Modern Engineering Group

Modern Engineering Group

Share

M&E services

Photos from Modern Engineering Group's post 10/08/2025

Photos from Modern Engineering Group's post 08/07/2025

25/11/2024

🇲🇲 Myanmar National Day

အမျိုးသားနေ့ တို့မမေ့

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့
2024 ခုနှစ် November လ 25 ရက်နေ့ တွင်
ကျရောက်သော (၁၀၄)ကြိမ်မြောက် *အမျိုးသားအောင်ပွဲနေ့*
အား ဂုဏ်ပြုကြိုဆိုရင်း

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်

#အမျိုးသားနေ့

Photos from Modern Engineering Group's post 25/06/2024

Earthing Pit တွေ ကို ပေါင်းတဲ့ အခါ။
************************************
(မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါသည်)

Nice to know knowledge for earthing system

Earthing pit တွေ ကိုပေါင်းခိုင်းတဲ့အခါ တော်တော်များများစိုးရိမ်တာက နဲတဲ့ Ohm ကနေ ပိုများသွားမှာကိုစိုးရိမ်တာ ပါ။ အဲလို လုံးဝမဟုတ်ပါဖူး။ပေါင်းခိုင်းတယ်ဆိုတာ တခုနဲ့ တခု Interconnection လုပ်ခိုင်းတာပါ။ parallel earthing connection ပါ။
Earthing resistance တွေ ပေါင်းတဲ့အခါ Ohm law ကိုလိုက်နာပါတယ်။ 1/R=1/R1+1/R2+1/R3…. ပါ။ လျပ်စစ် ဆရာတိုင်းသိ၇မဲ့ Formula ပါ။
ဥပမာ ၁။ Earthing Pit ၂ ခုမှာ တခုက 2 Ohm , နောက်တခု က 50 Ohm ဆို ရင် ဆရာသမားကို ပေါင်းခိုင်းရင် တချို့ က မပေါင်းရဲပါဖူး။ ဘာလို့လဲ ဆိုတော့ 2 Ohm ရနေတာကနေ ပိုများသွားမှာစိုးလို့ပါ။ မဟုတ်ပါ။
ဥပမာ ၂။ Erath No-1 က 10 Ohm ရနေတယ်။ No-2 က 20 Ohm ရနေတယ်။ ၂ ခုကိုပေါင်းပါဆိုရင် နဲတဲ့ 10 ohm ထက်ပိုများသွားမယ်ထင်တဲ့ သူများပါတယ်။ မဟုတ်ပါ။
1/R=1/10+1/20 ကိုတွက်ရင် R= 6.7 Ohm ပဲ ရှိတော့မှာပါ။ ဒါကြောင့်မို့ Earthing မှာ Ohm နဲနဲ လိုချင်ရင် location များများရိုက်ပြီး ဆက်ပေးပါ ခင်ဗျာ။
တကယ်လို့ Earthing 10 Ohm 5 ချောင်းဆက်လိုက်ရင် 2 Ohm ရပါတယ်ခင်ဗျ။
Resistance တွေ ရဲ့ Ohm law theory အရပါ ခင်ဗျာ။
တချို့ Switch station တွေမှာ Earthing တွေ ကိုပတ်လည် လျောက်ရိုက်တာအဲဒီ သီအိုရီ အရပါ။
မှတ်သားရမှာက Earthing တွေ ပေါင်းလေ Resistance လျော့လေပါ။
ကျေးဇူးတင်ပါတယ်။
Kyaw Oo
AETHER Solar Engineering
EI Engineering



battery

Photos from Modern Engineering Group's post 26/05/2024

Lighting renobation job

လူကြီးမင်းတို့၏
နေအိမ်
ရုံးခန်း
Restaurant
Hotel Etc.

M&E လုပ်ငန်းများ လုပ်ဆောင်လိုပါက ကျွန်တော်တို့ Modern Engineering Group မှလက်ရာသေသပ်စွာဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်ခင်ဗျာ

အောက်ဖော်ပြပါလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ
- Electrical System
- Mechanical System(Plumbing & Sanitary System)
-ACMV System
- ELV System (Data, Tel CCTV, Card Access, MATV, Nurse Call, IPTV, Video Intercom,Fire Alarm )





https://www.facebook.com/profile.php?id=100082995055697

သင်ဆရာ
မြင်ဆရာ များအား

လေးစားလျက်
Modern Engineering Group
MEP Service
09969893182

if u have any clarification , pls free to free contact me.

13/05/2024

Estimate Load Calculation ( ခန့်မှန်းတွက်ချက်ခြင်း )

Ko Aung Kyaw San ရေးသားသည်။

မိမိလိုချင်တဲ့လိုအပ်တဲ့ Transformer Size, Generator Size , Breaker Size, Cable Size တွေ ရရှိဖို့အတွက် မိမိသုံးစွဲမဲ့ Load ပမာဏ ဘယ်လောက်ရှိနိုင်သလဲဆိုတာ BQ ( Bill of Quantity) သေချာသိ သေချာတွက်ဖို့လိုအပ်လှပါမယ်။ မိမိလက်ရှိအသုံးပြုနေသော Load ပမာဏကို အနီးစပ်ဆုံးသိရပြီဆိုရင်တော့ ရေရှည်မှာ Load ဘယ်လောက်တိုးနိုင်သလဲဆိုတဲ့အပေါ်မှာ အနည်းဆုံး 25% ကနေ 35% လောက်ထိပိုတွက်ထားနိုင်မှ အဆင်ပြေနိုင်မယ်ခင်ဗျ။ အဆောက်အဦးတစ်ခုတွက် လျှပ်စစ်လိုအပ်ချက်က လျော့နည်းသွားလေ့မရှိပဲ ထပ်တိုးတိုးလာတာပဲတွေ့မြင်နေကြရမှာပါ။ အချို့သော Shopping center တွေ အထပ်မြင့်အဆောက်အအုံတွေမှာဆို မီးစက်တစ်လုံးက နှစ်လုံး နှစ်လုံးက သုံးလုံး တပ်ဆင်ထားတာတွေ့ဖူးမှာပေါ့။ အဲ့အခြေနေတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် ရေရှည်မှာတိုးလာနိုင်တဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကြိုတင်ကာကွယ်ဖို့ဆိုရင် Desing စတင်တွက်ချက်ကတည်းက Save Side ယူတွက်ချက်တာအကောင်းဆုံးပဲလို့ယူ ဆပြီးတိုက်တွန်းပါရစေ။ လျှပ်စစ်ဓာတ်အား ပိုနေ( X’mer , Genset ကြီးနေ) လို့အပြစ်မြင် ဆန်းစစ်တဲ့လူရယ်လို့တွေ့ရခဲပေမဲ့ လျှပ်စစ်မီးအားမလောက် မငှ ဖြစ်ရင်တော့ အဲ့ဒီဇိုင်းကိုစတင်တွက်ချက်တဲ့ အင်ယာ ညံ့တယ်လို့ပဲ အကြမ်းမျဉ်းသုံးသပ်ကြတာတွေ့ရပါတယ်။ ယခုလောလောဆယ် မှာဖွင့်လှစ်ထားတဲ့ နာမည်ကြီး ရှော့ပင်းတစ်ခုမှာ လျှပ်စစ်မီး မလုံလောက်လို့ဆိုတာလည်း တွေ့မြင်ကြားသိနေရတယ်ခင်ဗျ

ကိုယ့်နေရာ/ ကိုယ့်အခန်းတစ်ခုတွက် လျှပ်စစ် ( Watt ) အား ဘယ်လောက်လိုအပ်နိုင်သလဲဆိုတာကို ခန့်မှန်းတွက်ချက်ကြည့်ကြရအောင်။ ကျနော်တွက်ပြတာထက် ပိုကောင်းမဲ့ အဆင်ပြေမဲ့တွက်နည်းတွေ့ထားခဲ့ရင်လည်း ရှိုတော့မထားနဲ့ အလင်းလေးတော့ပြခဲ့ကြအုံး

ရန်ကုန်မြို့နေ တိုက်ခန်းအများစုရဲ့ အကျယ်အ၀န်းကတော့ တစ်ခန်းနဲ့တစ်ခန်း
ဧရိယာသိပ်မကွာလှတာတွေ့ရမှာပါ။ ဒါကြောင့် အကျယ်ဆုံးအနေနဲ့ယူဆပြီးတော့( ၁၅ပေ
×ပေ ၆၀ ) ဒီအတိုင်းလေး တွက်ကြည့်မယ် ။ အခန်းတစ်ခန်းမှာ အသုံးပြုမယ့် Watt အားကို အနီးစပ်ဆုံးတွက်လို့ရပြီဆိုရင် ၈ လွှာ တိုက်ခန်း ဘယ်ညာအတွက် စုစုပေါင်း (၁၆) တွက်ဆိုရင် (၁၆) ခန်းနဲ့ မြှောက်ချလိုက်မယ်ဆို ရနိုင်ပြီပေါ့။ ၁၆ ခန်းတွက် ရလာတဲ့ စုစုပေါင်း Load (A ) ပေါ်မူတည်ပြီးတော့ 25% to 35% လောက်ပိုတွက်ထားလိုက်ရင် ထပ်တိုးလာနို်င်တဲ့ Load တွေတွက်လည်း Cover ဖြစ်သွားပြီပေါ့ ။

အိုကေဗျာ..အခန်းတစ်ခန်းကို နမူနာယူပြီး အကြမ်းမျဉ်း အနီးစပ်ဆုံး တွက်ချက်ကြည့်ရအောင်။ ကျနော်ရေးပြ တွက်ပြတာလိုအပ်ချက်ရှိနေရင်လည်း ထောက်ပြဝေဖန်ပေးပါလို့ ကြိုတင်တောင်းဆိုပါတယ်။ ဒီတွက်ချက်မှုက လုံးဝြပီးပြည့်စုံတယ်လို့ မမှတ်ယူစေချင်ဘူး။ အနည်းဆုံးတော့ သင် အခန်းတစ်ခု အဆောက်အအုံတစ်ခုကို အနီးစပ်ဆုံးခန့်မှန်းတွက်ချက်သွားနိုင်တယ်ဆိုရင်ပဲ ၁၀၀ ရာခိုင်နှုံးကျ နော် ကျေနပ်နေချင်ပါတယ်။

Length = အခန်းအလျား = ၆၀ ပေ
Width = အခန်းအနံ = ၁၅ ပေ
Area = အခန်းဧရိယာ = ၆၀×၁၅
Squareft = ၉၀၀ စတုရန်းပေ အကျယ်သတ်မှတ်ပြီး တွက်ကြည့်ရအောင်လား။

Varandah ( ၀ရံတာ တစ်ခု )
Parlour ( ဧည့်ခန်းတစ်ခန်း )
Bed Room ( အိပ်ခန်း တစ်ခန်း )
Kitchen ( မီးဖိုချောင် )
Bath Room ( ရေချိုးခန်း )
Toilet Room ( အိမ်သာခန်း )
½ Hp pump ( ရေမော်တာ တစ်လုံး )
ရှိမယ်လို့ သတ်မှတ်ပြီး တွက်ချက်ကြည့်ရအောင်။

BQ ( Bill of Quantity + Estimte Calculation )
*************************************************

1.Parlour ( 15’ × 10’) = TV + 2× Fans+ 4’ lamp + 2×Socket outlet
= (200 + 2×50 + 40 + 2×200 ) W
= 740 W ( ~ 800 W)

2.Bed Room(15’× 20’) = 1Hp Air-Con+2×Socket outlet + 4’ lamp
= (746 + 2×200 + 40 ) W
= 1186 W ( ~1200 W )

3.Kitchen Room(15×10) = Hotplate+1× Socket out let + 4’ lamp
= (1000 + 1× 200 + 40 ) W
= 1240 W (~1300 W )

4.Bath Room (15×10 ) = 1×2’ lamp + 1× Socket outlet
= ( 20 + 200 ) W
= 220 W
5.Toilet Room (15× 6’ ) = 1 Bulb
= 20 W
6.Varandah ( 15’ × 4’ ) = 2 Bulb
= 2× 20W
= 40 W
7.1/2 (0.5 Hp) Pump = 373 W

Totally Estimate Load = ( 800+1200+1300+220+20+40+373 ) W
= 3953 W

Power ( W ) = Volt ( V ) × Ampere ( I )
3953 W = 220 V × I
Ampere (I) = 3953 á 220
I = 17.97 A

အခန်းတစ်ခန်းတွက် အသုံးပြုမဲ့ Watt ကိုသိလို့ အခန်းတစ်ခန်းတွက် အသုံးပြုမဲ့ Load ( A ) အနီးစပ်ဆုံးရပြီဆိုတော့ Breaker တွေ Cable တွေ ရွေးချယ်လို့ရပါပြီ ။ အထက်က ကောက်ယူခဲ့တဲ့လျှပ်စစ်ပစ္စည်းတွေက တချိန်တည်း တစ်ပြိုင်တည်းအသုံးပြုမှာတော့မဟုတ်ပါဘူး။ လိုအပ်သလို ဖွင့်ပ်ိတ်ပြီးသုံးစွဲကြမှာဖြစ်ပါတယ်။ အခုကောက်ယူထားတဲ့ Watt က အခန်းတစ်ခန်းမှာ အများဆုံးသုံးနိုင်မယ်ထင်တဲ့ ပမာဏလို့ယူဆပြီးတွက်ချက်တာဖြစ်ပါတယ်။
အထက်မှာတွက်ချက်မှုအရ Ampere (Load) ကို ရပြီဆိုရင် အလွယ်ကူဆုံး အနီးစပ်ဆုံး အသုံးပြုနေကြတဲ့ Cable ဆိုဒ်ရွေးနည်း Circuit Breaker ရွေးနည်းကတော့

Cable Size = Load Ampere × 1.5
= 17.97 × 1.5
= 26 A ( 4 mm2 cable ဆိုက်ကို ရွေးလျှင်သင့် )

Circuit Breaker= Full Load Ampere × 1.25
= 17.97 × 1.25
= 22.4625 A ( 32 A အသုံးပြုသင့် )

Lighting တွေဖြစ်တဲ့ မီးချောင်း ၊ မီးလုံး ၊ အလှဆင်မီးလုံးတွေတွက်တော့ Φ1.5 mm2 cable size ကိုအသုံးပြုလေ့ရှိပြီး
Power တွက် Socket Outlet ဆိုလျှင်တော့ Φ2.5 mm2 cable size ကို အသုံးပြုတယ်လို့အကြမ်းဖျဉ်းမှတ်ထားရင်အဆင်ပြေနိုင်မယ်ထင်ပါတယ်။
အိမ်တွေမှာအသုံးပြုတဲ့ Air_Con တွေမှာ့ Φ2.5 mm2 cable size ကိုအများဆုံးအသုံးပြုပေမဲ့ တကယ့်စီးပွားရေးအဆောက်အအုံဆိုရင့် Φ 4mm2 cable size သုံးစွဲတာတွေ့နိုင်ပါတယ်။ မိမ်ိအသုံးပြုမဲ့နေရာက Power Soure နဲ့ဝေးနေတယ်ဆိုရင်တော့ Save ဖြစ်ဖို့တွက် ကြိုးဆိုဒ်ကို တစ်ဆိုဒ်ကြီးပြီးသုံးတတ်ကြပါသေးတယ် ။ ဘာကြောင့် ကြိုးဆိုက်ကို နည်းနည်းပိုကြီးသလဲဆိုရင် အကြောင်းတစ်ခုခုကြောင့် Shock ဖြစခဲ့်ရင် ကြိုးနဲ့ လျှပ်စစ်ပစ္စည်းများ ထိခိုက်မှုနည်းအောင်ဖြစ်ပြီး…Breaker ကို ကျသွား စေချင်တဲ့အတွက်ဖြစ်ပါတယ်။ တကယ်လို့ Breaker Size ကကြီးနေရင် Breaker မကျပဲ ကြိုးနဲ့လျှပ်စစ်ပစ္စည်း ထိခိုက်ရဖို့ဖြစ်လာနိုင်လို့ပါပဲ။

***** ဒီတွက်နည်းက ကျနော်မှတ်သားမိသော မှတ်သားထားသော အနီးစပ်ဆုံးတွက်ချက်မှုသာလျှင်ဖြစ်ပြီး တကယ့် သီအိုရီ ကျကျတွက်ဖို့အတွက်ဆိုရင် အချက်လက်တွေ၊ CP ( Code of practices) တွေစုံလင်စွာ မိမိတွေ့ကြုံခဲ့ရတဲ့အတွေ့ကြုံတွေနဲ့ပေါင်းစပ်ပြီ့း ရှု့ထောင့်စုံကနေ အဆင့်ဆင့် တွက်ချက်ရယူပါလို့တိုက်တွန်းလိုပါတယ်။ အထက်မှတွက်ပြခဲ့တဲ့ အခန်းတစ်ခုကို နမူနာယူပြီး မိမိအခန်း ၊ မိမိအိမ်မှာတပ်ဆင်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို Watt ဘယ်လောက်ရှိလည်း ဘယ်လောက်သုံးထားလဲဆိုတာ သေချာ လေ့လာပြီး ပြန်လည်တွက်ချက်ကြည့်မယ်ဆိုလျှင် ဒီထက်ကြီးမားသော အဆောက်အအုံတွေတွက် ထပ်မံလေ့လာလိုက်မယ်ဆိုလျှင် တဖြည်းဖြည်းနဲ့မိမိအရည်အသွေး တိုးတက်လာမယ်လို့မျှော်လင့်မိပါတယ်။ အထက်မှာတွက်ပြခဲ့တာကတော့

P= VI Single Phase ( 220 V ) ပေါ်မူတည်ပြီး နမူနာတွက်ပြထားချင်းသာဖြစ်ပါတယ်။ တကယ့် စီးပွားရေးသုံးလျှပ်စစ်အတွက်ဆိုလျှင်တော့

P = Sq root 3 * VI Cos Φ Three Phase ( 380/440V ) ပေါ်မူတည်ပြီးတွက်ချက်ရမှာဖြစ်ပါတယ်။

ကျနော်တွက်ပြထားတာက ဘာနဲ့ဆင်တူသလဲဆို …ကျ နော်တို့ မူလတန်း အလယ်တန်း အထက်တန်းသင်္ချာ ဘာသာရပ်မှာ Example တွက်ပြထားတာတွေ့ဖူးတယ်မဟုတ်လား 1+1= 2 စသဖြင့်ပေါ့ တွက်ချက်ပြထားတာကို ကြည့်လိုက်ရင် လုံး၀ လုံး၀ လွယ်လွယ်လေးရယ် မျက်စိမှိတ်တွက်လည်းရနိုင်တယ်။ အဲ တကယ့်တကယ် ပုစ္ဆာတွက်ပြီဆိုရင်….ဘယ်ကစပြီး ဘယ်လိုတွက်ရမလဲ ဖြစ်ခဲ့ဖူးသလိုပေါ့။ နမူနာပြထားတာနဲ့လည်း မတူတော့ အချင်းချင်းခေါင်းချင်းဆိုင် ခေါင်းလေးကုတ်ပြီး ဆရာမကြည့်နေရင် အထင်ကြီးစေချင်တော့ တကယ်ကြီးစဉ်းစားလေဟန် လုပ်ခဲ့သလိုပေါ့ ။ အားငယ်စရာတော့မရှိပါဘူးဗျ ကျနော်တို့အားလုံး ကလေးဘ၀ ကခဂ ကနေစလာတာ ယနေ့အချိန်ခါ ထိလေ့လာပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီပဲ…ဘယ်သူမှ ဘယ်အင်ဂျင်နီယာမှ မလေ့လာပဲ မကြိုးစားပဲတော့တော်နေတတ်နေတဲ့သူ မရှိနိုင်ပါဘူး။ မိမိက လေ့လာသင်ယူကြိုးစားနေရင်တော့ တော်တဲ့အင်ဂျင်နီယာဖြစ်မလာသေးရင်တောင် တတ်သိနားလည်တဲ့ အင်ဂျင်နီယာဖြစ်လာမယ်ဆိုတာတော့ကျနော်ရဲရဲကြီးပြောရဲပါတယ်။ ဒီလိုပြောလို့ ကျနော်ကော ကျွမ်းနေပြီလား တော်နေပြီလား တတ်နေပြီလား မေးရင် ဟုတ်ကဲ့…..လေ့လာနေဆဲအဆင့်လို့သာ ၀န်ခံပါရစေ။

မူရင်းရေးသားသူ 🙏

Photos from Modern Engineering Group's post 07/05/2024

MEP Project in YGN

လူကြီးမင်းတို့၏
နေအိမ်
ရုံးခန်း
Restaurant
Hotel Etc.

M&E လုပ်ငန်းများ လုပ်ဆောင်လိုပါက ကျွန်တော်တို့ Modern Engineering Group မှလက်ရာသေသပ်စွာဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်ခင်ဗျာ

အောက်ဖော်ပြပါလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ
- Electrical System
- Mechanical System(Plumbing & Sanitary System)
-ACMV System
- ELV System (Data, Tel CCTV, Card Access, MATV, Nurse Call, IPTV, Video Intercom,Fire Alarm )





https://www.facebook.com/profile.php?id=100082995055697

သင်ဆရာ
မြင်ဆရာ များအား

လေးစားလျက်
Modern Engineering Group
MEP Service
09969893182

if u have any clarification , pls free to free contact me.

03/05/2024

မဂ်လာနံနက်ခင်းလေးပါရှင်...🙏🙏🙏

ဂုဏ်တော်ကွန်ချာ ဂါထာ
************************

၁။ သော ဘဂဝါ ဣတိပိ အရဟံ၊

အရဟံ ၀တ သော ဘဂဝါ၊

အရဟန်တံ သရဏံ ဂစ်ဆာမိ၊

အရဟန်တံ သိရသာ နမာမိ၊

ပထမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အရဟံ။

၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

သမ်မာသမ်ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊

သမ်မာသမ်ဗုဒ်ဓံ သိရသာ နမာမိ၊

ဒုတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊

၀ိဇ်ဇာစရဏသမ်ပန်နော ၀တ သော ဘဂဝါ၊

၀ိဇဇှာစရဏသမပှနနှံ သရဏံ ဂစဆှာမိ၊

၀ိဇဇှာစရဏသမပှနနှံ သိရသာ နမာမိ၊

တတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၄။ သော ဘဂဝါ ဣတိပိ သုဂတော၊

သုဂတော ၀တ သော ဘဂဝါ၊

သုဂတံ သရဏံ ဂစဆွာမိ၊

သုဂတံ သိရသာ နမာမိ၊

စတုတ္ထော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သုဂတော။

၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊

လောကဝိဒူ ၀တ သော ဘဂဝါ၊

လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊

လောကဝိဒုံ သိရသာ နမာမိ၊

ပဉ္စမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊

အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သရဏံ ဂစ်ဆာမိ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သိရသာ နမာမိ၊

ဆဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊

သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊

သတ်ထာရံ ဒဝေမနုဿာနံ သရဏံ ဂစ်ဆာမိ၊

သတ်ထာရံ ဒဝေမနုဿာနံ သိရသာ နမာမိ၊

သတ္တမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သတ်ထာ ဒဝေမနုဿာနံ။

၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊

ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊

ဗုဒဓှံ သိရသာ နမာမိ၊

အဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊

ဘဂဝါ ၀တ သော ဘဂဝါ၊

ဘဂ၀န်တံ သရဏံ ဂစ်ဆာမိ၊

ဘဂ၀န်တံ သိရသာ နမာမိ၊

နဝမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဘဂဝါ။

၁၀။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊

လောကဝိဒူ ၀တ သော ဘဂဝါ၊

လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊

လောကဝိဒုံ သိရသာ နမာမိ၊

ပဉ္စမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၁၁။ သော ဘဂဝါ ဣတိပိ သုဂတော၊

သုဂတော ၀တ သော ဘဂဝါ၊

သုဂတံ သရဏံ ဂစဆွာမိ၊

သုဂတံ သိရသာ နမာမိ၊

စတုတ္ထော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သုဂတော။

၁၂။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊

အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သရဏံ ဂစ်ဆာမိ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သိရသာ နမာမိ၊

ဆဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၁၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊

၀ိဇ်ဇာစရဏသမ်ပန်နော ၀တ သော ဘဂဝါ၊

၀ိဇဇှာစရဏသမပှနနှံ သရဏံ ဂစဆှာမိ၊

၀ိဇဇှာစရဏသမပှနနှံ သိရသာ နမာမိ၊

တတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၁၄။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊

သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊

သတ်ထာရံ ဒဝေမနုဿာနံ သရဏံ ဂစ်ဆာမိ၊

သတ်ထာရံ ဒဝေမနုဿာနံ သိရသာ နမာမိ၊

သတ္တမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သတ်ထာ ဒဝေမနုဿာနံ။

၁၅။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

သမ်မာသမ်ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊

သမ်မာသမ်ဗုဒ်ဓံ သိရသာ နမာမိ၊

ဒုတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၁၆။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊

ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊

ဗုဒဓှံ သိရသာ နမာမိ၊

အဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၁၇။ သော ဘဂဝါ ဣတိပိ အရဟံ၊

အရဟံ ၀တ သော ဘဂဝါ၊

အရဟန်တံ သရဏံ ဂစ်ဆာမိ၊

အရဟန်တံ သိရသာ နမာမိ၊

ပထမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အရဟံ။

၁၈။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊

ဘဂဝါ ၀တ သော ဘဂဝါ၊

ဘဂ၀န်တံ သရဏံ ဂစ်ဆာမိ၊

ဘဂ၀န်တံ သိရသာ နမာမိ၊

နဝမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဘဂဝါ။

ဂုဏ်တော်ကွန်ချာပြီး၏။
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏

Photos from HYPER Institute's post 30/04/2024
Photos from Modern Engineering Group's post 28/04/2024

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 30, 2 Qtr, Ba Htoo 5 Street, 3 Htate
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00