ဖန်တီးထားတဲ့ Marketing မျိုးကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့Level UPကို အခုပဲဆက်သွယ်လိုက်ပါဗျ။ 🎯
25/05/2026
Happy Birthday Our Boss Stephen!!🎂🎉
Level UPကို စပြီး တည်ထောင်ကတည်းက အခုချိန်ထိ Teamနဲ့အတူ အားသွန်ခွန်စိုက် အလုပ်ကြိုးစားပေးနေတဲ့ ကျွန်တော်တို့ရဲ့ CGO Ko Stephen Kyaw ရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို မိသားစုနဲ့အတူ ပိုင်ဆိုင်နိုင်ပါစေဗျာ။
ဘဝမှာ အောင်မြင်မှုတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပျော်ရွှင်မှုတွေ ပိုမိုတိုးပွားလာပါစေလို့လဲ ကျွန်တော်တို့ Level UP တစ်ဖွဲ့သားလုံးက ဆုတောင်းပေးလိုက်ပါတယ်ဗျ။
Level UP team ရဲ့ ထောက်တိုင်တစ်ခုအဖြစ်ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ၊ Team နဲ့အတူ Clientတွေရဲ့ Complainတွေကို အတူဖြေရှင်းပေးပါဦးလို့ပြောရင်း Happy Birthday Our Gemini Boss.!!🥳♊️
Client တွေကို ဘယ်လောက်ချစ်လဲဆိုတာ ကျွန်တော်တို့ရဲ့Group CGO က သက်သေပါပဲဗျာ😁
17/05/2026
Marketing ဆိုတာက လူတွေကို သင့်ဆီလာဖို့ ဖိတ်ခေါ်တာဖြစ်ပြီး၊ Branding ဆိုတာကတော့ သူတို့တွေကို သင့်ဆီမှာပဲ အမြဲရှိနေအောင် ဆွဲဆောင်ထားတဲ့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ 🤝
လုပ်ငန်းရှင်တော်တော်များများက "ဘာပစ္စည်းရောင်းမလဲ" ဆိုတာကိုပဲ အာရုံစိုက်တတ်ကြပေမဲ့၊ "ဘာကြောင့် ကိုယ့်brandဆီကပဲ ဝယ်သင့်တာလဲ" ဆိုတဲ့ အချက်ကို ပိုပြီး အလေးထားဖို့ မေ့နေတတ်ကြပါတယ်။
လူတွေရဲ့ ၈၀% ဟာ သူတို့မှတ်မိတဲ့ Brand တွေကိုပဲ ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။အဲ့ထဲမှာမှ ၅၀%လောက်က သူတို့ယုံကြည်ရတဲ့ Brand တစ်ခုအတွက်ဆိုရင် ဈေးနှုန်းပိုပေးဖို့ ဝန်မလေးကြပါဘူး။
Branding ဆိုတာ ဒီလိုယုံကြည်မှုကို တည်ဆောက်တဲ့ ဖြတ်လမ်းတစ်ခု၊တံတားတစ်ခုပါပဲ။သင့်လုပ်ငန်းကို လူတိုင်း ရွေးချယ်ချင်တဲ့ Brand တစ်ခုအဖြစ် ပြောင်းလဲဖို့ အသင့်ဖြစ်နေပြီဆိုရင်တော့ ကျွန်တော်တို့ Level Up ရဲ့ Message Box မှာ အခုပဲ လာရောက်ဆွေးနွေးလိုက်တော့နော်။✉️🚀
15/05/2026
Marketingလောကထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားလေးတစ်ခုက ဘာ direction မှမရှိဘဲ "Boost Post" ကို ဇွတ်နှိပ်ပြီး ကြော်ငြာနေတာပါပဲ။ တကယ်တမ်းကျတော့ ကိုယ့်အတွက် ရလဒ်ထွက်မလာဘဲ Zuckerberg ရဲ့ bank account ထဲက နံပါတ်တွေကို အလကားဖြည့်ပေးနေသလို ဖြစ်တတ်တယ်ဗျ။🧐
စနစ်တကျ Target မထားတဲ့ ကြော်ငြာတွေက အလှူငွေထည့်လိုက်သလိုပဲ ပြန်ရဖို့ကတော့ ကံတရားအပေါ်မှာပဲ မူတည်နေပါတယ်။ဒါကြောင့် Level UP မှာဆိုရင်တော့ အဲဒီလို အလဟဿမဖြစ်စေဘဲ ငွေတစ်ကျပ်တိုင်းကနေ ထိရောက်တဲ့ ရလဒ်ထွက်လာအောင် "strategy ကောင်း တစ်ခုရေးဆွဲပြီး သင့်ရဲ့ business ကို လူတွေသိလာအောင် ကူညီပေးနေပါတယ်။
သင့်ရဲ့ dollarတွေကို အလွန်အကျွံသုံးတာထက် လိုအပ်သလောက်ပဲ စနစ်တကျသုံးတာက ပိုပြီး အဆင့်အတန်းရှိစေတယ်ဆိုတာကို ယုံကြည်လိုကိပါဗျ။✉️🚀
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Myay Nu Street
Yangon
11111