SIAM THAI
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SIAM THAI, Currency exchange, ShweBoneThar Street, Panbedan Township, Yangon.
24/05/2024
ထိုင်းနိုင်ငံဟာဆိုရင် ပျော်ရွှင်စရာ ပွဲတော်များကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ် ။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပွဲတော်များထဲမှ ( ၅ ) ခုကို SIAM THAI မှ ဖော်ပြပေးလိုက်ပါတယ် 💁
💦 SongKram ရေကစားပွဲတော်
SongKram ရေကစားပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ် ။ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ဆေးကြောတယ်လို့ ယူဆပြီး ရေပတ်ဖြန်းကစားကြတာပါ ။ ရေကစားပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ ရေပန်းအစားဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးပါဝင်ဆင်နွှဲကြရင်း အချင်းချင်း ရေပုံးများ ၊ ရေသေနတ်များ နဲ့ ရေပက်ကစားလေ့ ရှိပါတယ် 💧
🏮 Ripin / မီးပုံးပွဲတော်
Ripin ၊ မီးပုံးပွဲတော်မှာ " Kom Lai " လို့ခေါ်တဲ့ စက္ကူမီးပုံးထောင်ပေါင်းများစွာကို ကောင်းကင်ယံသို့ လွှတ်တင်ကြလေ့ရှိပါတယ် ။ ဒါကြောင့် ကောင်းကင်ယံတစ်ခုလုံးမှာ မီးပုံးများနဲ့ ပြည့်နေပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ဖြစ်ပေါ်လာစေပါတယ် ။ ဒီပွဲတော်ကို ညဘက်မှာ ကျင်းပကြတာဖြစ်ပြီး ဂီတပွဲတော်နဲ့ ပွဲလမ်းသဘင်အမျိုးမျိုးကိုလည်း ထည့်သွင်းကျင်းပလေ့ရှိပါတယ် 🎏
👻 Phi Ta Khon / တစ္ဆေပွဲတော်
ထိုင်းနိုင်ငံရဲ့ ဇွန်လမှာဆိုရင် " ဖိတခွန် " လို့ခေါ်တဲ့ တစ္ဆေပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြတဲ့ သူတွေက တစ္ဆေပုံစံ မျက်နှာဖုံးတွေဝတ်ပြီး တစ်ညလုံး ပါတီပွဲတွေကျင်းပတာ ၊ အကမျိုးစုံ ကကြတာ ၊ ရင်ခုန်စရာဂိမ်းတွေ ကစားကြတာမျိုးတွေ ပြုလုပ်ကြပါတယ် ။ တစ္ဆေပွဲတော်မှာ ထိုင်းနိုင်ငံသားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေပါ ပါဝင်ဆင်နွှဲလေ့ရှိပါတယ် 🎏
🕯️Loy Krathong /အလင်းရောင်ပွဲတော်
နိုဝင်ဘာလမှာ ကျင်းပတဲ့ အလင်းရောင်ပွဲတော်ဟာဆိုရင် ရွက်လှေငယ်လေးများပေါ်မှာ ပန်းများ / ဖယောင်တိုင်များ / အမွှေးတိုင်မီးများ တင်ပြီး မြစ်၊ချောင်း၊ရေကန်များထဲမှာ မျှောကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ။ အလင်းရောင်ပွဲတော်ကို မိုးရာသီကုန်ဆုံးခြင်းအထိမ်းအမှတ် ၊ ရေနတ်ဘုရားကို ပူဇော်ခြင်း ၊ ရေအလွဲသုံးစားလုပ်မိလို့ တောင်းပန်ခြင်း ၊ အတိတ်ဆိုးများ ပြေပျောက်စေလိုခြင်း စတဲ့ အယူအဆအမျိုးမျိုး နဲ့ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပလေ့ရှိပါတယ် 🎏
🦬 Wing Kwai / ကျွဲပြိုင်ပွဲတော်
ဒီ ကျွဲပြိုင်ပွဲတော်ကို နှစ်စဉ် အောက်တိုဘာလတိုင်း ထိုင်းနိုင်ငံရဲ့ ချွန်ဘူရီပြည်နယ်မှာ ကျင်းပလေ့ရှိပါတယ် ။ ဒီပွဲတော်ဟာ စိတ်ဝင်စားစရာကောင်းပြီး ပြင်းထန်တဲ့ကျွဲပြိုင်ပွဲတွေကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ် ။ ကျွဲပြိုင်ပွဲတော်ကို နှစ်ပေါင်း ( ၁၀၀ ) ကျော်ကြာအောင် ကျင်းပခဲ့ပြီး လယ်ကွင်းထဲမှာ ကျွဲများရဲ့ ပေးဆပ်မှုကို ဂုဏ်ပြုတယ်လို့ ယူဆထားကြပါတယ် 🎏
ထိုင်းနိုင်ငံကို ရောက်ဖြစ်လို့ ဒီပွဲတော်လေးတွေနဲ့ကြုံရင် ပါဝင်ဆင်နွှဲလို့ရအောင် ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ပွဲတော်တွေထဲက ( ၅ ) ခုကို SIAM THAI က Recommend ပေးလိုက်ပါတယ် 💁🥰
21/05/2024
မြန်မာနိုင်ငံ ရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများကြီး ရှိလို့နေပါတယ် ။ ဘယ်လိုအရာတွေက စိတ်ဝင်စားစရာကောင်းနေလဲဆိုတာကို SIAM THAI မှ ဖော်ပြပေးလိုက်ပါတယ် ♥️
✅ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်
ထိုင်းနိုင်ငံဟာ ဥရောပလက်အောက်ခံ ကိုလိုနီမဖြစ်ခဲ့တဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ် ။ အခုချိန်ထိ ဘုရင်စနစ်လည်း ရှိနေသေးပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ စိုးစံခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောဟာ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ပါတယ် ။ ထိုင်းနိုင်ငံသူ / သား တွေဟာ ထိုင်းတော်ဝင်မိသားကို အလွန်အလေးထားကြပြီး တော်ဝင်မိသားစုဝင်တစ်ယောက်ကို စော်ကားခြင်းက နိုင်ငံတော်ပုန်ကန်မှု မြောက်တယ်လို့ ယူဆထားကြပါတယ် ။
✅ ထိုင်းနိုင်ငံမှာ ရှိတဲ့ တိရစ္ဆာန်များ
ကမ္ဘာ့တိရစ္ဆာန်မျိုးစိတ်ရဲ့ ဆယ်ပုံတစ်ပုံက ထိုင်းနိုင်ငံမှာ တည်ရှိပါတယ် ။ အမွှေးတိုတို/နားရွက်မည်းမည်း/မျက်လုံးပြာပြာနဲ့ ယိုးဒယားကြောင်တွေ ၊ တန်ဖိုးကြီးအန်ဖတ်ကို ထုတ်ပေးနေတဲ့ ဇီဝဇိုးငှက်လေးတွေ ၊ ကုန်းပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ငါးမျိုးစိတ်တွေ ၊ နှစ်ဂရမ်သာရှိတဲ့ ကမ္ဘာ့အသေးဆုံးဝက်နှာခေါင်းလင်းနို့ ၊ ၇ ပေရှည်တဲ့ ပုတ်သင်မျိုးတို့ဟာ ထိုင်းနိုင်ငံမှာရှိပါတယ် ။ ထိုင်းနိုင်ငံရဲ့ရေပိုင်နက် ပင်လယ်ပြင်မှာလည်း ကမ္ဘာ့အကြီးဆုံး ဝေလငါးမျိုးစိတ်တွေ ကျက်စားလျက်ရှိပါတယ် ။
✅ ထိုင်းနိုင်ငံရဲ့ မျောက်အစာကျွေးပွဲတော်
ထိုင်းနိုင်ငံ ၊ လော့ဘူရီဒေသမှာ မျောက်အစာကျွေးပွဲတော်ကို နှစ်စဉ်ကျင်းပကြပါတယ် ။ မျောက်တွေကို ထမင်း ၊ ရာသီပေါ်သီးနှံတွေ ၊ အသုပ်မျိုးစုံ ၊ အသားချောင်းအမျိုးမျိုး ၊ ရေခဲမုန့် စတဲ့ အစာတွေကျွေးမွေးလေ့ကြပါတယ် ။
✅ ထိုင်းနိုင်ငံရဲ့ ရိုးရာဓလေ့
ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသားတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ သာသနာ့ဘောင်ကို ဝင်ရောက်လေ့ရှိပါတယ် ။ အာရှနိုင်ငံအများစုက ခေါင်းကို အထွတ်အမြတ်ထားပြီး ခြေထောက်ကို နိမ့်ကျတယ်လို့ ယူဆထားကြပါတယ် ။ ထိုင်းနိုင်ငံမှာလည်း လူတစ်ယောက်ရဲ့ ဦးခေါင်းကို ထိတွေ့ကိုင်တွယ်တာကို ရိုင်းစိုင်းတဲ့အပြုအမှုလို့ ယူဆထားကြပါတယ် ။ လူအများကြားနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေမှာ ထိုင်တဲ့အခါ ခြေထောက်ကို ပုဆစ်တုပ်ထားလေ့ရှိတာကလည်း ထိုင်းရဲ့ ရိုးရာဓလေ့ တစ်ခုဖြစ်ပါတယ် ။
✅ ထိုင်းနိုင်ငံရဲ့ ပထမဆုံးဆိုတဲ့စံချိန်များ
ထိုင်းနိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ကိုယ်ချင်းဆက်အမွှာရဲ့ ဇာတိဖြစ်ပါတယ် ။ အဲ့ဒီအမွှာကို ၁၈၁၁ ခုနှစ်မှာမွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ ကမ္ဘာမှာ သစ်ခွအများဆုံးတင်ပို့တဲ့ နိုင်ငံဟာလည်း ထိုင်းနိုင်ငံ ဖြစ်သလို Red Bull အချိုရည်ကိုလည်း ထိုင်းနိုင်ငံမှာပဲ ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ် ။
ဒါတွေကတော့ ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ ဖြစ်တာကြောင့် SIAM THAI မှ မျှဝေဖော်ပြပေးလိုက်တာ ဖြစ်ပါတယ် ။
18/05/2024
အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ
ခရီးသွား လည်ပတ်စရာ နေရာများစွာရှိတဲ့ နိုင်ငံတစ်ခုပါ 🥰
လူကြီးမင်းတို့အနေနဲ့ ထိုင်းနိုင်ငံကို ရောက်ဖြစ်မယ်ဆိုရင် ဘယ်လိုနေရာတွေကို သွားလည်ချင်လဲ 🤔
( ၁ ) ပင်လယ်ကမ်းခြေတွေ
( ၂ ) တောင်တန်းတွေ
( ၃ ) သမိုင်းဝင် ဘုရားကျောင်းတွေ
( ၄ ) အစားအသောက် ဈေးတန်းတွေ
ဘယ်လိုနေရာတွေကို သွားပြီး လည်ပတ်ချင်လဲဆိုတာကို Comment မှာ ဖြေခဲ့လို့ရပါတယ် 🤩
12/05/2024
အမေဆိုတာ ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ၊ အဆုံးမဲ့ ပံ့ပိုးမှုတွေ နဲ့ ဘဝကို လမ်းပြမှုအပေးနိုင်ဆုံး အမျိုးသမီးပါပဲ 💓
ဒီနေ့ မေလ ( ၁၂ ) ရက်ဟာ ကမ္ဘာပေါ်က အမေများအားလုံးကို ဂုဏ်ပြုရမယ့် အပြည်ပြည်ဆိုင်ရာ အမေများနေ့ ဖြစ်ပါတယ် 🙏
ဒီလိုနေ့လေးမှာ အမေ့ကိုဂါရဝပြု ကန်တော့ဖို့အတွက်
ငွေလွှဲချင်တယ်ဆိုရင်တော့ SIAM THAI ကိုသာ သတိရလိုက်ပါ ♥️
SIAM THAI ရဲ့ လျှင်မြန် ၊ မှန်ကန် ၊ တိကျ တဲ့ ဝန်ဆောင်မှုတွေကြောင့် ဒီနေ့လေးဟာ အမေများအားလုံးအတွက် အမှတ်တရနေ့လေး ဖြစ်စေမှာ အသေအချာပါပဲ ✨
ထိုင်းရောက်မြန်မာနိုင်ငံသားများ နဲ့ ကမ္ဘာ့နေရာအသီးသီးက အမေများအားလုံးအတွက် သားသမီးများနှင့်အတူ ဘဝသက်ဆုံး ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ရပါစေကြောင်း SIAM THAI မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 💞
'sDay
11/05/2024
မိသားစု နဲ့ သူငယ်ချင်းမိတ်ဆွေတွေဆီ ငွေလွှဲတဲ့အခါ ယုံကြည်ရတဲ့ Money Exchange Service နဲ့ လွှဲတာက ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ရာရောက်ပါတယ် 🥰
ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ Money Exchange ကို ရှာနေတယ်ဆိုရင်တော့ Siam Thai က အသင့်ရှိနေပါပြီ 🙋
Siam Thai - Money Exchange Service ဟာဆိုရင် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများကို လျှင်မြန် မှန်ကန်စွာ ဝန်ဆောင်မှုပေးလာခဲ့တာ ( ၂ ) နှစ်ကျော် သက်တမ်းရှိပြီဖြစ်တာကြောင့် ၁၀၀% ယုံကြည်လို့ ရပါတယ် 💯
✅ ငွေလွှဲဝန်ဆောင်မှုတိုင်းအတွက် ရာခိုင်နှုန်း( လုံးဝ ) ပေးစရာ မလိုအပ်ခြင်း
✅ မြန်မာနိုင်ငံရှိ ဘဏ်အားလုံးနဲ့ ချိတ်ဆက်ထားခြင်း
စတဲ့ အားသာချက်တွေကြောင့် Siam Thai မှာ လုံခြုံလွယ်ကူစွာ ငွေလွှဲနိုင်ပါတယ်💲↔️
💬 Exchange Rate အပြောင်းလဲရှိနိုင်တာကြောင့် Up To Date ဖြစ်နေတဲ့ ဈေးနှုန်းများကို Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ် 💁
10/05/2024
ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်းဆိုရင် လူအများသိပြီးသားဖြစ်မှာပါ ။ ဖူးခက်ဟာ ရင်သပ်ရှုမောဖွယ် အလှတရားတွေပိုင်ဆိုင်ထားတဲ့ ကမ်းခြေတွေကြောင့် နာမည်ကြီးပါတယ် ⛱️
ဒီနေ့မှာတော့ ထိုင်းနိုင်ငံ ၊ ဖူးခက်ကိုရောက်ရင် ပင်ပန်းမှုတွေ ဖြေဖျောက်ဖို့ သွားသင့်တဲ့ ကမ်းခြေတချို့ရဲ့ အလှတရားတွေကို Siam Thai က ပြောပြပေးသွားမှာပါ 😍
⛱️ Pa Tong Beach 🏖️
Pa Tong ကမ်းခြေဟာ ညဘက်မှာဆို သိပ်ကိုလှပပြီး သန့်ရှင်းလက်ဆက်တဲ့ လေထုကို ပိုင်ဆိုင်ထားတာကြောင့် ရေကူးချင်သူ ၊ နေပူစာလှုံချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ နေရာကောင်းလေးပါပဲ 🥰
⛱️ Kata Beach 🏖️
Kata ကမ်းခြေက ကြည်လင်ပြာလဲ့နေတဲ့ရေပြင် / နူးညံ့အိစက်နေတဲ့ သဲသောင်ပြင်နဲ့ ရေလွှာလျှောစီးသူတွေကို ဆွဲဆောင်ထားပါတယ် ။ Pa Tong နဲ့ယှဉ်ရင် အနည်းငယ်တိတ်ဆိတ်မှုရှိတာကြောင့် မိသားစုနဲ့အတူ လည်လို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်မှာပါ 😍
⛱️ Karon Beach 🏖️
Keta ကမ်းခြေနဲ့ကပ်လျက်ရှိပြီး ဖူးခက်ရဲ့ အရှည်ဆုံးကမ်းခြေစာရင်းဝင်တဲ့ Karon ကမ်းခြေဟာဆိုရင် ကမ်းစပ်မှာ ရိုက်ခက်တဲ့ ရေလှိုင်းလေးတွေကို ကြည့်ပြီး အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက် အလွန်သင့်တော်ပါတယ် 😍
⛱️ Surin Beach 🏖️
Surin ကမ်းခြေကတော့ သာယာအေးချမ်းတဲ့ ပတ်ဝန်းကျင် နဲ့ လွမ်းမောစရာကောင်းတဲ့ ညနေရှုခင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ချစ်သူစုံတွဲတွေအထွက် စိတ်ကူးထဲက ကမ္ဘာငယ်လေးတစ်ခု ဖြစ်စေမှာ သေချာပါတယ် 😍
⛱️ Mai Khao Beach 🏖️
ဖူးခက် ရဲ့ အနောက်မြောက် ကမ်းရိုးတမ်းမှာရှိတဲ့ Mai Khao ကမ်းခြေကတော့ အထီးကျန်ဆန်တဲ့ ခံစားချက် နဲ့ လှပတဲ့နေဝင်ချိန်ရှုခင်းကို ပေးစွမ်းနိုင်တာကြောင့် တိတ်ဆိတ်ခြင်းကို သဘောကျသူတွေအတွက် နေရာကောင်း တစ်ခုပါပဲ 🥰
ထိုင်းနိုင်ငံ ၊ ဖူးခက်ကျွန်းကို ရောက်တဲ့အခါ ဒီကမ်းခြေလေးတွေက လှပပြီးဆွဲဆောင်မှုရှိသလို အပန်းဖြေလို့ကောင်းတဲ့ နေရာလေးတွေဖြစ်တာကြောင့် သွားကြည့်ကြဖို့ Siam Thai က Recommend ပေးလိုက်ပါတယ် 💁❤️
01/05/2024
ဒီနေ့က မေလ ( ၁ ) ရက်နေ့ ၊ အလုပ်သမားနေ့ ( Labour Day ) ပါ 😍
လူမှုပတ်ဝန်းကျင် တိုးတက် အောင်မြင်ရေးအတွက် အလုပ်သမားများရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း အရေးပါတဲ့ ကဏ္ဍ တစ်ခုအဖြစ် ပါဝင်ပါတယ် 🥰
ဒါကြောင့် ဒီနေ့လေးကို ဂုဏ်ပြုရင်း ထိုင်းနိုင်ငံရောက် မြန်မာများ အပါအဝင် ကမ္ဘာအရပ်ရပ်မှ အလုပ်သမားများအားလုံး အလုပ်အကိုင်များ အဆင်ပြေပြီး ပိုမိုတိုးတက်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Siam Thai မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🥰😍
#အလုပ်သမားနေ့
30/04/2024
"ထိုင်းနိုင်ငံကိုရောက်တဲ့အခါ မဖြစ်မနေစမ်းစားကြည့်သင့်တဲ့ ထိုင်းရိုးရာအစားအစာ ( ၄ ) မျိုး"
ထိုင်းရိုးရာအစားအစာတွေဟာ ထူးခြားတဲ့ ပါဝင်ပစ္စည်းတွေ၊ ဟင်းချက်နည်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းပြီး မြန်မာခံတွင်းနဲ့လည်း အတော်လေးပနံသင့်တာကြောင့် ထိုင်းရောက်ဖြစ်ရင် Try ကြည့်သင့်တဲ့ Thai Traditional Food တွေအကြောင်းကို Siam Thai က Recommend ပေးသွားပါမယ် 💙
ဖက်ကဖောင်း ❤️
ထိုင်းရိုးရာအစားအစာတွေထဲ နာမည်အကြီးဆုံးဖြစ်တဲ့ Pad Kra Pao ဟာဆိုရင် နုပ်နုပ်စင်းထားတဲ့ဝက်သားကို ကြက်သွန်ဖြူ/နီ၊ ငရုတ်သီး၊ ပဲသီးစိမ်းနဲ့ ထိုင်းပင်စိမ်းတို့ လှိုင်လှိုင်ထည့်ကြော်ထားပြီး ထမင်းပူပူနဲ့တွဲစားရတဲ့ နာမည်ကျော်ထိုင်းအစားအစာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာလည်း ရေပန်းစားပါတယ် 🍛
ကြက်အုန်းနို့ချဉ်စပ်ချက် 🤍
Tom Kha G*i လို့ အမည်ရတဲ့ ဒီဟင်းပွဲကတော့ ကြက်ရင်ပုံသားကို အုန်းနို့များများနဲ့ နှပ်ပြီး အာရှမှို၊ ဂျင်း၊ စပါးလင်၊ ရှောက်ရွက်၊ ငရုတ်သီး၊ နံနံမြစ်စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ထားတဲ့ ထိုင်းရိုးရာဟင်းပွဲတစ်မျိုးဖြစ်ပါတယ်။ လတ်ဆတ်တဲ့မွှေးရနံ့တွေနဲ့ ချဉ်ချဉ်စပ်စပ်၊ ချိုချိုမွှေးမွှေးအရသာကြောင့် လူကြိုက်များပါတယ်။
ထိုင်းထမင်းကြော် 🧡
Khao Pad လို့ခေါ်တဲ့ ထိုင်းရိုးရာထမင်းကြော်ဟာဆိုရင် ထမင်းကို ပုစွန်၊ ကြက်သား၊ အမဲသား၊ ဝက်သား စတဲ့ နှစ်သက်ရာအသားတစ်မျိုးမျိုး (သို့) အသီးအရွက်တွေနဲ့ သက်သက်လွတ်ကြော်ထားတဲ့ ထိုင်းစတိုင်ထမင်းကြော်ဖြစ်ပါတယ်။ ဈေးချိုသလို အရသာလည်းရှိတာကြောင့် ထိုင်းနိုင်ငံအနှံ့အပြားမှာ အလွယ်တကူရရှိနိုင်ပါတယ်။
ငါးဆားအုံးကင် 💛
ထိုင်းငါးဆားအုံးကင်ဆိုတာက ကက္ကတစ်ငါး (သို့) တီလားဗီးယားငါး တစ်မျိုးမျိုးကို သန့်စင်ပြီး ပါးစပ်ကနေတစ်ဆင့် စပါးလင်၊ ဆွမ်းမွှေးရွက် စတဲ့ အမွှေးအကြိုင်အရွက်တွေကို ငါးဗိုက်ထဲ ထိုးသိပ်ထည့်ပြီး ငါးတစ်ကောင်လုံးကို ဆားများများနဲ့အုံးပြီး ကင်ပြီးတဲ့အခါ အပေါ်ယံအရေခွံကို ခွာချပြီး မုန့်ဖတ်၊ ဆလပ်ရွက်၊ ဂေါ်ဖီ၊ မုန်ညှင်းဖြူ၊ နံနံပင် စတဲ့ အရွက်တွေရယ် ချဉ်၊ ငံ၊ စပ်ဆော့စ်ရယ်နဲ့ တွဲဖက်စားသုံးရတဲ့ အစားအစာတစ်မျိုးပါ။
ထိုင်းနိုင်ငံကို ရောက်ဖြစ်တဲ့အခါ ဒီအစားအစာ ( ၄ ) မျိုးကို မဖြစ်မနေ Try ကြည့်သင့်ပါတယ်။ Tourists တွေကြား ရေပန်းစားပြီး နာမည်ကျော်ကြားတဲ့ဟင်းပွဲတွေဖြစ်တာကြောင့် ထူးခြားတဲ့အရသာတွေကို မလွတ်တမ်းခံစားပြီး အတွေ့အကြုံကောင်းတွေ ဖန်တီးကြည့်ဖို့ Siam Thai က Recommend ပေးလိုက်ပါတယ် 💁🏻💙
28/04/2024
ငွေကြေးလဲလှယ်ကြတဲ့အခါ ငွေကြေးဆုံးရှုံးမှု ( သို့မဟုတ် ) အဆင်မပြေမှုတွေ ဖြစ်စေနိုင်တဲ့ အမှားမျိုးတွေကို ပြုလုပ်မိတတ်ပါတယ် ။ ဒါကြောင့် ငွေကြေးလဲလှယ်တဲ့အခါ ဖြစ်တတ်တဲ့အမှားတွေအကြောင်းကို Siam Thai က ပြောပြပေးသွားပါမယ်
🗣️
✅ လေဆိပ်များ နှင့် ဟိုတယ်များတွင် ငွေကြေးလဲလှယ်ခြင်း
လေဆိပ်/ဟော်တယ်တွေမှာလည်း ငွေကြေးလဲလှယ်တဲ့ ဝန်ဆောင်မှုပေးလေ့ရှိပါတယ် ။ ဒါပေမယ့် အဲ့နေရာတွေက ငွေလဲလှယ်နှုန်းဟာ ဘဏ် / Money Exchange တွေရဲ့ ငွေလဲလှယ်နှုန်းနဲ့ မတူညီနိုင်ပါဘူး ။ သူတို့ရဲ့ ဝန်ဆောင်မှုအတွက် အခကြေးငွေ ယူထားတာကြောင့် လဲလှယ်မိခဲ့ရင် ကာလပေါက် ဈေးနှုန်းနဲ့ ကွာခြားမှုရှိနိုင်ပါတယ် ။ ဒါကြောင့် ဒီလိုနေရာတွေမှာ ငွေကြေးအမြောက်အများ လဲလှယ်ဖို့မသင့်ပါဘူး ။
✅ ငွေလဲလှယ်ဈေးနှုန်းကို မလေ့လာခြင်း
ငွေလဲလှယ်တဲ့အခါ လက်ရှိဖြစ်ပေါ်နေတဲ့ လဲလှယ်ဈေးနှုန်းကို လေ့လာထားသင့်ပါတယ် ။ မလေ့လာဘဲ လဲလှယ်တဲ့အခါ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်တတ်ပါတယ် ။
✅ ငွေအမြောက်အများလဲလှယ်ခြင်း
ကိုယ့်မှာရှိတဲ့ငွေကြေးအကုန်လုံးကို တစ်ခါတည်း လဲလှယ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး ။ ကိုယ်လိုအပ်သလောက်သာ ငွေကြေးကို လဲလှယ်ထားတာက ငွေကြေးဆုံးရှုံးမှုအချို့ကို ကာကွယ်ရာရောက်ပါတယ် ။
✅ ငွေကြေးလဲလှယ်ရန်နောက်ကျလွန်းခြင်း
ငွေကြေးလဲလှယ်ဖို့ နောက်ကျလွန်းတာကလည်း မကောင်းပါဘူး ။ နောက်ကျလွန်းတဲ့အခါ ကိုယ့်အတွက်အရေးတကြီး ငွေလဲလှယ်ဖို့လိုအပ်လာရင် ရွေးချယ်စရာမရှိတဲ့ ဈေးနှုန်းနဲ့ လဲလိုက်ရတာမျိုး ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ကိုယ်ခရီးမထွက်ခင်မှာ ငွေကြေးကို ကြိုပြီး လဲလှယ်ထားသင့်ပါတယ် ။
✅ ငွေကြေးလဲလှယ်ရာ နေရာများကို မလေ့လာခြင်း
ဒီနေ့လို ခေတ်ကြီးမှာ ငွေကြေးလဲလှယ်ဖို့ နေရာအမြောက်အများရှိပါတယ် ။ ဘဏ် ၊ Money Exchange ၊ ATM ၊ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်း စသဖြင့် အများကြီးပါပဲ ။ ဒီလိုနေရာတွေကို သေချာလေ့လာပြီး ချိန်ဆ လဲလှယ်ခြင်းကလည်း ငွေကြေးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ် ။
✅ ပြေစာများကို မသိမ်းထားခြင်း
ကိုယ်ရဲ့ ခရီးစဉ် ပြီးဆုံးတဲ့အခါ ငွေကြေးပြန်လဲလှယ်ဖို့ လိုအပ်တဲ့နိုင်ငံတွေကို ခရီးသွားတဲ့အခါ ငွေလဲလှယ်ပြေစာတွေကို သေချာသိမ်းထားဖို့ လိုအပ်ပါတယ် ။ သေချာမသိမ်းထားဘဲ ကိုယ့်ရဲ့ပြည်တွင်းသုံးငွေကို ပြန်လဲလှယ်တဲ့အခါ အခက်အခဲကြုံရတာမျိုး ၊ အခကြေးငွေ ထပ်ပေးရတာမျိုးတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ် ။
ဒါတွေကတော့ ငွေကြေးလဲလှယ်တဲ့အခါ ဖြစ်တတ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ် ။ ဒီလိုအချက်တွေကိုသိထားပြီး ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့ Siam Thai က အကြုံပြုလိုက်ပါတယ် 😍
27/04/2024
ပူပြင်းတဲ့ ရာသီဥတုမှာ လူကိုယ်တိုင်အပြင်ထွက်ပြီး ငွေလွှဲငွေထုတ် လုပ်ဖို့ဆိုတာက အချိန်ကုန်လူပင်ပန်းပြီး ထင်ထားသလောက် မလွယ်ကူပါဘူး 🙅🏻♀️
ဒီလိုအချိန်မှာ အိမ်မှာနေရင်း သက်တောင့်သက်သာ ငွေလွှဲနိုင်ဖို့က လူကြီးမင်းတို့ရဲ့အိပ်မက်ဆိုရင် ဒီအတွက် Siam Thai က အသင့်ရှိနေပါပြီ 🥳
သက်တမ်း (၂)နှစ်ကျော် ကြာမြင့်ပြီဖြစ်တဲ့ Siam Thai ဟာဆိုရင် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများကို အမြန်ဆန်ဆုံးနဲ့ အမှန်ကန်ဆုံး ဝန်ဆောင်မှုပေးနေတဲ့ Money Exchange Service တစ်ခုပဲ ဖြစ်ပါတယ် 🏦💸
ထိုင်းကနေမြန်မာ၊ မြန်မာကနေထိုင်း ငွေလွှဲငွေထုတ်ဝန်ဆောင်မှု မှန်သမျှကို ရာခိုင်နှုန်း (လုံးဝ)မယူဘဲ ဆောင်ရွက်ပေးနေတာကြောင့် Siam Thai နဲ့သာဆို ပမာဏ ဘယ်လောက်များများ စိတ်တိုင်းကျ လွှဲနိုင်ထုတ်နိုင်မှာ ဖြစ်ပါတယ် 💯
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ Mobile Banking များ၊ ထိုင်းနိုင်ငံမှာရှိတဲ့ Bank များအားလုံးနဲ့လည်း ချိတ်ဆက်ပေးထားတာဖြစ်လို့ အိမ်မှာနေရင်း ငွေလွှဲငွေထုတ် အလွယ်တကူလုပ်နိုင်ဖို့အတွက်ဆို Siam Thai ကိုသာ ယုံကြည်စိတ်ချလိုက်ပါ 💁🏻♀️🖤
💬 Exchange Rate အပြောင်းလဲရှိတဲ့အတွက်ကြောင့် Up To Date ဖြစ်နေတဲ့ဈေးနှုန်းများကို Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
23/04/2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ရောက်ဖြစ်တဲ့အခါ မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာတွေရှိပါတယ် ✨
ဒီနေ့မှာတော့ ထိုင်းနိုင်ငံကိုရောက်ရင် လည်ပတ်သင့်တဲ့ နာမည်ကျော်နေရာတချို့ကို Siam Thai က ပြောပြပေးသွားပါမယ် 💁🏻
( ၁ ) Tamarind Market📍
Hua Hin ခရိုင်အတွင်းက Nong Kae မြို့မှာရှိတဲ့ Tamarind Market ဟာ ညဈေးအဖြစ်နဲ့ နာမည်ကျော်ပါတယ်။ ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ ဖွင့်တဲ့ ( ၄ ) ရက်ဈေးဖြစ်ပြီး ညနေ ( ၅ ) နာရီကနေ ည ( ၁၁ ) နာရီအထိ လူစည်ကားပါတယ်။ နိုင်ငံတကာဟင်းလျာတွေ၊ မုန့်တွေနဲ့ စားသောက်ဖွယ်ရာမျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်တာမို့ အစားတစ်လိုင်းတို့အတွက်တော့ နိဗ္ဗာန်ဘုံပါပဲ။
( ၂ ) Hua Hin မီးရထားဘူတာ📍
Bangkok ကနေ ( ၃ ) နာရီလောက် ကားစီးသွားရင်ရောက်တဲ့ Hua Hin ခရိုင်ဟာဆိုရင် လူနေထူထပ်မှုမရှိတာကြောင့် အေးအေးချမ်းချမ်း Rest & Relaxation လုပ်ချင်သူတို့အတွက် အသင့်တော်ဆုံးနေရာပါ။ Hua Hin မီရထား ဘူတာရုံကိုတော့ ( ၁၉၂၁ ) ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ စီးပွားရေးကို မြှင့်တင့်ပေးနေတဲ့ ဘူတာရုံဖြစ်သလို စင်္ကာပူနဲ့ ပီနန်ကို အလည်အပတ်သွားဖို့အတွက်လည်း အချက်အချာကျတဲ့ နေရာဖြစ်ပါတယ်။
( ၃ ) Khao Sam Roi Yot National Park📍
Kui Buri ခရိုင်အတွင်းမှာရှိတဲ့ Khao Sam အမျိုးသားဥယျာဉ်ဟာ ( ၃၇.၈၇ ) စတုရန်းမိုင် အကျယ်အဝန်းရှိပြီး ရေပြင်အကျယ် ( ၈.၀၆ ) စတုရန်းမိုင်ရှိပါတယ်။ သဘာဝအလှကို ချစ်မြတ်နိုးပြီး လေ့လာချင်သူတွေ၊ ကလေးငယ်တွေနဲ့ ခြေလျင်ခရီးထွက်သူတွေအနေနဲ့ ဒီအမျိုးသားဥယျာဉ်ကို မဖြစ်မနေလည်ပတ်သင့်ပါတယ်။
