Mayangone Democratic Front
Democracy Defense People Community is a community of people who’re fighting to restore the Democracy
အဖော်အရံတွေ မဝေးပါဘူး
တော်လှန်ရေး ညီတူနှံရအောင်
ပြည်သူထံ ပြန်အထွက်မှာ
(အမေစုရေ)
ရွက်ခဲ့ပါ့ ရွှေအိုး။ ။
#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု
ပြည်သူ့နှင်းဆီ🌹🌹🌹
ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့အတွက် ပြုလုပ်ကြသော လူထုလှုပ်ရှားမှု - နှင်းဆီလှုပ်ရှားမှုတွင် တော်လှန်ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများ။
ပြည်သူ့ရင်တွင်းမှ တော်လှန် နှင်းဆီများက အာဏာရှင် ကျဆုံးချိန်ထိ ဆက်လက် နီမြန်းနေပေလိမ့်မည်။
#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု
" အမေရွှေအိုးရွက်ပြီး ပြန်ခဲ့ပါ "
အမေစု (၈၁) နှစ်ပြည့်မွေးနေ့ကို
ဂုဏ်ပြုရိုက်ကူးတင်ဆက်ထားသော ဇာတ်လမ်းတို
#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု
“နှလုံးသားထဲက ပန်းတစ်ပွင့်
ရန်ကုန်ရဲ့ ဝေမြဲနှင်းဆီ”
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၈၁ နှစ်ပြည့် နှင်းဆီလှုပ်ရှားမှုအား Yangon 4 Brothers _ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ လုံခြုံရေးတင်းကြပ်နေသည့် ရန်ကုန်မြို့တနေရာတွင် လှုပ်ရှားမှုအား ဆောင်ရွက်ခဲ့ပါသည်။
ဤလှုပ်ရှားမှုအတွက် ပြည်သူအားလုံး၏ဆန္ဒမှာ အမေစု သက်ရှိထင်ရှားကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာပြသပေးဖို့နှင့် အမေဒေါ်အောင်ဆန်းစုကြည်၏သား ကင်နှင့် အမေစုအား အဆက်သွယ်လုပ်ပေးရန် ပြည်သူလူထုတစ်ရပ်လုံးကိုယ်စား တောင်းဆိုအပ်ပါသည်။
#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု
19/06/2026
“နှလုံးသားထဲက ပန်းတစ်ပွင့်
ရန်ကုန်ရဲ့ ဝေမြဲနှင်းဆီ”
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၈၁ နှစ်ပြည့် နှင်းဆီလှုပ်ရှားမှုအား Yangon 4 Brothers _ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ လုံခြုံရေးတင်းကြပ်နေသည့် ရန်ကုန်မြို့တနေရာတွင် လှုပ်ရှားမှုအား ဆောင်ရွက်ခဲ့ပါသည်။
ဤလှုပ်ရှားမှုအတွက် ပြည်သူအားလုံး၏ဆန္ဒမှာ အမေစု သက်ရှိထင်ရှားကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာပြသပေးဖို့နှင့် အမေဒေါ်အောင်ဆန်းစုကြည်၏သား ကင်နှင့် အမေစုအား အဆက်သွယ်လုပ်ပေးရန် ပြည်သူလူထုတစ်ရပ်လုံးကိုယ်စား တောင်းဆိုအပ်ပါသည်။
#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု
18/06/2026
"အမေရွှေအိုးရွက်ပြီး ပြန်လာပါ"
အမေစု (၈၁) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရိုက်ကူးတင်ဆက်ထားသော ဇာတ်လမ်းတိုအား
Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့
Owl Community
Mayangone Democratic Front
Kyimyindaing Channel
Page များတွင် မနက်ဖြန် (19 June 2026) မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် တင်ဆက်ပြသသွားပါမည်။
#အမေစု
13/06/2026
🌹နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)
၂၀၂၆ ခုနှစ်၏ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး စတင်မည်
လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။
လူထုရဲ့ ပြတ်သားတဲ့ သတင်းစကား (၃) ရပ်
(၁) အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!
(၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!
(၃) ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်!
အတူတကွ ဘယ်လို လှုပ်ရှားကြမလဲ?
ဇွန်လ (၁၉) ရက်နေ့မှာ အောက်ပါ မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြပါမယ်။
• 🙏 ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ပါ။
• 📸 Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ပါ။
• 🚶♂️ မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ပါ။
လူထု ကြွေးကြော်သံ -
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”
ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “.
ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။
11/06/2026
🚨တော်လှန်ရေးအင်အားစု ပြည်သူများသို့ အလေးအနက် နှိုးဆော်ချက်
🚨Keen Beer နှင့် စစ်တပ်ထုတ်ကုန်အားလုံးကို အတူတကွ သပိတ်မှေ-ာက်ကြပါစို့။
ပြည်သူ့အသက်၊ အိုးအိမ်နှင့် ရည်မှန်းချက်များကို နေ့စဉ်နှင့်အမျှ ဖျက်ဆီးနေသော စစ်ကောင်စီသည် ၎င်းတို့၏ ဘဏ္ဍာငွေ ဖြည့်တင်းရန်အတွက် "Keen Beer" အမည်ရှိ ဘီယာအမှတ်တံဆိပ်အသစ်ကို ဈေးကွက်အတွင်း သွေးစွန်းငွေ ရှာဖွေရန် နည်းလမ်းသစ်အဖြစ် ဖြန့်ချိလာပါသည်။
ဘီယာသည် အမည်သစ် ပြောင်းလဲထားသော်လည်း အမှန်တကယ်တွင် ပြည်သူများ သပိတ်မှောက်ထားသည့် စစ်တပ်ပိုင်မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ Super Six International Company Limited တို့ ပူးပေါင်း ထုတ်လုပ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် Keen Beer ကို ဝယ်ယူသုံးစွဲခြင်းသည် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ဗုံ-းဆန်များအတွက် ငွေကြေးထောက်ပံ့ပေးနေခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။
မိမိတို့ တတ်နိုင်သည့်ဘက်မှ တော်လှန်ရေးတွင် ပါဝင်ရန် -
* သုံးစွဲသူ ပြည်သူများအနေဖြင့် - Keen Beer အပါအဝင် စစ်တပ်ပိုင် အခြားထုတ်ကုန်အားလုံးကို လုံးဝ (လုံးဝ) ဝယ်ယူသောက်သုံးခြင်း မပြုကြပါရန်။
* ဆိုင်ရှင်များနှင့် ဖြန့်ချီသူများအနေဖြင့် - မိမိတို့ဆိုင်များတွင် ဤဘီယာကို တင်သွင်းရောင်းချခြင်း မပြုဘဲ ပြည်သူ့ဘက်မှ ရပ်တည်ပေးကြပါရန်။
* သတင်းအချက်အလက် မျှဝေရန် - မိမိတို့ ပတ်ဝန်းကျင်ရှိ မိသားစု၊ သူငယ်ချင်းများ တံဆိပ်အသစ်ကို မသိဘဲ မှားယွင်းမဝယ်မိစေရန် သတိပေး မျှဝေပေးကြပါရန်။
"ငွေတစ်ကျပ်သည် ကျည်ဆန်တစ်တောင့် ဖြစ်သွားနိုင်သည်" ကို သတိပြုပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် Keen Beer နှင့် စစ်တပ်ထွက်ကုန်အားလုံးကို သွေးစွန်းငွေအဖြစ် သတ်မှတ်ကာ ပြတ်ပြတ်သားသား ဆက်လက် သပိတ်မှောက်ကြပါစို့။
© သောင်ရင်းသတင်းလွှာ
တချို့တွေက…
“နိုင်ငံရေးနဲ့မဆိုင်ဘူး” ဆိုပြီး
မျက်လုံးပိတ်ထားချင်ကြတယ်။
ဘာလို့လဲဆိုတော့ အမှန်တရားကိုကြည့်ရတာ ပင်ပန်းတယ်။ လက်ခံရတာ နာကျင်တယ်။
ဒါပေမယ့်…
မမြင်ချင်ယောင်ဆောင်နေလို့ မတရားမှုက ပျောက်မသွားဘူး။
ခင်ဗျားတို့ တိတ်ဆိတ်နေတာဟာ လုံခြုံနေတာမဟုတ်ဘူး။
တချို့အချိန်တွေမှာ… တိတ်ဆိတ်နေတာက
ခင်ဗျားတို့ကိုယ်တိုင် ဒီနိုင်ငံရဲ့ ပျက်စီးမှုကို ခွင့်ပြုပေးနေတာပဲ။
© STA
27/05/2026
🚨 BOYCOTT ALERT : Mandalay Rum (သွေးစွ-န်းငွေစီးဆင်းရာ စစ်တပ်ပိုင် Brand ကို ဖော်ထုတ်ခြင်း)
Mandalay Rum Brand ကို အသုံးပြုနေသူအများစုက စစ်တပ်ပိုင်ထုတ်ကုန်ဖြစ်ကြောင်း မသိရှိကြသေးတဲ့အတွက် ပြည်သူများ သိရှိရှောင်ကြဉ်နိုင်ရန်နှင့် ပတ်သက်ဆက်နွယ်နေသူများ သတိပြုမိစေရန် ယခု Post ကို ဖော်ပြလိုက်ရပါတယ်။
Mandalay Rum Brand ဟာ တော်လှန်ရေး သပိတ်အင်အားစုတွေက ထုတ်ပြန်ထားတဲ့ Boycott စာရင်းဝင် စားသောက်ကုန် ၈မျိုးထဲမှ ၁ခု အပါအဝင်လည်း ဖြစ်ပါတယ်။
စားသောက်ကုန် ၈မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ မြန်မာ ဘီယာ (Myanmar Beer)
၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)
၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)
၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)
၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)
၆။ အာမီရမ် (Army Rum)
၇။ Red Ruby စီးကရက်
၈။ Premium Gold စီးကရက် တို့ဘဲ ဖြစ်ပါတယ်။
စုံစမ်းရရှိထားသော အချက်အလက်များအရ Mandalay Rum ကို Victory Myanmar Group မှ ထုတ်လုပ်ရောင်းချနေပြီး စစ်တပ်နှင့် တိုက်ရိုက်ဆက်နွယ်နေသော သွေးစွ-န်းငွေစီးဆင်းရာ Brand တစ်ခု ဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်း Myanmar Beer၊ Red Ruby စတဲ့ Brand များကို ပြည်သူများက ပြတ်ပြတ်သားသား Boycott ပြုလုပ်ခဲ့ကြပေမယ့် Mandalay Rum ကိုတော့ စစ်တပ်ပိုင်အဖြစ် လူသိနည်းခဲ့တာကြောင့် ယနေ့အထိ သုံးစွဲနေသူများ ရှိနေဆဲဖြစ်ပါတယ်။
ဒါကို အခွင့်ကောင်းယူပြီး လက်ရှိ Yangon / Mandalay အပါအဝင် မြို့အများအပြားရဲ့ Bar၊ Restaurant၊ Nightlife Venue များတွင် Target ထားပြီး Market ချဲ့ထွင်နေပါတယ်။
ရန်ကုန်မြို့ ၁၉ လမ်းနှင့် ပဒုမ္မာလမ်းတစ်လျှောက်ရှိ ဖျော်ဖြေရေးနေရာများအပြင်၊ မကြာသေးမီက ဝန်ကြီးများရုံး (The Secretariat) နှင့် 777 Restaurant တို့တွင် ပြုလုပ်ခဲ့သည့် စင်တင်ဂီတပွဲများ၌ပါ အဓိကစပွန်ဆာအဖြစ် ပါဝင်ကာ စျေးကွက်ထိုးဖောက်နေပါတယ်။
လက်ရှိမှာ 3 Years, 5 Years Rum များနှင့် Coffee Liqueur Shot များကို Online Promotion Gift Voucher များ၊ Influencer / Vlogger Marketing များအပြင် မြေပြင် Promotion Campaign များပါ ဆက်တိုက် ပြုလုပ်နေပါတယ်။
ပြည်သူ့ခံစားချက်ကို မျက်ကွယ်ပြုခြင်း စစ်တပ်ကြောင့် တစ်နိုင်ငံလုံးက ပြည်သူများနှင့် ကလေးငယ်များစွာ အသက်ပေါင်းများစွာ နာကျင်ဆုံးရှုံး၊ အိုးအိမ်မဲ့ဖြစ်နေရချိန်မှာ စစ်တပ်ပိုင် Brand တစ်ခုအတွက် ဖျော်ဖြေရေး Entertainment အသွင်ယူကာ အားတက်သရော အလုပ်အကျွေးပြုနေကြခြင်း ဖြစ်ပါတယ်။
📣 ပါဝင်ပတ်သက်နေသူများ လိပ်ပြာလုံမှုအတွက် မေးခွန်းထုတ်ခြင်း❓❓
ဒီ Brand ရဲ့ Promotion Campaign တွေမှာ ကူညီပေးနေကြတဲ့ အနုပညာရှင်များ၊ Influencer များ၊ Marketing အဖွဲ့များနှင့် ဝန်ထမ်းများအနေဖြင့်လည်း “မိမိတို့ ရှာဖွေနေတဲ့ လစာ၊ မိမိတို့ ရရှိနေတဲ့ အကျိုးအမြတ်တွေဟာ ဘယ်သူတွေရဲ့ သွေ-းမျက်ရည်တွေနဲ့ လဲလှယ်ထားတာလဲ" ဆိုတာကို မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ပြီး လိပ်ပြာလုံဖို့ လိုအပ်ပါလိမ့်မယ်။
မိမိတို့ရဲ့ ပျော်ပါးမှုတွေနောက်ကွယ်မှာ ပြည်သူတွေရဲ့ ငရဲကျနေတဲ့ ဘဝတွေ ရှိနေပါတယ်။
Mandalay Rum ဟာ သာမန်အရက် Brand တစ်ခုမဟုတ်ပါ။ စစ်တပ်ရဲ့ ထောက်တိုင် ထုတ်ကုန်တစ်ခုဖြစ်တဲ့အတွက် အသိစိတ်ရှိရှိဖြင့် ဝေးဝေးက ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်။
❌ မဝယ်ယူပါနှင့်၊ မသောက်သုံးပါနှင့်
❌ Promotion Campaign များတွင် လုံးဝ (လုံးဝ) မပူးပေါင်းပါနှင့်
❌ သွေးစွ-န်းသော Boycott Brand များကို Support မလုပ်ပါနှင့်
#ထောက်ပို့
#နွေဦးတော်လှန်ရေး
Click here to claim your Sponsored Listing.
Category
Contact the organization
Address
Yangon