Kone Si Express

Kone Si Express

Share

စူပါမားကတ်ပစ္စည်းပို့နှင့် အွန်လိုင်းဒယ်လီဗရီဝန်ဆောင်မှု့
Modern Trade Delivery for businesses and
Last-mile Delivery Service for e-commerce, online sellers

29/05/2026

🚚 မြန်ဆန် * စိတ်ချ * မှန်ကန် 🚚
KoneSi Express မှ လူကြီးမင်းတို့ရဲ့ ပါဆယ်များကို မြန် "ဆန်" မှန် "ကန်" စွာဖြင့် အရောက်ပို့ဆောင်ပေးနေပြီနော်။ ✨
Customer လေးတွေက Order 📦 တင်လိုက်တဲ့ အချိန်မှာ သူတို့လေးတွေ မစောင့်မျှော်တတ်တာက Order ပစ္စည်းတစ်ခုတည်း မဟုတ်ပါဘူး။

"မြန်မြန် ရောက်ပါ့မလား?" 🏃‍♂️💨
"ပစ္စည်းလေး အဆင်ပြေပြေ ရပါ့မလား?" 📦✨
"ထိခိုက်ပျက်စီးမှုတွေအတွက်ကော စိတ်ချရပါ့မလား?" 🤔🔒
ဆိုတဲ့ "ယုံကြည်မှု" တွေကိုပါ အတူတူ မျှော်လင့်စောင့်စားနေကြတာပါ။
ဒီလို တန်ဖိုးရှိတဲ့ ယုံကြည်မှုတွေကို မပျက်မကွက် ဖြည့်ဆည်းပေးနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ KoneSi Express အနေနဲ့ နေ့စဉ်နေ့တိုင်း အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါတယ်။
နေပူပူ 🌞 မိုးရွာရွာ ⛈️ ဘယ်လိုရာသီဥတုနဲ့ အခက်အခဲမျိုးမှာမဆို လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရပြီး အချိန်မှန်ကန်တဲ့ KoneSi Express က အမြဲတမ်း အသင့်ရှိနေမှာပါနော်။ 💪🚗
"Delivery ကောင်းမှ Customer ရဲ့ စိတ်ကျေနပ်မှုကို ရရှိစေမှာပါ။"
လူကြီးမင်းတို့ရဲ့ Customer များ ရာနှုန်းပြည့် စိတ်ကျေနပ်မှု ရရှိစေဖို့က KoneSi ရဲ့ ပထမဦးစားပေးမို့လို့ အခုပဲ ကျွန်မတို့နဲ့အတူ လက်တွဲလိုက်ပါနော်။ 🤝✨

20/05/2026

"မိုးလေးတဖြောက်ဖြောက်နဲ့ Ringtone သံလေး တစာစာ... ဒါပေမဲ့ လူကတော့ ထွက်မလာခဲ့ဘူး 🌧️📱"

မိုးရာသီအစရဲ့ အေးအေးလူလူ မနက်ခင်းလေးမှာ ကျွန်မတို့ Deli Man တစ်ယောက် အတွေ့အကြုံသစ်လေး ကြုံခဲ့ရတယ်ရှင့်။
ပါဆယ်သွားပို့တော့ ခြံရှေ့ကနေ ဖုန်းဆက်လိုက်တာ... အိမ်ထဲကနေ Customer ရဲ့ Ringtone သံကြီး က မိုးသံကိုဖောက်ပြီး ဟိန်းခနဲ ထွက်လာတာပဲ။ Deli Man လည်း "ဖုန်းသံကြားနေရပြီပဲ၊ မိုးစိုမှာစိုးလို့ အမြန်ထွက်လာတော့မှာပါလေ" ဆိုပြီး မျှော်နေတာပေါ့။
ဒါပေမဲ့ ဖုန်းက တစ်ခါခေါ်လည်း မကိုင်၊ နှစ်ခါခေါ်လည်း မကိုင်... အိမ်ထဲက Ringtone သံကြီးကတော့ ဖုန်းဆက်တိုင်း တစာစာ မြည်နေတုန်း။ ခြံပြင်မှာ မိုးဖွဲလေးတွေကြားထဲ Deli Man တစ်ယောက်တည်း အိမ်ထဲက Ringtone သံကို နားထောင်ပြီး ဘာလုပ်ရမှန်းမသိ အူကြောင်ကြောင်ကြီး ဖြစ်ကျန်ခဲ့ရတာပေါ့။ 😂

မိတ်ဆွေတို့ရော...
ဒီလို "ဖုန်းသံတော့ ပေးကြားတယ်၊ လူတော့ မလာဘူး" ဆိုတဲ့ Customer မျိုးတွေနဲ့ ကြုံဖူးကြလား? မိုးရွာထဲ ပါဆယ်သွားပို့ရတဲ့ Deli သမားတွေရဲ့ ဒီလို "အလွဲ" လေးတွေကိုရော ဘယ်လိုဖြေသိမ့်ပေးကြမလဲ?
Comment မှာ ပြောပေးခဲ့အုံးနော််

13/05/2026

"ရောင်းအားကောင်းလို့ Order တွေ များနေပေမဲ့... Delivery အခက်အခဲကြောင့် စိတ်ညစ်နေရပါသလား? 😟📦"
မပူပါနဲ့... KoneSi Express ရှိပါတယ်။ ✨
KoneSi မှာက Car Delivery စနစ်ကို အသုံးပြုတာဖြစ်လို့ ပါဆယ်တွေ Kg ဘယ်လောက်ပဲ များများ Way (ခေါက်ကြေး) ထပ်ခွဲစရာမလိုဘဲ တစ်ခါတည်းနဲ့ အပြီးပို့ဆောင်ပေးနိုင်ပါတယ်နော်။🚗💨kg အရပါဆယ်ထပ်ခွဲပေးစရာမလို‌တော့ Customer ပါဆယ်လက်ခံတဲ့အချိန်မှာလဲ ပစ္စည်းအားလုံးကို တစ်စုတစ်စည်းတည်း ရရှိနိုင်တော့ အဆင်ပြေဆုံးပါဘဲရှင်👍👍👍

ဒါကြောင့် ကျွန်မတို့နဲ့ လက်တွဲနေကြတဲ့ OS မိတ်ဆွေတွေကတော့ စိတ်အေးလက်အေးနဲ့ ရောင်းအားတက်ဖို့ပဲ အာရုံစိုက်နေကြရပါပြီ။ အခုမှ စတင်သိရှိမယ့် OS မိတ်ဆွေသစ်များအတွက်လည်း လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ ပြန်လည် Announce လုပ်ပေးလိုက်ပါတယ်ရှင့်။ 📢📢📢

ပါဆယ်အလေးအပင်တွေနဲ့ အထုတ်ကြီးတွေကို စိတ်ချလက်ချ ပို့ဆောင်ချင်တယ်ဆိုရင် အခုပဲ KoneSi Express ကို ဆက်သွယ်လိုက်ပါ!

☎️ 09960840101,09940827303

04/05/2026

We are hiring!
Delivery Operation Manager
(Male/Female- 1 post)

Job Description
- လုပ်ငန်း၏ Delivery operation process အလုံးစုံကို manage လုပ်နိုင်ရမည်
- Daily way လမ်းကြောင်းများကို စိစစ် ရေးဆွဲနိုင်ရမည်
- Operation process နှင့်ပတ်သတ်သော လိုအပ်ချက်များ ၊ လုပ်ဆောင်ချက်များကို အကြံပေးတင်ပြနိုင်ရမည်
- Service supplier များ၊ biker partners များကို ရုံး၏လိုအပ်ချက်နှင့်အညီ ကောင်းမွန်သော ရလာဒ်ကောင်းများ ရရှိနိုင်သည်အထိ ချိတ်ဆက်လက်တွဲလုပ်ကိုင်နိုင်ရမည်။
- Customer complaint အမျိုးမျိုးကို အချိန်နှင့်တပြေးညီ ပါးနပ်မြန်ဆန်ချောမွေ့စွာဖြေရှင်းနိုင်ရမည်
- On ground Delivery team အား စနစ်တကျ ကြီးကြပ်ပေးရမည်
- ပါဆယ်များ follow up လုပ်သည့် အပိုင်းတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည်
- Weekly, Monthly report များမှန်ကန်စွာ တင်ပြပေးရမည်

Requirements
- ဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်
- Operation ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ 2 နှစ်နဲ့ အထက်ရှိရမည်
- Delivery လုပ်ငန်းအားစိတ်ဝင်စား၍ အတွေ့အကြုံရှိသူ ပို၍ဦးစားပေးမည်
- တိကျ၍ စည်းစနစ်နှင့် လုပ်ကိုင်ရမည်
- လုပ်ငန်းနှင့်သက်ဆိုင်သည့် pressure ခံနိုင်ရမည်
- စာရိတ္တအထူး ကောင်းမွန်၍ စကားပြော ချိုသာပြေပြစ်ရမည်
- ရိုးသား၍ ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်
- Microsoft office (Word, Excel, PowerPoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်
- English အရေး၊ အဖတ် ကောင်းမွန်ရမည်
- အသက် 25 နှစ် မှ 35နှစ်အတွင်း ဦးစားပေးမည်

