Third Eye

Third Eye

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Third Eye, Astrologist & Psychic, Yangon.

Photos from Third Eye's post 18/02/2022

19.2.2022 ( ၇ ) ရက်သားသမီးများအတွက် အဟောဖြစ်ပါတယ်။
❤️ Sharing is caring ❤️ Please like and Share ❤️

Photos from Third Eye's post 17/02/2022

မနေ့က အရမ်းပင်ပန်းနေလို့ ၇ ရက်သားသမီးအဟော မတင်ဖြစ်လိုက်တာ တောင်းပန်ပါတယ်။
18.2.2022 အတွက် ၇ ရက်သားသမီးအဟောလေးတွေကို ပုံလေးတွေမှာကြည့်ပေးပါနော်။
အားလုံးပဲ အဆင်ပြေရင် Share လေးတွေလုပ်ပေးကြပါဦး။ Personal မေးချင်သူတွေလဲ CB မှာလာစုံစမ်းလို့ရပါတယ်။
အားလုံးပဲကံကောင်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ❤️

15/02/2022

ဒီနေ့တော့ Personal လာမေးတဲ့လူတွေ အရမ်းများနေလို့ အခုမှဟောလို့ပြီးလို့ တစ်ရက်ခြင်းစီကို မတင်ပေးနိုင်တာတောင်းပန်ပါတယ်။
16.2.2022 အတွက်
ကံဆိုးခြင်းတွေ စိုးရိမ်ကြောင့်ကြရခြင်းတွေကနေလွတ်မြောက်မဲ့နေ့ဖြစ်ပြီး။ ကံကြမ္မာကောင်းတွေစတင်လာပါတော့မယ်။ မြေငလျင်လှုပ်တာမျိုး၊ ရေကြီးတာမျိုး သဘာဝဘေးအန္တရာယ်‌ တွေတော့ရှိနိုင်ပါတယ်။
ကံကောင်းစေမဲ့ ဂဏန်းက - ၀ ဖြစ်ပြီး
ကံကောင်းစေမဲ့ အရောင်က အနက်ရောင်ပါ

Photos from Third Eye's post 14/02/2022

15.2.2022 ( ၇ ) ရက်သားသမီးများအတွက် အဟောဖြစ်ပါတယ်။
❤️ Sharing is caring ❤️ Please like and Share ❤️

Photos from Third Eye's post 13/02/2022

14.2.2022 (၇) ရက်သားသမီးများအတွက်ဟောကိန်းများ
Sharing is caring ❤️ Please Share 🥰

12/02/2022

13.2.2022
မနက်ဖြန်အတွက်
Major The Moon
Major The Strength (Downward)
VIII of the Cup (Downward) ကျတဲ့အတွက် ကံဆိုးနိုင်တဲ့နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ကိုယ့်ကို ပြုစားခြင်းများ တိုက်ခိုက်ခြင်းများအခံရနိုင်ဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ကျမ်းမာရေးအထူးညံ့တတ်ပါတယ်။ အိမ်ထောင်သည်များ ချစ်သူရည်းစားများကြား နားလည်မှုအလွယ်တကူလွဲပြီး ရန်ဖြစ်ရတတ်တဲ့နေ့ရက်လေးတစ်ရက်ဖြစ်ပါတယ်။
အားလုံးပဲ ကံကောင်းတဲ့နေ့ရက်လေးတစ်ရက်ကိုပိုင်ဆိုင်ကြပါစေ။
နောက်ရက်တွေမှာ ယေဘူယျကံကြမ္မာ ထက် နေ့့နံအလိုက် ကံကြမ္မာတွေဟောပေးဖို့ ကြိုးစားပေးပါ့မယ်။
တားရော့မေးမြန်းလိုပါက CB မှာစုံစမ်းနိုင်ပါတယ်။
အားလုံးပဲ ကံကောင်းတဲ့နေ့ရက်လေးကို ပိုင်ဆိုင်ကြပါစေ။

11/02/2022

12.2.2022
Major XIX The Sun
Major XV The Devil
VI of Cups တို့ကျနေတဲ့အတွက် ကြောင့် အကောင်း အဆုံး ရောပြွန်းနေတဲ့နေ့ရက်တစ်ရက်ဖြစ်လာမှာပါ။ မနက်ဖြန်မွေးမဲ့ ကလေး မနက်ဖြန် ကလေး ရတယ်ဆိုတဲ့သတင်းတွေကြားရင် အဲ့‌ကလေးဟာ ဘဝမှာ ပြည့်စုံတဲ့ကလေးဖြစ်ပါလိမ့်မယ်။ ငယ်ဘဝက အမှတ်တရဟောင်းတွေ ပြန်ရနိုင်တဲ့နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ချစ်သူရည်းစားတွေကြားမှာ ပြဿနာများတဲ့ရက်ဖြစ်ပါတယ်။ စီစဉ်ထားတဲ့အရာတွေလွဲချော်တတ်ပါတယ်။ သေရင်မြေကြီးရှင်ရင်ရွှေထီးနေ့ရက်ဖြစ်ပါတယ်။
ကံကောင်းတဲ့ ဂဏန်း - 4
ကံကောင်းစေမဲ့ အရောင် - အဝါရောင် ဖြစ်ပါတယ်။
အားလုံးပဲကံကောင်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်ပါစေ။
တားရော့မေးမြန်လိုသူများ CB မှာလာရောက်စုံစမ်းနိုင်ပါတယ်။

10/02/2022

11.2.2022
မနက်ဖြန်အတွက်
Page of Swords (Downward)
IV of Pentacles
VIII of Wands ကျတဲ့နေ့ရက်လေးဖြစ်တာကြောင့် အများအတွက်ကံကောင်းတဲ့နေ့ရက်လေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရက်မှာ လိုတာထက်ပိုစိတ်ပင်ပန်းရတာမျိုးတော့ဖြစ်နိုင်ပါတယ်။ ငွေရေးကြေးရေးကံအထူးကောင်းမွန်မဲ့ရက်ဖြစ်ပါတယ်။အိမ်ကနေ အဝေးရောက်နေတဲ့လူများ ဒီရက်မှာ အိမ်‌ပြန်ရောက်တာမျိုး ကြု့ရတတ်ပါတယ်။ ထီထိုးသင့်တဲ့နေ့ရက်ဖြစ်ပါတယ်။
ကံကောင်းစေတဲ့ ဂဏန်းက - 4 ဖြစ်ပြီး
ကံကောင်းစေတဲ့အရောင်က တော့ မိုးပြာရောင်ဖြစ်ပါတယ်။
အားလုံးကံကောင်းတဲ့ နေ့ရက်ကလေးတစ်ရက်ကိုပိုင်ဆိုင်နိုင်ပါစေ။
တားရော့မေးလိုသူများ CB မှာစုံစမ်းနိုင်ပါတယ်။

09/02/2022

10.2.2022
မနက်ဖြန်အတွက်
VI of Pentacles
II of Wands
King of Swords ကျတဲ့အတွက်ကြောင့် အလှူတန်းကိစ္စတွေအတွက် စတင်ခြင်းများ အရမ်းကောင်းပါတယ်။ ကျမ်းမာရေး အတွက် ခေါင်းကိုက်ခြင်း၊ အပူရှုပ်ခြင်း များသတိထားပေးပါ။
အချစ်ရေးအတွက် အဖြေပြန်ရတာမျိုး ချစ်သူဟောင်းနဲ့ပြန်ဆက်သွယ်မိတာမျိုးကြုံရနိုင်ပါတယ်။
အရပ်ဝေးမှ သတင်းစကားကောင်းများကြားခြင်းကြုံရနိုင်ပါတယ်။
ကံကောင်းစေသော ဂဏန်း - 6
ကံကောင်းစေသော အရောင် - အဖြူ‌ရောင်ဖြစ်ပါတယ်။
အားလုံးပဲ ကံကောင်းတဲ့နေ့ရက်ကလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
တားရော့ မေးချင်သူများ CB မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

08/02/2022

9.2.2022
မနက်ဖြန်မှာ VI of Pentacles (Downward)
VIII if Wands
II of Cup ကျတဲ့အတွက်ကြောင့်
စပ်တူလုပ်ငန်းများ အထူးကောင်းမွန်ပါတယ်။ အလှူလုပ်မဲ့ကိစ္စတွေအောင်မြင်ပါမယ်။ မေတ္တာရေ ကိစ္စများ အထူးပင်ကောင်းမွန်နေပါမယ်။ ရပ်ဝေးမှ ဧည့်ကောင်းဆွေကောင်းလာခြင်း၊ သတင်းစကားကောင်းကြားရခြင်းများ ကြုံနိုင်ပါတယ်။
ကံကောင်းစေမဲ့ ဂဏန်းက - 2 ဖြစ်ပြီး
ကံဆိုးစေမဲ့ ဂဏန်းက - 6 ဖြစ်ပါတယ်
ကံကောင်းစေမဲ့ အရောင်က တော့ အပြာရောင်ဖြစ်ပြီး
ကံဆိုးစေမဲ့အရောင်ကတော့ အနီရောင်ဖြစ်ပါတယ်။
တားရော့မေးချင်သူများ CB မှာစုံစမ်းနိုင်ပါတယ်ခင်ဗျာ

07/02/2022

8.2.2022
မနက်ဖြန်အတွက် VII of Pentacles
Ace of Pentacle (Downward)
The Tower (Downward)
ကျတဲ့အတွက်ကြောင့် မနက်ဖြန်မှာ ငွေရေးကြေးရေးကံအရမ်းကောင်းပါမယ်။ မိဘဆီက မုန့်ဖိုးရတာမျိုး အလုပ်ကနေ Bonus ရမှာမျိုးအတွက် ထူးခြားတဲ့ရက်မျိုးဖြစ်ပါတယ်။ အလှူအတန်းအတွက်အရမ်းကောင်းပါတယ်။ တည်ဆောက်ထားတဲ့ အရာတွေ အတွက် ကောင်းကျိုးခံစားရမဲ့ရက်ပဲဖြစ်ပါတယ်။
ကံကောင်းစေမဲ့ ဂဏန်း - 7
ကံကောင်းစေမဲ့ အရောင် - အနီရောင်ဖြစ်ပါတယ်။
တားရော့ မေးမြန်းလိုပါက လူတစ်ဦးလျှင် 5000 ကျပ်ဖြင့် မေးခွန်းအကန့်အသတ်မရှိ မေးမြန်းနိုင့်ါတယ်။
ရန်ကုန်မြို့တွင်း 3 ယောက် အထက် မေးမြန်းမည်ဆိုပါက အိမ်တိုင်ယာရောက် ဟောကြားပေးပါတယ်။
4/8/12 လစာ ဟောစာတမ်းများလဲ မှာယူနိုင်ပါတယ်။

06/02/2022

7.2.2.22
မနက်ဖြန်မှာတော့ Major Wheel of Fortune (Downward)
V of Wands
Major Justic တို့ကျနေတဲ့အတွက် ယေဘူယျအားဖြင့် ကံကောင်းတဲ့နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် ဒီရက်မှာ ကိုယ်မတွေ့ချင်တဲ့လူနဲ့ ပြန်တွေ့ရတာ ကိုယ်ထပ်ပြီးမကြုံချင်တဲ့ ဖြစ်ခဲ့ပြီးတဲ့ ဖြစ်ရပ်တွေပြန်ဖြစ်တာမျိုးကြုံရနိုင်ပါတယ်။
စုပေါင်းစပ်ပေါင်း လုပ်ငန်းများအောင်မြင်နိုင်ပါတယ်။ စီးပွားရေး စတင်လုပ်ကိုင်ခြင်း ငွေကြေးရင်းနှီးမြုပ်နှံခြင်းများ အထူးကောင်းမွန်ပါတယ်။ အိမ်ယာတည်ဆောက်ခြင်း ရောင်းဝယ်ခြင်းများအထူးအကျိုးပေးတဲ့ရက်ဖြစ်ပါတယ်။
စာချုပ်စာတမ်းကိစ္စများ အထူးသတိထားဆောင်ရွက်ရမဲ့နေ့ဖြစ်ပြီး တရားတဘောင် ရင်ဆိုင်ရကိန်းရှိတဲ့နေ့ရက်ဖြစ်လို့ သတိထားရမဲ့နေ့ရက်လဲဖြစ်ပါတယ်
ကံကောင်းစေတဲ့ ကိန်းဂဏန်းကတော့ - 5 ဖြစ်ပြီး
ကံကောင်းစေတဲ့ အရောင်ကတော့ အပြာရောင်ဖြစ်ပါတယ်။
ကံဆိုးစေမဲ့ ဂဏန်းကတော့ - 9 ဖြစ်ပြီး ကံဆိုးစေမဲ့အရောင်ကတော့ အနီရောင်ဖြစ်ပါတယ်။
အားလုံး ကံကောင်းတဲ့နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်‌နိုင်ကြပါစေ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon