WZHt

WZHt

Share

Emotional Zone

22/12/2025
Photos from WZHt's post 02/11/2025

#အနောက်ရပ်မှာဝင်တဲ့နေမင်းကြီးရဲ့အလှ

11/06/2025

#ဆိုင်သူမသိတဲ့အလွမ်းများနဲ့

Photos from WZHt's post 31/05/2025

ဝေးသောအရပ်မှာ အဆင်ပြေပါစေ သိုးပေါက်လေးရေ....

မင်းလိုချင်တဲ့သူဆီက ချစ်ခြင်းမေတ္တာတွေလည်း ရပါစေ သိုးပေါက်လေးရေ...

အကိုကတော့ သိုးပေါက်လေးကို
မေတ္တာနဲ့ ချစ်ခဲ့သူမို့ ဘယ်လိုပဲဖြစ်ဖြစ်
မေတ္တာတွေနဲ့ ဆက်ချစ်နေရအူးမှာပဲ...

အနှောက်ယှက်ဖြစ်မှာစိုးလို့ ‌တမင်ရှောင်နေရတာ ပင်ပန်းလိုက်တာ သိုးပေါက်လေးရယ်...

မင်းမပေးပဲ ရခဲ့တဲ့ လွမ်းဆွတ်မှုတွေပါပဲ..

31/05/2025

I'm the man you've rejected,
And I'll take pleasure for the rest of my life in knowing you don't love me.

31/05/2025

#မငိုပါနဲ့လားမိုးရယ်
#မိုး

31/05/2025

မနှောက်ယှက်ခြင်းဖြင့်ချစ်ရပါတယ်...

17/03/2025

ကမ္ဘာကြီးက ကျဉ်းသလား ကျယ်သလား
ဆို????

ဆုံချင်တဲ့လူတွေနဲ့ ဆုံတွေ့ခွင့်မရရင်
ကမ္ဘာဟာ ကျယ်တယ်ထင်ရပြီး

မဆုံချင်တဲ့လူ မဆုံသင့်တဲ့လူတွေ‌နဲ့
ကြုံရတဲ့အခါ ကျဉ်းတယ်လို့ ထင်ရပြန်တယ်.....

ကမ္ဘာဟာ ငါ့စိတ်ထဲမှာကို ကျဉ်းလိုက်ကျယ်လိုက်......

သေချာတာကတော့ ကမ္ဘာဟာ ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ မင်းနဲ့ ဆုံခွင့်တော့ ရချင်တယ်...

08/09/2024

#ချိုးဖြူ
#မောင်မိုး

26/12/2022

Mutual Respect - အပြန်အလှန် ကိုချင်းစာလေးစားမှုပေါ့....

mutual respect (အပြန်အလှန် ကိုယ်ချင်းစာလေးစားမှု) ဟာ
မိဘနဲ့ သားသမီး
ချစ်သူ သမီးရည်းစား
မိတ်ဆွေ သူငယ်ချင်း
လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက် တွေကြားမှာ
တကယ်ကို လိုပါတယ်။

Mutual Respect အပြန်လှန် ကိုယ်ချင်းစာလေးစာမှုသာ မရှိရင် ဘယ်လိုမျိုး ဆက်ဆံရေးမှ အဆင်မပြေမှာ မဟုတ်ပါဘူး။
အဆင်ပြေလည်း ခဏပါပဲ။

ဥပမာ- ကိုယ့်ကိုယ် လူတစ်ယောက်က

အဲ့ဒီလူဟာ အဖေ၊ အမေ၊ အကို အမ၊ ဒါမှမဟုတ်ရင် မိတ်ဆွေ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူရည်းစား၊ လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးက ကိုယ့်ကို ဖုန်းခေါ်လိုက်တယ် မအားသေးလို့ မသိလိုက်လို့ မကိုင်တာဟာ ပြဿနာမရှိပါဘူး။ ကိုယ်အားတဲ့အချိန် အဆင်ပြေတဲ့အချိန်မှာ ပြန်ခေါ်ပြီး ကိုယ်ဖုန်းမကိုင်လိုက်တာဟာ မသိလိုက်လို့ မအားလပ်လို့ ရှင်းပြလို့အဆင်ပြေပါတယ် ။ တစ်ဖက်လူကလည်း နားလည်ပေးပါလိမ့်မယ်။ နားလည်ပေးမယ်ဆိုတာကလည်း ၉၉%သေချာပါတယ်။ အဲ့လိုမဟုတ်ဘဲ ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုကို ချလိုက်တာဆိုရင် ခင်ဗျားဟာ mutual respect (အပြန်အလှန်ကိုယ်ချင်းစာ လေးစာမှု)မရှိတဲ့သူ ဖြစ်နေနိုင်ပါတယ်။ ဖုန်းကို ချလိုက်မိတာဟာ တစ်ခါတစ်ရံမှားယွင်းပြီး လုပ်မိတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တတ်ပါတယ်။ တကယ်လို့ ခင်ဗျားမှားယွင်းပြီး ဖုန်းကို မကိုင်ပဲ ချခဲ့မိရင်တောင် ခင်ဗျားဟာ ပြန်လည်ခေါ်ဆိုပြီး မှားတဲ့အကြောင်း အကျိုးသင့် အကြောင်းသင့် တစ်ဖက်လူကို ရှင်းပြလို့ရနိုင်ပါတယ်။ အဲ့လိုမှမဟုတ် ဖုန်းကို ချလိုက်ပြီး နေလိုက်တယ်ဆိုရင် ခင်ဗျားဟာ
Mutual Respect (အပြန်အလှန်ကိုယ်ချင်းစာ လေးစားမှု)မရှိတဲ့ လူဖြစ်သွားပါလိမ့်မယ်။

Mutual Respect (အပြန်အလှန်ကိုယ်ချင်းစာမှု) မရှိတဲ့သူဆိုရင် လူတွေဟာ အများအားဖြင့်ရှောင်ကြပါတယ်။ အဲ့တော့ ကျနော်ကတော့ ၁၀၀% Mutual Respect (အပြန်အလှန်ကိုယ်ချင်းစာ လေးစားမှု) ရှိခဲ့တဲ့သူမဟုတ်ပါဘူး။ ၇၅%ထိတော့ လူတိုင်းအပေါ် လေးစားသမှုရှိခဲ့ပါတယ်။ နောက်ဆို ၁၀၀% mutual respect ရှိဖို့ ကြိုးစားသွားပါမယ်။

MUTUAL RESPECT (အပြန်အလှန် ကိုယ်ချင်းစာ လေးစားမှု) ရှိလိုက်လို့ ပြုလိုက်လို့ ကျနော်တို့ ခင်ဗျားတို့အတွက် အကျိုးယုတ်လျော့သွားစရာ အကြောင်းမရှိပါဘူး။
အကျိုးရှိစရာတွေသာ ဖြစ်လာပါလိမ့်မယ်။ Mutual Respect (အပြန်လှန်ကိုယ်ချင်းစာ လေးစာမှုကို ) ကိုယ့်စိတ်မှာ အတတ်နိုင်ဆုံး မွေးမြူပြီး လေ့ကျင့်ပြီး
ဘဝမှာ အောင်မြင်သော ဆက်ဆံရေးပိုင်ဆိုင်နိုင်ကြပါစေ။

26/12/2022

02/12/2022

လူတစ်ယောက်ယောက်ကို
ကိုယ့်ရဲ့ခံစားချက်တွေ ရင်ဖွင့်လိုက်မယ်ဆို ရင်ထဲ တော်တော်ပေါ့သွားမယ် ပေါ့သွားတတ်တယ်......

ဒါပေမဲ့ ကိုယ့်ဘက်က အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးဆိုပြီး ကိစ္စတော်တော်များများ ရင်ဖွင့်ခဲ့တဲ့အခါ ကြုံလာရတာက ဘာလဲဆိုတော့ ခုချိန်ထိ ကိုယ်ပြောခဲ့ ရင်ဖွင့်ခဲ့တာကို လက်နက်တစ်ခုလို အသုံးပြုပြီး နောက်ကျောကို ဓားနဲ့တော့ မထိုးသေးဘူး နောက်ကျော ဓားနဲ့ထိုးမယ့်လူ ပေါ်မလာသေးဘူး.......
တစ်ချိန်ချိန်မှာတော့ မသိသေးဘူးပေါ့ဗျာ..
ဒါပေမဲ့ ကြုံလာရတာ တစ်ခုက ကျနော်တို့ဟာ အရိုးသားဆုံးအပွင့်လင်းဆုံးပြောလိုက်တဲ့အခါမှာ သူတို့ဘက်ကနေ ရင်ဖွင့်နေတဲ့အချိန်မပြောရင်တောင် ရင်ဖွင့်ပြီးလို့ ရက်ကြာလာတဲ့အခါ စကားနဲ့ဖြစ်စေ အမူယာနဲ့ ဖြစ်စေ ပြောလာတာက
ဒီကောင်ငကြောင်ပါကွာ....
ဒီဘဲငကြောင်ပါကွာ ...
အဲ့ကောင်က သောက်ရူး...
အဲ့ကောင်က မိန်းမလိုပဲ.....စိတ်နုတဲ့ကောင် ..... အဲ့လိုတွေပြောတာကို ကိုယ့်ရှေ့မှာ ပြောသလို ကိုယ့်ကွယ်ရာမှာ ပြောကြတာလဲ အကြိမ်ကြိမ် ခံရဖူးတယ်ပေါ့ဗျာ။

တကယ်တော့ ခံစားချက်ကို ရင်ဖွင့်လိုက်တာဆိုတာက အဲ့လူအပေါ် ယုံကြည်လို့ သူတော့ ငါ့ကို နားလည်ပေးနိုင်မှာပဲ ဆိုတဲ့ ခံစားချက်နဲ့ ရင်ဖွင့်လိုက်တာဖြစ်ပေမဲ့ မမျှော်လင့်ပဲ အပေါ်ကပြောသလိုတွေ အပြောခံလာရတဲ့အချိန်ကြ နှစ်ဆပိုကြေကွဲရတတ်တယ်......

အဲ့တော့ဗျာ ခံစားချက်ဆိုတာကို လူတစ်ယောက်ကို ရင်ဖွင့်မဲ့အစား နေ့စဉ်ကိုယ်ရေးမှတ်တမ်း ထဲမှာ ချရေးလိုက်တာ၊ ခံစားမှုတွေကို ပျောက်ဖို့ သီးချင်းကို အကျယ်ဆုံးဖွင့်ပြီး လိုက်ဆိုလိုက်တာ၊ ကျနော်တို့ ဘာသာနဲ့ဆို တရားထိုင်လိုက်တာ(ဒါပေမဲ့ ကျနော်တော့ မလုပ်ဖြစ်ပါဘူး)၊ အလုပ်တစ်ခုခုကို ကောက်လုပ်လိုက်တာတွေက ပိုအဆင်ပြေစေမယ်လို့ ထင်တယ်။

ဒါပေမဲ့ ကိုယ့်အပေါ် တကယ်နားလည်တယ် ကိုယ်ချင်းစာတယ်ဆိုတဲ့ လူတွေလည်း ရှိတတ်ပါတယ်။ အဲ့လိုလူတွေရှိလာတဲ့အခါကြရင်တော့ သူတို့နဲ့ ရင်ဖွင့်လိုက်တာက အကောင်းဆုံးပဲဖြစ်လိမ့်မယ်ထင်တယ်။

တကယ်တော့ ပိုရင့်ကျက်လာတဲ့အခါ
ပိုလူကြီးဆန်လာတဲ့အခါမှာတော့ တော်ရုံတန်ရုံကိစ္စတွေဟာ ဘယ်သူ့မှ ပြောပြနေစရာမလိုပဲ ကိုယ့်စိတ်ကိုယ်ပြင်ဆင်ပြီး အဆင်ပြေသွားတတ်ပါတယ်။ အဆင်ပြေသွားမယ်လို့လည်း ယုံကြည်ပါတယ်။

တစ်ခုခုဆို စိတ်အဆင်မပြေတိုင်း လွယ်လွယ်နဲ့ ရင့်မဖွင့်မိဖို့ ကြိုးစားရအူးမယ်။
သေချာတာကတော့
လူတွေအကြောင်းကို ပိုသိလာလေလေ
ကျွန်တော်တို့ဟာ တစ်ယောက်တည်းဖြစ်လာလေလေပဲ ။


2/12/2022

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon