WNTSolution
We have been a point of sale, Inventory & Accounting Management Solution provider with a focus on building small/medium size business management solutions.
03/11/2020
WNT Solution - POS, Inventory & Accounting Management Solution (Desktop PC Version) ကိုစီးပွားရေးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများကို ခေတ်နှင့်အညီ နည်းပညာကိုအသုံးပြုပြီး စီမံခန့်ခွဲမှု ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရေးဆွဲထားပါတယ်။
ဈေးနှုန်း ကတော့
Basic Package
Software Price – 700, 000 Kyats
Monthly Maintenance, Support and License Fee per Server – 50,000
Monthly Maintenance, Support and License Fee per Client – 10,000
Standard Package
Software Price – 2,000,000 Kyats
Monthly Maintenance, Support and License Fee per Server – 70,000
Monthly Maintenance, Support and License Fee per Client – 10,000
မှတ်ချက်။ ။ COVID-19 ကာလအတွင်း ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်အနီးတဝိုက်ဒေသများအတွက်သာဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။
(COVID-19 ကာလအတွင်း ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်အနီးတဝိုက်ဒေသများအတွက် ပထမဆုံး စာရင်းပေးသွင်းတဲ့ Customer ၅ ဉီးက Software Price ရဲ့ 30% Discount ကိုရရှိမှာဖြစ်ပါတယ်။
အေးသာယာ(GTC)/ နည်းပညာတက္ကသိုလ် (တောင်ကြီး)မှ ကျောင်းသားကျောင်းသူဟောင်းများဆရာ ဆရာမများ ၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုမည်ဆိုပါက Software Price ရဲ့ 50% Discount ကိုရရှိမှာဖြစ်ပါတယ်။)
ကုန်ပစ္စည်းထိန်းချုပ်မှုနှင့်စီမံခန့်ခွဲမှုစနစ် (POS & Inventory Management)
- ကုန်ပစ္စည်းတွေရဲ့လက်ကျန်စာရင်း (Stock Opening / Balance)
- ဖောက်သည်တွေရဲ့ လက်ငင်းစာရင်း/အကြွေးစာရင်း (Customer Opening / Balance)
- ကုန်သည်တွေရဲ့လက်ငင်းစာရင်း/အကြွေးစာရင်း (Vendor Opening/Balance)
- ကုန်ဝယ်စာရင်း (Purchase)
- ကုန်ဝယ်ပြန်ပို့စာရင်း (Purchase Return)
- ကုန်ရောင်းစာရင်း (Sales)
- ကုန်ရောင်းပြန်သွင်းစာရင်း (Sales Return)
- ဈေးနှုန်းအပြောင်းအလဲမှတ်တမ်းစာရင်း (Price Change)
- ကုန်ရောင်းကုန်ဝယ်အတွက်ငွေပေးချေမှု စာရင်း (Payment)
- ဂိုဒေါင်တစ်ခုမှ အခြားဂိုဒေါင်တစ်ခု သို့ ကုန်ပစ္စည်းပြောင်းရွေ့စာရင်း (Stock Transfer)
- ကုန်စာရင်းညှိမှတ်တမ်း (Stock Adjustment)
- ကုန်လက်ကျန်တန်ဖိုးစာရင်း (Stock Valuation)
စာရင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Accounting Management)
- ငွေစာရင်း (Cash Book)
- ဘဏ်စာရင်း (Cheque Book)
- ဂျာနယ်စာရင်း (Journal)
- အထွေထွေလယ်ဂျာစာရင်း (General Ledger)
- အစမ်းရှင်းတမ်း (Trial Balance)
- အရှုံးအမြတ်စာရင်း (Profit/ Loss)
- လက်ကျန်ရှင်းတမ်း/ ဘဏ္ဍာရေး ရှင်းတမ်း (Balance Sheet)
အသုံးပြုသူတွေရဲ့လုပ်ဆောင်ပိုင်ခွင့်သတ်မှတ်ချက် (User Access Rights)
- ကုန်ရောင်းတဲ့ဝန်ထမ်းဆိုရင် သူနဲ့ဆိုင်တဲ့ Sales ပိုင်းကိုသာ လုပ်ဆောင်နိုင်ခွင့်ရှိမယ်။
- ကုန်ဝယ်တဲ့ဝန်ထမ်းဆိုရင် သူနဲ့ဆိုင်တဲ့ Purchase ပိုင်းကိုသာ လုပ်ဆောင်နိုင်ခွင့်ရှိမယ်။
- ငွေစာရင်း/ ဘဏ်စာရင်းကိုင် ဝန်ထမ်းဆိုရင် သူနဲ့ဆိုင်တဲ့ စာရင်းပိုင်းကိုသာ လုပ်ဆောင်နိုင်ခွင့်ရှိမယ်။
စတာတွေကို စီမံခန့်ခွဲနိုင်တဲ့လုပ်ဆောင်ချက်တွေအပြင် စီပွားရေးလုပ်ငန်းတွေမှာလက်တွေ့အသုံးပြုနေတဲ့ အခြားလုပ်ဆောင်ချက်များ၊ အစီရင်ခံစာများစွာပါဝင်ပါတယ်။
အသေးစိပ်သိချင်တာများရှိပါက cb or message box တွေလာရောက်မေးမြန်းနိုင်ပါတယ်။
PH: 09 261 347 354 / 09 9 550 3134 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
(Work From Home - Taunggyi Team)
02/11/2020
စီးပွားရေးလုပ်ငန်းတွေမှာ (Barcode System) ဘားကုဒ်စနစ်ကို ဘာကြောင့် အသုံးပြုသင့်သလဲ?
ဘားကုဒ်ကို ကုန်ပစ္စည်းတွေမှာရိုက်နှိပ်ဖော်ပြခြင်းအားဖြင့် ကုန်ပစ္စည်းနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို အလွယ်တကူ အတိအကျသိရှိဖို့ ရည်ရွယ်ပြီးအသုံးပြုကြပါတယ်။
ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေမှာဆိုရင် ကုန်ဝယ်တဲ့အချိန်၊ ကုန်ရောင်းတဲ့အချိန်၊ ကုန်ပစ္စည်းတွေကို ဂိုဒေါင်တစ်ခုကနေတစ်ခု ပြောင်းရွေ့တဲ့အချိန် တွေမှာ ဘားကုဒ်ကို ဖတ်ပြီးတော့ ကုန်ပစ္စည်းစာရင်းတွေကိုထည့်သွင်းရာမှာ တိကျမြန်ဆန် အချိန်ကုန်သက်သာစေပါတယ်။
ဘားကုဒ်စနစ်ကို အသုံးပြုတဲ့အတွက် ရရှိမယ့် အကျိုးကျေးဇူးတစ်ချို့ကတော့
၁) ပိုမိုတိကျမှန်ကန်မှု
ဘားကုဒ်စနစ်ကို အသုံးပြုတဲ့အတွက် ကုန်ပစ္စည်းအဝင်အထွက်စာရင်း အချက်အလက်တွေက Manual ရိုက်ထည့်ရတာထက်စာရင် အမှားနည်းပြီးပိုမိုတိကျမှန်ကန်စေပါတယ်။
၂) ကုန်ပစ္စည်းအချက်အလက်တွေရဲ့ပြောင်းလဲမှု
ဘားကုဒ်ကိုဖတ်တဲ့အချိန်မှာ တိကျမြန်ဆန်တဲ့အတွက် ဝယ်လိုက်တဲ့ ကုန်ပစ္စည်းတွေ
ရဲ့အရေအတွက် ဒါမှမဟုတ် ရောင်းလို့ရမယ့် ကုန်လက်ကျန်အရေအတွက် စတဲ့ ပြောင်းလဲမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပါမယ်။
၃) ကုန်ပစ္စည်းထိန်းချုပ်မှုစနစ် ပိုမိုတိုးတက်ကောင်းမွန်မှု
ဘားကုဒ်ကိုအသုံးပြုပြီးတော့ ကုန်ပစ္စည်းတွေကို ကုန်ဝယ်၊ ကုန်ရောင်း၊ ကုန်အပြောင်းအရွေ့ တွေမှာ အလွယ်တကူ Scan ဖတ် ပြီး Inventory tracking လုပ်တဲ့အတွက် တိကျတဲ့ ကုန်ပစ္စည်း တွေရဲ့ အချက်အလက်တွေသိရမယ်။ တိကျတဲ့အချက်အလက်တွေရှိမှသာ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၄) ဝန်ထမ်းတွေကို ပြန်လည်သင်တန်းပေးရတဲ့အချိန်လျော့နည်းမှု
ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ အမျိုးအစားတွေ၊ မူကွဲတွေ၊ ဈေးနှုန်းတွေစတဲ့အခြေခံအချက်အလက်တွေကိုအသေးစိပ် သင်ပြပေးနေစရာမလိုပဲ ဘားကုဒ်ကိုဖတ်လိုက်ရုံနဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုသိနိုင်တဲ့အတွက် ရိုးရှင်းလွယ်ကူတဲ့ ဘားကုဒ်စနစ်က ဝန်ထမ်းတွေကို လက်ဆင့်ကမ်းသင်ပေးရာမှာလွယ်ကူပြီးအချိန်ကုန်သက်သာစေပါတယ်။
ကုန်ပစ္စည်းတွေမှာ ဘားကုဒ်အသုံးပြုဖို့အတွက်
၁) Barcode ကို အရင်ဆုံး Generate လုပ်ဖို့အတွက် Free Online Barcode Generator တစ်ခုခု ကိုအသုံးပြုပြီး ကုန်ပစ္စည်း တစ်ခုစီအတွက် ထုတ်ရတာရှိမယ်။ ဒါကတော့ Manual Process ဖြစ်ပြီးတော့ ကုန်ပစ္စည်းတစ်ခုချင်းစီကိုရိုက်ထည့်ပြီး Generate လုပ်ရမှာဖြစ်ပါတယ်။
၂) တချို့ Barcode Printer တွေမှာBuilt-in ပါတဲ့ Printing software ကို အသုံးပြုပြီးတော့ ကုန်ပစ္စည်းတွေအတွက် ထုတ်တာရှိမယ်။ ဒါကတော့ Semi-Auto Process ဖြစ်ပါတယ်။ Excel ကနေ ရိုက်ထားတဲ့ ကုန်ပစ္စည်းစာရင်းတွေကို Import လုပ်ပြီးတော့ ဒါမှမဟုတ် Built-in software ထဲမှာရိုက်ထည်ပြီးတော့ Generate လုပ်ရမှာဖြစ်ပါတယ်။
၃) အကောင်းဆုံးကတော့ Barcode System ပါပြီးသား Inventory Software နဲ့ ချိတ်ဆက်ပြီးတော့အသင့် Print ထုတ်လို့ရမယ့် Computerized Inventory Software တစ်ခုခုကိုအသုံးပြီး Generate လုပ်တာဖြစ်ပါတယ်။
တကယ်လို့ သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းစာရင်းတွေအတွက် Barcode စနစ်နှင့် Computerized Inventory Software တစ်ခုခု ကိုအသုံးပြုဖို့လိုအပ်လာပြီဆိုရင်တော့ WNT Solution ရဲ့ Inventory and Accounting Management Solution က သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
29/10/2020
ကုန်ပစ္စည်းတွေ လက်ခံရရှိပြီဆိုရင် ဘယ်လိုလုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်သင့်သလဲ?
အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံး ကတော့
၁) လက်ခံရရှိတဲ့ ကုန်ပစ္စည်းတွေကိုရေတွက်ရပါမယ်။
၂) ကုန်ပစ္စည်းမှာထားတဲ့ (Purchase Order) ကုန်မှာစာ နဲ့ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေကိုက်မကိုက်စစ်ဆေးရပါမယ်။
၃) Label or Barcode ကပ်ပြီးတော့ ကုန်ပစ္စည်း အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ စင်ရဲ့နေရာတစ်ခုမှာ ထားပေးရပါမယ်။
၁) ပထမအဆင့်အနေနဲ့ လက်ခံရရှိတဲ့ ကုန်ပစ္စည်းတွေကိုရေတွက်ရပါမယ်။
တကယ်လို့ သင်မှာထားတဲ့ ကုန်ပစ္စည်းတွေအကုန်လုံးတစ်ပြိုင်ထည်းအကုန် (Full Delivery) အနေနဲ့ လက်ခံရရှိပြီးတော့ ဂိုဒေါင် / ဆိုင်ရဲ့ တနေရာရာမှာအရင်ဆုံးထားလိုက်ပြီးပြီဆိုရင် (Packaging Slip) ထဲမှာပါတဲ့စာရင်း နဲ့ Carton / Box/ Package တစ်ခုချင်းစီထဲမှာပါတဲ့ ကုန်ပစ္စည်း တွေအားလုံးရဲ့အရေအတွက်တွေကို စစ်ဆေးရပါမယ်။
ကုန်ပစ္စည်းတွေ လျော့နေသလား၊ ပိုနေသလား၊ အပျက်အစီးတွေပါဝင်နေသလား ဆိုတာကိုစစ်ဆေးရပါမယ်။
၂) ဒုတိယအဆင့်အနေနဲ့ ကုန်ပစ္စည်းမှာထားတဲ့ ကုန်မှာစာ နဲ့ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေကိုက်မကိုက်စစ်ဆေးရပါမယ်။
ဘာကြောင့် ကုန်မှာစာနဲ့ ပြန်တိုက်စစ်ဆေးရတာလဲဆိုတော့ (Packaging Slip) ထဲမှာပါတဲ့စာရင်းက Carton / Box/ Package တစ်ခုချင်းစီထဲမှာပါတဲ့ ကုန်ပစ္စည်းတွေရဲ့အရေအတွက်ကိုသာဖော်ပြထားလို့ပါ။
နောက်တစ်ချက် အနေနဲ့ ကုန်ပစ္စည်းတွေအကုန်လုံးတစ်ပြိုင်ထည်းအကုန်ပို့လိုက်တာမဟုတ်ဘဲ (Partial Delivery) တစ်ချို့ကိုနောက်မှခွဲပို့တာမျိုး ဆိုရင် ကုန်မှာစာနဲ့ သာ တိုက်ပြီးမစစ်ဆေးမိဘူးဆိုရင် ဘာတွေကျန်လဲဆိုတာ သိနိုင်မှာမဟုတ်တဲ့အတွက်ကြောင့် လည်းဖြစ်ပါတယ်။
(Damaged items) ကုန်အပျက်အစီးတွေပါနေတယ်ဆိုရင် မှတ်သားထားပြီးတော့ (Vendor / Supplier) ကုန်သည်ကိုအကြောင်းကြားမယ်။ ဒါမှ ကုန်သည်ဖက်ကနေ (Refund) ငွေပြန်အမ်း တာဖြစ်ဖြစ် (Replacement) အစားထိုးပြန်ပေးတာဖြစ်ဖြစ်ကိုလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ (Packaging Slip) ထဲမှာပါတဲ့စာရင်းက ကုန်ပစ္စည်းမှာထားတဲ့ (Purchase Order) ကုန်မှာစာ နဲ့ ကိုက်ညီတယ်ဆိုရင်တော့ နောက်ထပ်တစ်ဆင့်ကိုဆက်လက်လုပ်ဆောင်လို့ရပါပြီ။
၃) နောက်ဆုံးအဆင့် အနေနဲ့ Label or Barcode ကပ်ပြီးတော့ ကုန်ပစ္စည်း အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ စင်ရဲ့နေရာတစ်ခုမှာ ထားပေးရပါမယ်။
(Packaging Slip) ထဲမှာပါတဲ့စာရင်းနဲ့ (Purchase Order) ကုန်မှာစာရင်းကိုစစ်ဆေးပြီးပြီ ဆိုတော့ Label or Barcode ကို Print ထုတ်ပြီးတော့ ကုန်ပစ္စည်းတွေပေါ်မှာကပ်ပြီးတာနဲ့ နေရာချဖို့ပဲကျန်ပါတယ်။
သတ်မှတ်ထားတဲ့ စင်ရဲ့နေရာတစ်ခုကိုသွားမပို့မှီမှာ (Receiving Note) ကုန်လက်ခံစာရင်းကို စာရွက်တစ်ခုခု ဒါမှမဟုတ် excel spread sheet ကနေ ကုန်ပစ္စည်းအမည်/ ကုဒ်၊ အရေအတွက် ၊ စင် နေရာ၊ စတဲ့ ပုံစံမျိုးလေးလုပ်ပြီးတော့ စာရင်းမှတ်ထားဖို့အကြံပေးချင်ပါတယ်။
(Receiving Note) ကုန်လက်ခံစာရင်း ကိုဖြည့်ပြီးပြီဆိုရင်တော့ ကုန်ပစ္စည်းတွေကို နေရာချလို့ရပါပြီ။ ကုန်လက်ခံစာရင်း က ကုန်ပစ္စည်းနေရာချတဲ့သူအတွက် အထောက်အကူဖြစ်သလို အမှားအယွင်းတစ်ခုခုကြောင့်ဖြစ်ဖြစ် နေရာမှားထားခဲ့လို့ဖြစ်ဖြစ် ပြန်စစ်မယ်ဆိုရင်လည်း အထောက်အကူပြုနိုင်ပါတယ်။
ဒါကတော့ကုန်ပစ္စည်းတွေ လက်ခံရရှိတဲ့အချိန်မှာလုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။
တကယ်လို့ သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းစာရင်းတွေအတွက် Computerized Inventory Software တစ်ခုခု ကိုအသုံးပြုဖို့လိုအပ်လာပြီဆိုရင်တော့ WNT Solution ရဲ့ Inventory and Accounting Management Solution က သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
27/10/2020
အရောင်းအဝယ်စီးပွားရေးလုပ်ငန်းတွေမှာ အများဆုံးဖြစ်တတ်တဲ့ ကုန်ပစ္စည်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေက ဘာတွေဖြစ်မလဲ?
၁) လယ်ဂျာစာအုပ်ထဲမှာ ရှိတဲ့ ကုန်ပစ္စည်း အရေအတွက်စာရင်းနဲ့ ဆိုင် / ဂိုဒေါင်မှာရှိတဲ့ အရေအတွက်စာရင်းနဲ့မကိုက်တာမျိုးတွေရှိမယ်။
၂) တချို့ကုန်ပစ္စည်းတွေက ဝယ်ထားတာကြာပြီးတော့ အချိန်အတော်ကြာတဲ့အထိ ရောင်းမထွက်တာမျိုး၊ ဂိုဒေါင်မှာ ထားတာကြာပြီးတော့ ရက်လွန်သွားလို့မရောင်းဖြစ်တော့တာမျိုး၊ ဒါမှမဟုတ် ရှိမှန်းမသိတော့တာမျိုး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဂိုဒေါင်မှာ ကျန်နေခဲ့တဲ့ ကုန်ပစ္စည်းအဟောင်းတွေရှိမယ်။
၃) လုပ်ငန်းနဲ့ပတ်သတ်တဲ့ ကုန်ပစ္စည်းဘယ်နှစ်မျိုးရှိသလဲ? လက်ကျန်ဘယ်လောက်ကျန်သလဲ? ဘယ်လောက်ကိုရောင်းထားပြီးပြီလဲ? ဘယ်လောက်ထပ်မှာရမလဲ? စတဲ့အချက်အလက်တွေကိုမသိတာမျိုးတွေရှိမယ်။
၄) စာရင်းသွင်းတဲ့အချိန်မှာ သေချာမသွင်းမိတာမျိုး/ အမှားအယွင်းတွေသွင်းမိတာမျိုးတွေရှိမယ်။
၅) ကုန်ပစ္စည်းတွေရဲ့ကုဒ်ကိုမှားယွင်းပြီး တခြားကုန်ပစ္စည်းမှာ ကပ်မိတာမျိုးတွေရှိမယ်။
၆) ဝန်ထမ်းအပြောင်းအလဲတွေကြောင့် လက်ရှိကုန်ပစ္စည်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ ဘယ်တုန်းက မှာထားတာလဲ ဘယ် ဂိုဒေါင်မှာထားထားတာလဲ ကိုမသိတော့တာမျိုး တွေ ရှိမယ်။
၇) နောက်ထပ် အခြားပြဿနာတွေလည်းအများကြီးရှိနိုင်ပါသေးတယ်။
ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အဓိက အချက်အနေနဲ့ က ဘာကြောင့် ဒီလို ပြဿနာတွေ ဖြစ်လာတာလဲဆိုတဲ့ တစ်ခုချင်းစီရဲ့အသေးစိပ် လုပ်ဆောင်ချက်တွေကို သေချာနားလည်ဖို့လို့အပ်ပါတယ်။
ဥပမာ
လယ်ဂျာစာအုပ်ထဲမှာ ရှိတဲ့ ကုန်ပစ္စည်း အရေအတွက်စာရင်းနဲ့ ဆိုင် မှာရှိတဲ့ အရေအတွက်စာရင်းနဲ့မကိုက်တာမျိုး ဆိုရင် ပြန်စစ်ကြည့်ရမှာက
၁) ကုန်ဝယ်ထားပြီးတော့ Supplier က လာမပို့သေးတာလား?
