Cheers to the Reds
လီဗာပူးလ်နဲ့ပတ်သက်သောသတင်းများ၊ ဗီဒီယိုများ၊ နောက်ဆုံးရအားကစားသတင်းများနဲ့ ဟာသများ
23/08/2024
အမြတ်အများကြီးထွက်ခဲ့တဲ့ ဗန်ဒီဘတ်ချ်ရဲ့ အပြောင်းအရွှေ့...
▪ 2019 ခုနှစ်မှာ ဗန်ဒီဘတ်ချ်ကို လီဗာပူးလ်အသင်းက နယ်သာလန်ကလပ် PEC Zwolle အသင်းထံကနေ ခေါ်ယူခဲ့တုန်းက ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် 1.3 သန်းလောက်သာ ပေးချေခဲ့ရပါတယ်။
▪ အခုချိန်မှာတော့ လီဗာပူးလ်အသင်းက ဗန်ဒီဘတ်ချ်ကို ရောင်းချမှုကနေ ပေါင် သန်း 30 အထိရခဲ့ပါတယ်။ ဒါတောင် ဗန်ဒီဘတ်ချ်က ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ကစားခဲ့ဖူးခြင်းမရှိသေးပါဘူး။
▪ ပြီးခဲ့တဲ့ရာသီက ကစားသမားတွေထွက်ခွာမှုကနေ ရသင့်သလောက်မရခဲ့ပေမဲ့ မိုက်ကယ်အပ်ဝုဒ်တို့ ပြန်ရောက်လာချိန်မှာတော့ လီဗာပူးလ်အသင်းဟာ ကစားသမားထွက်ခွာမှုကနေ ပေါင်သန်း (70) ကျော်အထိရအောင် စွမ်းဆောင်ပြနိင်ခဲ့ပါတယ်။
▪ အသင်းမှာအပြစ်ပြောစရာဆိုလို့ လူမခေါ်ပေးတာပဲတစ်ခုပဲ အပြစ်လို့ဆိုရမှာဖြစ်ပြီး အခြားအရာတွေမှာတော့ အများကြီးတိုးတက်ပြောင်းလဲလာတာကို မြင်တွေ့နေရပါတယ်။
22/08/2024
🔴 ရာသီမစခင်ထဲက အမြတ်ထွက်နေတဲ့ လီဗာပူးလ်
▪ ဒီအပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းက ကစားသမားရောင်းချမှုနဲ့ အငှားချမှုကနေ ပေါင် (70) သန်းကျော် အမြတ်ထွက်လာခဲ့ပါတယ်။
▪ ကာဗယ်ဟိုလ် (ပေါင် 27.5 သန်း) ဘရန်းဖို့ဒ်အသင်းသို့
▪ ဘော်ဘီ ကလပ်စ် (ပေါင် 10 သန်း) ဆဲဘတ်လ်အသင်းသို့
▪ ဟာဗေး ဘလိုင်ယာ (ပေါင် 3 သိန်း) ပို့လ်မောက်အသင်းသို့
▪ ဗန်ဒီဘတ်ချ် (ပေါင် 25 သန်း) ဘရန်းဖို့ဒ်အသင်းသို့
▪ ကစားသမား ရောင်းချမှု (ပေါင် 10 သန်း)
▪ ဂျွန်ဟန်နရီတို့ကတော့ ရာသီတောင်မစသေးဘူး ပေါင် သန်း (70) ကျော် အသားတင်မြတ်နေပီ🤣
22/08/2024
🚨🔴 နောက်ထပ်အပြောင်းအရွှေ့တစ်ခု🙄
▪ လီဗာပူးလ်အသင်းရဲ့ ဗဟိုနောက်ခံလူ Sepp van den Berg ဟာ ဘရန်းဖို့ဒ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားခဲ့ပြီပဲဖြစ်ပါတယ်။
▪ ဘရန်းဖို့ဒ်အသင်းဘက်ကတော့ Sepp van den Berg ရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်သန်း 25 သန်းကို ဒီနေ့မှာပဲ အပြီးသတ်ပေးချေသွားမှာဖြစ်ပြီး ကစားသမားကိုလဲ ချက်ချင်းဆေးစစ်မှုတွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။
▪ လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီကတော့ ဒီရာသီမှာ ကစားသမားတွေ ရောင်းချမှုကတော့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို သူ့မိန်းမအတွက် ပြန်လည်အသုံးပြုသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
22/08/2024
🔴 အပြောင်းအရွှေ့သတင်း...
▪ လီဗာပူးလ်အသင်းဟာ အကယ်ဒမီထွက်လူငယ်ကစားဖြစ်တဲ့ Harvey Blair ကို ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ ပို့လ်မောက်အသင်းထံသို့ ပေါင် 3 သိန်းနဲ့ အပြီးသတ်ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
▪ ဒီအပြောင်းအရွှေ့ကို လီဗာပူးလ်အသင်းဘက်က ဒီကနေ့မှာပဲ အပြီးသတ်လုပ်ဆောင်နိင်ဖို့စီစဥ်နေပါတယ်။
▪ Harvey Blair ဟာ ဘယ်တောင်ပံတိုက်စစ်နေရာမှာ ကစားတဲ့ လူငယ်တစ်ဦးဖြစ်ပြီး တိုးတက်လာနိင်ချေရှိတဲ့ လူငယ်တစ်ဦးဖြစ်တယ်လို့ လီဗာပူးလ်အသိုင်းအဝိုင်းက မှတ်ချက်ပေးထားသူဖြစ်ပါတယ်။
22/08/2024
▪ လီဗာပူးလ်အသိုင်းအဝိုင်းရဲ့ဖော်ပြချက်အရ ဒီရာသီမကုန်ခင်မှာပဲ အသင်းရဲ့အဓိက ကစားသမားနှစ်ယောက်ဟာ အသင်းကနေထွက်ခွါသွားဖို့ ရာခိုင်နူန်းများနေတယ်ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။
▪ ဦးကလော့လ်လက်ထက်မှာ အတောက်ပဆုံးဖြစ်ခဲ့တဲ့ တိုက်စစ်မှူး မိုဆာလားနဲ့ ဂိုးသမား အလီဆွင်ဘက်ကာတို့ဟာ ဒီရာသီမကုန်ခင်မှာ အသင်းသစ်ရှာဖွေပြီး သူတို့အနာဂတ်ကို အပြောင်းအလဲတစ်ခုပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။
▪ မိုဆာလားကတော့ ဒီရာသီကုန်ရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ခွင့်နဲ့ သူနှစ်သက်ရာအသင်းဆီကိုသွားဖို့ ကြံရွယ်နေပြီး အဲ့ဒီကနေ သူ့အတွက် အကျိုးအမြတ်အများကြီးရမယ်လို့လဲ မျှော်လင့်နေပါတယ်။
▪ အလီဆွင်ကိုတော့ အားကစားဒါရိုက်တာ မိုက်ကယ်အပ်ဝုဒ်တို့အဖွဲ့က သင့်တင့်တဲ့ပမာဏနဲ့ ကမ်းလှမ်းမှုမျိုးရခဲ့ရင် ထုတ်ရောင်းသွားဖို့ ကြံရွယ်ထားပါတယ်။
▪ လီဗာပူးလ်ပရိတ်သတ်တွေကတော့ အခုချိန်ထိ အသင်းအတွက် လူအင်အားမဖြည့်သေးတဲ့အပေါ်မှာ ဒေါကန်နေကြပြီး FSG နဲ့ မိုက်ကယ်အပ်ဝုဒ်တို့ကို ဝေဖန်နေကြပါတယ်။
03/07/2024
ဝါတာရု အန်ဒိုဟာ အိုလံပစ်ပြိုင်ပွဲကိုသွားမဲ့ ဂျပန်အသင်းရဲ့ လူစာရင်းထဲကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဂျပန်အသင်းက အိုလံပစ်ပြိုင်ပွဲအတွက် သွားရောက်ယှဥ်ပြိုင်မဲ့ သူတို့အသင်းရဲ့လူစာရင်းမှာ အသင်းခေါင်းဆောင် ဝါတာရု အန်ဒိုကို ထည့်သွင်းထားခဲ့ပေမဲ့ လီဗာပူးလ်အသင်းထံ ခွင့်တောင်းခံချိန်မှာတော့ လီဗာပူးလ်ဘက်က ငြင်းဆိုခဲ့တာကြောင့် အန်ဒိုကို အိုလံပစ်သွားမဲ့လူစာရင်းကနေ ပယ်ဖျက်ခဲ့ရတာဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲတွေပြီးတာနဲ့ လီဗာပူးလ်အသင်းဟာ ကစားသမားတွေကို ကန့်သွင်းပြီးလေ့ကျင့်ရေးဆင်းခိုင်းတော့မှာဖြစ်ပြီး အဲ့ဒီအစီအစဥ်မှာ ဝါတာရို အန်ဒိုလဲ ပါဝင်သွားမှာဖြစ်ပါတယ်။
Like and Share လေးနဲ့ ကူညီပေးကြပါအုံး ညီကိုတို့ရေ။
to the Reds
03/07/2024
ပြီးခဲ့ရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ကျတော်တို့ရဲ့ Page လေးကို ခတ္တခနရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်ကစပြီး Cheers to the Reds Page လေးကို ပုံမှန်အတိုင်း ပြန်လည်ကိုင်တွယ်သွားတော့မှာပါ။
လီဗာပူးလ်ဖန်ညီကိုတို့လဲ Like and Share လေးနဲ့ ဝန်းရံကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
29/05/2024
ကယ်လီဖိုးနီးယားမှာ နိင်ငံအသင်းဖော် ခွမ်ဒေးလ်နဲ့အတူ အပန်းဖြေခရီးထွက်လာတဲ့ ကိုနာတေး။
ပြင်သစ်သားတွေဆိုတော့ စတိုင်ကတော့ အထူးပြောစရာမလိုအောင် မိမိုက်နေတာပဲ...
28/05/2024
မိုက်ကယ် အပ်ဒွပ်စ်ဟာ လာမဲ့ရာသီသစ်မစခင်မှာ အသင်းရဲ့ဒုတိယဂိုးသမားဖြစ်သူ ကာလယ်ဟာကို ရောင်းချသွားဖို့ရန်အတွက် စီစဥ်နေကြောင်းသိရပါတယ်။
ကာလယ်ဟာကလဲ လီဗာပူးလ်အသင်းမှာ ဒုတိယဦးစားပေးကစားသမားအဖြစ်ကို စိတ်ကုန်နေတာဖြစ်ပြီး သူ့အနေနဲ့ အခုလိုသူ့ရဲ့အကောင်းဆုံးအခြေအနေမှာ အသင်းတစ်သင်းရဲ့ ပထမဦးစားပေး ကစားသမားအဖြစ် ကစားလိုနေတာဖြစ်ပါတယ်။
06/05/2024
ဦးကလော့ပ် 🗣
" နောက်ဆုံးပွဲမှာ ကျတော်မျှော်လင့်မိတာက မီုးတွေရွာဖို့ပါပဲ၊ တကယ်လို့သာ မီုးတွေရွာလာခဲ့ရင် ပရိတ်သတ်တွေက ကျတော့်မျက်ရည်တွေကို မြင်နိင်တော့မှာ မဟုတ်ပါဘူး "
အသင်းမှာ 9 နှစ်ကြာတဲ့အထိ နေထိုင်သွားခဲ့ပြီး အောင်မြင်မှုတွေ ကျရှုံးမှုတွေ အတူတူဖြတ်သန်းခဲ့တဲ့ ဦးကလော့လ်ဟာ မကြာခင်အချိန်လေးအတွင်းမှာပဲ အန်ဖီးလ်ရပ်ဝန်းကနေ ထွက်ခွာသွားတော့မှာပါ။
05/05/2024
ဆုဖလားမရနိင်တော့တာလဲသိသလို အမှတ်မလိုတော့တာကိုလဲသိပေမဲ့ လီဗာပူးလ်ပရိတ်သတ်တွေဟာ ဦးကလော့လ်ကို နူတ်ဆက်ဖို့အတွက် ဒီကနေ့ပွဲကို ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြပါတယ်။
နောက်ထပ်လက်ကျန်တစ်ပွဲပြီးတဲ့အခါ ဦးကလော့ပ်ဟာ လီဗာပူးလ်အသင်းရဲ့ နည်းပြရာထူးကနေ ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။
05/05/2024
ယာဂန်ကလော့ပ်:
ကျနော်ရဲ့ နည်းပြ ဘ၀မှာ နောင်တရစရာ ကိစ္စဆို ဆွန်ဟောင်မင်လို့ ကစားသမားမျိုးကို လက်မှတ်ထိုး မခေါ်ယူနိုင်ခဲ့တာပါပဲ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |