Delly

Delly

Share

📲09798962936(Viber)

25/02/2026

အိမ် / ခြံ / မြေ ဝင်ငွေခွန် ဆောင်ပြီး စာချုပ်ကြီးချုပ်မယ်ဆိုရင် ဒီနည်းလမ်းအတိုင်း သွားရပါမယ် ကျွမ်းကျင်သော အိမ်ခြံမြေရှေ့နေနဲ့ မှသာ အဆင်ပြေနိုင်ပါသည်။

၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း
တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း

၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်းတံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း

၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀ %) ၄၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅ %) ၃၀၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄ %) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း

အဆောက်အဦးပါရင်

ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်

ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်

Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000

သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်

သစ်သားအိမ် 1 Sqft 10000 ကျပ်

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000

အရောင်းသမားက ၁၀% ဆောင်ရမယ် စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ်အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀ အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်

အိမ် ခြံ မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်မယ်ဆို အောက်ပါအတိုင်း လုပ်ဆောင်ရပါမယ်

ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စုံ

(၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)

(၁) နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) မူရင်း

အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ

ရှေ့ / နောက် / ညာ မြေကွက်ဓာတ်ပုံ(၁)စုံစီ

ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက် (အရပ်အရောင်းအဝယ်စာချုပ်)

တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။

ငွေဖြူ ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို ငွေဖြူ ဟု ခေါ်ပါသည်။

ငွေဖြူနဲ့အခွန်ဆောင်ရင် အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်။ ငွေဖြူမရှိရင် အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆောင်ရပါမည်။

ဘဏ္ဍာနှစ်အတွင်း သန်းခေါင်စာရင်း တစ်ခုတည်းမှ နှစ်ကွက်စာဆောင်ရင် ရာဖြတ်ကို ပေါင်းဖြတ်လျှင် (၃၀%) ဖြင့် ဆောင်ရပါမည်။ နှစ်ကွက်ဆိုရင် နှစ်ခြားဆောင်မှ တစ်ကွက်နှုန်း ရာဖြတ်ပေးပါသည်။

ဝယ်ခွန်ဆောင်ပြီးလျှင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်တံဆိပ်ခေါင်း ဝယ်ရပါမည်

တရားဝင် အရောင်းအဝယ်စာချုပ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါမည်။

မှတ်ပုံတင်ကြေး (0.5 %)

Credit to Original Writer
#အိမ်ခြံမြေဗဟုသုတ
#ကျေးဇူးတင်ပါတယ်ရှင့်
ŠŽ Pic

17/12/2025

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************
ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။
ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် အမှတ်မှား ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။
ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။ မမျှော်လင့်ဘဲ ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာမျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။
ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မူရင်းရေးသားဖော်ပြသူကိုလေးစားစွာဖြင့် ပေးပါတယ်
Credit-ဥပဒေရေးရာ

16/12/2025

မြောက်ဒဂုံမြို့နယ် | Commercial Property For Rent

Company Showroom Distribution Office အတွက် အထူးသင့်တော်သော နေရာကောင်းလေးပါရှင်

မြောက်ဒဂုံမြို့နယ် (Main Area ပင်လုံလမ်းမကြီးအနီး) 32 VIP ရပ်ကွက် အတွင်းတည်ရှိပါသည်

လမ်းသွားလာရေးအလွန်လွယ်ကူပြီး Logistic / Distribution / Showroom လုပ်ငန်းများအတွက်
Strategic Location ကောင်းမွန်သော Commercial Zone ဖြစ်ပါသည်။

ခြံနှင့် အဆောက်အဦး အချက်အလက်
ခြံအကျယ် ပေ 120 x 240 (အလွန်ကျယ်ဝန်း)
အိမ်/အဆောက်အဦး အသင့်တက်နေထိုင်ရုံ ၄၀*၆၀ အပြည့်ဆောက်ထားသော အဆောက်အဦးအပါအဝင် အဆောက်ဦး ၄ လုံးပါရှိပါသည်

လူနေ နှင့် အတူ Office၊ Showroom၊ Store၊ Warehouse ပေါင်းစပ်အသုံးပြုနိုင်ပါသည်
ပြန်လည် ပြုပြင်ရန် မလိုအပ်ဘဲ ချက်ချင်း လုပ်ငန်းစတင်နိုင်ပါသည်။

မှတ်ချက်။ ခြံဝင်း အတွင်းတွင် အနည်းငယ်စောင်းပါသည်

Facilities & Utilities
Aircon 10 လုံး တပ်ဆင်ပြီးသား
လျှပ်စစ်မီး၊ ရေစနစ် အပြည့်အစုံ
Internet / Network Setup လွယ်ကူ
ကားအဝင်အထွက် အဆင်ပြေ
ကားပါကင်နေရာ အကျယ်အဝန်း ရှိ
Large Truck / Delivery Vehicle ဝင်ထွက်နိုင်

🩸အထူးသင့်တော်သော လုပ်ငန်းအမျိုးအစားများ

Company Head Office + Distribution Center
FMCG / Trading /
ImportExport Company
Car Showroom / Car Display / Auto Service Center
Warehouse + Office + Showroom ပေါင်းစပ်လုပ်ငန်း
Training Center / Private School / Call Center
NGO / Organization Office

💵အငှားစျေးနှုန်း
တလလျှင် ကျပ် ၆၀ သိန်း
ရေရှည်အငှားကို ဦးစားပေးပါသည်

ဆက်သွယ်ရန် 09895539544


#အိမ်ခြံမြေအကျိုးဆောင်
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ

27/11/2025

" ဂိုဒေါင်အရောင်း"

#အကျိုးတူရ

♦️ပေ160×60
♦️ဂိုဒေါင်အမြင့် 45ပေ
♦️ပါဝါမီတာ ၁ ၊ ရိုးရိုးမီတာ ၁
♦️အဝီစိရေ ပေ၄၀၀ကျော်နှင့် ♦️ရေလှောင်ကန်ပါ
♦️ပိုင်ရှင်ဂရံအမည်ပေါက်
♦️တောင်ဒဂုံ ၂၂ရပ်ကွက်

#သိန်း၅၀၀၀၀ ညှိနှိုင်း

#အိမ်ခြံမြေအကျိုးဆောင်
#တောင်ဒဂုံအိမ်ခြံမြေ

27/11/2025

📍 မမြဲဦးပိုင် 📍
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ
လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့
စိတ်ကူးယဉ်တဲ့သူအများသား။
ပေါချောင်ကောင်းလေးဝယ်ပြီး
ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊
ပိုက်ဆံက အများကြီးလည်းမတတ်နိုင်
၁ ဧက သိန်း ၁၀၀ လောက်ရှာ ၊
တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့
ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင်
ထောပြီဆိုတဲ့အတွေးပေါ့။
အိမ်ခြံမြေအကြောင်းဘာမှန်းမသိ၊
ရောင်းသူကလည်း အပြောကောင်း
ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင်
ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။
အခုပြောချင်တာ ရှေ့နေနှင့်အိမ်ခြံမြေ
အကျိုးဆောင်တွေမှ မဟုတ်ဘူး
အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့
ဗဟုသုတ မျှဝေခြင်းပါ။
ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ
အရင်တောင်းကြည့်ပါ။
အခုတင်ထားတဲ့ မြေခွန်ပြေစာ
ပြတယ်ဆိုပါစို့ ။
ဦးပိုင်အမှတ်မှာ (N)လို့
ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး ။
N)ဆိုတဲ့ အခေါ်အဝေါ်က မမြဲဦးပိုင် လို့ ခေါ်ပါတယ် ။
မမြဲဦးပိုင် မှ အမြဲဦးပိုင် လျှောက်ပြီးမှ
ပုံစံ ၇ လျှောက်လို့ရတာပါ ။
မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။
မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့
အဲဒီမြေမှာ ၄/၅ နှစ် အပင်စိုက်ရမှာပါ။
အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး
ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီလျှောက်မှ
အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။
ဥပဒေနားလည်တဲ့သူခေါ်မသွားတော့
ရောင်းသူက ဝယ်ပြီး
လူနေအိမ်ဆောက်လို့ရတယ် ပြောလို့ပြော
မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော
ယုံပြီး ဝယ်မိမှာစိုးလို့ ။
တစ်ချို့တွေ မြေကွက်ရောင်းရင်
ပိုင်ဆိုင်မှုအနေနဲ့ ပုံစံ ၁၀၅ ရှိတယ်ပြောလေ့ရှိတယ်။
၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ။
၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။
မြေပိုင်ကြောင်း အာမခံချက်အဖြစ်
သတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။
ပုံစံ ၇ ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ်နဲ့
ချုပ်ရတာမဟုတ်ပါဘူး။
ပုံစံ ၇ က လယ်စိုက်ဖို့ပါ။
အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊
လုပ်ချင်ရင် ပုံစံ ၇ ကနေ
အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။
(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)
တချိုလယ်မြေတွေက အခြားနည်းလျှောက်ထားတယ်
မကျသေးဘူးပေါ့ ၊ ဒါပေမဲ့
အခြားနည်းလျှောက်ထားတော့
အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။
မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ
အကျုံးဝင်တုန်းက အလိမ်မခံရဖို့
ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ။

👉 သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ 👈


#မမြဲဦးပိုင်
#ပုံစံ ၇
#ဦးပိုင်
#အိမ်ခြံမြေသတိပြု
#မြေယာရင်းနှီးမြှုပ်နှံမှု

Photos from Delly's post 01/05/2025

2Story House Plan for small family👨‍👩‍👦🏠

01/05/2025

#မြောက်ဒဂုံမန္တလေးလမ်းမကြီးအနီးမြေကွက်ပေကျယ်အရောင်းလေးပါ

#28ရပ်ကွက်
အောင်သုခ(..) လမ်းသွယ်

♦️အကျယ် 40×60

♦️1 ထပ်အိမ်အပါ ဂရံမြေ

♦️အရောင်း 6500 သိန်း
#ပိုင်ရှင်နှင့်တိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်

MayPhyu
📲09 895539544

အိမ်ခြံမြေတိုက်ခန်း Condoလုံးခြင်း မြေကွက်များရောင်းဝယ်ဌားအပ်နှံနိုင်ပါသည်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Tuesday 10:00 - 17:00
Wednesday 14:00 - 18:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00