Burmese Structuralism
Structural service
29/05/2026
"ကျနော်တို့က အမြစ်ဘယ်လို ရှင်သန်ပြီး ဖြစ်ကြောင်းတွေ လေ့လာချိန်မှာ တချို့က အသီးခူးစားနေပြီ"
Quotes
Photos
18/05/2026
မန္တလေးမြို့မှာ ငလျင်ပြီးနောက် ပြုပြင်ခဲ့တဲ့ အဆောက်အအုံတွေမှာ “damage spot " ကိုပဲ ပြင်တဲ့ Local Retrofitting ပုံစံများတာကို တွေ့ရနိုင်ပါတယ်။
ဥပမာ -
• crack injection
• column jacketing
• beam strengthening
• damaged joint repair
• localized steel plate strengthening
စတာတွေက “element-level repair” ပိုဆန်ပါတယ်။
ဒါတွေဟာ အများအားဖြင့် -
1. ဘတ်ဂျက်ကန့်သတ်မှု
2. အဆောက်အအုံကို အမြန်ပြန်အသုံးပြုလိုခြင်း
3. Tenant/business pressure
4. Advanced seismic rehabilitation technology မပြန့်
နှံ့သေးခြင်း
5. Nonlinear seismic assessment လုပ်နိုင်တဲ့
expertise နည်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ အချက်က -
အဆောက်အအုံတစ်ခုရဲ့ seismic weakness က damaged member တစ်ခုတည်းမှာ မရှိတတ်ဘဲ “system behavior” မှာ ရှိတာဖြစ်ပါတယ်။
ဥပမာ -
• soft story
• torsional irregularity
• weak column–strong beam problem
• stiffness imbalance
• short column effect
• poor load path
• inadequate lateral resisting system
စတာတွေကို မပြင်ဘဲ damaged area ကိုပဲ repair လုပ်ရင် -
“strength ပြန်ရနိုင်ပေမယ့် seismic performance
overall မတိုးနိုင်” ပါဘူး။
Rehabilitation ဆိုတာကတော့ system-level seismic upgrading ဖြစ်ပါတယ်။
ဥပမာ -
• RC shear wall အသစ်ထည့်ခြင်း
• steel bracing system ထည့်ခြင်း
• diaphragm strengthening
• foundation upgrading
• mass/stiffness redistribution
• energy dissipation devices သုံးခြင်း
• global drift control ပြန်ညှိခြင်း
တို့လို building behavior တစ်ခုလုံးကို ပြောင်းလဲစေတဲ့ upgrading ဖြစ်ပါတယ်။
အဲဒီလို rehabilitation မလုပ်ထားတဲ့ building တွေမှာ -
“moderate earthquake ကို ခံနိုင်သော်လည်း future larger earthquake အတွက် performance uncertainty ကျန်နိုင်တယ်” လို့ engineering judgement ပေးနိုင်ပါတယ်။
အထူးသဖြင့် existing RC buildings တွေမှာ—
design code old version ဖြစ်တာ၊ ductile detailing မကောင်းတာ၊ confinement reinforcement မလုံလောက်တာတွေရှိရင် local repair alone က life-safety level ကို အမြဲမအာမခံနိုင်ပါဘူး။
ဒါကြောင့် modern seismic engineering မှာတော့ -
“repair damaged members” ထက်
“improve global seismic behavior” က ပိုအရေးကြီးတာ တွေ့ရပါတယ်။
အထူးသဖြင့် ရန်ကုန်လိုမြို့ကြီးတွေဆိုရင် ကြိုတင် ပြင်ဆင်ထားသင့်တဲ့ အရာဖြစ်ပါတယ်။
12/05/2026
Drawing စာရွက်တစ်ရွက်မှာ သူနဲ့သက်ဆိုင်ရာ information အချက်အလက်တွေ ပါနေရပါမယ်။
Design firm တစ်ခုဟာ သူ့ဆီကထွက်တဲ့ Drawing ကိုကြည့်ပြီး စေတနာ ပါ၏ မပါ၏ သိသာစေပါတယ်။
Thesis လုပ်နေတဲ့ Final yr ညီငယ် ညီမငယ်များ Page ရဲ့ Messenger မှာ လုပ်နေရင်း အခက်အခဲရှိတာကြုံနေရရင် လာမေးလို့ရပါတယ်။ ညပိုင်း 8နာရီနောက်ပိုင်းဆို ဖြေပေးနိုင်ပါတယ်။
10တန်းစာက 10တန်းပြီးမှ ပိုလွယ်တာက ထုံးစံပါ။
30/04/2026
Urban(မြို့ပြစီမံကိန်းနဲ့ပတ်သက်တဲ့) ဆောင်းပါးတို
လေးတွေ ရေးဖို့ စိတ်ကူးထားတဲ့ page လေးပါ။
အမြစ်တွယ်ခြင်း၏ အနုပညာနှင့် နိုင်ငံတော်၏ ကျောက်ဆူး (သို့) အိမ်သော့တွဲ
နိုင်ငံတစ်ခု၏ ကြံ့ခိုင်မှုဆိုသည်မှာ မြေပုံပေါ်က နယ်နိမိတ်မျဉ်းများတွင် ရှိသည်မဟုတ်ဘဲ ထိုမြေပေါ်တွင် မှီတင်းနေထိုင်ကြသူတို့၏ လက်ဖဝါးထဲမှ **"အိမ်သော့တွဲ"** များပေါ်တွင်သာ တည်ရှိပါသည်။ အိမ်ရာစီမံကိန်းဟူသည်မှာ အုတ်ခဲနှင့် သံကူကွန်ကရစ်များကို အစီအစဉ်တကျ စီထပ်ခြင်းသက်သက် မဟုတ်ပါ။
၎င်းသည် လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို နိုင်ငံတော်၏ ကံကြမ္မာနှင့် ထပ်တူကျအောင် ချည်နှောင်လိုက်သည့် **"လူမှုရေးပဋိညာဉ်"** တစ်ရပ် ဖြစ်ပါသည်။
""ဈေးပေါသောတိုက်ခန်းများထက် အိုးပိုင်အိမ်ပိုင်ဖြစ်စေသော လူ့အဖွဲ့အစည်းကသာ တည်ငြိမ်မှုကိုပေးသည်""
အိုးပိုင်အိမ်ပိုင် လူ့အဖွဲ့အစည်းသည် လူမှုရေးတည်ငြိမ်မှုအတွက် အဓိကကဏ္ဍတစ်ခုအဖြစ် မြင်တွေ့ရသည်။
**"အငှား"** ဟူသော စကားလုံးနောက်ကွယ်တွင် ဧည့်သည်စိတ်ဓာတ်နှင့် မရေရာမှုတို့ ကပ်ပါလာတတ်စမြဲ ဖြစ်သည်။ မိမိမပိုင်သော အိမ်ရာတစ်ခုတွင် ခိုနားနေရသူသည် ပတ်ဝန်းကျင်၏ ပျက်စီးယိုယွင်းမှုအပေါ် လျစ်လျူရှုတတ်သကဲ့သို့၊ နိုင်ငံ၏ မတည်ငြိမ်မှုများအပေါ်တွင်လည်း တာဝန်မဲ့စွာ ကျောခိုင်းစွန့်ခွာရန် ဝန်မလေးတတ်ကြပေ။
လူတစ်ယောက်ဟာ ဘာမှမပိုင်ဆိုင်တဲ့ နိုင်ငံအတွက် အသက်ပေးမှာမဟုတ်ဘူး။ "ဒါ ငါ့နိုင်ငံ၊ ဒါ ငါ့အိမ်၊ ဒါ ငါ့သားသမီးတွေရဲ့ အနာဂတ်" ဆိုတဲ့ ခိုင်မာတဲ့ ပိုင်ဆိုင်မှုစိတ်ဓာတ် (Sense of Ownership) ရှိနေမှသာ နိုင်ငံကို မပျက်စီးအောင် ကိုယ်တိုင်ဝိုင်းဝန်းစောင့်ရှောက်ကြမှာ ဖြစ်ပါတယ်။
လူတစ်ယောက်ကို မိမိပိုင်ဆိုင်မှုအတွက် "မာန" ရှိစေသည်။ ထိုမာနကပင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုစိတ်၊ စည်းကမ်းကို လိုက်နာလိုစိတ်နှင့် မိမိ၏ အိမ်ရာတည်ရှိရာ ရပ်ဝန်းကို ကာကွယ်လိုစိတ်တို့ကို မြစ်ဖျားခံစေပါသည်။ နေစရာအိမ်သည် လူတစ်ယောက်အတွက် **"အမြစ်"** ဖြစ်လာသောအခါ ထိုအမြစ်မှတစ်ဆင့် နိုင်ငံအပေါ် သစ္စာရှိမှုဟူသော အကိုင်းအခက်များ ဝေဆာလာရပါသည်။
စစ်ပွဲဖြစ်လာလျှင် သို့မဟုတ် ဘေးဒုက္ခနှင့် ကြုံလာလျှင် လူတစ်ယောက်သည် မြေပုံပေါ်က အစက်အပြောက်တစ်ခုအတွက် အသက်ပေးမည်မဟုတ်ပေ။ သို့သော် သူပိုင်ဆိုင်သော၊ သူ၏ သားသမီးများ ကြီးပြင်းရာ၊ သူ၏ ဘဝစုဆောင်းမှုအားလုံး မြှုပ်နှံထားသော **"အိမ်"** ဟုခေါ်သည့် ရဲတိုက်လေးကို ကာကွယ်ရန်အတွက်မူ သူသည် ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာပါလိမ့်မည်။
အိုးပိုင်အိမ်ပိုင်ရှိသော လူတန်းစားတစ်ရပ်သည် တည်ငြိမ်မှုကို လိုလားသည်။ ၎င်းတို့တွင် တန်ဖိုးထားရမည့် ပိုင်ဆိုင်မှုရှိနေသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးမည့် သို့မဟုတ် စီးပွားရေးကို ထိခိုက်စေမည့် အစွန်းရောက်မူဝါဒများကို လွယ်လွယ်နှင့် လက်ခံတော့မည် မဟုတ်ပါ။
အနှစ်ချုပ်ရသော် အိုးပိုင်အိမ်ပိုင် လူ့အဖွဲ့အစည်းဆိုသည်မှာ နိုင်ငံသားတိုင်းကို **"ကျောက်ဆူး"** တစ်ခုစီ ချပေးလိုက်ခြင်း ဖြစ်ပါသည်။ ထိုကျောက်ဆူးများ ခိုင်မာနေသရွေ့ နိုင်ငံတော်ဟူသော သင်္ဘောကြီးသည် မည်သည့် မုန်တိုင်းထန်ထန် တိမ်းစောင်းသွားခြင်းမရှိဘဲ တည်ငြိမ်စွာ ခရီးနှင်နိုင်မည် ဖြစ်ပါသတည်း။
(စာကြွင်း- အိမ်ပိုင်ဆိုင်မှုကိုသာ တစ်ခုတည်းသော ဖြေရှင်းချက်ဟု မမြင်သင့်ပါ။ လူ့အဖွဲ့အစည်းတစ်ရပ်၏ တည်ငြိမ်မှုသည် စီးပွားရေးအခွင့်အလမ်းများ၊ ပညာရေး၊ တရားမျှတမှုနှင့် လူမှုရေးတန်းတူညီမျှမှုတို့နှင့်လည်း ဆက်စပ်နေသည်။ ထိုအချက်များအားလုံး ပေါင်းစည်းမှသာ ရေရှည်တည်ငြိမ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်)
13/04/2026
"" Forced Based Design ""
"ငလျင်တိုင်းပြည်ဖြစ်တဲ့အတွက် နောင်လာလတ္တံ့သော ငလျင်တွေမှာ ကျွန်တော်တို့ဟာ Displacement-Based Design (DBD) တွေဆီကို သွားနေတဲ့ ခေတ်ကို ကြုံရပါလိမ့်မယ်။
ဒါပေမဲ့ ဒီခေတ်သစ်ကို မကူးပြောင်းခင်မှာ အခုလက်ရှိ အသုံးပြုနေတဲ့ Force-Based Design (FBD) ကို ကျွန်တော်တို့ ဘယ်လောက်ထိ နှောကျေနေပြီလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
အင်ဂျင်နီယာလောကမှာ FBD ကို 'စာအုပ်ကြီးအတိုင်း' လို့ ဆိုကြပေမဲ့၊ ဒီစာအုပ်ကြီးဟာ San Fernando (1971)၊ Loma Prieta (1989) နဲ့ Northridge (1994) တို့လို သမိုင်းဝင် ငလျင်ကြီးတွေကနေ ရလာတဲ့ အဖိုးတန် Record (မှတ်တမ်း) တွေနဲ့ တည်ဆောက်ထားတာပါ။T_a တွက်တဲ့ formula တွေ၊ R factor တွေ၊ C_s coefficients တွေဆိုတာ ငလျင်မှတ်တမ်းတွေကနေ ရလာတဲ့ Empirical Formula တွေ ဖြစ်ပါတယ်။
Thomas Paulay ရဲ့ Capacity Design ဆိုတာကလည်း Force Based Design ပဲဖြစ်ပါတယ်။
Traditional FBD ရဲ့ assumption တွေ၊ Weakness တွေကို အာမခံချက်ပေးဖို့ ထွက်ပေါ်လာတဲ့ Concept ပါပဲ။Mechanism ကို ကြိုတွေးပြီး Design ဆွဲတာလို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။
"ကျွန်တော်တို့တွေ Priestley ရဲ့ Displacement-Based Design (DBD) ဆိုတဲ့ အနာဂတ်ဆီကို သွားချင်ရင် Paulay ရဲ့ Capacity Design ဆိုတဲ့ အခြေခံအုတ်မြစ်ကို နှောကျေနေဖို့ လိုပါတယ်"
FBD ရဲ့ Assumption တွေကို အရင်ကြည့်ရအောင်.....
(၁) Linear Elasticity:
အဆောက်အအုံဟာ ငလျင်လှုပ်တဲ့အခါ Yield Point မကျော်ဘဲ မျဉ်းဖြောင့်အတိုင်း (Elastic) ပြုမူမယ်လို့ အခြေခံအားဖြင့် ယူဆပြီး Force တွေကို တွက်ပါတယ်။
Linear Elasticity ရဲ့ ကန့်သတ်ချက်က Yield point ကျော်သွားရင် ဘာဖြစ်မယ်ဆိုတာကို မခန့်မှန်းနိုင်တာပါ။ Robert Park တို့ အဓိက သုတေသနလုပ်ခဲ့တာက အဆောက်အအုံဟာ Yield point ကျော်သွားရင်တောင် (Inelastic ဖြစ်သွားရင်တောင်) ချက်ချင်း ပြိုမကျဘဲ စွမ်းအင်တွေကို စုပ်ယူပေးနိုင်ဖို့ (Energy Dissipation) ဖြစ်ပါတယ်။
Linear Elastic ယူဆချက်မှာ Stiffness (အဆောက်အအုံရဲ့ မာကြောမှု) က အမြဲတမ်း ပုံသေဖြစ်နေမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ကွန်ကရစ်မှာ အက်ကြောင်း (Cracking) စဖြစ်တာနဲ့ Stiffness က လျော့သွားတတ်ပါတယ်။ ဒါကြောင့် Robert Park တို့က Cracked Section Property တွေကို သုံးဖို့ အကြံပြုခဲ့ကြတာပါ။
ဒါကြောင့်မို့လို့ သင်က R factor တွေ သုံးပြီး တွက်တဲ့အခါ Linear model ကို သုံးပေမယ့် လက်တွေ့မှာတော့ Yield ဖြစ်မယ့်နေရာတွေမှာ Detail စနစ်တကျ ထည့်ပေးရတာ ဖြစ်ပါတယ်။
(၂) Static Representation:
ငလျင်ဆိုတာ တုန်ခါမှု (Vibration) ဖြစ်ပေမဲ့ FBD မှာတော့ အဆောက်အအုံကို ဘေးကနေ တွန်းနေတဲ့ Static Force တစ်ခုအနေနဲ့ ပြောင်းလဲယူဆပါတယ်။
Elastic တွက်ချက်မှုက ရလာတဲ့ Moment Diagram ဆိုတာ အဆောက်အအုံမှာ အက်ကြောင်း (Crack) မရှိသေးတဲ့၊ သံချောင်းတွေ Yield မဖြစ်သေးတဲ့ "စံပြ" အခြေအနေအတွက်ပဲ မှန်တာပါ။
ဒါကြောင့် Paulay နဲ့ Park တို့က Static Force နဲ့ တွက်တာကို လက်ခံပေမဲ့၊ အဲဒီ Force ကြောင့် ဖြစ်လာမယ့် Internal Forces (Moment, Shear) တွေဟာ အဆောက်အအုံရဲ့ Yield Point ရောက်တဲ့အခါ ဘယ်လို ပြန်လည်ခွဲဝေသွားမလဲ (Redistribution of Forces) ဆိုတာကို ပိုပြီး အာရုံစိုက်ပါတယ်။
ငလျင်အစစ်လှုပ်တဲ့အခါ အဆောက်အအုံက Yield Point ကို ကျော်သွားမှာ ဖြစ်တဲ့အတွက် အဲဒီ Elastic Moment တွေက လက်တွေ့မှာ ရှိမနေတော့ပါဘူး။ အဲဒီအပေါ်မှာပဲ အခြေခံပြီး ဒီဇိုင်းဆွဲရင် အဆောက်အအုံက ဘယ်နေရာမှာ အရင်ကျိုးပျက်မလဲဆိုတာကို ကျွန်တော်တို့ ထိန်းချုပ်လို့ မရတော့ပါဘူး။
(၃) Global Ductility (R Factor):
အဆောက်အအုံမှာ ပျော့ပြောင်းမှု (Ductility) ရှိတယ်လို့ ယူဆပြီး ငလျင်အားကို R factor နဲ့ စားပြီး လျှော့ချပစ်ပါတယ်။ ဒါဟာ "အဆောက်အအုံကတော့ ညွတ်ပေးမှာပဲ" ဆိုတဲ့ ယူဆချက်ပါ။
FBD အရ ကျွန်တော်တို့ဟာ R factor ကို သုံးပြီး Seismic Force ကို လျှော့ချလိုက်ပါတယ်။ ဥပမာ - Force က ၁၀၀ လာရမှာကို R=8 နဲ့ စားပြီး ၁၂.၅ အတွက်ပဲ Design လုပ်ပါတယ်။ ကျန်တဲ့ ၈၇.၅ ဆိုတဲ့ အင်အားကို အဆောက်အအုံက "ညွတ်ပေးခြင်း (Ductility)" နဲ့ ဖြေဖျောက်ရမှာပါ။ ဒါပေမဲ့ FBD က အဲဒီညွတ်ပေးမယ့်နေရာ (Plastic Hinge) ဟာ တိုင်မှာဖြစ်မလား၊ ယက်မမှာဖြစ်မလား ဆိုတာကို "Assume" ပဲ လုပ်ထားပြီး အာမမခံနိုင်ပါဘူး။
ဒီနေရာမှာ Paulay ရဲ့ concept က
- တိုင်မှာ Hinge ဖြစ်ရင် (Column Sway Mechanism): အထပ်တစ်ခုလုံး ပြိုကျသွားနိုင်တဲ့ Soft Storey အန္တရာယ် ရှိပါတယ်။
- ယက်မမှာ Hinge ဖြစ်ရင် (Beam Sway Mechanism): အဆောက်အအုံက ယိုင်သွားမယ်၊ ပျက်စီးမယ်၊ ဒါပေမဲ့ ပြိုမကျဘူး (Ductile behavior)။
R factor သုံးပြီး Force လျှော့တာဟာ "ယုံကြည်မှု" တစ်ခုသာဖြစ်ပြီး၊ Paulay က အဲဒီယုံကြည်မှုကို "Strong Column - Weak Beam" နဲ့ လက်တွေ့အကောင်အထည် ဖော်ပေးတာ ဖြစ်ပါတယ်။
အဆောက်အအုံရဲ့ အသက်ဟာ Column ဖြစ်လို့ Beam တွေထက် ၂၀% ကနေ ၄၀% အထိ အမြဲတမ်း ပိုသန်မာနေရမယ်ဆိုတဲ့ Strength Hierarchy ကို ထိန်းသိမ်းတာ ဖြစ်ပါတယ်။
(၄) Empirical Period (T_a):
အဆောက်အအုံရဲ့ တုန်ခါမှုကာလ (Period) ကို တွက်ချက်တဲ့အခါ အတိတ်က ငလျင်လှုပ်ခဲ့စဉ်က အဆောက်အအုံပေါင်းများစွာရဲ့ လက်တွေ့တိုင်းတာချက် (Recorded Data) တွေအပေါ် အခြေခံထားတဲ့ ပုံသေနည်းတွေကို သုံးပါတယ်။ အဲဒီ Record တွေထဲမှာ အုတ်နံရံ (Infill walls) တွေရဲ့ Stiffness တွေ အကုန်ပါဝင်နေပြီးသားဖြစ်ပါတယ်။ဒါဟာ အဆောက်အအုံရဲ့ အစစ်အမှန် Stiffness ကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။
Software တွေမှာ Model ဆွဲတဲ့အခါ Bare Frame (Frame သီးသန့်) ပဲ ဆွဲလေ့ရှိပြီး အုတ်နံရံ (Infill walls) တွေကို အလေးချိန် (Mass) အနေနဲ့ပဲ ထည့်ကြတာများပါတယ်။
ငလျင်ဒီဇိုင်းမှာ T တိုလေလေ၊ Spectral Acceleration (S_a) ပိုများလေလေဖြစ်ပြီး Base Shear ပိုကြီးလာတတ်ပါတယ်။ အုတ်နံရံတွေရဲ့ Stiffness ကြောင့် အဆောက်အအုံက ပိုတောင့်နေရင် ငလျင်ဒဏ်ကို ပိုခံရမှာပါ။ ဒါကြောင့် Code တွေက T_aကို သုံးခိုင်းတာဟာ အဆောက်အအုံကို အရှိန် (Force) အများဆုံးအခြေအနေအတွက် ဘေးကင်းအောင် ဒီဇိုင်းဆွဲစေချင်တဲ့ သဘောဖြစ်ပါတယ်။
Robert Park က အုတ်နံရံတွေဟာ Stiffness ပေးနိုင်တာ မှန်ပေမဲ့၊ ငလျင်ပြင်းပြင်းလှုပ်လို့ အက်ကွဲသွားတဲ့အခါ (Cracking) အဲဒီ Stiffness က ရုတ်တရက် ပျောက်ကွယ်သွားနိုင်တာကိုလည်း သတိပေးခဲ့ပါတယ်။သူတို့အယူအဆအရ T_a ကို သုံးပြီး Force ရှာတာဟာ လက်ခံနိုင်ပေမဲ့၊ အဆောက်အအုံ ယိုင်နဲ့မှု (Drift) ကို စစ်ဆေးတဲ့အခါမှာတော့ အုတ်နံရံတွေ မရှိတော့ဘူးလို့ ယူဆရတဲ့ (ပိုပြီး Flexible ဖြစ်တဲ့) Analytical T ကို သုံးဖို့ အကြံပြုလေ့ရှိပါတယ်။
(၅) Constant Damping Ratio:
အဆောက်အအုံ အမျိုးအစားအားလုံးအတွက် Damping (တုန်ခါမှု လျှော့ချနိုင်စွမ်း) ကို ပုံသေ 5% လို့ပဲ ယေဘုယျ ယူဆပါတယ်။ လက်တွေ့မှာတော့ ပစ္စည်းအမျိုးအစားနဲ့ ပျက်စီးမှုအခြေအနေပေါ် မူတည်ပြီး ဒီတန်ဖိုးက ပြောင်းလဲနိုင်ပါတယ်။
ဒါဟာ Robert Park တို့ အလေးပေးဆုံး အချက်ပါ။ အဆောက်အအုံက Yield Point ကို ကျော်ပြီး ပျက်စီးမှု (Plastic deformation) စဖြစ်ပြီဆိုတာနဲ့ Damping ဟာ 5% ထက် အဆမတန် များလာပါတယ်။
- သံချောင်းတွေ ကွေးသွားတာ၊ ကွန်ကရစ်တွေ ပဲ့ထွက်သွားတာတွေဟာ ငလျင်ရဲ့ စွမ်းအင်တွေကို စုပ်ယူ (Absorb) ပစ်လိုက်တာ ဖြစ်ပါတယ်။
- ဒါကို Hysteretic Damping လို့ ခေါ်ပြီး၊ အဆောက်အအုံ ပြိုခါနီးမှာ Damping ဟာ 20% ကနေ 30% အထိတောင် တက်သွားနိုင်ပါတယ်။
( Nigel Priestley ဟာ ဒီ 5% Damping ယူဆချက်ကို အပြောင်းလဲကြီး ပြောင်းလဲခဲ့သူပါ။ သူက "အဆောက်အအုံက ပိုယိုင်လေ (Displacement များလေ)၊ Damping ပိုများလေပဲ" ဆိုတဲ့ အယူအဆနဲ့ Equivalent Damping ကို အသုံးပြုပြီး ဒီဇိုင်းဆွဲတဲ့ နည်းလမ်းသစ်တွေကို ဖော်ထုတ်ခဲ့ပါတယ်) - "DBD"
အနှစ်ချုပ်ရရင်တော့ -
- Static Force နဲ့ တွက်ပေမဲ့ Dynamic ကို မြင်အောင်ကြည့်ပါ။
- Elastic Analysis ကို သုံးပေမဲ့ Plastic Mechanism ကို ကြိုတွေးပါ။
- Calculations တွေကို အားကိုးပေမဲ့ Detailing ကို ပိုဂရုစိုက်ပါ။
ဒါဟာ Park, Paulay နဲ့ Priestley တို့ ချန်ထားခဲ့တဲ့ ခေတ်သစ်ငလျင်အင်ဂျင်နီယာပညာရပ်ရဲ့ အနှစ်သာရပါပဲ။
အဓိက ပြောလိုရင်းက Force Based Design ဆိုတာဟာ လက်တွေ့ကမ္ဘာမှာ အသုံးကျနေဆဲ/ အသုံးတော်ခံနေဆဲ Strategy တစ်ခု ဖြစ်နေကြောင်းပါ။
3D တင်ပီးမှ DWG အချို့တင်ပါမယ်။
အပ်နေကျ Client အကိုရဲ့ Steel Structure
02/04/2026
အိမ်ရှင်တွေရဲ့အထင်က HRB 500 သုံးလိုက်ရင် Size သေးသွားမယ်ဆိုပြီး တွေးတက်ပါတယ်။
"ငါတို့က HRB 500 သုံးလည်း Size က သေးမသွားဘူးတို့ " ကြုံလာတဲ့အခါ အိမ်ရှင်ကို နားလည်အောင် ဘယ်လိုရှင်းကြမလဲ?
ပြဿနာက Strength နဲ့ Stiffness မကွဲပြားတာ။ Analysis နဲ့ Design ကွဲကွဲပြားပြား မသိတာကြောင့်ပါ။
အဆောက်အအုံတစ်ခုကို Analysis လုပ်တယ်ဆိုတာ သူ့ရဲ့ DNA ကို စမ်းသပ်တာနဲ့ တူပါတယ်။DNA ဆိုတာ Stiffness ပါ။
Stiffness ဆိုတာက Strength မဟုတ်ပါ။
Stiffness is about "Deformation ဖြစ်ပါတယ်။
Stiffness ဆိုတာက ဝန် (Load) တစ်ခုသက်ရောက်တဲ့အခါ အဆောက်အအုံက ပုံသဏ္ဌာန် ဘယ်လောက်အထိ အပြောင်းအလဲ ခံမလဲဆိုတာကို ထိန်းချုပ်တာပါ။ဒါဟာ အဆောက်အအုံရဲ့ DNA ဖြစ်တဲ့ Section Size (I) နဲ့ Material Stiffness (E) ပေါ်မှာပဲ မူတည်ပါတယ်။Steel Grade (Yield Strength) မြှင့်လိုက်ရုံနဲ့ အဆောက်အအုံရဲ့ Stiffness က တက်မလာပါဘူး။
Strength ဆိုတာကတော့ သက်ရောက်လာတဲ့ ဝန်ကို Member တွေက ပြိုကျမသွားအောင်၊ ကျိုးမသွားအောင် ဘယ်လောက်အထိ အောင့်ခံနိုင်မလဲဆိုတဲ့ ခံနိုင်ရည်အားပါ။
Strength is about "Resistance" ဖြစ်ပါတယ်။
အဆောက်အအုံ မယိုင်ဖို့ (Drift အောင်ဖို့) ဆိုရင် DNA ဖြစ်တဲ့ Section Size ကို မဖြစ်မနေ ထိန်းထားပေးရတာ ဖြစ်ပါတယ်။ Section size ဆိုတာ Moment of inertia ကို ပြောလိုရင်းဖြစ်ပါတယ်။ Geometry property ဖြစ်ပါတယ်။
DNA ကနေတစ်ဆင့် အဆောက်အဦက ငလျင်အား ဘယ်လောက် ဆွဲယူမလဲ (Base Shear) ဆိုတဲ့ "Demand" ထွက်လာပါတယ်။ ဒါက အပြင်ကနေ ပေးလိုက်တဲ့ ဝန် (Load) ဖြစ်ပါတယ်။
အဲဒီ ဝန်ထုပ်ဝန်ပိုး (Demand) ကို ထမ်းဖို့အတွက်မှ ကျနော်တို့က သံချောင်း Grade (f_y) နဲ့ အရေအတွက် (A_s) ဆိုတဲ့ "ကြွက်သား" ကို ထည့်ပေးရတာပါ။
ကြွက်သား (Strength) ဘယ်လောက်သန်သန် DNAဖြစ်တဲ့ (Stiffness/Period) ကို သွားပြင်လို့ မရပါဘူး။
ဆိုလိုတာက သံ Grade မြှင့်လိုက်လို့ ငလျင်လာတဲ့အခါ အဆောက်အဦက ပိုခိုင်သွားနိုင်ပေမယ့် (Strength တက်မယ်)၊ သူ့ရဲ့ ယိုင်နဲ့မှု (Drift) နဲ့ တုန်ခါမှု (Period) ကတော့ မူလ DNA အတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။
Analysis အဆင့်မှာ Drift နဲ့ Period ကို အမှန်ကန်ဆုံး ရချင်ရင်တော့
- Section Size (Local approach)
- Stiffness Modifier တွေ
- layout & LFRS (Global approach)တွေကိုသာ အဓိက ကိုင်တွယ်ရမှာ ဖြစ်ပါတယ်ဗျ။ ဒီနေရာမှာ သံချောင်းအရေအတွက်နဲ့ Steel Grade က အရေးမပါလှပါဘူး။
တကယ်တော့ Steel မှာ -
Grade 400 (400 MPa) ပဲ ဖြစ်ဖြစ်
Grade 500 (500 MPa) ပဲ ဖြစ်ဖြစ်
Grade 600 (600 MPa) ပဲ ဖြစ်ဖြစ်
သူတို့အားလုံးရဲ့ E_s (Modulus of Elasticity) ဟာ တူတူပါပဲ။ အကြမ်းဖျင်းအားဖြင့် 200,000 MPa (29,000 ksi) ဝန်းကျင်မှာပဲ ရှိပါတယ်။ Material property ဖြစ်ပါတယ်။
ဆော့ဖ်ဝဲထဲမှာ သံ Grade ကို ဘယ်လောက်ပဲ ပြောင်းပြောင်း၊ အဆောက်အဦရဲ့ Natural Period (T) က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ T မပြောင်းရင် ငလျင်အား Base Shear (V) ကလည်း မပြောင်းသလို၊ Drift (Delta) ကလည်း ထပ်တူပါပဲ။
Analysis ကနေ Drift နဲ့ P-Delta အောင်သွားပြီဆိုမှ Analysis ကထွက်လာတဲ့ Demand (Moment, Shear, Axial) တွေကို ခံနိုင်ရည်ရှိအောင် Member တွေကို ဒီဇိုင်းလုပ်ရပါတယ်။
အထက်မှာပြောခဲ့သလို Analysis အဆင့်မှာ DNA (Stiffness) က အဆုံးအဖြတ်ပေးလိုက်တဲ့ Size တစ်ခုရလာပါတယ်။
Analysis အဆင့်မှာ DNA (Stiffness) က အဆုံးအဖြတ်ပေးလိုက်တဲ့ Size တစ်ခု ရလာပြီဆိုတာနဲ့ အဲဒီ Size ထဲမှာ ထည့်သွင်းမယ့် Steel Grade နဲ့ အရေအတွက်ဟာ အောက်ပါအချက်တွေအတွက် အခရာကျလာပါတယ် -
၁။ Moment & Axial Capacity (ဝန်ထမ်းနိုင်စွမ်း)
Analysis ကနေ Drift အောင်အောင် Size ကို ထိန်းညှိပြီးပြီဆိုရင် အဲဒီ DNA ကနေတစ်ဆင့် အပြင်ကသက်ရောက်မယ့် ဝန်ထုပ်ဝန်ပိုး (Demand) တွေ ဖြစ်တဲ့ Moment, Shear နဲ့ Axial Force တွေ ထွက်လာပါတယ်။ အဲဒီ Demand တွေကို အောင်မြင်စွာ ပြန်လည်တွန်းလှန်နိုင်ဖို့ (Resistance ပြန်ပေးဖို့) ဆိုရင် Material Strength (A_s f_y) က အဓိက အခန်းကဏ္ဍက ပါဝင်လာပါတယ်။ သံ Grade မြင့်လေ၊ Member တစ်ခုချင်းစီရဲ့ Moment Capacity (M_n) မြင့်မားလေဖြစ်ပြီး အဆောက်အဦကို ပိုမိုခိုင်မာစေပါတယ်။
၂။ Deformation Compatibility (ဟန်ချက်ညီညီ ပုံသဏ္ဌာန်ပြောင်းလဲမှု)
သံကူကွန်ကရစ် (RC) ဒီဇိုင်းရဲ့ အခြေခံဟာ ကွန်ကရစ်နဲ့ သံချောင်း တသားတည်း အလုပ်လုပ်ဖို့ ဖြစ်ပါတယ်။ Grade 500/600 လို High-grade steel တွေဟာ ခံနိုင်ရည် မြင့်မားသလိုပဲ၊ သူ့ရဲ့ ဆန့်ထွက်နိုင်စွမ်း (Elongation) ကလည်း စံချိန်စံညွှန်းမီပါတယ်။ Grade မှန်ကန်စွာ တွဲသုံးခြင်းဖြင့် ဝန်ကျရောက်လာတဲ့အခါ ကွန်ကရစ်ကော သံချောင်းပါ ဟန်ချက်ညီညီ (Compatibility ရှိရှိ) ဝန်ကို ထမ်းဆောင်စေပြီး တစ်ခုတည်းက အရင်ကျိုးပျက်သွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၃။ Ductility & Energy Dissipation (ငလျင်ဒဏ် ခံနိုင်ရည်)
ငလျင်လှုပ်တဲ့အခါ Stiffness က အဆောက်အဦ ဘယ်လောက်ယိမ်းမလဲဆိုတာကို ထိန်းချုပ်ပေးပေမဲ့၊ တကယ်တမ်း ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် အဆောက်အဦကြီး တဆတ်ဆတ်ကျိုးပြီး ပြိုမကျသွားအောင် (Collapse Prevention) ကာကွယ်ပေးမှာကတော့ သံချောင်းရဲ့ Yield Strength (f_y) နဲ့ Ductility ပဲ ဖြစ်ပါတယ်။ Material Grade ကောင်းတာသုံးခြင်းဖြင့် အဆောက်အဦဟာ စွမ်းအင်ကို ပိုမိုစုပ်ယူပေးနိုင်ပြီး ရုတ်တရက် ကျိုးပျက်မသွားဘဲ ကွေးညွတ်ခံနိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။
၄။ Constructability (လက်တွေ့တည်ဆောက်နိုင်မှု)
Material Strength ကောင်းတာသုံးရင် သံချောင်းအရေအတွက်ကို လိုအပ်သလို လျှော့ချနိုင်တဲ့အတွက် သံချောင်းကျပ်ညပ်မှု (Congestion) ကို သက်သာစေပါတယ်။ ဒါဟာ ကွန်ကရစ်လောင်းတဲ့အခါ သံချောင်းတွေကြားထဲ ကွန်ကရစ် အပြည့်အဝ စိမ့်ဝင်သွားစေပြီး Honeycombing လိုမျိုး အားနည်းချက်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရလဒ်အနေနဲ့ အဆောက်အဦရဲ့ တကယ့်လက်တွေ့ Quality ကို ပိုမိုမြင့်မားစေပါတယ်။
ဒီနေရာမှာ သတိထားရမှာ Steel Grade မြင့်နေပေမယ့် concrete strength က နည်းနေရင်
f'_c (Concrete Strength) နဲ့ f_y (Steel Strength) ကြားမှာ Compatibility မရတော့ဘူးဆိုရင် (ဆိုလိုတာက တစ်ခုက အရမ်းမြင့်ပြီး တစ်ခုက အရမ်းနိမ့်နေရင်) အဆောက်အအုံရဲ့ Member တွေမှာ အန္တရာယ်ရှိတဲ့ Failure Modes (ပျက်စီးမှုပုံစံများ) ဖြစ်ပေါ်လာနိုင်ပါတယ်။
နောက်တစ်ခုက Development length တွေ ရှည်လာတာမို့ တော်ယုံ column size လောက်နဲ့ အဆင်မပြေပါဘူး။
29/03/2026
Marketing ဆင်းလက်စနဲ့ တစ်လက်စထဲ ဒါမျိုးတွေလည်း ရပါတယ်ဗျ။ Fabrication DWG လိုချင်ရင်လည်း ရတယ်။ နောက်ရက်မှ 3D model vedio လေး တင်ပေးပါအုံးမယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11021