Student Rights Watch

Student Rights Watch

Share

ကျောင်းသားထုအခွင့်အရေး၊ ဒီမိုကရေစီပညာရေးနှင့် ဖိနှိပ်ခံပြည်သူလူထုဘက်မှ ရပ်တည်သည့် ဆောင်းပါးများ သတင်းများကို နေ့စဉ်တင်ဆက်နေပါသည်။

Photos from Student Rights Watch's post 28/03/2024

ဘုတလင်မြို့နယ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်စနစ် လှုပ်ရှားမှုပြုလုပ်

၂၈ မတ် ၊ SRW

ဘုတလင်မြို့နယ် တနေရာမှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၂၇ရက်နေ့မှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ "ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဉပဒေကိုဆန့်ကျင်ကြ" ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားပါတယ်။

Photos from Student Rights Watch's post 17/03/2024

ရန်ကုန်မှာ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြ
___________________________________

၁၇ မတ် ၊ SRW

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တဲ့ ပြောက်ကျားဆန္ဒပြ လှုပ်ရှားမှု တခုကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

'စစ်ကျွန်မခံနဲ့ရန်ကုန်သားတွေ' နဲ့ 'ရန်ကုန်သူပုန်များ' ဆိုတဲ့စာသားပါ ဘန်နာတွေကိုင်စွဲပြီး ကျောင်းသားလူငယ်တွေက စစ်မှူထမ်းဥပဒေဆန့်ကျင်ရေး ဆန္ဒပြမှုတခု ပြုလုပ်ခဲ့ပါတယ်။

" စစ်ရေး ၊ နိုင်ငံရေး အဘက်ဘက်မှာရှုံးနိမ့်နေတဲ့ စစ်ကောင်စီက အာ ဏာသိမ်းသက်တမ်းကို ဆွဲဆန့်နိုင်ရေးအတွက် ပြည်သူလူထုကို ကျွန်ပြုအသုံးချနေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေကိုလည်းအတင်းအဓမ္မ အသက်သွင်းနေပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဖက်ဆစ်တပ်ရဲ့စစ်ကျွန်ပြုမှုကိုလက်မခံပဲ ရရာနည်းလမ်းမျိုးစုံနဲ့ တွန်းလှန်ခြင်းနဲ့ဖြစ်စေ၊ လွတ်မြောက်ရေးနည်းလမ်းတွေနဲ့ကြိုးစားခြင်းဖြစ်စေ ငြိမ်ခံမနေပဲ တစ်ခုခုလုပ်ကြဖို့" ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းနှိုးဆိုးထားပါတယ်။

ဒီလှုပ်ရှားမှုကို Yangon Revolution Force - YRF (Soft Strike Community)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်လူထုသပိတ် နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

16/03/2024

Jahangirnagar University နယ်မြေအတွင်းဖြစ်ပွားခဲ့သော အဓမ္မ ပြုကျင့်ခံရတဲ့ကိစ္စအတွက် တရားမျှတမှုရရှိအောင် တောင်းဆိုတဲ့အနေနဲ့ "အဓမ္မပြုကျင့်ခြင်းနှင့် ဖိနှိပ်အုပ်ချုပ်မှုမှလွတ်မြောက်ရေး" ဆိုတဲ့စာသားကို နံရံပေါ်မှာ ရေးသားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဌ Amartya Roy နှင့် အထွေထွေအတွင်းရေးမှူး Riddha Anindya Ganguly တို့ကို မတရားသဖြင့် တနှစ်တာစာသင်ခွင့်ရပ်နားလိုက်တဲ့အပေါ် ဗကသက စိတ်ပူမိပါတယ်။ ဒီကိစ္စမှာ ဗကသအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသားများသမဂ္ဂရဲ့ ရဲဘော်တွေနဲ့အတူ ခိုင်မာသော‌သွေးစည်းညီညွတ်‌ရေးနဲ့ ရပ်တည်ပါတယ်။

Jahangirnagar University အုပ်ချုပ်ရေးအဖွဲ့ရဲ့ အခုလို ကျောင်းသားခေါင်းဆောင်တွေကို စာသင်နှစ်တနှစ်ကြာ မတရားကျောင်းထုတ်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စတွင် မမျှတစွာ ဆုံးဖြတ်တဲ့ လုပ်ရပ်မျိုးတွေဟာ ဗကသရဲ့အဓိကမူဝါဒတွေထဲကတချက်ဖြစ်တဲ့ ကျောင်းသားထုအခွင့်ရေးကာကွယ်ရေး ဆိုတဲ့အချက်နဲ့ငြိစွန်းနေပါတယ်။

