WindowView

WindowView

Share

Knowledge through READING Cash on delivery or prepaid system

14/12/2022

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့တို့ ဆေးခါးကြီးတိုက်တဲ့ကိစ္စတို့ဘာတို့အကြောင်း နားထောင်မိဖတ်မိတော့ စဉ်းစားမိတာလေးပါ။

ဆင်းရဲတဲ့နိုင်ငံကို ဖွံဖြိုးတိုးတက်ဖို့ကူညီတဲ့အခါ မလိုတဲ့ကုန်ကျစရိတ်တွေလျှေ့ာချဖို့ မလိုတဲ့ဌာနဆိုင်ရာတွေဖျက်သိမ်း၊ ဝန်ထမ်းလစာတွေလျှော့ချဖို့ ဝန်ထမ်းဦးရေတွေလျှော့ ၊ အခြေခံနဲ့ မဖြစ်မနေလိုအပ်တဲ့နေရာမှာသာ နိုင်ငံရဲ့အသုံးစားရိတ်ကို သုံးစေပြီး ချွေတာစုဆောင်းစီစစ်တဲ့နည်းနဲ့ နိုင်ငံကိုပြန်လည်ထူထောင်လာအောင် လုပ်တယ်ပေါ့။

အဲဒီနည်းကို အရမ်းကြိုက်တယ်။
ကြိုက်လွန်းလို့ အဲဒီနည်းကို ပြည်သူတစ်ဦးချင်းစီမှာများ စနစ်တကျ ကိုင်တွယ်ပေးနိုင်မယ်ဆို ဘယ်လောက်များကောင်းမလဲလို့မြင်မိတယ်။

ဥပမာ.. အရင်ခေတ်က( ခေတ်ကောင်းတုန်းကပေါ့လေ..)
ကျန်းမာရေးဌာနမှာ FOC စနစ် ကျင့်သုံးတော့ ဆေးတွေအလကားရတယ်။ ဆင်းရဲချမ်းသာမရွေးနော် အလကားရတာ။ ကိုယ်တွေနိုင်ငံမှာ ဆင်းရဲချမ်းသာမရွေး ဆိုတဲ့စကားလုံးကြီးက အရမ်း hot ဖြစ်တာ။ တန်းတူသဘောထားတယ်ဆိုတဲ့သဘောပေါ့။

အဲမှာဆင်းရဲတဲ့ သူရော ချမ်းသာတဲ့သူရောဟာ ဆေးတွေအလကားရနေကြတော့ အချိန်တန်တော့ ဆေးက ကုန်ရော။ ပဒေသာပင်လို တစ်ခုကုန်တစ်ခု မထွက်လာဘူးလေ။ ဆေးတွေထပ်ချပေးရရော။ ကျန်းမာရေးဘက်ဂျက်ဟာ ဆေးအလကားပေးနေရတာနဲ့တင် အမောဆိုက်ကုန်ရော။ ကျန်တဲ့ ဖွံဖြိုးတိုးတက်မှုအတွက်ဘာမှ မလုပ်နိုင်တော့ဘူး။ လုပ်နိုင်ရင်တောင် အားမစိုက်နိုင်တော့ဘူး ဖြစ်ကုန်ရော။

အဲလိုမျိုးဖြစ်သင့်ရဲ့လားပေါ့။
ချမ်းသာတဲ့သူကဆေးဝယ်နိုင်တယ်။ ဆင်းရဲတဲ့သူပဲပေးသင့်တယ်ပေါ့နော်။
အဲတော့ချမ်းသာတဲ့သူအချို့က ကျနော်ကျမတို့က ဆင်းရဲပါတယ် ဖြစ်ကုန်ရော။ ရေရှည်သောက်‌နေရတဲ့ဆေးမို့၊ ဆေးကဈေးကြီးလို့၊ တခြားဘယ်နေရာမှာ ပိုက်ဆံကုန်နေတာမို့ စတဲ့အကြောင်းပြချက်မျိုးစုံ ပြောကြပြန်တယ်။ ပြည်သူဟာ တန်းတူဖြစ်ရမယ် ဘာညာ ဖြစ်ကုန်တယ်။

ဆေးဖိုးအတွက် ပိုက်ဆံမသုံးချင်ဘဲ တခြားဇိမ်ခံတဲ့နေရာ၊ ခရီးသွားတဲ့နေရာ၊ အဝတ်အစား အသုံးအဆောင် စတာတွေမှာ ပိုက်ဆံကိုသုံးကြတယ်။ ကျန်းမာရေးစရိတ်ဟာ ရပိုင်ခွင့်လိုမျိုး ဖြစ်သွားတယ်ပေါ့။

အဲဒါကြောင့် ဘယ်လိုလူမျိုးတွေကို FOC ရပိုင်ခွင့်တွေ ပေးသင့်လဲ ဆိုတဲ့ စနစ်တစ်တစ်ခု ပေါ်စေချင်တယ်။