Location- Hlaing township
Office hours- Mon to Fri (09 am to 06:30 pm), Sat (work from home or if needed attend office half day)
Salary - Negotiate (depends on experienced)
Other benefits - incentive + ph allowance + ferry

ဆက်သွယ်လျှောက်ထားလိုပါက
Viber : 09979949994, 09961009977 သို့ Resume ပြည့်စုံစွာပေးပို့လျှောက်ထားနိုင်ပါသည်

* Shortlisted candidates များကိုသာ ဆက်သွယ်ပေးပါမည်

Photos from Kone Si Express's post 23/04/2026

KoneSi (ကုန်စည်)နဲ့ လက်တွဲရင် Os ကြီးများ
✅ မြို့ပေါင်းရာချီ အိမ်အရောက်ပို့ဝန်ဆောင်မှု့ ရနိုင်တယ်၊
✅ ရောင်းရသမျှ ပါဆယ်တိုင်း ရက်တိုတိုနဲ့ အိမ်အရောက်ပို့ရနိုင် (Lead time တိုတယ်)
✅ ငွေကောက်ပြန်ရှင်းမြန်ဆန်ပါတယ် (ကုန်စည်ရဲ့ ငွေစာရင်းပိုင်းက မြန်ဆန်တိကျပါတယ်)
✅ Pickup fee free (တခါကောက် 2 နေရာအထက်ပို့ရန်ရှိမှသာ pickup ခေါ်ပေးပါ)
✅ Return fee free (some parts of Ygn region parcels only)
✅ Skilled delivery men & opt backend team

ဆိုတော့ရောင်းအားတွေ တက်နေလို့ ပါဆယ်တွေ ပုံနေပြီလား?
အချိန်နဲ့ တပြေးညီ support ပေးနိုင်တဲ့ Pro team ရှိတယ်၊
ကားအသုံးပြုပို့ဆောင်ပေးလို့ ပါဆယ်သေးသေးကြီးကြီးကို ကုန်မရွှေးလက်ခံပို့ဆောင်ပေးတယ်၊
စျေးနှုန်းကိုလည်း မျှတအောင် တွက်ယူပေးတယ်
ကဲ ဘာလိုလဲ 😇 We’ve got you covered 🧡

လတ်တလောအခြေအနေတွေကြောင့် ပြောင်းလဲထားရတဲ့ ကျွန်မတို့ရဲ့ Update Pricing အသစ်တွေက OS တွေရော Os ရဲ့ customer တွေရော ပေးရတန်တဲ့စျေးဖြစ်အောင် ညှိနှိုင်းပေးထားလို့ Delivery အတွက်တော့ စိတ်ချလိုက်နော် 🧡

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုးတက်ဖို့ KoneSi Express က အကောင်းဆုံး မိတ်ဖက်ဖြစ်ပါရစေ။
ဈေးနှုန်းဇယားအသစ်ကို ပုံလေးတွေမှာ ကြည့်ရှုနိုင်သလို၊ ဝန်ဆောင်မှု့စတင်ဖို့ သိလိုသမျှကိုလည်း Chat box (သို့) vb/ph 09960840101, 09940827303 မှာ အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

17/04/2026

နှစ်သစ်မင်္ဂလာပါရှင် 😇
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့နှစ်ဆန်း (၁) ရက်နေ့ကစလို့ ၇ရက်သားသမီးအပေါင်းတစ်နှစ်ပတ်လုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး စီးပွါးဥစ္စာဒီရေအလားတိုးတက်ကာကောင်းကျိုးလိုအင်ဆန္ဒတွေနဲ့ ပြည့်စုံကြပါစေလို့ KoneSi express မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

10/04/2026

"အတာရေသဘင်နဲ့အတူ အေးချမ်းသာယာသော နှစ်သစ်ဖြစ်ပါစေ" 💦💦💦✨

ချစ်ခင်ရပါသော KoneSi Express ၏ မိတ်ဖက် OS (Online Shop) ပိုင်ရှင်များနှင့် လူကြီးမင်းတို့ရှင်...
မကြာမီ ရောက်ရှိတော့မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ကျွန်မတို့ KoneSi Express ရုံးချုပ်နှင့် နယ်ကိုယ်စားလှယ်ရုံးခွဲများကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည် -
📅 ရုံးပိတ်ရက် - ဧပြီလ (၁၁) ရက်နေ့ မှ ဧပြီလ (၁၉) ရက်နေ့အထိ
📅 ပြန်လည်ဖွင့်လှစ်မည့်ရက် - ဧပြီလ (၂၀) ရက်နေ့ (တနင်္လာနေ့)

နှစ်သစ်ဆုတောင်းလွှာ -💦💦💦
နှစ်ဟောင်းမှ အညစ်အကြေးများ အတာရေနှင့်အတူ စီးမျောပျောက်ကွယ်ပြီး၊ နှစ်သစ်မှာတော့ မိတ်ဆွေများအားလုံး စိတ်သစ်၊ လူသစ်နဲ့ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း KoneSi Express မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။🙏

31/03/2026

"ပါဆယ်တွေ တပုံကြီးနဲ့... အားလုံးဆီ အရောက်ပို့ဖို့ KoneSi ရဲ့ Hero တွေ အပြေးအလွှား ကြိုးစားနေပါတယ်။ 🚚📦"

လက်ရှိ စက်သုံးဆီ အခက်အခဲတွေ ကြားထဲကနေပဲ ကျွန်တော်တို့ KoneSi ရဲ့ Delivery Hero တွေဟာ မိတ်ဖက် OS ညီအစ်ကို မောင်နှမတွေရဲ့ ပါဆယ်ထုပ်တွေကို တစ်ထုပ်မှ မကျန်အောင်၊ အမြန်ဆုံးနဲ့ အကောင်းဆုံး ရောက်ရှိအောင် အားသွန်ခွန်စိုက် ကြိုးစားပို့ဆောင်ပေးနေပါတယ်ရှင့်။
ပါဆယ်အရေအတွက် များပြားနေတဲ့အတွက် အနည်းငယ် ကြန့်ကြာမှုလေးတွေ ရှိနိုင်ပေမဲ့၊ ကျွန်တော်တို့ရဲ့ ပို့ဆောင်ရေး လမ်းကြောင်းတိုင်းမှာ "အမြန်ဆုံး၊ အရောက်ဆုံး" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မနားမနေ လုပ်ဆောင်နေပါတယ်။
ယုံကြည်စွာနဲ့ ပါဆယ်တွေကို အပ်နှံပေးကြတဲ့ OS တွေနဲ့၊ စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြတဲ့ Customer တစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏✨ "အခုကာလမှာ ပါဆယ်တွေ မြန်မြန်ဆန်ဆန်နဲ့ စိတ်ချရအောင် ပို့ချင်တဲ့ OS တွေအနေနဲ့ KoneSi Express ကို အခုပဲ ဖုန်းဆက်သွယ်ပြီး ပါဆယ်အပ်နှံနိုင်ပါတယ်ရှင့်။ KoneSi ရဲ့ Hero တွေက အမြန်ဆုံး အရောက်ပို့ပေးဖို့ အဆင်သင့်ပါပဲ!"
☎️ ဆက်သွယ်ရန်ဖုန်း:09960840101,09940827303

09/03/2026

"နေပူထဲမှာ ဆီတန်းစီရင်း... လူကြီးမင်းတို့ဆီ အရောက်လာနေပါတယ်။ 🚚💨"

လက်ရှိ စက်သုံးဆီ အခက်အခဲတွေ ရှိနေပေမဲ့ KoneSi ရဲ့ ဝန်ဆောင်မှုကတော့ ရပ်တန့်မသွားပါဘူး။ လမ်းခရီး ကြန့်ကြာမှုလေးတွေ ရှိနိုင်ပေမဲ့ အချိန်မီရောက်အောင် အကောင်းဆုံး ကြိုးစား ပို့ဆောင်ပေးနေပါတယ်။ 📦✨

ပါဆယ်လက်ခံရရှိချိန်မှာ မြင်တွေ့ရမယ့် လူကြီးမင်းတို့ရဲ့ အပြုံးလေးတွေက ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ။ အခြေအနေအရ စိတ်ရှည်သည်းခံ စောင့်ဆိုင်းပေးကြတဲ့ Customer တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏🙏

12/02/2026

***(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်!👏👏
💫💫စည်းလုံးခြင်းရဲ့ အင်အားနဲ့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနေ့ကြီးကို ဒီနေ့မှာ ဂုဏ်ယူစွာနဲ့ ဖြတ်သန်းလိုက်ကြရအောင်ပါ။
🫂ကွဲပြားခြားနားတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး ချစ်ကြည်ရင်းနှီးစွာနဲ့ ရှေ့ဆက်နိုင်ကြပါစေလို့ **KoneSi** မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🤝သမိုင်းဝင် ဒီနေ့ထူးနေ့မြတ်မှာ မြန်မာပြည်သူ ပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာယာဝပြောတဲ့ လူမှုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်🙏🙏🙏

#ပြည်ထောင်စုနေ့

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 2, Aye Yiek Mon 1st Street, 3rd Ward, Hlaing Tsp
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 13:00