ဒီအဖြစ်အပျက်ကို အခုလိုတုန့်ပြန်လိုက်တဲ့ JUအုပ်ချပ်ရေးအဖွဲ့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ လုပ်ရပ်ကို ဗကသအနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ဗကသအနေနဲ့ BSUရဲဘော်တွေဘက်က ထောက်ခံရပ်တည်တဲ့အပြင် အဓ္ဓမပြုကျင့်တဲ့အဖြစ်အပျက်အား တရားမျှတတဲ့အဖြေတခုကိုရှာပြီး ကျောင်းသားခေါင်းဆောင်တွေကို စာသင်နှစ်တနှစ်ကြာ ကျောင်းထုတ်ခြင်းကို ချက်ချင်းရုပ်သိမ်းပေးဖို့အတွက် JU အုပ်ချုပ်ရေးအဖွဲ့ကိုတိုက်တွန်းလိုပါတယ်။

Photos from Student Rights Watch's post 08/03/2024

ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အဖွဲ့တွေ က စာသင်ကျောင်းတွေ ကို စာရေးကိရိယာတွေနဲ့ ကျောင်းရန်ပုံငွေများထောက်ပံ့

မတ် ၈ ၊ SRW

မတ်လ ၈ ရက်နေ့မှာ အရာတော်မြို့နယ်အတွင်းက မီးဘေး
သင့်တောတွင်း စစ်ရှောင်စခန်းတခုက ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို စာရေးကိရိယာတွေနဲ့ ကျောင်းရံပုံငွေတွေ ထောက်ပံ့ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းက ပြည်သူတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေစုပေါင်းပြီး နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီစကားဝိုင်မှာ လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေ အ နေတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒါတွေကို အထက မလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့အတူ ၊ Orange Women နဲ့ MOWYAC အရာတော်မြို့နယ်တာဝန်ခံ တို့က အတူပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗသကများအဖွဲ့ချုပ်) ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Photos from Student Rights Watch's post 03/03/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မတ် ၃၊ SRW

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မတ်လ ၂ ရက်နေ့မှာ တနင်္သာရီမြို့နယ်တွင် “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

Photos from Student Rights Watch's post 03/03/2024

ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ဗကသ အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော

မတ် ၃၊ SRW

ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့တယ်လို့ ရတကသ က သတင်းထုတ်ပြန်ပါတယ်။

“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။

"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲ တက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။

"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက်
ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်း များကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။
"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာ‌ထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး။"

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

29/02/2024

ကြို့ပင်ကောက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ဖေဖေါ်ဝါရီလ ၂၉ ၊ SRW

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြို့ပင်ကောက်မြို့နယ်အတွင်း “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားပါတယ်။

Photos from Student Rights Watch's post 06/02/2024

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ "နီတဲ့သွေးရက်သတ္တပတ်" လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေ

၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုကို ရန်ကုန်မြို့အနှံ့အပြားမှာ ဆက်လက်ပြုလုပ်နေတယ်လို့ ဗမာနိုင်လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition - (NDOPSC) တို့က ပူးပေါင်းလုပ်ဆောင်‌ခဲ့တာဖြစ်ပါတယ်။

Photos from Student Rights Watch's post 06/02/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ‌၆၊ SRW

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “နီတဲ့သွေရက်သတ္တပတ်" လှုပ်ရှားမှုကို တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖေါ်ဝါရီလ ( ၆ ) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်

အဲ့ဒီလှုပ်ရှားမှုမှာ “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ ဖိနှိပ်ခံကျောင်းသား ဒို့ကျောင်းသား၊ ကျောင်းသားထုသွေးစည်းညီညွတ်ကြ” ဆိုတဲ့ စာသားပါဘန်နာတွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

Photos from Student Rights Watch's post 06/02/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေး စာစောင်များ ဖြန့်ဝေ
…….

၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်မှ ကာကွယ်နေထိုင်ခြင်းနည်းလမ်းများ” စာစောင်တွေ ကို ဒေသတွင်းလူထုအား ဖြန့်ဝေပြီး လေကြောင်းတိုက်ခိုက်မှုအန္တရယ် အသိပညာပေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ များအဖွဲ့ချုပ် ) က ထုတ်ပြန်ထားပါတယ်။

Photos from Student Rights Watch's post 05/02/2024

တနင်္သာရီမှာ ဗကသများအဖွဲ့ချုပ် က “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

ဖေဖော်ဝါရီ ၅၊ SRW

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တနင်္သာရီမြို့နယ်မှာ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ “အမျိုးသားတန်းတူရေး နဲ့ လူ့အခွင့်အရေးများရရှိဖို့ တော်လှန်စစ်ကိုထောက်ခံစို့” ဆိုတဲ့ စာသားပါ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ များအဖွဲ့ချုပ်)ကထုတ်ပြန်ထားပါတယ်။

‌ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

04/02/2024

အသံတိတ်သပိတ်မှာ ပါဝင်လို့ အင်းစိန် GTI က ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရ

ဇန်နဝါရီ ၄၊ SRW

ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှု သုံးနှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်လို့ဆိုပြီး အင်းစိန်မြို့နယ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း အင်းစိန် GTI က ကျောင်းသားတွေကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျောင်းဆင်းချိန်မှာ ဟိုက်လက်ကား ၄ စီး၊ စစ်သားအယောက် ၂၀ လောက်ဟာ ကျောင်းအတွင်းဝင်ရောက်ပြီး အဆောင်နေကျောင်းသားများကို ကျောင်းရှေ့ကို ခေါ်ထုတ်ကာ ပုံစံထိုင်ခိုင်းတာ၊ ဆဲဆိုတာ၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂက ပြောပါတယ်။
“ကျောင်းပြီးသွားတဲ့ အချိန်၊ ၆ ခွဲ ၇ နာရီလောက်မှာ ဖြစ်မယ်။ စစ်ကားတွေဝင်လာတယ်၊ ကျောင်းသားတွေကို ဆဲဆိုပြီး အပြင်ထွက်ခါနီးအချိန်မှာခေါ်ပြီးတော့ ရိုက်နှက်ခံရတယ်၊ ရိုက်နှက် ထိုးကြိုတ်တယ်။" လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းညီညီက အိုးဝေ ကို ပြောပါတယ်။
ဒါ့အပြင် လူမျိုးစုကျောင်းသားတွေကို စစ်သားတွေက လူမျိုးရေးခွဲခြားဆက်ဆံပြီး ရိုက်နှက် ဆဲဆိုတာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"တိုင်းရင်းသားကျောင်းသားတွေကို မှတ်ပုံတင်ကြည့်ပြီး ရိုက်နှက်၊ ဆဲဆိုတာတွေ လုပ်တယ်။”
ဒီဖြစ်စဉ်မှာ ကျောင်းရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနမှူးတွေကိုယ်တိုင်က စစ်တပ်ကို စာပို့ တိုင်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းမှု သုံးနှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ ဘာသာရပ်အလိုက် ကျောင်းသားအချင်းချင်း လူမှုကွန်ရက် group chat များမှာ စည်းရုံးကြပြီး အဲဒီ group chat ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့လိုပေါက်ကြားခဲ့တာဟာ စစ်တပ်ရဲ့ သတင်းပေးတွေ ကျောင်းသားတွေအထဲ စိမ့်ဝင်နေတာဖြစ်တယ်လို့ ကိုဟိန်းညီညီက သုံးသပ်ပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်နေရတဲ့ ကျောင်းသားတွေက စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို စိတ်ထဲမှာ ရှိနေသေးတုန်းပဲ။ ဒါကို သူတို့အားပေးထောက်ခံတယ်၊ ဒီလိုမျိုး အဖြစ်ခံပြီး လုပ်တာက ကောင်းတဲ့ လုပ်ရက်ပဲ။ စစ်အာဏာရှင်စနစ်အောက်မှာမှ ကျောင်းသားသမဂ္ဂတွေက ပေါ်ပေါက်လာပြီး ဒီမိုကရေစီအရွှေ့လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာပဲလေ။ စစ်ကောင်စီက ဒီလို ကျောင်းသားတွေ ကျောင်းမတက်တဲ့ ကိစ္စကို အသည်းအသန်ဝင်ရောက် နှိပ်စက်တာဟာ သူတို့ရဲ့ အရှုံးကို သူတို့မခံ မရပ်နိုင်ဖြစ်ပြီး လုပ်တဲ့ ပုံစံမျိုးပဲ။” လို့ ကိုဟိန်းညီညီက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအများစုက စစ်ကောင်စီလက်အောက်က ပညာရေးကို သပိတ်မှောက်ဖို့ ဆော်ဩထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်နေရတဲ့ အင်းစိန် GTI ကျောင်းသားတချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။
ဒီလို‌ ကျောင်းသားတွေ ကျောင်းရှေ့မှာ ရိုက်နှက်၊ နှိပ်စက်ခံနေရတာကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ ဝင်ရောက်တားမြစ်တာ၊ ဖြန်ဖြေတာမျိုး မရှိဘဲ နှုတ်ဆိတ်နေတယ်လို့လည်း သိရပါတယ်။
#ကျောင်းသား #စစ်တပ် #ရိုက်နှက် #ဖမ်းဆီး #အင်းစိန်GTI

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon