Messix Football Prediction
To Advertise>>> Contact our messenger.
31/05/2026
ကမ္ဘာ့ဖလားသို့ပျံသန်းမယ့် နံပါတ် ၁၀ လေယာဥ်ကြီးဟာ အမေရိကန်နိုင်ငံ ကန်းဆက်မြို့သို့ ထွက်ခွာသွားပြီပဲဖြစ်ပါတယ်။ ကန်းဆက်မြို့မှာ လေ့ကျင့်ရေးအစီစဥ်တွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီလိုအရှုံးတွေကနေ ဒီလိုအောင်နိုင်ခဲ့ရတာပါ။ လီယိုဟာ နိုင်ငံအသင်းနဲ့ ဗိုလ်လုပွဲအကြိမ်ကြိမ်ကို အရှုံးနဲ့စတင်ခဲ့ရပြီး နောက်ပိုင်းမှာမှ အာဂျင်တီးနားနဲ့ ရနိုင်သမျှ ဆုဖလားတွေကို သိမ်းကြုံးယူပြခဲ့တာပါ။
ဒါကြောင့် အာဆင်နယ်အနေနဲ့ ခေါင်းမော့ရင်ကော့ထားလို့ရပါတယ်။ အရှုံးတွေကိုဖြတ်ကျော်နိုင်တဲ့နေ့ကို ရောက်လာမှာပါ။
31/05/2026
အာဆင်နယ်တို့ ချန်ပီယံလိုဗိုလ်လုပွဲရှုံးပွဲအပြီး ထွက်ပေါ်လာတဲ့သတင်းများအရ အာဂျင်တီးနားကစားသမား ပါရီဒက်ဟာ ဒဏ်ရာပြသနာကြုံတွေ့ထားရပြီး ကမ္ဘာ့ဖလားမတိုင်ခင်ကစားမယ့် အာဂျင်တီးနားရဲ့ ခြေစမ်းပွဲစဥ် ၂ပွဲကို လွဲချော်သွားမယ်လို့သိရပါတယ်။
This is the endddddddd........
ချန်ပီယံတွေရဲ့အက 🥰🥰
30/05/2026
ပီအက်စ်ဂျီတို့ ၂ နှစ်ဆက် ချန်ပီယံဖြစ်ခြင်းဖြစ်ပါတယ်။ ပွဲချိန် ၆ မိနစ်မှာ ဟားဗက်ရဲ့ဂိုးနဲ့ အာဆင်နယ်ရဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ပွဲကိုစိုးမိုးကစားထားခဲ့ပြီး ချေပဂိုးပြန်လည်ရှာဖွေခဲ့ပါတယ်။
ပွဲချိန်အတွင်း ၁ဂိုးစီသရေဖြစ်နေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ပြီး ပယ်နယ်တီအထိ စောင့်ကြည့်ခဲ့ရတာပါ။ ပယ်နယ်တီမှာတော့ အာဆင်နယ်ဖက်က စိုးရိမ်စိတ်များလွန်းနေတာကို မြင်တွေ့နေရပြီး ဂိုးသမားဒေးဗစ်ယာယာရဲ့ အလျင်စလိုကာကွယ်မှု့တွေကပဲ ပီအက်စ်ဂျီကို အနိုင်ရစေခဲ့ပါတယ်။
ဒါ့အပြင်မှ အာဆင်နယ်ရဲ့ပယ်နယ်တီကန်သွင်းချက်တွေကို ပီအက်စ်ဂျီဂိုးသမား မကာကွယ်နိုင်ခဲ့ပါဘူး။ အီဇီနဲ့ ဂါဘရီယယ်တို့ရဲ့ဂိုးပေါက်အလွဲတွေက ဗိုလ်လုပွဲလိုအခြေနေမှာ အသင်းကိုအများကြီး နာကျင်စေခဲ့တာပါ။ အနည်းဆုံးတော့ ဂိုးပေါက်တည့်သင့်ပါတယ်။
30/05/2026
ပရီးမီးယားလိဂ် အသင်းတသင်းပဲကျန်တယ် အဲ့အသင်းက အဆင့် ၂၀ ကအသင်းဖြစ်နေတယ်ဆိုရင်တောင် အားပေးရမှာပါပဲ ၊ ကျွန်တော်တို့ တာဝန်ရှိတယ် ၊ ယူနိုက်တက်ကိုအားပေးတယ် ၊ လစ်ပါပူး ၊စီးတီး ၊ စပါး ၊ ချဲလ်ဆီး ကိုယ်စီကိုယ်စီ အားပေးကြပြီးမှ ဗိုလ်လုပွဲမှာ တသင်းထဲသော ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အာဆင်နယ်ကိုအားပေးရမှာပါပဲ၊ ကျွန်တော်တို့အက်ဒမင်တွေ ဒီညအာဆင်နယ်ဖက်မှာရှိနေပါမယ်။
30/05/2026
လီပါပူးပးရိသတ်တွေအလိုချင်ဆုံးအရာဖြစ်လာပြီ
နည်းပြအာနေးဆလော့ နဲ့လီပါပူးတို့ ၂ ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ တာဝန်းရှိသူတွေကြား လီပါပူးရဲ့ရာသီကုန်ရလဒ်တွေကိုပြန်လည်သုံးသပ်မှု့အပြီးမှာ ယခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။
လီပါပူးဟာနည်းပြသစ်အဖြစ် ဘုန်းမောက်အသင်းနည်းပြ အာရီအူလာကိုခန့်အပ်ဖို့ နီးစပ်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရသိရပါတယ်။
30/05/2026
ကမ္ဘာကြီးရှောခ့်ရသွားမယ် ၊ မက်ဆီပရိသတ်တွေ ကမ္ဘာမြေမှာမနေရဲတော့လို့ အင်္ဂဂြိုလ်ပေါ်ပြောင်းနေရမယ် ၊ ကမ္ဘာမြေပေါ်မှာ ပြင်းထန်တဲ့လူထုအုံကြွမှု့ကြောင့် ၉.၉ မဂနီကျူ့ မြေငလျင် လှုတ်ခတ်လာမယ် ၊ အစရှိတဲ့အရာတွေဖြစ်လာဖို့အတွက် ထွက်ပေါ်လာတဲ့ ဖိုတိုရှော့ဓာတ်ပုံဖြစ်ပါတယ်။
မင်းတို့ကောင်တွေ ရှုံးထွက်ဂိုးလေး ၁ဂိုးလောက် အရင်သွင်းပြီးမှ ဖန်တီးသင့်တာပေါ့။
30/05/2026
[ ဇီဒန်း ] " ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးတွေကိုမြင်ဖူးပါတယ်၊ ယှဥ်ပြိုင်ခဲ့ဘူးတယ် ၊ ဒါပေမယ့် မက်ဆီ ကစားနေတဲ့ ပွဲတပွဲကိုကြည့်နေတုန်း ကျွန်တော့်အတွက်အံ့အားသင့်မှု့တွေပဲရခဲ့တယ် ၊ သူဘောလုံးထိလိုက်တိုင်းမှာ အရာအားလုံးကိုလွယ်လွယ်ကူကူဖြစ်သွားတာပဲ၊ တစ်ခြားကစားသမားတွေ အတွက်ပြုလုပ်ဖို့မဖြစ်နိုင်တာတွေကိုသူက အကြိမ်ကြိမ်လွယ်လွယ်ကူကူလုပ်ပြသွားနေတာ ၊ မက်ဆီကစားတဲ့ပုံစံမျိုးကို ဘောလုံးလောကမှာ တစ်ခြားတစ်ယောက်ယောက်ဆီက ရှာတွေ့ဖို့မဖြစ်နိုင်ပါဘူး။ သူကစားတာကိုကြည့်ရတာက ပျော်ရွင်မှု့ နဲ့ အံ့အားသင့်မှု့ကို ရစေတယ် ၊ လူတွေက သူ့ကို ဘောလုံးကစားသမားတစ်ဦးလို့သတ်မှတ်ကြပေမယ့်ကျွန်တော့်အတွက်တော့ သူကအနုပညာရှင်တစ်ယောက်ပါပဲ ၊ ဘောလုံးမှာဒါကိုရှာရခက်ခဲပါတယ် "
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
44street
Yangon