Lucky Golden Triangle

Lucky Golden Triangle

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Golden Triangle, Construction Company, လှည်းကူး, Yangon.

Photos from Lucky Golden Triangle's post 19/12/2023

၁- အလုပ်မှာ လူပိုဆိုတာမရှိဘူး။
၂- Team Work တစ်ခုမှာ နည်းဗျူဟာတွေကို အမြဲမပြတ်
Share လုပ်ပေးနေရမယ်။
၃- တချို့သော အမှားများကို ကောင်းကောင်း‌မှားပေးရမယ်။
၄- 'ငါ' မရှိလို့ မဖြစ်အတွေးကို မတွေးနိုင်အောင် ဖြုတ်ချပေး
နိုင်ဖို့ ကြိုးစားရမယ်။
၅- တန်းဖိုးတစ်ခုကို တန်ကြေးနဲ့ မမှားအောင် နည်းလမ်းပြ
ပေးနိုင်ရမယ်။

Photos from Lucky Golden Triangle's post 17/10/2023

အားကျမခံနောက်ကလိုက်လာတော့ သူ့လဲတွဲခေါ်နေရသေးတယ်

Photos from Lucky Golden Triangle's post 17/10/2023

Manpower လောက်ငှမှုသိပ်မရှိတော့ ညဘက်လဲဝုန်းနေကြရတယ်

Photos from Lucky Golden Triangle's post 17/10/2023

ကျပ်ကျပ်တည်းတည်းနဲ့ Target တွေစိပ်နေတော့ ပင်ပန်းရတယ်။

Photos from Lucky Golden Triangle's post 06/10/2023

စည်းစည်းလုံးလုံးသွားကြတာပေါ့။စိတ်မခုကြပါနဲ့😅😅။
ချည်းကွေးနဲ့ လက်သမားကို ရန်တိုက်ပေးခြင်းအနုပညာ😎။

Photos from Lucky Golden Triangle's post 03/10/2023

112' × 68' Sqft 8 Storey RC building.
Pile footing @ plinth Beam ပြီးစီးခြင်းမှတ်တမ်း။
တော်တော်ကိုပင်ပန်းခဲ့ပါတယ်။

Photos from Lucky Golden Triangle's post 17/09/2023

Guns 🔫 တွေထားဖို့တော့ နေရာလုပ်ပြီးပြီ ပစ်ရဖို့ လူပဲရှာရတော့မယ်😎😎😅😅

09/09/2023

⚠️ကြိုတင် တွက်ဆ ထားရမည့် "ရေကန်အလေးချိန်နှင့်အမိုး slab ခိုင်ခံမှုအကြောင်း" ⚠️

🎯အိမ်မဆောက် ခင် ကတည်းက အမိုးSlabပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆိုရင်တော့ စာကိုဆုံးအောင်ဖတ်ဖို့ မလိုတေ့ာပါဘူး။

🎯အမိုး Slabမှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိဖို့လိုပါတယ်။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

🎯ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးSlabမှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။

🎯ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
Slabပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။

🎯ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ Slab၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။

🎯ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။

🎯ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)

🎯အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။

🎯အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

🎯ဒါပေမဲ့ ကန်ထရိုက်က အမိုးSlabမို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
structure design သေချာ တွက်ချက်ဆောက်ပါ။

🎯ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

🎯ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးSlabတစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် အဆင်ပြေပါပြီ

🎯 အကောင်းဆုံးကတော့ ခိုင်ခံ့မှုအတွက် structure design တွက်ချက်ပြီး ဆောက်တာသည် သာ အကောင်းဆုံးလို့ အကြံပြု ချင်ပါတယ် ခင်ဗျာ..

🎯 ခိုင်ခံ့လှ ပ တဲ့ အဆောက်အဦလေး များ ပိုင်ဆိုင်နိုင်ကြပါစေ

# Credit to - မူရင်းရေးသားသူ. အိမ်ဆောက်မည့် သူများ ဗဟုသုတ ရစေရန် ပြန်လည်ဝေမျှ ပေးခြင်းပါခင်ဗျာ

05/09/2023

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃)
Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။

အဆောက်အဦအဟောင်းတွေကို ထပ်တိုးဆောက်ချင်တဲ့အိမ်ရှင်တွေ ပြောလေ့ရှိပါတယ် "အဆောက်အဦဆောက်တုန်းက Foundation ကို (၈ပေလောက်) အနက်ကြီးချထားလို့ နောက်တစ်ထပ်တက်လို့ ရပါတယ်" တဲ့။ Footing size (ခွာဆိုဒ်) အကျယ်အ၀န်းမေးတော့ သူတို့မသိပါဘူး။ Foundation နက်တော့ မြေကြီးခံနိုင်ရည်ကောင်းတဲ့အတွက် load ခံနိုင်ရည်ပိုရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီတချက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
၁) Foundation မြေ၀င်ကို ဘယ်နှယ်ထပ်အတွက် ဘယ်လောက်ဆိုပြီး အသေသတ်မှတ်ထားလို့ မရပါဘူး။ နောက်ပြီး "၂ထပ်တုန်းက ၆ပေတူးတယ်၊ ၃ထပ်တုန်းက ၇ပေတူးတယ်၊ အခု ၈ထပ်ဆောက်မယ်ဆိုတော့ ၁၂ပေလောက်တူးရမယ်ထင်တယ်" လို့ မှန်းလို့ မရပါဘူး။။
၂) Foundation အတွကသင့်တော်တဲ့ Depth (အနက်) ကို မြေကြီးစမ်းလို့ရတဲ့ Result က ဘယ်နှယ်ပေမှာ မြေကြီးခံနိုင်အား ဘယ်လောက်ရှိတယ်ဆိုတာကနေ သင့်တော်တဲ့ မြေကြီးခံနိုင်အားရှိတဲ့ သင့်တော်တဲ့အနက်ကို ယူပါတယ်။ Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာကိုတော့ Column တိုင်ကနေ Footing ကထမ်းရမယ့် load ကို မြေကြီးခံနိင်ရည်နဲ့စားရင် ရပါပြီ။
ဥပမာ Footing ကထမ်းရမယ့် load က ၂၅တန်ရှိတယ်၊ ၇ပေအနက်မှာရှိတဲ့ မြေကြီးခံနိုင်အား (Safe Bearing Capacity) က ၁တန်ရှိတယ်ဆိုပါစို့။ Footing ကို ၇ပေအနက်တူးမယ်ဆိုရင် Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာက Load ကို မြေကြီးခံနိုင်အား (Safe Bearing Capacity)နဲ့စားဆိုတော့ ၂၅ ကို ၁ နဲ့စားတဲ့အဖြေ ၂၅စတုရန်းပေ ဖြစ်ပါတယ်။ ဒီတော့ ၅ပေပတ်လည်ဆိုရပါပြီ။
၃) Footing တစ်ခုက ထမ်းဆောင်နိုင်တဲ့ Load ၀န်က်ု မြေကြီးခံနိုင်အား (Safe Bearing Capacity) နဲ့ Footing အကျယ်အ၀န်း ဧရိယာနဲ့ မြှောက်ရင်ရတယ်ဆိုတာ သိနိုင်ပါပြီ။ ဒါကြောင့် Foundation အနက် (တနည်းအားဖြင့် မြေကြီးခံနိုင်အား Safe Bearing Capacity) ပဲပြောနေပြီး သူ့ရဲ့မြှောက်ဖော်ကိန်း Footing အကျယ်အ၀န်း ဧရိယာမသိရင် မပြည့်စုံတော့ အဖြေရှာဆုံးဖြတ်လို့ မရနိုင်ပါဘူး။

မူရင်းရေးသားသူကိုဗိုလ်ဗိုလ်ကျော်ထံမှကူးယူဖော်ပြသည်

02/09/2023

#စာချုပ်စာတမ်းရေးပုံရေးနည်းကလည်းအဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်

ဒီဘက်ခေတ်မှာတော့ အများစုက အိမ်ခြံမြေရှေ့နေကိုသာ စာချုပ်စာတမ်းအတွက် အသုံးပြုမှုများလာကြပါပြီ
တကယ်လို့ ရှေ့နေမခေါ်တဲ့အခြေအနေတွေမှာ အသုံးပြုနိုင်ရန်အလို့ငှာ ဥပဒေရေးရာမှ ကူးယူတင်ပြအပ်ပါတယ်

#အိမ်ခြံမြေပိုင်ဆိုင်မှုများဆထက်တပိုးတိုးပွားနိုင်ကြပါစေ

စာချုပ်စာတန်း ရေးပုံရေးနည်း
************* *************

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေးသားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိညာဉ်တစ်စုံတစ်ရာကိုလုပ်ရင် အဲဒီစာချုပ်မှတစ်ပါး အခြားသက်သေကို လက်ခံခွင့်မရလို့ဘဲ။

စာချုပ်မှာ ခု၊ လ၊ ရက်တို့ကို တိတိကျကျသေသေချာချာရေးဖို့လိုတယ်။ အင်္ဂလိပ်သက္ကရာဇ်နဲ့ မြန်မာသက္ကရာဇ်တွေကို ပြိုင်တူတွဲပြီး ရေးသားသင့်တယ်။ ပစ္စည်းနဲ့ပတ်သက်ပြီး အကြောင်းအရာရေးသားရင် ပစ္စည်းစာရင်းကို စာချုပ်နောက်ပိုင်းမှာ ပစ္စည်းဇယားအနေနဲ့ ပြည့်ပြည့် စုံစုံဖော်ပြရတယ်။

ချုပ်ဆိုတဲ့စာချုပ်ဟာ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်အောင်စာချုပ်ခေါင်းစဉ် ဖော်ပြရတယ်။

စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသူတွေရဲ့ အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတွေ ဖော်ပြရတယ်။

စာချုပ်ဆိုရာမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဟာအသက်အရွယ် မပြည့်သူမဖြစ်ရဘူး။ တကယ်လို့ အသက်အရွယ်မပြည့်သေးတဲ့သူ ဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ်ရေးထိုးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်မပြည့်သေးသူဟာ ပဋိညာဉ်ပြုပိုင်ခွင့် မရှိလို့ဘဲ။ စိတ်မနှံသူဖြစ်ရင်လည်း ပဋိညာဉ်ပြုပိုင်ခွင့် မရှိပါ။

တချို့ပုဂ္ဂိုလ်တွေဟာ စာချုပ်ချုပ်ဆိုရာမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ကြတာလည်းရှိတယ်။ ဦးဘ၏ ကိုယ်စားလှယ်စာရသူ စသည်ဖြင့် လက်မှတ်ရေးထိုးနိုင်တယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ ကိုယ်စားလှယ်စာ အမှန်တကယ် ရရှိထားသူဖြစ်ရပါမယ်။

စာချုပ်မှာ

- နိဒါန်း

- အဖိုးစားနား

- ပိုင်းခြားဝေငှခြင်း

- စည်းမျဉ်းနဲ့ သတ်မှတ်ချက်

- အကျိုးခံစားခွင့်ဆိုင်ရာ ဖော်ပြချက်

- ဖော်ထုတ်ပြုလုပ်တဲ့ သဘောတူမှုနဲ့တာဝန်ယူခြင်း

- နိဂုံး

- လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း

- ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းနဲ့ နောက်

ဆက်တွဲစာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အမျိုးအစားလိုက်ပါရှိတယ်။

စာချုပ်တွေကို ရေးရာမှာ ဖျက်ရာမပါအောင် ရေးရပါတယ်။ အကယ်၍ဖျက်ရာရှိခဲ့ရင် ဖျက်ရာနေရာမှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရမယ်။

ငွေပမာဏကို ဂဏန်းနဲ့ရေးရမယ့်အပြင် စာနဲ့လည်းရေးရမယ်။

စာရေးရာမှာ နောက်ထပ်ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင် ကြားလပ်မရှိစေဘဲ မျဉ်းကြောင်းစိပ်စိပ် ရေးရပါမယ်။

တံဆိပ်ခေါင်းပါတဲ့ စာချုပ်မှာ တစ်ချပ်တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ်တစ်ချပ်တစ်ရွက်မှာ ရေးရပါမယ်။ တစ်မျက်နှာနဲ့မလုံလောက်တဲ့အတွက် စာချုပ်ကျောဘက်မှာ ရေးတာမျိုးမလုပ်သင့်ပါ။ စာချုပ်ခေါင်းပါတစ်ရွက်နဲ့ မလုံလောက်တဲ့အတွက် နောက်ထပ်စာချုပ်ခေါင်းတစ်ရွက်ပေါ်တွင်သာ ရေးသင့်ပါတယ်။

စာရွက်တိုင်းမှာ စာမျက်နှာဖော်ပြရပါမယ်။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ်စာမျက်နှာသို့ လို့ စကားအဆုံးသတ်ရပါမယ်။

စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ကိစ္စဖြစ်တယ်။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူတွေကိုယ်တိုင်ရေးထိုးကြရမှာ ဖြစ်တယ်။ စာမျက်နှာတိုင်းမှာ လက်မှတ်ရေးထိုးသင့်တယ်။

စာချုပ်ချုပ်ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ်။ ရေးချုပ်ဖတ်ပြနေတုန်းမှာ အမှတ်မထင် ရောက်လာတာမျိုးဟာ သံသယမကင်းစရာဖြစ်တတ်တယ်။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆိုရတယ်။ စာချုပ်ပါအချက်တွေကို သိရှိဖို့လိုတယ်။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့်ဖို့လိုတယ်။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လိုတယ်။

ချုပ်ဆိုတဲ့ စာချုပ်မှာတံဆိပ်ခေါင်း လုံလောက်ဖို့လိုတယ်။

Crd #ဥပဒေရေးရာ

02/09/2023

အာလုံးပဲ သိအောင်ပြောထားပါတယ်နော်။
Onile ကနေ ငွေချေးလုပ်ငန်းဆိုပြီး ဒီမနက် phone ဆက်ပါတယ်နော်။ချေးငွေကတော့ ၆ သောင်းပြောလိုက် ၃ သောင်းပြောလိုက်နဲ့
တခြားကြောင့်တော့မဟုတ်ပါဘူး။ ကျွန်တော့် phone contact
တွေအကုန်လုံးက သူတို့ဆီမှာရှိပါတယ်။ဘာလုပ်မလဲတော့ကျွန်တော်မသိဘူး ငွေကြေးနဲ့ပတ်သတ်လာရင်တော့ ကျွန်တော် လုံးဝ တာဝန်မယူပါဘူးနော်။ အားလုံးက မိမိ kpay /Wave တွေကို သတိထားကြပါ။

Photos from Lucky Golden Triangle's post 01/08/2023

ရှမ်းပြည်နယ်အရှေ့ပိုင်း Tachileik မြို့ 150' × 60' =67500Sqft
7.5 Storey Rc.Building ၏ Froundion လုပ်ငန်းခွင်မှတ်တမ်း။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


လှည်းကူး
Yangon