FOC စနစ်ကို ရချင်တဲ့သူဟာ FOC စနစ် ပေးကိုပေးရမယ့် membership သဘောမျိုး ဝင်ရမယ်ပေါ့။ Member ဝင်ပြီးသွားတာနဲ့ ရန်ပုံငွေစီစစ် စောင့်ကြည့်တာလဲ ခံရမယ်။ မလိုတဲ့နေရာတွေမှာဖြုန်းနေလား(ဥပမာ ဘီယာ အရက်တွေ၊ ဆေးလိပ်သောက်တာတွေမှာ ပိုက်ဆံသုံးနေတာမျိုး..)၊ လောင်းကစားလုပ်တာ၊ 1D 2D 3D ထိုးနေတာမျိုး လုပ်နေလား၊ အပျော်ခရီးတွေထွက်နေလား၊ Day- out Night- outတွေ မကြာခဏထွက်နေလား၊ Branded ပစ္စည်းတွေဝယ်နေလား စတာတွေအထိ လိုက်ကြည့်ပြီး စည်းကမ်းချက်တွေချမှတ်မယ် အခြေခံလိုအပ်တဲ့ စားဝတ်နေရေး ကျန်းမာရေးကို အစိုးရက ဖြည့်စည်းပေးသင့်တာပေး အလုပ်အကိုင်အခွင့်အလမ်းရှာပေးတာပေး လုပ်စေချင်တယ်။

ဒါက FOC ချပေးတာကို အခြေခံတဲ့အတွေး။
အဲတုန်းက အတွေးကိုပြောတာ။ တခြားအရာတွေ စဉ်းစားစရာမလိုခင်တုန်းကအတွေး😁။

အဲဒီအတွေးကို system ကောင်းတစ်ခုအဖြစ်အသက်သွင်းရင် ကောင်းမှာပဲပေါ့။

အဲတွေလုပ်လိုက်ရင် FOC ကိစ္စတင်ပြေလည်ယုံမကဘူး ကျူးစရာမလိုဘဲ ကျူးနေတဲ့သူတွေ ၊ တောင်းစရာမလိုဘဲ တောင်းနေတဲ့သူတွေ စသဖြင့် ဆင်းရဲစရာမလိုဘဲ ဆင်းရဲနေကြတာတွေ အထိုက်အသင့်ရော့သွားမယ်ထင်တယ်🙄🙄

အခုအချိန်မှာ စနစ်ကောင်းကောင်းတစ်ခုကိုအိပ်မက်မက်နေတာလဲ ရူးနေလို့နေမှာပဲရယ်😁😁

13.12.2022
1:00 pm

Photos from WindowView's post 26/06/2022

EPS topik (Myanmar, Official) 1 and 2
တစ်အုပ် ၁၀၀၀၀ ကျပ်
A4 size, White paper

Official 7 Languages ထွက်ပါတယ်နော်
Color မပါပေမယ့် photo Quality ဘယ်လောက်ကောင်းကြောင်း အတွင်းစာမျက်နှာ ရိုက်ပြထားပါတယ်နော်😍

Photos from WindowView's post 22/06/2022

Survival Guide (by Paul Gaon)
A4 size 10000 MMK
A5 size 6000 MMK
ကလေးအထူးကု ဆရာဝန်များအတွက် လက်စွဲစာအုပ်လေးပါ
အမြဲသုံးရမယ့်စာအုပ်လေးအတွက် Quality ကောင်းတာလေးတွေ ထုတ်ထားသင့်ပါတယ်နော်🥰

03/10/2021

ကလေးတို့ရေ..

ကမ္ဘာကြီးနဲ့ စကားပြောဖို့ ကမ္ဘာကြီးနဲ့ထိတွေ့ဖို့ အင်္ဂလိပ်စာက ဘယ်လောက်အရေးကြီးကြောင်း သိပြီးသားဖြစ်မှာပါနော်...

အိမ်မှာနေရင်း အချိန်တွေ အလကားမဖြစ်ရအောင် အင်္ဂလိပ်စာကို အခုကစပြီးအခြေခံကျကျလေ့လာကြရအောင်🤗

ကမ္ဘာကျော် သင်ရိုးများထွက်ရှိတဲ့ Cambridge series တွေထဲက အခြေခံ အကျဆုံးကနေ စတင်လေ့လာကြမယ်ဆို နှစ်အုပ်ပေါင်းမှ 14,000 MMK (တစ်သောင်းလေးထောင်ကျပ် တိတိ) သာကျသင့်မယ့် ဒီစာအုပ် အတွဲလေးက အကောင်းဆုံးပါနော်🤗

အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက်ဆို ဆရာမလိုဘဲ self study လေ့လာနိုင်လို့
🍁self study ကိုလဲ လေ့ကျင့်ပြီးသားဖြစ်မယ်
🍁အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့ အကျင့်လေးလည်းရမယ်

📒မှာယူမယ်ဆို တစ်ပါတ် အတွင်းရမှာပါနော်
🚛ရန်ကုန်မြို့တွင်းဆိုရင် delivery ခ ၂၀၀၀ကျပ် ကျသင့်မှာဖြစ်ပြီး နယ်မြို့ အနီးအဝေး အလိုက် သယ်ယူစရိတ်ကျခံရမှာ ဖြစ်ပါတယ်🥰