( ၄ ) Plearnwan Village📍
Hua Hin မီးရထား ဘူတာရုံကနေ ၃ ကီလိုမီတာအဝေးမှာရှိတဲ့ Plearnwan ကျေးရွာမှာဆိုရင် ဈေးပေါတဲ့ လက်ဝတ်လက်စားအမျိုးမျိုးနဲ့ ရှေးဟောင်းပစ္စည်းအမျိုးမျိုးကို ဝယ်ယူနိုင်သလို ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေနဲ့ တိုင်းရင်းရိုးရာဆေးဝါးအမျိုးမျိုးတို့ကိုလည်း ဝယ်ယူနိုင်ပါတယ်။ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ဝယ်ယူသွားဖို့အတွက် အသင့်တော်ဆုံးနေရာတစ်ခုပါ။
( ၅ ) Damnoen Saduak ရေပေါ်စျေး📍
ထိုင်းနိုင်ငံရဲ့အကြီးဆုံးရေပေါ်စျေးတစ်ခုဖြစ်ပြီး ဘန်ကောက်ရဲ့အနောက်တောင်ဖက်၊ ( ၁၀၄ ) ကီလိုမီတာအကွာ၊ နခေါပထုန်နဲ့ စမွတ်စုံခလန်းကြားမှာရှိပါတယ်။ ရေပေါ်စျေးတလျှောက် ထိုင်းရိုးရာအစားအသောက်တွေ၊ ထိုင်းရိုးရာလက်မှုပစ္စည်းတွေနဲ့ ရှေးယခင်ထိုင်းလူမျိုးများရဲ့နေထိုင်မှုဘဝတွေကိုလည်း တွေ့မြင်ရမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေစိတ်၀င်စားကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
( ၆ ) Taling Chan ဘန်ကောက်ရေပေါ်စျေး📍
Damnoen Saduak ရေပေါ်စျေးထက် နည်းနည်းသေးပြီး ဘန်ကောက်အနီးတဝိုက်မှာ လည်ချင်သူတွေအတွက် အဆင်ပြေပါတယ်။ ဘတ်စ်ကား၊ တက္ကစီတို့နဲ့သွားနိုင်သလို ကျောက်ဖရားမြစ်လှေဆိပ်တွေကနေ တိုက်ရိုက်စက်လှေကလေးတွေနဲ့လည်း သွားနိုင်ပါတယ်။
( ၇ ) Pattaya ကမ်းခြေ📍
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးကမ်းခြေတစ်ခုဖြစ်တဲ့ Pattaya ကမ်းခြေဟာဆိုရင် အပန်းဖြေဖို့အတွက် အသင့်တော်ဆုံးနေရာဖြစ်တာမို့ ခရီးသွားတွေနဲ့ အမြဲစည်ကားပါတယ်။ နေ့ဖက်မှာ ကမ်းခြေမှာအနားယူပြီး ညဖက်မှာတော့ ရှိုးပွဲ၊ ဘားဆိုင်၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြတာကြောင့် အထူးစည်ကားတဲ့နေရာလည်းဖြစ်ပါတယ်။
( ၈ ) Camel Republic📍
Cha-am ခရိုင်မှာရှိတဲ့ Camel Republic ကတော့ Santorini ပန်းခြံကနေ ( ၃ ) မိနစ်လောက် ကားစီးသွားရင် ရောက်ပါတယ်။ သစ်ကုလားအုတ်၊ ကုလားအုတ်၊ ရွှေယုန်နဲ့ ကြိုးကြာနီတွေအပြင် တခြားတိရစ္ဆာန်မျိုးစုံရှိတဲ့ တိရစ္ဆာန်ရုံတွေရှိသလို အပန်းဖြေစရာ တခြားနေရာတွေလည်း ရှိပါသေးတယ်။ ကလေးတွေအပါခေါ်ပြီး မိသားစုလိုက် Picnic ထွက်ဖို့ အသင့်တော်ဆုံးပါပဲ။
အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကို ရောက်ဖြစ်တဲ့အခါ ဒီနေရာတွေကို မဖြစ်မနေသွားရောက်လည်ပတ်ပြီး အတွေ့အကြုံအသစ်တွေ ဖန်တီးကြဖို့ အကြံပြုလိုက်ရပါတယ် 💙
20/04/2024
ထိုင်းဘတ်ငွေရဲ့ သင်္ကေတ အမှန်ကဘာဖြစ်မလဲ 🧐
အဖြေကို Comment Box လေးမှာ ပြောပြခဲ့ပါဦး 💬
Click here to claim your Sponsored Listing.
Category
Website
Address
ShweBoneThar Street, Panbedan Township
Yangon