Code Hub
06/04/2026
ကျွန်တော်အတန်းတွေမှာ များသောအားဖြင့် lucide icon ကိုပဲ သုံးပြီး သင်ပေးဖြစ်ပါတယ်။
ဒါကတော့ တခြားသော ကျွန်တော် သုံးဖြစ်တဲ့ free icons website တွေ ဖြစ်ပါတယ်။ တခုနဲ့တခုကတော့ သူ့အားသာချက် အားနည်းချက်နဲ့ပါပဲ။
05/04/2026
ကျောင်းသားကျောင်းသူတွေ အတွက်ကော AI ကို လေ့လာချင်သူတွေ အတွက်ကော အခမဲ့ လေ့လာနိုင်မဲ့ Resources တွေကို sharing ပြုလုပ်ပေးထားပါတယ်။
Title တွေကို browser မှာ ရိုက်ပြီး အလွယ်တကူ ရှာဖွေနိုင်သလို comment မှာ link တွေ စီထားပေးပါတယ်။
codehub အတန်းတွေရဲ့ thingyan promo ကလဲ 5 ရက်ပဲ ကျန်ပါတော့မယ်။ ဒါကြောင့် ဝယ်ယူမဲ့သူများ လက်မနှေးကြပါနဲ့။
codehub ရဲ့ အတန်းတွေကို လေ့လာကြည့်ရှုရန်
https://www.codehubmm.com/courses
03/04/2026
AI (Artificial Intelligence) နယ်ပယ်ကို စတင်လေ့လာချင်တဲ့ သူတွေအတွက် အရမ်းကောင်းတဲ့ Microsoft ရဲ့ အခမဲ့ Program တစ်ခုကို မျှဝေပေးလိုက်ပါတယ်။
ဒီ Program လေးက "AI For Beginners" လို့ခေါ်ပြီး Microsoft ကနေ Open-source အနေနဲ့ တင်ပေးထားတဲ့ 12-Week, 24-Lesson Curriculum တစ်ခုဖြစ်ပါတယ်။
ဒီ Course မှာ ဘာတွေလေ့လာရမလဲ?
AI ရဲ့ အခြေခံ သဘောတရားများ : AI ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ အခြေခံတွေကို နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။
Deep Learning & Neural Networks: TensorFlow နဲ့ PyTorch Framework တွေကို အသုံးပြုပြီး လက်တွေ့ရေးသားနည်းတွေ ပါဝင်ပါတယ်။
Computer Vision (CV): ပုံတွေ၊ Video တွေကို AI ကဘယ်လို Process လုပ်လဲဆိုတဲ့ အပိုင်းတွေကို လေ့လာရပါမယ်။
Natural Language Processing (NLP): စာသားတွေ၊ စကားပြောတွေကို AI က နားလည်အောင် ဘယ်လိုတည်ဆောက်လဲဆိုတာတွေ ပါဝင်ပါတယ်။
အဓိက ကတော့ Beginner တွေအတွက် သီးသန့်ရည်ရွယ်ပြီး ပြင်ဆင်ပေးထားတဲ့ Curriculum ဖြစ်လို့ လေ့လာရတာ လွယ်ကူရှင်းလင်းပါတယ်။ ကိုယ်တိုင် လက်တွေ့လိုက်လုပ်ကြည့်လို့ရတဲ့ Code တွေ၊ ပရောဂျက်လေးတွေလည်း ပါဝင်တာမို့ ပိုပြီး ထိရောက်ပါတယ်။
အောက်က Link ကနေတဆင့် အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။
🔗 Link: https://microsoft.github.io/AI-For-Beginners/
03/04/2026
Backend developer တစ်ယောက်အနေနဲ့ လေ့လာထားသင့်တဲ့ framework တစ်ခု ဒါမှမဟုတ် Enterprise level backend service တွေမှာ အသုံးများတဲ့ nest js ကို လေ့လာသင်ယူချင်တဲ့ သူတွေအတွက် codehub ရဲ့ အတန်းသစ်ဖြစ်တဲ့ nest js mystery အတန်းကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီအတန်းမှာဆိုရင် nest js ကို အခြေခံကနေစပြီး production level API တစ်ခုကို တည်ဆောက်နိုင်တဲ့ အထိ လေ့လာသွားကြရမှာပါ။
nest js ရဲ့ core fundamental ကနေ စလို့ production level အထိ step by step သင်ကြားရမှာ ဖြစ်သလို practice တွေ လုပ်ငန်းခွင် tip & trick တွေကိုပါ sharing ပြုလုပ်ရင်း ကျွမ်းကျင်တဲ့ backend developer တစ်ယောက်ဖြစ်လာအောင် ဆွဲခေါ်ပြီး သင်ကြားပေးသွားမှာပါ။
ဘာတွေ သင်ရမလဲ။
Module 7 ခု ပါဝင်မှာဖြစ်ပြီး module တစ်ခုစီ အလိုက် step by step လေ့လာကြရမှာပါ။ ပါဝင်မဲ့ module တွေကတော့
Module 1: NestJS Fundamentals
Module 2: Controllers, Services & Dependency Injection
Module 3: Data Validation (Pipes) & Error Handling (Filters)
Module 4: Database Integration & CRUD with TypeORM
Module 5: Authentication, JWT & Role-Based Access (Guards)
Module 6: Advanced Concepts (Middleware, Interceptors)
Module 7: Swagger API Documentation & Production Build
ဒီအတန်းပြီးသွားရင်တော့ documentation နဲ့ structure ကျကျ အထာကျကျ တည်ဆောက်ထားတဲ့ production level API တစ်ခုကို project အနေနဲ့ ရရှိကြမှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေ တတ်ရောက်သင့်လဲ ?
skill ဖြည့်ချင်တဲ့ Backend Developer တွေနဲ့ MERN stack developer တွေ မဖြစ်မနေ တတ်ရောက်သင့်ပါတယ်။
ဒီအတန်းကို တတ်ဖို့ကတော့ ဒီအတန်းက beginner level မဟုတ်ဘဲ အခြေခံတစ်ခုရှိပြီးသား သူတွေအတွက် ရည်ရွယ်တာမို့ JavaScript, Typescript, Node JS, API foundation စတာတွေကို အရင်လေ့လာထာပြီးသူ ဖြစ်ရပါမယ်။
သင်တန်းအသေးစိတ်တွေကတော့
class - Nest.js Mastery
သင်တန်းကြေး (fees) - 50000 MMK
သင်တန်းစမဲ့ရက် - 20.04.2026
သင်တန်းကာလ - ၂လ ကနေ ၃လ ကြာမြင့်ပါမယ်။
Thingyan promotion ကာလအတွင်း အပ်ရင်တော့ သင်တန်းကြေး 40000 ကျပ်သာ ကျသင့်ပါမယ်။
20 ရက်နေ့မှ စပြီး သင်ကြားပေးမှာဖြစ်လို့ သင်တန်းအပ်ပြီးတာနဲ့ အစ-အဆုံး လေ့လာချင်တဲ့သူတွေ အတွက် အဆင်မပြေနိုင်ပါဘူး။ ကိုယ်က နေ့တိုင်း ဖြေးဖြေးစီ skill တစ်ခုကို သင်ကြားချင်တဲ့သူတွေ အတွက်ပဲ အဆင်ပြေပါမယ်ဗျ။
codehub ကနေ ဖွင့်ထားတဲ့ အတန်းများ
https://www.codehubmm.com/courses
သင်တန်းအပ်မည်ဆိုပါက website ကနေ တဆင့်လဲ အပ်နှံနိုင်သလို page messager, telegram တို့ကနေ တဆင့်လဲ မြန်မာလို အပ်လို့ရပါတယ်။
တခြားသိချင်တာများရှိရင်တော့ codehub ရဲ့ telegram နဲ့ messenger တို့ကနေ တဆင့်မေးမြန်းနိုင်ပါတယ်။
see you in the class guys 😉
03/04/2026
Edit ဒီ Sat Sun ပိတ်ရက် နှစ်ရက်ပြီးရင် ပြီးပြီနော်
thingyan မှာ skill တစ်ခု ထပ်ဖြည့်ချင်တဲ့ coder တို့အတွက် thingyan promotion အနေနဲ့ အတန်းတွေအားလုံးကို 20% OFF ပေးထားပါတယ်။
promotion က 03.04.2026 ကနေ 10.04.2026 ထိ 8 ရက်ပဲ ရှိပါမယ်ဗျ။ အတန်းတွေအကုန်လုံးနဲ့ အသေးစိတ်ကို ဒီကနေတဆင့် ဖတ်ရှုပေးပါ။
https://www.codehubmm.com/courses
ဒီ promotion ပြီးရင် သီတင်းကျွတ်မှပဲ ထပ်ရှိတော့မှာမို့ ခုချိန်က တက်ဖို့ အသင့်ဆုံးပါပဲ။ react native class ကလဲ နောက်လ update သင်ပြီးရင် သင်တန်းကြေး ပြောင်းလဲဖို့ ရှိပါတယ်။ ဒါကြောင့် ခုထဲက အပ်ထားသင့်ပါတယ်။
သင်တန်းတွေကို website ကနေပြီးတော့လဲ အပ်နှံနိုင်သလို page messager နဲ့ telegram တို့ကနေလဲ အပ်နှံနိုင်ပါတယ်။ အတန်းထဲမှာ ပြန်စုံကြမယ်ဗျာ။
သိချင်တာများရှိရင် codehub ရဲ့ telegram နဲ့ page messager ကနေပြီး မေးမြန်းနိုင်ပါတယ်။
လေးလပိုင်း အတန်းသစ်နဲ့ update ပေးမဲ့ အတန်းလေးပါ။
ဒီလကုန်ရင် thingyan promo နဲ့ အတူ course တွေကို promo ချပေးပါမယ်။
ဒီ promo နဲ့ ဒီတခေါက်အတန်းတွေမှာ မတက်ဖြစ်ရင်တော့ ဆယ်လပိုင်းမှပဲ ထပ်လာဖို့ ရှိမှာပါ။
အတန်းသစ်အနေနဲ့ကတော့ nest js ဖွင့်လှစ်မှာ ဖြစ်ပြီး update ပေးမဲ့အတန်းကတော့ react native အတန်းဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ အတန်း release လုပ်မှပဲ တင်ပေးပါမယ်။
28/03/2026
မင်္ဂလာပါ အားလုံးပဲ...
codehub youtube channel ကနေ ရှေ့ဆက်ပြီး ဘယ်လို Video အသစ်တွေ၊ Course အသစ်တွေ ထပ်တင်ပေးစေချင်လဲဆိုတာနဲ့ ပတ်သက်ပြီး အားလုံးရဲ့ အကြံပြုချက်လေးတွေ သိချင်လို့ပါ။
အရင်တင်ခဲ့တဲ့ Tutorial တွေအပေါ် အမြင်တွေ၊ နောက်ထပ် အသစ်ထပ်ပြီး လေ့လာချင်တဲ့ အကြောင်းအရာတွေကို အောက်က Google Form လေးမှာ အချိန်ခဏလေးပေးပြီး ဝင်ရောက်ဖြေကြားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
Survey ဖြေရန်
https://forms.gle/DtywDbd4jW2cL6F46
Channel ပိုကောင်းလာဖို့နဲ့ community အတွက် ပိုအကျိုးရှိမယ့် Content တွေ ဖန်တီးနိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။ အမြဲတမ်း အားပေးနေတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။
22/03/2026
ဒီနေ့က ကျွန်တော်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ဒီနေ့တစ်ရက် website ကနေပြီး အတန်းဝယ်ယူမှုတွေ အတွက် coupon code - TODAYONLY ကို အသုံးပြုပြီး 20% Discount ရယူနိုင်ပါတယ်။
total ကို ယူတာမို့ အတန်းတွေကိုစုအပ်တဲ့အခါမှာလဲ အကြုံးဝင်ပါတယ်။
ဖွင့်ထားသော အတန်းများ
https://www.codehubmm.com/courses
တခြားသိချင်တာများရှိရင် page messager နဲ့ telegram တို့မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
17/03/2026
React JS Free Course
ဒီလထဲမှာလာမဲ့ ကျွန်တော်နဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သင်ကြားပေးထားတဲ့ React JS Crash Course ကို YouTube Channel မှာ အခမဲ့ လေ့လာနိုင်ပါပြီ။
Free Crash Course ဆိုပေမဲ့ codehub ရဲ့ ထုံးစံအတိုင်းရှယ်သင်ပေးထားတာမို့ module 5 ခု နဲ့ project တစ်ခု ပါဝင်ပြီး သင်ခန်းစာ ကြာချိန်စုစုပေါင်း 6 နာရီ ဝန်းကျင်ရှိပါမယ်။
သင်ခန်းစာလေ့လာရန်
https://youtu.be/g6Oh4WXACVg
လိုအပ်တဲ့ resources တွေ Group Link တွေအကုန်လုံးက video description မှာ အကုန်တင်ထားပေးပါတယ်ဗျ။ လိုအပ်တာများရှိရင် Telegram Community မှာ ပြောကြားနိုင်ပါတယ်။
Support Program for Boss Coder :3
ဒီသင်ခန်းစာရဖို့ ကျွန်တော်အနေနဲ့ အချိန်တစ်ခုပေးပြီး သင်ကြားပေးထားတာမို့ နောက်ထပ် ဒီလို အခမဲ့ အတန်းတွေ များများပြုလုပ်ပေးနိုင်ဖို့ မြန်မာငွေ 5000 ကျပ်ကနေစတင်ပြီး tea ဖိုး support လုပ်ပေးလို့ရပါတယ်။ (supporter တွေအတွက်လဲ နောက်ပိုင်း သက်သက် အစီအစဉ်လေးတချို့ လုပ်ပေးဖို့ရှိပါတယ်။) ဒါကြောင့် website ကနေ support လုပ်ပေးတဲ့ အခါမှာ login ဝင်ပြီးမှ support လုပ်ပေးကြပါ။
ငွေကြေးအရ supporting မပြုနိုင်သူများကလဲ like & share & subscribe ဒါလေးတွေနဲ့ supporting ပြုလုပ်ပေးနိုင်ပါတယ်။
တခြားသော web development အတန်းတွေ အတွက် official website ကနေ တဆင့်လေ့လာနိုင်ပါတယ်။
official website
https://www.codehubmm.com/
Thanks to all the coders for being a part of us.
15/03/2026
On the way guys 🔥
တပတ်လောက်ပျောက်သွားရတဲ့ အကြောင်းအရင်းလေးပါ။ 👀
02/03/2026
မကြာမီ react js crash course လာဖို့ရှိပါတယ်။ အရင်လိုမျိုး project တန်းသွားတာမျိုး မဟုတ်ဘဲ အခြေခံကနေ တဆင့်ချင်း သင်သွားရမှာပါ။
ကြာချိန်ကတော့ 5 နာရီဝန်းကျင်လောက်ရှိမယ်ထင်ပါတယ်။ ဒီအပတ်ထဲ ဒါမှမဟုတ် နောက်အပတ်လောက်ကျမှ တင်ဖြစ်ပါမယ်။
ဒီလထဲ next js အတန်းဖြတ်ချင်တာမို့ အတန်းကိုလဲ ပိုတွန်းသင်ချင်တာမို့ပါ။ အသေးစိတ်ကိုတော့ release လုပ်တဲ့နေ့ကျမှ တင်ပေးပါမယ်။
သုံးလပိုင်းကုန် နောက်လထဲမှာလဲ အတန်းသစ်လာဖို့ရှိပါမယ်။
01/03/2026
AI Generated လုပ်ထားတဲ့ Design တွေနဲ့ပဲ ပိတ်မိမနေဖို့ အတွက် အချိန်ရရင် လေ့လာဖို့၊ inspiration ယူနိုင်ဖို့အတွက် website တစ်ချို့ကို sharing ပြုလုပ်ပေးထားပါတယ်။ နောက်ဆုံးကတော့ admin fav ပါပဲ။
webs development နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေနဲ့ tutorial တွေကိုလေ့လာနိုင်မဲ့ official website
https://www.codehubmm.com
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Insein Road
Yangon
11011