National Unity Media - NUM
National Unity Media (NUM) value the truth, correct, balance news. NUM is based in Myanmar and formed with true media lovers around the nation.
NUM will be voiced for voiceless. NUM tirelessly fights for right to information and human rights.
♦တော်_လှန်_ရေးက ဘယ်သူတဦးတယောက်ရဲ့မူပိုင်မှ မဟုတ်ပါဘူး။
♦တော်_လှန်_ရေးမှာ ဘယ်သူကအရေးကြီးဆုံးလဲဆိုရင် အားလုံးက အရေးကြီးပါတယ်။
♦ကားတစ်စီးမှာ ဘီးလေးဘီး ဘယ်ဘီးကပိုအရေးကြီးလဲရွေးလို့မရပါဘူး။ တစ်ဘီးပေါက်ရင် ကားတစ်စီးလုံးဒုက္ခရောက်သွားနိုင်ပါတယ်။
♦ဒါကြောင့် တော်_လှန်_ရေးမှာ ဘယ်သူက ပိုအရေးကြီးလဲပြိုင်ရမှာမဟုတ်ဘူး။ ဘယ်လိုဟန်ချက်ညီညီပူးပေါင်းနိုင်မှာလဲ ဆိုတာဖော်ထုတ်ပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
Guest -ဦးနိုင်ထူးအောင် (အမြဲတမ်းအတွင်းဝန် - NUG ကာကွယ်ရေးဝန်ကြီးဌာန)
Host - ကိုဂျပန်ကြီး( ကလေးမြို့)
‼️"ခေတ်ပြောင်းစနစ်ပြောင်း အပြောင်းအလဲကိုရောက်ဖို ကျရာတာဝန်တွေကို ထမ်းဆောင်နေတဲ့ KNDF ရဲ့ “ကရင်နီအိပ်မက်မောင်း၁၀၀”ကမ်ပိန်းမှာ အားလုံးပါဝင်ပေးဖို အရေးတော်ပုံတပ်သားတစ်ဦးဖြစ်တဲ့ ကိုတေဇာဆန်းမှ မောင်းထုနှိးဆော်လိုက်ပါသည်"
‼️အောက်ပါ လင့်ခ်မှတဆင့် တိုက်ရိုက် ဆက်သွယ် မောင်းတီးနိုင်ပါသည်။
https://www.facebook.com/profile.php?id=100092330822313‼️‼️
#ကရင်နီအိပ်မက်
#မောင်း၁၀၀
♦ပိုမိုအားကောင်းစွာစစ်ဆင်နိုင်ဖို့အတွက် ကရင်နီရဲ့“မောင်း၁၀၀” ကန်ပိန်းပရောဂျက်ကိုပြည်သူအားလုံးပါဝင်ပေးကြရင်းဖြင့်
ကရင်နီအိပ်မက်ကိုတူတူမက်ကြရအောင် KNDF ဥက္ကဌ ခွန်းဘီထူး မှ ဖိတ်ခေါ်
#လမ်းများအားလုံးနေပြည်တော်သို့
https://www.facebook.com/profile.php?id=100092330822313&mibextid=LQQJ4d
ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ လက္ခဏာ(၃)မျိုး က ဘာတွေဖြစ်မလဲ။
- ပူပြင်းတဲ့ ရာသီဥတုကြောင့် ကိုယ်ခန္ဓာကိုယ်မှာ ဖြစ်နိုင်တဲ့ လက္ခဏာ(၃)မျိုး တွေထဲ က
- (၁) အပူရှပ်ခြင်း (Heat stroke)
- အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့
- မူးလဲခြင်း
- ခေါင်းမူးခြင်း
- ချွေးမထွက်နိုင်ခြင်း
- ပျို့အန်ခြင်း
- အသက်ရှူမြန်ပြီး အသက်ရှူမဝတာနဲ့ခေါင်းကိုက်ခြင်းတို့ဖြစ်ပြီး အပူရှပ်တဲ့ ပြဿနာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အပူရှပ်ခဲ့ရင် ချက်ချင်း သက်သာအောင်လုပ်ဖို့လိုအပ်ပါတယ်။
- ပူနေတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပြီး အေးတဲ့ အရိပ်ရတဲ့နေရာတစ်ခုကို သွားပေးပါ။
- အိမ်မှာဆိုရင် ပူကျစ်နေတဲ့ကိုယ်ခန္ဓကိုယ် ကြီးအေးသွားအောင် ခေါင်း၊ လည်ပင်းနဲ့ လက်မောင်းအောက်နေရာတွေမှာ ရေခဲဝတ်ကပ်ပေးခြင်း ရေပတ်တိုက်ပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်
- (၂) Heat Exhaustion (အပူငုပ်ခြင်း )
- အပူရှပ်တာထက်မပြင်းပေမဲ့အပူငုပ်တာကလည်းကျန်းမာရေးဆိုးကျိုးသက်ရောက်မှုရှိ တဲ့အရာတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်အပူချိန်များလာတယ်ဆိုပေမယ့်အပူငုပ်ခြင်းကတော့ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ တွဲနေပါတယ်
- အပူရှပ်တာနဲ့ အပူငုပ်တာ နှစ်မျိုးလုံးမှာ လုံးဝကွဲပြားနေတဲ့အချက်ကတော့ အပူရှပ်ရင် ချွေးလုံးဝမထွက်ဘဲ အပူငုပ်ရင်တော့ ချွေးထွက်လွန်နေတတ်ပါတယ်။ ဒါ့ကြောင့်အပူငုပ်တာနဲ့ရေဓါတ်ခမ်းခြောက်ခြင်း က တွဲနေတာဖြစ်ပါတယ်။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ၊ အပြင်ထွက်လေ့ကျင့်ခန်းလုပ်သူတွေ ရေများများပြန်မသောက်တဲ့အခါမှာ အပူငုပ်တတ်ပါတယ်။
- အပူငုပ်ခြင်းရဲ့ လက္ခဏာတွေကတော့
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- ရေအရမ်းဆာခြင်း
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- မောပန်းလွယ်ခြင်း နဲ့ နှလုံးခုန်မြန်နေတာတို့ပဲ ဖြစ်ပါတယ်။
- ( ၃ ) မိတ်ပေါက်ခြင်း ( Heat Hives )
- ပူတဲ့ရာသီဥတုမှာ တစ်ကိုယ်လုံး မိတ်ပေါက်ပြီးယားယံတာမျိုးကလူတိုင်းခံစားဖူးကြမှာပါ။ ဒီလို မိတ်ပေါက်တာကိုဆေးပညာအရcholinergicurticariaလို့ခေါ်ပြီးကိုယ်တွင်းအပူချိန်မြင့်တက် လာတဲ့အခါ ဖြစ်လေ့ရှိတဲ့အရေပြား ပြဿနာတစ်ခုပါ။
- ချွေးထွက်လေပိုးယားလေဖြစ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့သူ ချွေးထွက်များတဲ့သူတွေ အပူအစပ်စားတဲ့သူတွေနဲ့ ပူပန်မှုများတဲ့သူတွေမှာ ပိုဖြစ်တတ်တဲ့ အရေပြား ပြဿနာတစ်ခုပါ။
- ဒီလို မိတ်ပေါက်တာဟာ အရေပြားပေါ်ကို သက်ရောက်လာတဲ့ပြင်ပက အပူချိန်နဲ့ ဓါတ်မတည့်မှုဖြစ်ပြီး တုန့်ပြန်ရာကနေ ထွက်လာတဲ့ ဓါတ်မတည့်မှုတစ်မျိုးဖြစ်ပါတယ်။
- ကိုယ်ခန္ဓာနေရာ အနှံ့အပြားမှာ ပေါက်နိုင်တယ်ဆိုပေမဲ့ ရင်ဘတ်၊ ကျောကုန်းအပေါ်၊ မျက်နှာနဲ့ လက်မောင်းတို့မှာ ပိုတွေ့ရတတ်ပါတယ်။
- အပူထိတွေ့တာနဲ့ချက်ချင်းပေါ်လာတတ်ပြီး ကိုယ်တွင်းအပူချိန်ပြန်ကျသွားတဲ့အခါ မှာ သူ့ဘာသာပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။
COVID ရောဂါပိုးကို ခဏခဏ ကူးစက်ခံနေရရင် နောက်ဆက်တွဲ ဘာဖြစ်တတ်ပါသလဲ။
- ကိုဗစ် ရောဂါ ခဏခဏ ကူးစက်ခံရတဲ့ သူတွေနဲ့ ကူးစက်ခံရပြီး ဘာလက္ခဏာမှ မခံစားရသူတွေမှာတောင် ကိုဗစ်ရဲ့နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်ခြင်းကတော့
- လေဖြတ်ခြင်း
- နှလုံးသွေကြောရုတ်တရက်ပိတ်ဆို့ခြင်း
- ဆီးချိုရောဂါဖြစ်ခြင်း
- အစာချေစနစ်လမ်းကြောင်းဆိုင်ရာ လက္ခဏာများ ဖြစ်တတ်ခြင်း
- မှတ်ဉာဏ်လျော့နည်းခြင်း စတဲ့ နောက်ဆက်တွဲ လက္ခဏာတွေဖြစ်တတ်လာနိုင်ပါတယ်။
- ဒါကြောင့် ကူးစက်မခံရအောင် မိမိက အစ ကာကွယ်ဖို့ အရေးကြီးပါတယ်။
OMICRON BA4 BA5 ရောဂါပိုးကြောင့် မဖြစ်မနေ ဘာကြောင့် BOOSTER ကို ထိုးထားသင့်ပါသလဲ။
- COVID ကာကွယ်ဆေး ပထမအကြိမ် ဒုတိယအကြိမ် နှစ်ကြိမ် ထိုးနှံပြီးနောက် BOOSTER ကို ထမ်မံထိုးနှံပေးသင့်ပါတယ်။
- Booster ကို ထိုးနှံခြင်း အားဖြင့် ယခင်ထိုးနှံခဲ့တဲ့ ကာကွယ်ဆေးများ၏ လုပ်ဆောင်ရည်တွေကို ပြန်လည်တိုးတတ်လာစေခြင်း
- ကိုယ်ခံအား စနစ်ကို ပြန်လည်မြင့်တတ်လာစေခြင်း
- ရောဂါပိုး မဝင်လာအောင် ကာကွယ်ပေးနိုင်ခြင်း
- ရောဂါ ဝင်ရောက်လာပါက oxygen မကျအောင် ထိန်းထားပေးခြင်း
- ဆေးရုံတတ်ရ ခြင်း အသက်အန္တရာယ်ထိခိုက်မှု မရှိအောင် ရာခိုင်နှုန်း အများဆုံး ခုခံကာကွယ်ပေးနိုင်ခြင်း ကြောင့် booster dose ကို မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်။
ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန်မှာ မဖြစ်မနေ ဘာတွေ လိုက်နာ ဆောင်ရွက်သင့်ပါသလဲ။
- ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန်မှာ အဓိက အနေနဲ့ သောက်ရေ ကို ရေသန့် သောက်သုံးပေးပါ(သို့) ရေကို ကျိုချက်သောက်သုံးပေးပါ ။လိုအပ်ပါက ရေကို ကလိုရင်း ခတ်ပြီး သောက်သုံးပေးပါ။
- အစား အစာကို ပြင်ဆင်ချက်ပြုတ်ခြင်းဖြစ်စေ စားသောက်တဲ့ အခါမှာဖြစ်စေ သန့်ရှင်းသော အစားအစာကို ချက်ပြုတ်စားသောက်ပေးပါ..
ယင်နားစာ စတာတွေကို ရှောင်ကျဉ်ပေးပါ။
- လက်ကို မကြာခဏ ဆေးကြောပေးဖို့လိုပါတယ်…
- အစားမစားခင် အစားအစာ မပြင်ဆင်မချက်ပြုတ်ခင် နဲ့ အိမ်သာ တတ်ပြီးတိုင်း လက်ကို ဆပ်ပြာ နဲ့ သေချာ စနစ်တကျ ဆေးကြောပေးပါ။
- ကြုံတွေ့နေရတဲ့ ရာသီဥတုနဲ့ သင့်တော်မဲ့ အဝတ်အစားများ ဝတ်ဆင်ပေးပါ။
- ခြင်မကိုက်အောင် အဝတ်အစားများ လုံ လုံခြုံခြုံ ဝတ်ဆင်ပေးပါ။
- တစ်ကိုယ်ရည်သန့်ရှင်းမှု ကို ဂရုစိုက်ပေးပါ။
- သန့်ရှင်းခြောက်သွေ့သော အဝတ်အစားများ ကို ဝတ်ဆင်ပေးပါ။
- နောက်ပြီး ရေကြီးခြင်းနဲ့ အတူ ဖြစ်တတ်တဲ့ အဆိပ်ရှိသော အကောင်များ မြွေဆိုးများ အန္တရာယ် ၊နေအိမ်အဆောက်အအုံပြိုကျမှု အန္တရာယ်၊ လျှပ်စစ်အန္တရာယ် ထိခိုက်မှု အန္တရာယ် စတာတွေ ကို အထူးသတိပြုပေးပါ။
အိုမီခရွန် ရဲ့ မျိုး ကွဲ BA .4 BA.5 ဗိုင်းရပ်စ် ပိုး ဆိုတာ ဘာတွေလဲ။
- ALPHA, DELTA, OMICRON တို့လို မျိုးကွဲများဖြစ်ပြီး BA4 BA5 က ယခုနောက်ဆုံး Variant Omicron ရဲ့ နောက်ဆက်တွဲ ဗိုင်းရပ်စ် နှစ်မျိုးဖြစ်ပါတယ်။
- BA4 BA5 ဗိုင်းရပ်စ် ကို WHO က ပြီးခဲ့တဲ့ march လမှာ စောင့်ကြည့်စားရင်းထဲထည့်ခဲ့ပြီး ဥရောပ နိုင်ငံတွင် စိုးရိမ်စရာ မျိုးကွဲများ အဖြစ် သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ် အမျိုးအစား ဖြစ်ပါတယ်။
- BA4 BA5 တို့ရဲ့ ကူးစက်မှုတွေဟာ အခြားသောမျိုးကွဲတွေထက် ပိုမို လျင်မြန်စွာ ကူးစက်မြန်နေပါတယ်။
- ကူးစက်မှုလွယ်မြန်သောကြောင့် ယခင် ကူးစက်မှုဖြစ်ဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သလို ကာကွယ်ဆေးထိုးထားသူများလည်း ကူးစက်ခံရနိုင်ချေရှိနိုင်ပါတယ်။
- BA4 BA5 ရောဂါပိုးဟာ ပိုဆိုးနိုင်သလားဆိုတာကိုတော့ တိတိကျကျ ပြောဆိုထားခြင်းမရှိသေးပါဘူး။
- ဒါကြောင့် လက်ဆေးပါ MASK တပ်ပါ မိမိကအစ ကာကွယ်ပါ တတ်နိုင်သမျှ အိမ်အပြင်မထွက်ပါနဲ့ ။
ရာသီဥတု ကြီး က သဘာဝတိုင်း ပြောင်းလဲလာတာနဲ့အမျှ အပူချိန် မြင့်တတ်လာပြီး ခုရက်ပိုင်း အလွန်ပူပြင်းလာမှု ကိုဘယ်လိုကာကွယ်နေထိုင်သင့်သလဲ။
ရာသီဥတု ကမနက်ပိုင်းတောင် နေပူရှိန် ခပ်ပြင်းပြင်းနဲ့ နေ့ခင်းနေ့လည်ဆို ရင် နေရောင်က စူးစူးရှရှ ပူလောင်နေချိန် မှာ အပြင်ကို မဖြစ်မနေ ထွက်ရဖို့ ကြုံလာရပြီဆိုရင်..
- မျက်နှာကို တိုက်ရိုက် နေရောင်ခြည် မထိစေဖို့ ဦးထုပ် (သို့) ထီး ကို မဖြစ်မနေ ဆောင်းပေးပါ
- မျက်မှန် /နေကာ မျက်မှန် တပ်ပေးပါ ..မျက်လုံးက အရေးကြီးသော အစိတ်အပိုင်း
- ဖြစ်သောကြောင့် နေရာင်ခြည်က မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်..
- အဝတ်အစား ဝတ်တဲ့အခါ အင်္ကျီ လက်ရှည် ဘောင်းဘီရှည် စတဲ့ ကိုယ်ခန္ဓာကိုယ် ကို လုံခြုံစေပြီး အေးမြတဲ့ အဝတ်ကို ဝတ်ဆင်ပေးပါ။
- နေပူ က ပြန်လာတာနဲ့ အေးသောဖျော်ရည် ရေခဲရေ သောက်တာခြင်း ရေချိုးတာခြင်း ရှောင်ကျဉ်ပေးပါ။
- အအေးခန်းထဲက နေ ချက်ချင်း နေပူထဲ ထွက်ခြင်း နေပူထဲက နေ အအေးခန်းထဲ တန်းဝင်ခြင်းမျိုး ရှောင်ပေးပါ.. အပူဒဏ်ကြောင့် လေဖြတ်ခြင်း ဦးနှောက်သွေးကြောပြတ်ခြင်း အမြင်အာရုံ ပျက်စီးခြင်း အရေပြား ကင်ဆာ တို့ ဖြစ်တတ်ပါတယ်။
- အပူဒဏ် ကို ကာကွယ်ဖို့ ရေများများ သောက်ခြင်း
- အေးမြသော အစားအစာများ အသီးအနှံများ စားပေးခြင်း
- ရေမချိုးခင်ရေသောက်ပေးပါ ....
မျောက်ကျောက်ရောဂါ စတင်ကူးစက်ခံရပြီးနောက် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်ပါသလဲ။
- မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး (၇)ရက်ကနေ (၁၄)ရက် အတွင်းမှာ ရောဂါလက္ခဏာကို ပြသလို ရောဂါကူးစက်ခံရပြီးနောက် (၅) ရက်ကနေ (၂၁)ရက် အတွင်းမှာလည်း လက္ခဏာ ပြတာမျိုးတွေလည်းရှိပါတယ်။
- လက္ခဏာတွေကတော့
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ခါးနာခြင်း
- ချမ်းတုန်ခြင်း
- lymph node အကျိတ်များ ရောင်ရမ်းခြင်း
- ကိုယ်ခန္ဓာမှာ အနီစက် များ ထွက်ပေါ်လာခြင်း
- မောပန်း လွယ်ကူခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mingalar Taung Nyunt
Yangon
11222