One 2 One Delivery Services

One 2 One Delivery Services

Share

Yangon Door to Door Delivery Service

13/06/2024

စိတ်မကောင်းစွာနဲ့ပဲ ကြေငြာပါရစေခင်ဗျာ .. 😔

ကျွန်တော်တို့ရဲ့ One 2 One delivery service ကို ယုံကြည်စွာနဲ့ ပစ္စည်းအပ်နှံကြတဲ့ customer များအားလုံးကို လေးစားစွာဖြင့် အသိပေးချင်တာလေးရှိပါတယ် ..

လတ်တလောအခြေနေ အမျိုးမျိုးကြောင့် ကျွန်တော်တို့အနေနဲ့ ပို့ဆောင်တဲ့အခါ အခက်အခဲများစွာကို ကြုံတွေ့နေရတဲ့အတွက်ကြောင့်

One 2 One Delivery Service ကို ( 14.6.2024 ) ရက်နေ့မှစပြီး အကန့်မသတ်မရှိ ခေတ္တရပ်နားလိုက်ပြီဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ သတင်းစကားပါးလိုက်ရပါတယ်ခင်ဗျာ 😢

ဒါပေမယ့် ပစ္စည်းလေးတွေကို ယနေ့ 13.6.2024 ရက်နေ့အထိတော့ ပစ္စည်းကောက်လက်ခံသွားမှာဖြစ်ပြီးတော့
16.6.2024 ရက်နေ့မှာ ပစ္စည်းလေးတွေကို အကုန်ပြီးပြတ်အောင် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ပစ္စည်းပို့မရတဲ့ ပါဆယ်ထုတ်တွေ‌ကိုတော့ 17.6.2024 ရက်နေ့မှာ online shop ထံသို့ return to shop အနေနဲ့ ပြန်ပို့ပေးပါမယ်ခင်ဗျာ ..

ဒါပေမယ့် ငွေစာရင်းရှင်းတမ်း ကိစ္စလေးတွေကိုတော့ ကျွန်တော်တို့ 30.6.2024 လကုန်အထိ ‌ဆက်လက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့
လူကြီးမင်းတို့အနေနဲ့ One 2 One နဲ့ရှင်းလင်းစရာ ငွေစာရင်းရှင်းတမ်းလေးတွေကို ထိုရက်တွေအတွင်းမှာ လာရောက်ပြောကြားပေးလို့ရပါတယ်ခင်ဗျာ ..
ပစ္စည်းကောက်လက်မခံတော့ပေမယ့် accounting ပိုင်းကိုတော့ ဆက်လက်ပြီး လကုန်အထိ ဆောင်ရွက်ပေးသွားမှာမို့ စိတ်မပူဖို့ ပြောပါရစေနော်။

‌ဝမ်းနည်းစွာနဲ့ပဲ One 2 One delivery service ကနေ ချစ်ရတဲ့ customer များအားလုံးကို ခေတ္တနှုတ်ဆက်ပါတယ်ခင်ဗျာ 😔🙏🏻

12/05/2024

( 12 . 5 . 2024 ) မှာကျရောက်သော World Mother's Day မှာ မေမေများအားလုံး စိတ်ချမ်းသာမှုအပေါင်း သရဖူဆောင်းကာ ချစ်ခင်ရတဲ့မိသားစုတွေနဲ့ သက်ဆုံးတိုင်ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေလို့ ... 🤱🏻

One 2 One team မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် 🥰💐

10/05/2024

မန္တလေး ချမ်းအေးသာဇံတွင် တာဝန်ထမ်းဆောင်ရန် Customer Service တစ်ဦးအလိုရှိပါသည် ‼️

Job Description & Requirements 💯

1. ဘွဲ့ရ (သို့မဟုတ်) အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

2. Customer service ကောင်းမွန်စွာပေးနိုင်ရမည်ဖြစ်ပြီး စိတ်ရှည်သည်းခံနိုင်ရမည်။

3. အဖွဲ့စည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

4. လုပ်ငန်းမှပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်နိုင်ရမည်။

5. အလုပ်ချိန် မနက် ၉- ည ၅ခွဲ

6. လစာ အစမ်းခန့် ၃လ (190,000 ks)
အတည်ဝန်ထမ်း (190,000 ks + ရက်မှန်ကြေး 30,000 ks)

7. တစ်ပတ် ၁ရက် နားရက်ရမည်။

စိတ်ဝင်စား၍ လျှောက်ထားလိုပါက Ph/Viber No - 09 7500 41452 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။ 🤗💥

10/05/2024

ကြည့်မြင်တိုင်မြို့နယ်(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်ရန် Cashier ရာထူး အမြန်အလိုရှိသည်။ 🤗💯

Cashier position

(Job Requirements & Description)👇🏻

- Excel ကျွမ်းကျင်ရမည်။
- cashier ပိုင်းအတွေ့အကြုံ တစ်နှစ်နှင့်အထက်ရှိရမည်။
- LCCI Level 1, 2 တက်ရောက်ထားသော သင်တန်း certificate ပြနိုင်ရမည်။ ( စာမေးပွဲအောင်လက်မှတ်မလိုပါ )
- ကြည့်မြင်တိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့် ကြည့်မြင်တိုင်းအနီးနေထိုင်သူ ဦးစားပေးမည်။
- Delivery Man တွေရဲ့ပိုက်ဆံကို မှန်ကန်စွာ တွက်ချက်လက်ခံနိုင်ရမည်။
- စည်းကမ်းရှိ၍ အကျင့်စာရိတ္တကောင်းမွန်ရမည်။
- အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်ရမည်။
- အစမ်းခန့်ကာလ ၃ လရှိပါသည်။

⏰Working Hours - 8:30 Am to 5:30 Pm
Salary - negotiate + ရက်မှန်ကြေး

💁‍♂️စိတ်ဝင်စားလို့လျှောက်ထားချင်တယ်ဆိုရင်
Ph/ Viber no - (09 7500 41452) သို့ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။

19/04/2024

သင်ဟာ ရန်ကုန်မြို့အနှံ့ကားနဲ့ပတ်ပြီး သွားလာရတာကို ကြိုက်နှစ်သက်တဲ့ လူငယ်တစ်ဦးလား ⁉️

ဒါဆိုရင်တော့ ဒီအခွင့်အလမ်းက သင့်အတွက်ဖြစ်နေမှာပါ 🤗

One 2 One Delivery နှင့်အတူလက်တွဲလုပ်ကိုင်ရန် Car Deli Man ဝန်ထမ်းအလိုရှိပါတယ်ဗျာ

- Any Graduate (Car မောင်းတက်ရန်မလို)

- အသက်၁၈ ကနေ ၃၀ နှစ် အတွင်း ဖြစ်ရမည်။

-Delivery လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

- Google Map ကျွမ်းကျင်စွာ အသုံးပြုတက်ရမည်။

-အထက်လူကြီးမှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်။

- ရိုးသားကြိုးစားပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။

- လိုအပ်ပါက အချိန်ပို ဆင်းနိုင်ရမည်။ အချိန်ပိုကြေး ရှိပါသည်။

💎💎💎💎💎💎💎💎💎💎💎

🕘🕠 အလုပ်ချိန် 8:30 a.m to 5:30 p.m ( အလုပ်ချိန် အပြောင်းလဲ ရှိနိုင်သည် )

☑️အပတ်စဉ် တပတ် ၁ရက် နားရက်ပေးသည်။

🙋‍♂️လျှောက်ထားမယ်ဆိုရင်တော့
ယခုပဲ (Vb no: 09-750 041 452) ကို
Cv ပေးပို့လျှောက်ထားလို့ရပါတယ်နော်။

___________________

🏠 တာဝန်ထမ်းဆောင်ရမည့်
Yangon Head Office Adress - အမှတ်(၉၄/၉၆)၊ ကြည့်မြင်တိုင် ကမ်းနားလမ်းမပေါ်၊ ဈေးကလေးရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်

18/04/2024

🚴‍♀️ ကိုယ်ကျွမ်းကျင်တဲ့ မြို့နယ်ဧရိယာအတွင်းမှာပစ္စည်းပို့ရင်း ငွေရှာချင်တဲ့ Hero Biker တို့အတွက်

💁‍♂️One 2 One မှ ကျွမ်းကျင် တာဝန်ယူမှုရှိတဲ့
Biker များကို ခေါ်ယူလျက်ရှိပါပြီခင်ဗျာ

💰 အနိမ့်ဆုံးတလဝင်ငွေ 250,000 ks ကနေ 450,000 ks အထိ
ကိုယ်ကျွမ်းကျင်သလောက် လစာကောင်းကောင်း
အာမခံပေးမည်ဖြစ်သည့်တွက်...

🙋‍♂️လျှောက်ထားမယ်ဆိုရင်တော့
ယခုပဲ (Vb no: 09-750 041 452) ကို
Cv ပေးပို့လျှောက်ထားလို့ရပါတယ်နော်။

___________________

🏠 တာဝန်ထမ်းဆောင်ရမည့်
Yangon Head Office Adress - အမှတ်(၉၄/၉၆)၊ ကြည့်မြင်တိုင် ကမ်းနားလမ်းမပေါ်၊ ဈေးကလေးရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်

North Dagon Office Adress - ဘုရင့်နောင်လမ်းမပေါ် (ကျောင်းလမ်း)၊ ၃၆ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်

Insein Office Adress - အမှတ် (၆)၊ သာယာအေး (၂)လမ်း၊ တောင်သူကုန်းရပ်ကွက် (ဟိုက်ပတ်မှတ်တိုင်အနီး)၊ အင်စိန်မြို့နယ်

☎️ ဆက်သွယ်မေမြန်းရန် 𝐏𝐡 /Viber no::
𝐘𝐆𝐍 : 09-750 041 452

18/04/2024

ပစ္စည်းပို့လုပ်ငန်းကို စိတ်ဝင်စားတဲ့ မန္တလေးက ကိုကို ညီညီများအတွက် 🤩🎉

မန္တလေးမြို့တွင်းလမ်းကြောင်း ကျွမ်းကျင်ပြီး ဆိုင်ကယ်စီးလည်းကျွမ်းတယ်ဆိုတဲ့ Rider Hero များအတွက်
ဆိုင်ကယ် delivery man ( ၃ ဦး ) အမြန်ခေါ်ယူနေပါပြီ။ 🎉

အသေးစိတ်ကို ပုံမှာကြည့်လို့ရပါတယ်။

လစာနဲ့အခြားခံစားခွင့်ပေါင်းများစွာရှိလို့ လျှောက်ထားချင်တယ်ဆိုရင်
Viber No - 09 750041451 သို့ CV form ပေးပို့ပြီး လျှောက်ထားလိုက်ပါ ‼️✌🏻

18/04/2024

သင်္ကြန်ပိတ်ရက်အပြီးမှာ ငွေစာရင်းလေးဘယ်လိုရှင်းပေးမှာလဲ 🤔‼️

One 2 One delivery Service က 18.4.2024 နေ့မှာ ရုံးပြန်ဖွင့်မှာဖြစ်ပေမယ့် ..

19.4.2024 ရက်နေ့မှာ bank တွေက ပုံမှန်အတိုင်း ဖွင့်လှစ်ခြင်းမရှိသေးဘဲ ပိတ်ထားဆဲဖြစ်လို့ 19 ရက်နေ့မှာတော့ ကျွန်တော်တို့ ငွေစာရင်းရှင်းတမ်းလေးအတွက် banking နဲ့လွှဲပေးလို့ရမှာမဟုတ်ပါဘူးခင်ဗျာ 🙇🏻

ဒါပေမယ့် Cash ( ငွေသား ) လာယူချင်တယ်ဆိုရင်တော့ One 2 One ရဲ့ကြည့်မြင်တိုင်ရုံးမှာ မှတ်ပုံတင်နဲ့အတူ Viber group မှာကြိုပြောပြီး လာထုတ်လို့ရပါတယ် 🤩

Banking နဲ့ပဲ ယူမယ်ဆိုရင် 23.4.2024 ရက်နေ့မှာ ‌( ၂ ကြိမ်စာ ) ငွေစာရင်းရှင်းတမ်းပို့ပေးမှာဖြစ်ပြီး ပုံမှန်အတိုင်း Banking နဲ့ငွေ transfer လုပ်ပေးမှာပါ ✅

One 2 One ဟာ မြန်ဆန်ပြီး စိတ်ချယုံကြည်ရတဲ့အပြင် ငွေစာရင်းရှင်းတမ်းအတွက်လည်း လုံးဝ စိတ်ပူစရာမလိုဘဲ 100% မှန်ကန်စွာနဲ့ ဆောင်ရွက်ပေးနေတာဖြစ်လို့ ချစ်ရတဲ့ customer များအားလုံး ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ခင်ဗျာ 🧡✅

☎️𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫-
𝐘𝐆𝐍 : 𝟎𝟗-𝟒𝟎𝟖𝟎𝟎𝟖𝟓𝟖𝟖, 𝟎𝟗-𝟒𝟎𝟖𝟎𝟎𝟖𝟓𝟖𝟎
𝐌𝐃𝐘 : 𝟎𝟗-𝟒𝟓𝟖𝟑𝟐𝟕𝟎𝟏𝟗, 𝟎𝟗-𝟒𝟓𝟖𝟑𝟐𝟕𝟎𝟐𝟓

17/04/2024

ယနေ့ကျရောက်သော “ နှစ်ဆန်းတစ်ရက်နေ့ ” မှာ One 2 One အားစဉ်ဆက်မပြတ် ယုံကြည်စွာအပ်နှံလာကြသော လုပ်ငန်းရှင်များအားလုံး စီးပွားလာဘ်လာဘများ တိုးပွားအောင်မြင်ကြပါစေ ... လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🤩🙏🏻💦

ဒါနဲ့ မနက်ဖြန် ( 18.4.2024 ) ရက်နေ့မှစပြီး ကျွန်တော်တို့ One 2 One မှပစ္စည်းကောက်လေးတွေ ပုံမှန်အတိုင်းလက်ခံနေပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ 🥰‼️

06/04/2024

သင်္ကြန်အခါတော်ပိတ်ရက်ကြေငြာခြင်း 🙇🏻‍♀️🎉

လေးစားအပ်ပါသော customer များခင်ဗျာ One 2 One delivery service လေးကလည်း သင်္ကြန်ပိတ်ရက်လေးမှာ ခွင့်လေးယူချင်လို့ပါနော် 🤩

13.4.2024 ရက်နေ့ သင်္ကြန်အကြိုနေ့မှစပြီး
17.4.2024 ရက်နေ့ နှစ်ဆန်းတစ်ရက်အထိ သင်္ကြန်ပိတ်ရက်လေး ပိတ်မှာဖြစ်ပါတယ်ခင်ဗျ ။

သင်္ကြန်ပိတ်ရက်မတိုင်ခင် ပစ္စည်းပို့လို့ရောရသေးလား? မှီနိုင်လောက်လား?

Same City ( ygn to ygn, mdy to mdy ) ပို့ဆောင်ပေးရမယ့် order လေးတွေကို - 11.4.2024 - ရက်နေ့အထိ အော်ဒါကောက်ပြီး ပို့ဆောင်ပေးသွားမှာပါခင်ဗျ ✅

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆု‌မွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🧡

Different city ( Ygn နှင့် Mdy ကနေ အခြားမြို့ )သို့ ပို့ဆောင်မည့် ပါဆယ်တွေကိုတော့ - 9.4.2024 - ရက်နေ့အထိသာ အော်ဒါကောက်ပြီး ပို့ဆောင်ပေးသွားပါမယ်ခင်ဗျာ ✅

လူကြီးမင်းတို့ရဲ့ အရေးကြီးပို့ဆောင်ရမယ့် order တွေနဲ့ ပိတ်ရက်မတိုင်ခင်ပို့ဆောင်ချင်တဲ့ order တွေအတွက် အခုထဲက စိတ်ချရအောင် လာပြီး order တင်ထားဖို့ အကြံပြုလိုက်ပါတယ်နော် 🤩‼️

☎️𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫-
𝐘𝐆𝐍 : 𝟎𝟗-𝟒𝟎𝟖𝟎𝟎𝟖𝟓𝟖𝟖, 𝟎𝟗-𝟒𝟎𝟖𝟎𝟎𝟖𝟓𝟖𝟎
𝐌𝐃𝐘 : 𝟎𝟗-𝟒𝟓𝟖𝟑𝟐𝟕𝟎𝟏𝟗, 𝟎𝟗-𝟒𝟓𝟖𝟑𝟐𝟕𝟎𝟐𝟓

Photos from One 2 One Delivery Services's post 22/03/2024

မြန်ဆန်မှုမှာ နံပါတ်တစ် " One 2 One Delivery Service " 🔥💥

ဒီနေ့ယူပြီး မနက်ဖြန်ချက်ချင်းပို့ပေးတဲ့ delivery ကိုရှာနေပါသလား ❓

ငွေကြိုရှင်းစနစ်နဲ့ရတဲ့ delivery ကိုရော ရှာနေပါသလား ❓

Return to shop ကိုလုံးဝ ပို့ဆောင်ခပေးစရာမလိုတဲ့ delivery ရှာနေပါသလား ❓

ကဲ ကာကာ တို့လိုချင်တာနဲ့ ဖြစ်ချင်တာမှန်သမျှ တစ်နေရာထဲမှာပဲ စုံစုံလင်လင်နဲ့ရနိုင်မယ့် One 2 One delivery က ကာကာတို့ရဲ့ အိမ်ရှေ့အရောက်ထိ ( တစ်ထုတ်ကစ ) ပစ္စည်းလာကောက်ပေးပြီး ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ရှိနေပါပြီခင်ဗျာ 🤗💥

တစ်ခါအပ်ဖူးသူတိုင်း အဆင်ပြေကြလို့ အခြားသူတွေပါ ပြန်ညွှန်းပေးတတ်ကြတဲ့ one 2 one delivery ဟာ ၄ နှစ်ကျော်လုံးလုံး customer များရဲ့ ယုံကြည်မှုကို ရရှိထားလို့ ကျွန်တော်တို့နဲ့ လက်တွဲလို့ အဆင်မပြေမှာ စိတ်ပူစရာလုံးဝ မလိုပါဘူးနော် 💯

ရန်ကုန်၊မန္တလေး မြို့တွင်းဆိုဒီနေ့ပို့ မနက်ဖြန်အရောက်🎉
ရန်ကုန်-မန္တလေး ၊ မန္တလေး - ရန်ကုန် ဒီနေ့လာကောက် မနက်ဖြန်ရောက် 🎉

ပို့ဆောင်ခနှုန်းထား 👇🏻🔥
https://www.facebook.com/share/p/zhaxaNLhTAzeqkDk/?mibextid=WC7FNe

Tracking system လည်းရှိသေးတယ် 👇🏻🤩
https://www.facebook.com/share/p/RM4ZY6grkeEAEUrj/?mibextid=WC7FNe

‌COD ငွေဘယ်လိုရှင်းပေးလဲ သိချင်ရင် 👇🏻🔥🤩
https://www.facebook.com/share/p/3mcELRWc5bt3WdZs/?mibextid=WC7FNe

အသေးစိတ်သိရှိလိုပါက One 2 One ရဲ့ Hotline no - 09 408 008 588 , 09 408 008 580 သို့ရုံးချိန်အတွင်း ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ 🍀📌

28/02/2024

O2O မှာပါဆယ်အပ်ဖို့
ဘာ​တွေသိထားဖို့လိုသလဲ...⁉️

ဆိုတာ ပုံထဲမှာအ​သေးစိတ်​လေး
ရှင်းပြအစီရင်ခံထားပါတယ်ခင်ဗျာ❤

_________________

☎️𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫-
𝐘𝐆𝐍 : 𝟎𝟗-𝟒𝟎𝟖𝟎𝟎𝟖𝟓𝟖𝟖, 𝟎𝟗-𝟒𝟎𝟖𝟎𝟎𝟖𝟓𝟖𝟎
𝐌𝐃𝐘 : 𝟎𝟗-𝟒𝟓𝟖𝟑𝟐𝟕𝟎𝟏𝟗, 𝟎𝟗-𝟒𝟓𝟖𝟑𝟐𝟕𝟎𝟐𝟓

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No (5), 3B , Golden Crown Condo , Thiri Mingalar 2 Street , Kamayut Tsp
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00