Photos from WindowView's post 29/08/2021

🍁I am more than my nightmares
5000 MMK
A5, Creamy

ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ဖတ်နေရင်း ဖတ်နေရင်း လက်စွဲစာအုပ် ဖြစ်မှန်းမသိ ဖြစ်သွားမယ့်စာအုပ်လေးဖြစ်ပါတယ်🥰

ဒီစာအုပ်လေးကိုဖတ်နေရင်း
ကျမတို့ ကြုံတွေ့နေတဲ့၊ ကြုံတွေ့ခဲ့မယ့် အခက်အခဲတွေ အိပ်မက်ဆိုးတွေကို အံတုရင်ဆိုင်ဖို့ ခွန်အားတွေ သေချာပေါက်ရလာမှာပါ🤗

ဘာမဆိုရင်ဆိုင်ဖို့ ငါသည်သာ အရေးကြီးဆုံးပါလား ဆိုတာ သိမ်မွေ့စွာ ညွှန်ပြပေးမယ့် ကဗျာလေးတွေ တဝ ကြီး ဖတ်ရမှာပါ🥰🥰

အခုပဲ WindowView message button လေးနှိပ်ပြီး မှာလိုက်ပါနော်🤗

Photos from WindowView's post 05/08/2021

၆ နှစ်ပြည့်တော့မယ့် သားသားလေးအတွက် တစ်အုပ် မေမေ့ အတွက် ၄ အုပ်🤗
(ကိုယ်တွေလည်း English ကို အခုထိလုပ်ရတုန်း 🥺)

Oxford activity book လေးကို ကြည့်ရင်း ခုခေတ်ကလေးတွေကို မနာလိုလိုက်တာ 🥺

ကိုယ်တွေငယ်ငယ်တုန်းကများ ဒီလိုစာအုပ်လေးတွေ ရှိခဲ့ရင် လက်လှမ်းမှီခဲ့ရင် အခုအချိန် အင်္ဂလိပ်စာ အတွက် အသဲအသန် ဖြစ်နေစရာ မလိုလောက်ဘူးနော်😔

🤗Proposition လေးတွေ ကို နားလည်အောင် လုပ်သွားတာများ ၆နှစ်အရွယ် ကလေးလေးတစ်ယောက်အတွက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လုပ်သွားရုံပါပဲ

🤗အဲဒါ‌ကြောင့် သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက အင်္ဂလိပ်စာ နဲ့ အသားတကျ ဖြစ်နေစေဖို့ Oxford Activity Books လေးတွေ ဝယ်လိုက်ကြစို့နော်

👉3000 ကျပ် တည်းနဲ့ အရမ်း အရမ်း ထိုက်တန်တဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ All in one activity book လေးတွေပါနော်
🧑‍🎓Book 1 to 6 အထိ ရှိပါတယ် အသက် ၆ နစ်မှ ၁၂ထိ သင်ပေးနိုင်ပါတယ်
❤️အိမ်မှာနေရင်း သားသား မီးမီးတို့ဖို့ ဆော့ရင်း စာသင် စာသင်ရင်း စော့ကြမယ်နော်

Photos from WindowView's post 01/08/2021

ပူလောင်မှုတွေ..
အခက်အခဲတွေ..
အမြဲကြိုးစားနေပေမယ့် မဖြစ်မြောက်တော့တဲ့အရာတွေ..
သူတပါး မျက်ရည်တွေ‌ကြောင့်
ကိုယ့်မျက်ရည် ကိုယ်သုတ်ဖို့ မအားတော့တာတွေ..
တစ်နေ့တစ်နေ့ လောင်ကျွမ်းနေရတာနဲ့ အချိန်ကုန်ခဲ့ရတာတွေ..
🥺🥺🥺
ကိုယ့်ကိုကိုယ် နှစ်သိမ့်ဖို့ကြိုးစားနေရင်း အိမ်မှာရှိတဲ့ စာအုပ်တွေထဲက ကိုယ်တိုင်ကြိုက်ပြီး ဖတ်နေတဲ့
စာအုပ်လေး နှစ်အုပ် ကို မိတ်ဆက်ပေးလိုက်ပါတယ်
1)Give Yourself Margin=4,500 MMK
2)The Things You Can See Only when you slow down=5000 MMK
(နမူနာ စာမြည်းလေးတွေနဲ့ စာရွက်သားနှစ်မျိုးကို သိသာအောင် ရိုက်ပြထားပါတယ်)

Review အများကြီး ရေးမပြတော့ပါဘူး
သေချာတာကတော့ စာအုပ်လေးတွေက သင့်ကို
-ကြုံလာတဲ့အရာတွေကို အရှိအတိုင်းလက်ခံရင်း ကျေနပ်လာစေအောင် ကူညီပေးပါလိမ့်မယ်
-သင့်ကို အေးချမ်းစေပါလိမ့်မယ်

🌻ဒါက အခု ကျွန်မတို့ အလိုအပ်နေဆုံး စိတ်အခြေအနေ မဟုတ်ပါလား🌻

Photos from WindowView's post 13/07/2021

အိမ်မှာ နေရင်း စိတ်ဓာတ်တွေ မကျနေစေဖို့ ကိုယ့်ကိုယ်ကို တိုးတက်အောင်နေရင်းဖြင့်ရင်ဆိုင်ပါနော်💪💪💪💪

(၁)ကျန်းမာရေး တိုးတက်အောင် နေပါ။
အစားများများစားပါ။ အဝလွန်လို့ ဝိတ်လျှော့ နေတာ မဟုတ်ဘဲ အလှအပ အတွက် ဝိတ်လျှော့ နေတာဆိုရင်တော့ ပုံမှန် ကျန်းမာရေးနဲ့ညီညွတ်အောင် ပြန်စားပေးပါ။ လှုပ်ရှားနေရတဲ့သူတွေ အလုပ်လုပ်နေရသူတွေ အိပ်ရေးပျက်သူတွေ ပိုစားပေးပါ။ ဖြစ်နိုင်ရင် အိပ်ရေးဝဝ အိပ်ပါနော်။

(၂)လူမှုရေး တိုးတက်အောင် နေပါ။
တစ်ဦးနဲ့ တစ်ဦး အသက်ရှင်နေစဉ် ပိုချစ်ပေးပါ။ရိုင်းပင်းကူညီပါ။ မျှဝေပါ။ သူ့ကြောင့် ကိုယ်မစိတ်မညစ်အောင်နေပြီး ကိုယ့်ကြောင့် သူ စိတ်ချမ်းသာပါစေ။ 🥺ဘဝတွေက ကျမတို့ ထင်ထားတာထက် တို လွန်းတယ်မဟုတ်လား🥺

(၃)စိတ်ခွန်အား တိုးတက်အောင် နေပါ။
ပျော်ပျော်နေပါ။ အရင်တုန်းက ကြည့်ချိန်မရ ခဲ့တဲ့ movies တွေ series တွေ ကြည့်လို့ရတဲ့ အချိန်စိတ်ကြိုက်ကြည့်ပါ။ မျက်လုံးလေး မှိတ်ပြီး သီချင်းလေးတွေ နားထောင်ပါ။ ရသစာတွေ နဲ့ သက်ဆိုင်ရာ
ဘာသာရေး စာပေများဖတ်ပါ။ စိတ်တူကိုယ်တူချင်း စကားများများ ပြောပေးပါ။ "ငါလုပ်ရမယ်" ဆိုတဲ့ အရာတွေကို မေ့ထားပြီး "ငါလုပ်ချင်တယ်" ဆိုတဲ့ အရာတွေအတွက် အချိန်ပေးပါနော်။

(၄)ဗဟုသုတ နဲ့ ပညာရေး တိုးတက်ချင်စိတ်ရှိရင် တိုးတက်အောင်နေပါ။
(စိတ်ပါမှ လုပ်သင့်ပါတယ်။ စိတ်မပါရင် ခဏမေ့ထားပါနော်၊ သင့်အတွက် အပို ဖိစီးမှုတွေ မထားသင့်တဲ့ အချိန်ပါ)
Online class တွေ တက်ပါ။ Discount တွေရှိပါတယ်။ You tube ကနေ လဲ free လေ့လာလို့ရပါတယ်။ fashion design, language, make up, ချက်နည်းပြုတ်နည်း စတာတွေကို လေ့လာနေရင်း ကိုယ် မလုပ်ဖြစ်ခဲ့တဲ့၊ ကိုယ်စိတ်ပါဝင်စားတဲ့၊ ထက်သန်တဲ့ ၊ကိုယ့်ရဲ့ ဝါသနာကို ပုံဖော် အသက်သွင်းခွင့် ရမှာ ဖြစ်ပါတယ်🤗

ကောင်းတာလေးတွေ တွေးပြီး ကောင်းမယ်ထင်တာလေးတွေ လုပ်ရင်း အချိန်ကို အသုံးချကြရအောင်နော်🤗

👇👇👇👇😍😍😍
အောက်က စာအုပ်လေးတွေကတော့ English language ကို actively လေ့လာနေသူတွေအတွက် ရယ်၊ IELTS approach ကို စတင် လေ့လာမယ့်သူတွေ အတွက် အရမ်းကို အသုံးဝင် အကျိုးရှိမယ့် Official guide ၊ Grammar for IELTS နဲ့ Vocabulary for IELTS တို့ ဖြစ်ပါတယ်။
ဈေးနှုန်း လေးတွေကို ပုံတွေရဲ့ အောက်မှာရေးထားပါတယ်
🎧Audio file free ❗ ပါနော်

🙏ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေရှင်🙏

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐
English novels နှင့် သုတ ရသ စာအုပ်များကို Page မိတ်ဆက် discount အနေနဲ့ 25%discount ကို July လကုန်အထိ လျှော့ပေးသွားမှာပါ

လက်ကား‌ဈေးလေးကတော့ ပုံမှန် 20% လျှော့ပေးမှာ ဖြစ်ပြီး discount ကာလမှာ 30% အထိ ရမှာပါနော်
(တစ်ကြိမ်တည်း အုပ် ၂၀ နဲ့ အထက် ဝယ်ယူသူကို လက်ကားဈေး ပေးမှာ ဖြစ်ပါတယ်)

😁Medical books လေးတွေ နဲ့ English learning စာအုပ်လေးတွေကတော့ discount မရှိသေးပါဘူးနော်😁

💸💸ဈေးနှုန်းလေးတွေကတော့
📒စာအုပ်အထူအပါး အလိုက်
📙Size အလိုက်
📚မူရင်း pdf ရဲ့ page အနည်းအများ အလိုက်
ကွာခြားသွားမှာ ဖြစ်သည့်အတွက်
📢msg box မှသော်လည်းကောင်း
📢 WindowView Telegram account 09966332007
မှသော်လည်းကောင်း မှာချင်သည့်ပုံစံနှင့် ဈေးနှုန်းကို မေးမြန်းနိုင်ပါတယ်ရှင်

🥰Medical books များက page အရေအတွက်များပြီး volume ခွဲထုတ်ပေးရခြင်းများရှိသည့်အတွက် အထူးService ပေးခြင်းဖြစ်ပါတယ်နော်🥰🥰

📚အခြားစာအုပ်များလည်း ‌
စာအုပ်အမည်ပြောပြီးသော်လည်းကောင်း
Pdf file ပို့ပြီးကသာ်လည်းကောင်းမှာယူနိုင်ပါတယ်
Pdf file ကို WindowView telegram Channel သို့လည်းကောင်း အောက်ပါ linkမှတဆင့်👇👇👇 https://t.me/joinchat/4_PXU0M1jKUxMzA1 ပေးပို့ မှာယူနိုင်ပါတယ်ရှင်
🚚 Delivery fees ကတော့ ရန်ကုန်မြို့တွင်းပျမ်းမျှ ၂၀၀၀ ကျပ်ပါ
သက်ဆိုင်ရာ ကဂိတ်များမှတဆင့် နယ်ကိုလည်း ပို့ပေးပါတယ်နော်🤗

08/07/2021

🪜သင့်အတွက် Vocabulary လှေကားလေးပါနော်

🍁Michael McCarthy ရဲ့ Vocabulary series လေးဖြစ်ပါတယ်( 3rd and 4th edition with audio scripts)🤗

🍁2017 ကမှ ထွက်ရှိထားတဲ့ edition အသစ်ဖြစ်တဲ့ အတွက် 2002 တုန်းက vocabulary series များနဲ့ လုံးဝ မတူတဲ့ learning methods တွေနဲ့ လေ့လာရမှာ ဖြစ်ပါတယ်

🌻Vocabulary ကို လေ့လာနေရ‌တာဆိုပေမယ့် pictures လေးတွေကြည့်ရင်း၊ audio script လေးတွေ နားထောင်ရင်း လေ့လာရမှာဖြစ်တဲ့အတွက် လုံးဝ ပျင်းစရာ မကောင်းပါဘူးနော်🤗🤗

💸ဈေးနှုန်းလေးတွေကတော့👇👇👇
Elementary level (3rd edition)= 6000 MMK
Pre-intermediate and intermediate (4th edition) = 7000 MMK
Upper-intermediate (4th edition) = 7000 MMK
Advanced (3rd edition)= 7000 MMK
🎧 Audio file free ❗ဖြစ်ပါတယ်

🤗E book နဲ့ လေ့ကျင့်ခန်းတွေလုပ်တာထက် စာအုပ်ပေါ်မှာ အာရုဏ်အပြည့် စူးစိုက်ပြီး စိတ်ကြိုက်မှတ်သားကြမယ်နော်

📚အခြားလိုအပ်‌သော စာအုပ်များလဲ message button လေးနှိပ်ပြီး မှာနိုင်ပါတယ်ရှင်
🚚 Delivery ကတော့ ရန်ကုန်မြို့တွင်း ပျမ်းမျှ ၂၀၀၀ ကျပ် ပါ
🥺Delivery company အပြောင်းအလဲကြောင့် ယခင် delivery ဈေး မလုပ်ပေးနိုင် တာ နားလည်ပေးပါနော်
🙏ဘေးရန်ကင်းလို့ စိတ်ချမ်းသာကြပါစေရှင်🙏

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐
English novels နှင့် သုတ ရသ စာအုပ်များကို Page မိတ်ဆက် discount အနေနဲ့ 25%discount ကို July လကုန်အထိ လျှော့ပေးသွားမှာပါ

😁Medical books လေးတွေ နဲ့ English learning စာအုပ်လေးတွေကတော့ discount မရှိသေးပါဘူးနော်😁

💸💸ဈေးနှုန်းလေးတွေကတော့
📒စာအုပ်အထူအပါး အလိုက်
📙Size အလိုက်
📚မူရင်း pdf ရဲ့ page အနည်းအများ အလိုက်
ကွာခြားသွားမှာ ဖြစ်သည့်အတွက်
📢msg box မှသော်လည်းကောင်း
📢 WindowView Telegram account 09966332007
မှသော်လည်းကောင်း မှာချင်သည့်ပုံစံနှင့် ဈေးနှုန်းကို မေးမြန်းနိုင်ပါတယ်ရှင်

🥰Medical books များက page အရေအတွက်များပြီး volume ခွဲထုတ်ပေးရခြင်းများရှိသည့်အတွက် အထူးService ပေးခြင်းဖြစ်ပါတယ်နော်🥰🥰

📚အခြားစာအုပ်များလည်း ‌
စာအုပ်အမည်ပြောပြီးသော်လည်းကောင်း
Pdf file ပို့ပြီးကသာ်လည်းကောင်းမှာယူနိုင်ပါတယ်
Pdf file ကို WindowView telegram Channel သို့လည်းကောင်း အောက်ပါ linkမှတဆင့်👇👇👇 https://t.me/joinchat/4_PXU0M1jKUxMzA1 ပေးပို့ မှာယူနိုင်ပါတယ်ရှင်

Photos from WindowView's post 04/07/2021

📚အပြင်စာအုပ်လေးတွေ ကြည့်ချင်ကြတဲ့ စာချစ်သူ များအတွက် ယနေ့ Order စာအုပ်လေး‌တွေပါ😍😍

🌻WindowView page လေးကို ယုံယုံကြည်ကြည် အားပေးကြတဲ့ စာချစ်သူများကို Quality အတွက်ကြောင့်နဲ့ ဘယ်တော့မှ စိတ်ပျက် မသွားစေဖို့ အာမခံပါတယ်နော်

👉Printing Quality ကို သိချင်ရင် picture quality တွေကို ကြည့်ကြရတာမို့ picture ပါတဲ့ စာမျက်နှာလေးတွေ ရိုက်ပြထားပါတယ်

p.s. အတွင်းစာမျက်နှာလေးတွေက စောင်းနေတာ မဟုတ်ပါဘူးနော် 😁 Cameraman ညံ့တာပါ😁

Photos from WindowView's post 03/07/2021

📚Oxford Activity Books လေးတွေပါ

တစ်အုပ်မှ 3000ks ထဲပါနော်

😍အသက် ၆ နှစ်မှ ၁၂ နှစ်အထိ ရှိတဲ့ သားသားမီးမီးတို့အတွက် ဖြစ်ပါတယ် ( ၆နှစ်အတွက် book (1)၊ ၇နှစ်အတွက် book (2).....စသည်ဖြင့် )

Cristopher Clerk ဆိုသော professor တစ်ဦးမှဂျပန်ပြည်မှာ 10 နှစ်တာ တာဝန်ထမ်းဆောင်နေရင်း ဂျပန် လူမျိုး ကလေးများရဲ့ လိုအပ်ချက်များကို လေ့လာပြီး ၎င်းတို့အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနေသော စာအုပ်လေးများ ဖြစ်ပါတယ်

စာအုပ်တစ်အုပ်တည်းမှာပဲ
🔹English language skills အတွက်သင်ကြားခြင်း၊
🔹ရုပ်ပုံလေးများဆွဲခြင်း၊
🔹အရောင်ခြယ်ခြင်း၊
🔹matching တွဲခိုင်းခြင်း နှင့်
🔹သင်္ချာဉာဏ်အတွက်ပါ လေ့ကျင့်ခိုင်းတာလေးတေပါလို့ အရမ်းအရမ်း ကို စုံလင် လှလို့ ချစ်သော ကလေးငယ်များရဲ့ ဉာဏ်ရည်ဉာဏ်သွေး များ အဖက်ဖက်က စုံစုံလင်လင် တိုးတက်စေမှာ ဖြစ်ပါတယ်
👉နမူနာ စာမျက်နှာလေးတွေကို လေ့လာနိုင်အောင် ရိုက်ပြထားပါတယ်

🤗ဖေဖေ မေမေ တို့ ကိုယ်တိုင် သားသား မီးမီး လေးတို့ကို အတူတူ ကစားပေးရင်း သူတို့လေးတွေကို အဖော်ပြုပေးရင်း သင်ကြားပေးနိုင်ပါတယ်နော်🤗

💐အခြားလိုအပ်သော စာအုပ်များလဲ message box မှသော် လည်းကောင်း phone ဆက်ပြီးသော်လည်းကောင်းမှာနိုင်ပါတယ်ရှင်

🚚Delivery fees ကတော့ ပို့ရမယ့် မြို့နယ် အနီးအဝေး အလိုက် ကျသင့်မှာ ဖြစ်ပါတယ်

🙏ဘေးရန်ကင်းလို့ စိတ်ချမ်းသာကြပါစေရှင်🙏

Photos from WindowView's post 01/07/2021

🔹IQ Vs EQ

IQ တို့ EQ တို့ ပါးစပ်ဖျားမှာ မချတမ်းပြောကြရတဲ့ ခေတ်မှာ IQ နဲ့ EQ အကြောင်း ‌ ‌ဘာ‌တွေကွာခြားလဲ ဘာက ပိုအရေးကြီးသလဲ ဆိုတာပါ စေ့စေ့ငုငု နားလည်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်

နှစ်ခုလုံးကတော့ လူတစ်ဦးရဲ့ ဉာဏ်ရည်ကို စွမ်းရည်အနေနဲ့ ခွဲခြားဖော်ပြကြခြင်းပဲ ဖြစ်ပါတယ်

🔹IQ ဆိုတဲ့ intelligence Quotient ဟာ လူတစ်ဦးရဲ့ သူ့အသက်အရွယ်မှာ ရှိတဲ့ မှတ်သားနိုင်စွမ်း၊ ဖြန့်ကျက်တွေးခေါ်နိုင်စွမ်း၊ အသေးစိတ်အာရုဏ်စိုက်သိမြင်နိုင်စွမ်း၊ ကျိုးကြောင်းပြနိုင်စွမ်း စတဲ့အရာတွေကို ဆိုလိုတာဖြစ်ပြီး IQ test ကို စစ်ဆေးတဲ့နေရာမှာလဲ ဖော်ပြပါအရာတွေကို အခြေခံ စံသက်မှတ်ပြီး ပုစ္စာတွေ ထုတ်တတ်ကြပါတယ် ( test တော်တော်များများ သင်္ချာအမြင်က လွှမ်းမိုး ပါတယ်)

🔹IQ ကို ဘယ်လိုတွက်ချက်လဲ ဆိုတော့ ရှိနေတဲ့ ဉာဏ်ရည်( mental age) ကို အသက် (chronological age) နဲ့ စားပြီး 100 နဲ့ မြှောက်ပါတယ်

🔹ပျမ်းမျှက 85 မှ 115 ထိဖြစ်ပြီး 145ထက်ကျော်သူကိုတော့ Genius ပါရမီရှင် ရယ် လို့ သက်မှတ်ပါတယ်

🔹IQ 70 အောက်ကို ရောက်ရင်တော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ၊ထိန်းချုပ်ဖို့တောင် ခက်ခဲတဲ့ ဉာဏ်ရည်နိမ့်သူလို့ သက်မှတ်ပါတယ်

🔸EQ ခေါ် Emotional Quotient ကတော့ စိတ်ပိုင်းဆိုင်ရာ သန်မာမှု စွမ်းရည်ကို ဆိုလိုပါတယ်
EQ မှာ အပိုင်း ၅ပိုင်း ပါပါတယ်

၁) ကိုယ့်ကိုကို သိမှု ၊နားလည်မှု။
ကိုယ် ဘာဖြစ်နေတာလဲ ဝမ်းနည်းနေလား စိတ်တိုနေလား မကောင်းတဲ့စိတ်ဖြစ်နေတာလား ကောင်းတဲ့အကြံအစည် ကြံနေတာလား ဆိုတာ ကိုယ်ကိုယ်တိုင် အမြဲသတိထားမိနိုင်တဲ့ စွမ်းရည်။

၂) အထက်ပါ မိမိကိုယ်ကို သိမှုများကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်။
ကိုယ်မပြောခင် မလုပ်ခင် မဆုံးဖြတ်ခင်မှာ အချိန်မီ ထိန်းသိမ်းပြီး ပိုကောင်းတဲ့ အပြုအမူကို ပြောင်းလဲ ပြုလုပ်နိုင်စွမ်းကို ဆိုလိုပါတယ်။

၃)စိတ်ပါလက်ပါ အားတက်သရော ရှိခြင်း။ ပညာရှာဖွေခြင်း ၊ဗဟုသုတ ရှာဖွေခြင်း၊ တာဝန်‌အရလုပ်ခြင်း စတဲ့ သက်မှတ်ထားတဲ့ အရာတွေအတွက်သာမဟုတ်ဘဲ ကိုယ်ဘာကိုပဲလုပ်လုပ် အမြဲတိုးတက်‌နေစေဖို့ ကောင်းမွန်စေဖို့ စိတ်အားထက်သန်နေခြင်း ကို ဆိုလိုပါတယ်။

၄)သူတပါးကို နားလည်နိုင်ခြင်း၊ခံစားနိုင်ခြင်း။ မျက်နှာရိပ် မျက်နှာကဲသိခြင်း။ ကိုယ်ပြောလိုက်တဲ့ အရာက သူတပါးအပေါ် ဘယ်လို သက်ရောက်သွားနိင်သလဲ တပါးသူ ဘယ်လိုခံစားသွားရသလဲ သိနိုင်စွမ်းကို ဆိုလိုပါတယ်။

၅)အများနဲ့ ဆက်ဆံတဲ့ နေရာမှာ အထက်ပါ သိမှု နားလည်မှုများကို လိုအပ်သလို ထိန်းချုပ်ပြုပြင်ပြီး အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးများ တည်ဆောက်နိုင်စွမ်း တို့ ဖြစ်ပါတယ်။

🦉ဒီစာတွေကို ဖတ်ပြီးတဲ့နောက်မှာ IQ နဲ့ EQ ဘယ်အရာက အရေးကြီးတယ်လို့ ထင်ပါသလဲ??

🔹IQ မြင့်သူများဟာ အတန်းပညာမှာ သာမန်ထက် ထူးချွန်နိုင်ပြီး စာတော်သူ တီထွင်ကြံဆနိုင်သူများဖြစ်လာနိုင်ပြီး တစ်ဦးတစ်ယောက်တည်း ပြုလုပ်ရတဲ့ profession များ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ သုတေသန ပြုသူ၊ သိပ္ပံပညာရှင် စတဲ့ အလုပ်တွေမှာ အောင်မြင်နိုင်တယ်လို့ ဆိုပါတယ်။

🔸EQ မြင့်သူများကတော့ အများနဲ့ပြုလုပ်ရတဲ့ ကုမ္ပဏီလုပ်ငန်းများ၊ လုပ်ငန်းရှင်၊ ဝန်ထမ်း၊ ထုတ်လုပ်သူ၊ ဝန်ဆောင်မှု စတဲ့အရာတွေမှာအောင်မြင်နိုင်မှာ ဖြစ်ပြီး ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း အိမ်ထောင်ရှင်ကောင်း၊မိဘကောင်း ၊သားသမီးကောင်း စသည်ဖြင့် လူမှုရေးမှာလည်း အောင်မြင်မှာ ဖြစ်ပါတယ်။

❗IQ ကို သက်မှတ်ထားတဲ့ စံတန်ဖိုးများဟာ ကျဉ်းမြောင်းလွန်းပြီး လူတစ်ယောက်ဟာ IQ နဲ့ EQ မျှနေမှသာ ဘဝမှာ အောင်မြင်မှု အစစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်
❗IQ မြင့်ပြီး EQ နိမ့်သူများဟာ လူ့ခွစာ၊ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် ဖြစ်လာနိုင်ပြီး အများအကျိုးကို မကြည့်ခြင်း၊ လူအများနဲ့ အဆင်မပြေ ဖြစ်ခြင်း စတဲ့ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

🤗EQ မြင့်သူများအတွက်တော့ ပျမ်းမျှ IQ ဖြစ်ရုံမျှနဲ့ အောင်မြင်မှု ပျော်ရွှင်မှု များတစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ်။
🥳IQ ရော EQ ပါ မြင့်မားသူများအတွက်တော့ ဘဝရဲ့ ထိပ်တန်းနေရာများကို ရရှိကြမှာ အသေအချာပါပဲ

IQ နဲ့ EQ ဘယ်ဟာ အရေးကြီးလဲ ဆိုတာထက် IQ မြင့်ဖို့ထက်တော့ EQ မြင့်ဖို့က ဘဝ ရှင်သန်နေထိုင်ဖို့ အတွက် ပိုအရေးကြီးပါတယ်။

EQ ကို မြင့်မားချင်ရင်တော့ EQ ကို တိုးတက်အောင် လုပ်ယူလို့ ရပါတယ်။
EQ ဟာ သင်ယူလို့ ရတဲ့အရာ တစ်ခုဖြစ်ပါတယ်။
👉ဘဝသင်ခန်းစာကနေ..
👉ပတ်ဝန်းကျင်ကောင်းကနေ..
👉မိတ်ဆွေကောင်းဆီကနေ...
👉စာကောင်းပေမွန်များဖတ်ခြင်းကနေ ..
သင်ယူနိုင်ပါတယ်။

စာဖတ်ခြင်းဖြင့် မိမိ ရဲ့ EQ ကို တိုးမြှင့်ဖို ရသစာအုပ်ကောင်းများ မှာယူကြပါစို့နော်။
📝by Admin( သုတေသနပြုထားသော စာတမ်းများ မှ လေ့လာ ရေးသားထားခြင်းဖြစ်ပါတယ်)

🧠ကိုယ့်ရဲ့ IQ နဲ့ EQ ကို စစ်ကြည့်ချင်ရင်တော့ free IQ နဲ့ EQ test link လေးတွေ ချပေးထားပါတယ်နော်
EQ test👇 https://www.verywellmind.com/how-emotionally-intelligent-are-you-2796099
IQ test👇
https://www.free-iqtest.net/iq.asp

ဒီစာလေးကို နှစ်သက်ရင် page လေး ပါအောင် like and share လုပ်ပေးကြပါနော်
နောက်လည်း စာချစ်သူများအတွက် ဗဟုသုတရ‌စေ‌မယ့် အရာများကို ရှာဖွေလေ့လာပြီး ကြိုးစားတင်ဆက်သွားမှာပါ

🙏ဘေးရန်ကင်းလို့ စိတ်ချမ်းသာကြပါစေရှင်🙏

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11181