Forex Trading knowledge and Learning

Forex Trading knowledge and Learning

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forex Trading knowledge and Learning, Financial Consultant, Yangon.

09/07/2024

ဒီပန်းကန်လုံးလေးဟာ သာမန်ပန်းကန်လုံးတစ်လုံးပါပဲ

ကွဲသွားတဲ့အဲဒီပန်းကန်လုံးလေးကို ဂျပန်နိုင်ငံက အနုပညာရှင်က ရွှေနဲ့ဂဟေဆက်ပြီး ပိုတန်ဖိုးရှိတဲ့ပန်းကန်လုံးအဖြစ်ဖန်တည်းခဲ့တာပါ

သူကွဲခဲ့တဲ့အတွက် ပိုတန်ဖိုးရှိလာသလို အနုပညာပါဆန်သွားခဲ့ပါတယ်

သူတန်ဖိုးရှိလာခြင်းရဲ့အကြောင်းအရင်းက ကွဲခဲ့ရတဲ့အတွက်ကြောင့်ပါ

ကျွန်တော်လေးစားရတဲ့ ဆရာတာယာမင်းဝေရဲ့စာတစ်ကြောင်းကိုအမှတ်ရမိပါတယ်

" ဘဝမှာ လေပြေကိုချည်းမျှော်လင့်စရာမလိုဘူး
မုန်တိုင်းမှာလဲ Oxygen ပါတယ်" တဲ့

ပြောရရင်
ဘဝမှာ ကျရှုံးမှုတွေကလည်းသင်သန်မာဖို့အတွက်ဖြစ်လာတာပါ

22/06/2024

စွန့်စားမှု( Risk )ဟုဆိုရာတွင်

စွန့်စားမှု Risk များလျှင်အကျိုးအမြတ်များ၍ Risk နည်းပါလျှင် အကျိုးအမြတ်နည်းပါးသည်ဟု အများလက်ခံထားသောသဘောတရားတစ်ခု ကျယ်ပြန့်စွာရှိနေပါသည်။

စွန့်စားမှုနှင့်ပတ်သက်၍ စီမံခန့့်ခွဲသောဘာသာရပ် Risk Management ဟူ၍ထွက်ပေါ်လာသည်။

စွန့်စားမှု၏ မူလအဓိပ္ပယ်မှာ" A situation involving exposure to danger " ဟူ၍ဖြစ်သည်။

အန္တရယ်ရှိသောအခြေအနေတစ်ရပ်ဟု နားလည်နိုင်ပါသည်။

ဘာ့ကြောင့် ထိုအခြေအနေတစ်ရပ်ဖြစ်ရသည်ည်ကို ခွဲခြမ်းစိတ်ဖြာရန်ထပ်မံလိုအပ်ပါလိမ့်မည်။

စွန့်စားမှုပမာဏ The Amount Of Risk မှာ အောက်ပါအခြေအနေများအပေါ်တွင်မူတည်နေပါသည်။

- Who knows nothing has great risk.

ကိုယ့်အလုပ်ကိုဘာမှမသိသူတွေအတွက်ကြီးမားသော Risk ကိုဖြစ်စေသည်။

- Who Knows more has least risk.

ကိုယ့်အလုပ်ကို ပိုသိပိုကျွမ်းကျင်လာလျှင် စွန့်စားမှု Risk အတော်နည်းသွားပြီဖြစ်သည်။

- Who know much has least risk.

ကိုယ့်အလုပ်ကိုအများကြီးသိလျှင် Risk အနည်းဆုံးဖြစ်သွားတော့သည်။

ထို့ကြောင့်စွန့်စားမှု Risk ဟူသည် အလုပ်ကိုမည်မျှသိခြင်း/ကျွမ်းကျင်ခြင်းနှင့်တိုက်ရိုက်အချိုးကျကြောင်းတွေ့ရပါသည်။

15/05/2024

Livermore ကို 1877 ခုနှစ်တွင်မွေးဖွားခဲ့ပြီး 15 နှစ်သားအရွယ်တွင်သူ၏အရောင်းအ၀ယ်အသက်မွေးဝမ်းကြောင်းကိုစတင်ခဲ့သည်။

သူသည် ကျွမ်းကျင်သောကုန်သည်တစ်ဦးအဖြစ် သူ့ကိုယ်သူ နာမည်ရခဲ့ပြီး ဂျုံ၊ ချည်နှင့် ကြေးနီကဲ့သို့သော စတော့ရှယ်ယာများနှင့် ကုန်ပစ္စည်းများကို အမြတ်ထုတ်ခဲ့သည်။

သူ့ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အောင်မြင်ပြီးနောက်မှာတော့ သူဟာ ပရော်ဖက်ရှင်နယ် စတော့ရှယ်ယာ စျေးကွက် စျေးကစားသူ ဖြစ်လာပြီး သူ့ရဲ့ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို 1906 ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

Livermore သည် သူ၏အသက်မွေးဝမ်းကြောင်းတစ်လျှောက်တွင် များစွာသောကံကြမ္မာများကို ဖန်တီးဆုံးရှုံးခဲ့ပြီး အမြတ်ရရန် မကြာခဏ စွန့်စားရလေ့ရှိသည်။

Wall Street မှာ စတော့ရှယ်ယာတွေ ပျက်ကျမှုကနေ နောက်ဆုံးမှာ ပြန်ကောင်းလာမယ်လို့ လောင်းကြေးထပ်လိုက်တဲ့အခါ သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုဟာ အမြတ်ငွေ ဒေါ်လာ ၁ သန်းကျော် ရရှိခဲ့ပါတယ်။

သို့သော် သူ၏အောင်မြင်မှုများကြားမှ Livermore ၏ကံကြမ္မာသည် နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့သည်။
1920 ခုနှစ်များတွင် သူသည် မအောင်မြင်သော ရင်းနှီးမြုပ်နှံမှုများစွာကို ပြုလုပ်ခဲ့ပြီး သူ၏ ကြွယ်ဝမှုအများစုကို ဆုံးရှုံးစေခဲ့သည်။

သူသည် 1940 တွင် 63 နှစ်တွင်မိမိကိုယ်ကိုသတ်သေခဲ့သည်။

Livermore ၏ဇာတ်လမ်းသည် Wall Street တွင်ကုန်သွယ်ခြင်းနှင့်ဆက်စပ်သောအန္တရာယ်များအကြောင်းသတိထားစရာ ပုံပြင်တစ်ပုဒ်အဖြစ်Trader များစွာအတွက်သင်ခန်းစာယူစရာတစ်ခုဖြစ်လာသည်။

08/05/2024

Trader တွေအသုံးအများဆုံး Moving Average Indicator

07/05/2024

Support & Resistance ဆိုတာ

04/05/2024

အောင်မြင်မှုမှာ Discount မရှိဘူး

လူမှုရေးအရ ခင်မင်မှုအရ နားလည်ပေးနိုင်တဲ့အရာတွေဟာ

အောင်မြင်မှုအကြောင်းပြောလာပြီဆိုရင်

ဘောင်မဝင်တော့ပါဘူး

အသက်ငယ်သေးလို့

အိပ်ယာစောစောမထနိုင်လို့

အင်္ဂလိပ်စာအားနည်းလို့

အိပ်ရေးပျက်မခံနိုင်လို့

စတဲ့အကြောင်းပြချက်တွေကို အောင်မြင်မှုက နားလည်ပေးမှာမဟုတ်ပါဘူး

အောင်မြင်ချင်ရင်လူတစ်ယောက်ဟာ ဒီစံနှုန်းအထိရှိမှရမယ်ဆိုရင်

အဲဒီစံနှုန်းကိုပြည့်အောင်ဖြည့်ရပါလိမ့်မယ်

ကိုယ့်ဘက်က ထိုက်တန်စွာပေးဆပ်ကြိုးစားမှသာ

ထိုက်တန်တဲ့အောင်မြင်မှုရရှိမှာဖြစ်ပါတယ်

03/05/2024

သင်သည် အလွန်ကျွမ်းကျင်သော ကုန်သည်တစ်ဦးဖြစ်ပါစေ

ညံ့ဖျင်းသော Risk Management ကြောင့် အကျိုးအမြတ်ရှာဖို့အတွက် ခဲယဥ်းနေအုံးမှာပဲဖြစ်ပါတယ်

သင့်ရဲ့နံပါတ်တစ်အလုပ်က အမြတ်ရဖို့မဟုတ်ဘဲ သင့်မှာရှိတဲ့ ရင်းနှီးငွေကို မဆှုံးရှုံးအောင်ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်

သင့်ရဲ့အရင်းအနှီးတွေကုန်ခမ်းလာတာနဲ့အမျှ အမြတ်အစွန်းရအောင်လုပ်နိုင်စွမ်းတွေလည်း ဆုံးရှုံးသွားမှာပါ။

ဒါကြောင့် Risk Management ဆိုတာ Trader တွေအတွက် အသက်ပါပဲ

01/05/2024

အောင်မြင်တဲ့ Forex Trader တစ်ယောက်အတွက် Trading System နဲ့ Trading Plan ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်

Trading System တစ်ခုဆိုတာ ဘယ်ဈေးတန်းမှာရောင်းမလဲ/ဝယ်မလဲဆိုတဲ့ Entry ဆိုတာရယ်

ဘယ်ဈေးတန်းမှာ အမြတ်ယူမလဲဆိုတဲ့ Take Profit(TP) ရယ်

ရောင်းမှားဝယ်မှားဖြစ်သွားခဲ့ရင် ဘယ်နေရာမှာ အရှုံးခံမလဲ ဆိုတဲ့ Stop Loss (SL)ရယ်အချက်သုံးချက်ပါဝင်ပါတယ်

Trading System တွေဟာကမ္ဘာပေါ်မှာမြောက်များစွာရှိပါတယ်
အဲဒီထဲကမှ ကိုယ်နဲ့ကိုက်ညီတဲ့ System ကိုရွေးချယ်ရမှာဖြစ်ပါတယ်
Trading System ရှိရုံနဲ့အောင်မြင်တဲ့ Forex Trader တစ်ယောက်မဖြစ်နိုင်သေးပါဘူး
Trading Plan ဆိုတာလိုပါသေးတယ်
ပြောခဲ့သလိုပဲ Trading System တစ်ခုက Entry/ SL /TP ဆိုတဲ့အချက်သုံးချက်ပဲပါဝင်ပါတယ်
Trading Plan မှာကျတော့
*** အရောင်းအဝယ်လုပ်ဖို့အတွက်ဘယ်Time Frame ကိုရွေးချယ်မှာလဲ ?

*** ဘယ် Currency Pair (ငွေကြေးအတွဲ) တွေကိုအရောင်းအဝယ်လုပ်မှာလဲ ?

*** Position Sizing ဆိုတဲ့ အရောင်းာင်းအဝယ်တစ်ခုအတွက်ကိုယ့်ရင်းနှီးငွေရဲ့ ဘယ်လောက်ပမာဏကိုအသုံးပြုပြီး အရောင်းအဝယ်လုပ်မှာလဲ ?

*** Risk to Reward Ratio ဘယ်လောက်ထားမှာလဲ ?
စသည်ဖြင့်ကိုယ်ပိုင်စည်းကမ်းများတည်ဆောက်ရတာဖြစ်ပါတယ် ။

ဒါကြောင့် Trading System နှင့် Trading Plan တည်ဆောက်ဖို့သည် Forex Trader တွေအတွက် မဖြစ်မနေတက်လှမ်းရမည့်လှေကားတစ်ထစ်ပဲဖြစ်ပါတယ်

26/04/2024

Trader အသစ်တွေလုပ်လေ့ရှိတဲ့အမှားများ

25/04/2024

Trading သင်တန်းမှာ

အမြတ်ရမယ့် Trading Strategy တွေ

Risk Management ဆိုတဲ့ငွေကြေးစီမံခန့်ခွဲမှုတွေ

Pip calculation/Position Sizing/Market Psychology စသည်ဖြင့်ပေါ့ ဒါတွေပဲသင်ပေးလို့ရပါတယ်

ကာယကံရှင်က ဒါတွေကိုစည်းကမ်းတကျလိုက်နာဆောင်ရွက်နိုင်မှသာလျှင် ရေရှည်အကျိုးအမြတ်ရှာနိုင်မှာဖြစ်ပါတယ်

ဒါတွေကိုသိတော့သိပါရဲ့လက်တွေ့ Action ယူပြီးမလုပ်ဘူးဆိုရင် အလကားပါပဲ

ပြောရရင် ဝက်အူချောင်းလုပ်နည်းကိုပဲသင်ပေးလို့ရပါတယ်
ရောင်းရမယ့် အသားဆိုင်တွေကတော့ မိမိကိုယ်တိုင်ရှာဖွေရမယ့်သဘောပါပဲ

24/04/2024

Trading Triangle Pattern

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00