၂) ကုန်ရောင်းထားပြီးတော့ လယ်ဂျာစာအုပ်စာရင်းထဲမှာမထည့်မိတာလား?
တကယ်လို့ ဒီနေ့ဘာတွေဝယ်တယ်၊ ဘာတွေရောင်းထွက်သွားတယ်ဆိုတဲ့ နေ့စဉ် ကုန်အဝင်အထွက်စာရင်းကို မသိဘူးဆိုရင်တော့ ဒါကတကယ့်ပြဿနာအကြီးစားတစ်ခုဖြစ်နေပါပြီ။
ကိုယ့်လုပ်ငန်းရဲ့ကုန်ရောင်းကုန်ဝယ်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ ကိုသေချာနားလည်အောင်လေ့လာပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။
ဒါတွေက ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး လက်ရှိမှာ အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါတွေကိုဘယ်လို ဖြေရှင်းကြမလဲ?
၁) ကုန်ပစ္စည်း အဝင်အထွက်စာရင်းမှတ်ဖို့အတွက် ဝန်ထမ်းတွေကိုတာဝန်ပေးထားပြီးတော့ လယ်ဂျာစာအုပ်တွေမှာသေချာမှတ်မယ်။
၂) ဒါမှမဟုတ် Computer / Laptop နဲ့ ကုန်ပစ္စည်းစာရင်းတွေကို Spreadsheet, excel application နဲ့ မှတ်မယ်။
အားနည်းချက်ကတော့ စာရင်းချုပ်တွေပြန်ကြည့်တဲ့အချိန်မှာ အချိန်ပေးပြီး လိုအပ်တဲ့အစီရင်ခံစာတွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုပြန်ပြီးစစ်ထုတ်ရပါမယ်။
ဒါပေမယ့် အနည်းဆုံးတော့ ကုန်ပစ္စည်း တွေရဲ့ အချက်အလက်တွေကို တစ်သမှတ်တည်း စာရင်းဇယားနဲ့တော့ကြည့်နိုင်ပါမယ်။
အထက်မှာဖော်ပြထားတဲ့ ပြဿနာတွေရဲ့ အဓိကအကြောင်းအရင်းက Supplier ကနေ ကုန်ပစ္စည်းတစ်ခု ဝယ်တာစပြီးတော့ ဂိုဒေါင်မှာထားတာ၊ ဂိုဒေါင် ကနေဆိုင်ကိုပို့တာ ၊ နောက်ဆုံး Customer ဆီကိုရောင်း လိုက်တဲ့အချိန်အထိ စာရင်းကိုသေချာ မမှတ်သားထားနိုင်လို့ပါပဲ။
သင့်လုပ်ငန်းမှာ Inventory System တစ်ခုရှိပြီးသားဆိုရင် Process/ Workflow တွေကို သေချာနားလည်အောင် လေ့လာပြီးထိထိရောက်ရောက်အသုံးပြုမယ်ဆိုရင် ဒီပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။
မရှိသေးဘူးဆိုရင် Inventory Management / Inventory Tracking System တစ်ခုခုကို အသုံးပြုပြီးတော့ သင့်လုပ်ငန်းမှာ ကုန်ပစ္စည်းနဲ့ပတ်သတ်သည့် ပြဿနာများတွေကိုဖြေရှင်းကြဖို့အကြံပြုချင်ပါတယ်။
တကယ်လို့ သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းစာရင်းတွေအတွက် Computerized Inventory Software တစ်ခုခု ကိုအသုံးပြုဖို့လိုအပ်လာပြီဆိုရင်တော့ WNT Solution ရဲ့ Inventory and Accounting Management Solution က သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
23/10/2020
Periodic Inventory System (vs.) Perpetual Inventory System
Periodic (ကာလတစ်ခုပြီးမှတစ်ခုတွက်ခြင်းစနစ်) နဲ့ Perpetual Inventory System (စဉ်ဆက်မပျက်တွက်ခြင်းစနစ်) ဆိုတာကတော့ အရောင်းအဝယ်လုပ်ငန်းတွေမှာ အသုံး ပြုနေကြတဲ့ ကုန်ပစ္စည်း လက်ကျန်စာရင်းတွေကို စစ်ဆေးတဲ့စနစ် ၂ ခုဖြစ်ပါတယ်။
Periodic Inventory System (ကာလတစ်ခုပြီးမှတစ်ခုတွက်ခြင်းစနစ်) ဆိုတာကတော့ ကုန်ပစ္စည်းတွေကို တစ်ပတ်တစ်ခါ ၊ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ စတဲ့အချိန်အပိုင်းအခြားအလိုက် ကုန်လက်ကျန်စာရင်းကိုစစ်ဆေးတဲ့စနစ် ဖြစ်ပါတယ်။
Periodic Inventory System မှာဆိုရင် ကုန်ဝယ် စာရင်း၊ ကုန်ပစ္စည်းစာရင်း၊ ကုန်ပစ္စည်း၏ ကုန်ကျစရိတ်စာရင်း စတာတွေကို သတ်မှတ်ထားတဲ့ ရက်အလိုက်၊ လအလိုက်၊ နှစ်အလိုက် ပေါင်းပြီး စာရင်းချုပ်ပါတယ်။
လုပ်ငန်းတော်တော်များများအတွက် လုပ်ငန်းစတင်ချိန်မှာတော့ တွက်ချက်ရတာလွယ်ကူတာရယ် ကုန်ပစ္စည်းအရမ်းမများသေးတာရယ်ကြောင့် Periodic Inventory System ကို အသုံးပြုကြပါတယ်။ များသောအားဖြင့် စာရင်းစာအုပ် ဒါမှမဟုတ် Microsoft Excel လိုသာမှန် Spreadsheet Application တွေကိုသာအသုံးပြုပြီး စာရင်းမှတ်ကြပါတယ်။
ဥပမာ
၁) စစချင်းမှာ ငွေပမာဏတစ်ခု နဲ့ ကုန်ဝယ်မယ် / ကုန်လက်ကျန်ရှိမယ် (Beginning Inventory or Opening Stock)
၂) လိုအပ်သလိုနောက်ထပ် ကုန်ထပ်ဝယ်မယ် (Purchases)
၃) သတ်မှတ်တဲ့ အချိန်ကာလရောက်လို့ ကုန်လက်ကျန် (Physical Count) ကိုရေတွက်ပြီး စာရင်းချုပ်မယ် (Ending Inventory or Closing Stock)
အထက်မှာ ဖော်ပြခဲ့တဲ့အချက် ၃ ချက်ကိုမူတည်ပြီး ကုန်ပစ္စည်း၏ကုန်ကျစရိတ် Cost of goods Sold, COGS ကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွက်တွက်ချက် ပါတယ်။
Formula for COGS = Beginning Inventory + Purchases - Ending Inventory
တကယ်လို့သာ ရာချီ၊ ထောင်ချီတဲ့ ကုန်ပစ္စည်းတွေ အတွက် ကုန်လက်ကျန်ကိုသာ
တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ် ရေတွက် ရမယ်ဆိုရင် စာရင်းချုပ်ခါနီးတိုင်း အချိန်တွေအများကြီးပေးပြီး တွက်ချက်ရပါတယ်။
Periodic Inventory System ကိုအသုံးပြုကြတဲ့ လုပ်ငန်းတော်တော်များများက ၄ လတစ်ကြိမ် ၁ နှစ်တစ်ကြိမ် သာ ကုန်လက်ကျန်စစ်ဆေးကြ တဲ့အတွက် သတ်မှတ်ကာလမတိုင်မှီမှာ စာရင်းကြည့်မယ်ဆိုရင်တော့ တိကျတဲ့စာရင်းကိုမရနိုင်ပါဘူး။
ဒါကြောင့် လုပ်ငန်းတော်တော်များများက Perpetual Inventory System (စဉ်ဆက်မပျက်တွက်ခြင်းစနစ်) ကို ပြောင်းရွေ့အသုံးပြု လာခဲ့ကြပါတယ်။
Perpetual Inventory System မှာကတော့ ကုန်ဝယ်၊ ကုန်ရောင်း၊ ဂိုဒေါင်တစ်ခုကနေတစ်ခုအရွေ့အပြောင်း စတဲ့ ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့စာရင်း (Transaction) အချက်အလက်တိုင်းကို Inventory Management Software or Application တစ်ခုခုနဲ့ record လုပ်ထားရပါတယ်။
ကုန်လက်ကျန်တွေကို ရေတွက် ပြီး စာရင်းသွင်း တာ (Physical Count/ Stock take) ကို Perpetual Inventory System မှာလည်း ပုံမှန်လုပ်ဖို့လိုအပ်ပါတယ်။
ဒါပေမယ့် အရောင်းအဝယ် အပြောင်းအရွေ့ စတဲ့စာရင်းအချက်အလက်တွေကိုမှတ်သားထားပြီးဖြစ်တဲ့အတွက် ကုန်လက်ကျန် စာရင်းချုပ်ရဲ့ အစီရင်ခံစာကို ကြည့်တဲ့အချိန်မှာ real time အနေနဲ့ အချိန်မရွေးအလွယ်တကူကြည့်နိုင်ပါတယ်။
Beginning Inventory, Purchases and Ending Inventory စတာတွေ ကို စဉ်ဆက်မပျက်တွက်ပေးနေတဲ့အတွက် COGS ကို Stock Valuation ရဲ့ FIFO, LIFO and Weighted Average Costing Methods စတဲ့ နည်းလမ်းတွေထဲကတစ်ခုခုကို အသုံးပြုပြီး ဘယ်အချိန်မဆို အစီရင်ခံစာတွေကို အလွယ်တကူကြည့်လို့ရနိုင်ပါတယ်။
တကယ်လို့ သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းစာရင်းတွေအတွက် Perpetual Inventory System ကိုသုံးပြီး Inventory တွေရဲ့ Real Time Report တွေကိုကြည့်ဖို့အတွက် Computerized Inventory Software တစ်ခုခု ကိုအသုံးပြုဖို့လိုအပ်လာပြီဆိုရင်တော့
WNT Solution ရဲ့ Inventory and Accounting Management Solution က သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
21/10/2020
အရောင်းအဝယ် လုပ်ငန်းတွေမှာ ကုန်ပစ္စည်းတွေရဲ့ Reorder Point ကိုဘယ်လိုတွက်ချက်ကြသလဲ?
Reorder point ဆိုတာက တော့ ကုန်ပစ္စည်း ကိုဘယ်အချိန်မှာ ပြန်မှာရမလဲဆိုတဲ့ အမှတ်အသားလေးတစ်ခုဖြစ်ပါတယ်။
Reorder point ကိုအမြဲတမ်း ပုံသေ တည်ငြိမ်နေတဲ့ ကိန်းဂဏန်း တစ်ခုအနေနဲ့တော့သတ်မှတ်ထားလို့မရပါဘူး။ ဝယ်အား ရောင်းအား ကုန်ပစ္စည်း တစ်ခုချင်း စတာတွေပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်ပါတယ်။
ဒါပေမယ့် ကုန်ပစ္စည်းတစ်ခု ရဲ့ Reorder point Formula ကို နားလည်ပြီးအသုံးပြုတတ်သွားပြီဆိုရင်တော့ အခြား ကုန်ပစ္စည်းအမျိုးအစားတွေအတွက်ပါ Reorder point ကို အလွယ်တကူတွက်ချက်နိုင်သွားမှာဖြစ်ပါတယ်။
Reorder Point Formula = (Average Daily Unit Sales x Delivery Lead Time) + Safety Stock
Average Daily Unit Sales ကိုတွက်မယ့်ပုံစံလေးတစ်ခုကိုအောက်မှာဖော်ပြပေးထားပါတယ်။
၁) Power Bank (Mi 10400 mAh) ရဲ့ရောင်းအားက January မှာ ၆၅ ခု
၂) Power Bank (Mi 10400 mAh) ရဲ့ရောင်းအားက February မှာ ၇၀ ခု
၃) Power Bank (Mi 10400 mAh) ရဲ့ရောင်းအားက February မှာ ၄၅ ခု
ရောင်းအား က ၃ လ ရက်ပေါင်း ၉၀ အတွင်းမှာ ၁၈၀ ခု ရှိတဲ့အတွက် ၁ ရက် ပျမ်းမျှရောင်းအား ၂ ခု လို့ယူဆလို့ရပါတယ်။
Delivery Lead Time က တော့ ကုန်မှာတဲ့နေ့ကနေ သင့်ဆီကို ကုန်ရောက်တဲ့အချိန် ကိုဆိုလိုတာဖြစ်ပါတယ်။
ကုန်ပစ္စည်းရဲ့ ရွယ်အစား အရေအတွက် ပမာဏပေါ်မူတည်ပြီးတော့လည်းကြာချိန် ကပြောင်းလဲနိုင်ပါတယ်။ အရေအတွက်များများမှာလို့ပိုကြာတာလည်းဖြစ်နိုင်ပါတယ်။
Delivery Lead Time ကိုတွက်တဲ့နည်းလမ်းကတော့ လုပ်ငန်းပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာအနေနဲ့ ကတော့ ၃ လ နဲ့ပျမ်းမျှ စတွက်ကြည့်ကြပါမယ်။
၁) January Order Quantity ၈၀ ခု ကို ကြာချိန် ၇ ရက်
၂) February Order Quantity ၈၀ ခု ကြာချိန် ၅ ရက်
၃) March Order Quantity ၅၀ ခု ကြာချိန် ၃ ရက်
ဆိုရင် ( ၃ + ၅ + ၇ ) = ၁၅ ရက် ကို အော်ဒါ ၃ ခု နဲ့ စား လိုက် ရင် ၅ ရက် က
Average Delivery Lead Time ပျမ်းမျကြာချိန်/ကုန်ပစ္စည်းသင့်ဆိုင်ကိုရောက်မယ့်အချိန် ကိုရပါမယ်။
Safety stock ဆိုတာကတော့ ပစ္စည်းလုံးဝပြတ်သွားတာမျိုး မဖြစ် အောင် အနည်းဆုံးကုန်လက်ကျန်ကို ချန်ထားတာ ဖြစ်ပါတယ်။
တကယ်လို့ အထက်မှာဖော်ပြထားတဲ့ ဥပမာကိုအခြေခံပြီး ၁၄ ရက် စာအတွက်ချန်ထားပြီတွက်မယ်ဆိုရင်
Power Bank (Mi 10400 mAh) ရဲ့ရောင်းအားက တစ်ရက် ကို ၂ ခု ဆိုတော့ ၂ x ၁၄ = ၂၈ ခု က လက်ကျန်အနေနဲ့အမြဲထားရှိရပါမယ်။
Reorder Point Formula အရဆိုရင်
Reorder Point Formula = (Average Daily Unit Sales x Delivery Lead Time) + Safety Stock
Reorder Point = (၂ (ခု) x ၅ (ရက်) ) + ၂၈ (ခု) = ၃၈ ခု
Power Bank (Mi 10400 mAh)က လက်ကျန် ၃၈ ခု သာကျန်ပြီဆိုရင်တော့နောက်ထပ် အော်ဒါထပ်မှာရတော့မှာဖြစ်ပါတယ်။
ကုန်ရောက်ချိန် နောက်ကျတာဖြစ်ဖြစ် အပျက်အစီးအချို့ပါတာဖြစ်ဖြစ် Safety Stock ရှိတဲ့အတွက် နောက်ထပ် ၁၄ ရက် အထိ ဆက်လက်ရောင်းချနိုင်မှာဖြစ်ပါတယ်။
သင့်အနေနဲ့ သင့်လုပ်ငန်းနဲ့ကိုက်ညီမယ့် Reorder point formula ကိုရှာဖွေပြီး Set up လုပ်ထားမယ်ဆိုရင် Reorder Points ကစီးပွားရေးလုပ်ငန်းတွေမှာ ကုန်ပစ္စည်း တွေကို အဆင်ပြေပြေ နဲ့ အရောင်းအဝယ်လုပ်ရာမှာအကူအညီအများကြီးဖြစ်စေနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
19/10/2020
Stock/Inventory Valuation တွေအတွက် FIFO, LIFO and Average Costing ကုန်ကျစရိတ် တွက်ချက်မှုတွေမှာ ဘာတွေကွာခြားမှုရှိသလဲ?
ကုန်ကျစရိတ်နည်းလမ်းတွေရဲ့ ကွာခြားချက်တွေကို အလွယ်တကူဖော်ပြဖို့ အတွက် အောက်မှာဖော်ပြထားတဲ့ ဥပမာတစ်ခုနဲ့ လေ့လာကြည့်နိုင်ပါတယ်။
ကုန်ပစ္စည်း တစ်ခု ကို Supplier ဆိုင်နှစ်ဆိုင် ကနေ ဒါမှမဟုတ် နောက်တစ်ကြိမ်ဝယ်တဲ့အချိန်မှာ ဈေးပြောင်း/ ဈေးတက်သွားတယ် ဆိုကြပါစို့။
၁) Power Bank (Mi 10400 mAh) ကို ပထမအကြိမ်မှာ 1000 နဲ့ အခု 100 ဝယ်တယ်။
၂) Power Bank (Mi 10400 mAh) ကိုပဲ ဒုတိယ်အကြိမ် မှာ 2000 နဲ့ အခု 200 ဝယ်တယ်။
၃) စာရင်းကာလကုန်ဆုံးသောအခါ (စာရင်းပိတ်တဲ့အချိန်မှာ) အခု 50 ကိုရောင်းခဲ့တယ်။
၁) Stock Valuation ကို FIFO (First-In-First-Out) Costing Method ကိုအသုံးပြုပြီးတွက်မယ်ဆိုရင်
ပထမဆုံးဝယ်တဲ့ ဈေး 1000 နဲ့ အခု 100 ကုန်ကျစရိတ် က 100, 000
ရောင်းလိုက်တာ က အခု 50 ဆိုတော့
Cost of Goods Sold (COGS): အခု 50 x 1000 (FIFO Cost) = 50,000
လက်ကျန် ကုန်ပစ္စည်း တန်ဖိုး
(50 x 1000 = 50,000) + (200 x 2,000 = 400,000) = 450,000
၂) Stock Valuation ကို LIFO (Last-In-First-Out) Costing Method ကိုအသုံးပြုပြီးတွက်မယ်ဆိုရင်
နောက်ဆုံး ဝယ်တဲ့ဈေး 2000 နဲ့ အခု 200 ကုန်ကျစရိတ် က 400,000
ရောင်းလိုက်တာ က အခု 50 ဆိုတော့
Cost of Goods Sold (COGS): အခု 50 x 2000 (LIFO Cost) = 100,000
လက်ကျန် ကုန်ပစ္စည်း တန်ဖိုး
(100 x 1,000 = 100,000) + (150 x 2,000 = 300,000) = 400,000
၃) Stock Valuation ကို Average (Weighted Average) Costing Method ကိုအသုံးပြုပြီးတွက်မယ်ဆိုရင်
အားလုံးဝယ်လိုက်တဲ့ အခု 300 ကုန်ကျစရိတ် စုစုပေါင်း
(100 x 1,000 = 100,000) + (200 x 2,000 = 400,000) = 500,000
Weighted Average Cost က 500,000 / 300 = တစ်ခုကို 1,666.67 ကုန်ကျပါတယ်။
ရောင်းလိုက်တာ က အခု 50 ဆိုတော့
Cost of Goods Sold (COGS): အခု 50 x 1,666.67 (Average Cost) = 83,333.50
လက်ကျန် ကုန်ပစ္စည်း တန်ဖိုး ( 250 x 1,666.67) = 416,667.50
အထက်မှာဖော်ပြခဲ့တဲ့ ကုန်ကျစရိတ် တွက်ချက်မှု နည်းလမ်းတွေကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင်
FIFO LIFO Average
Cost of Goods Sold (COGS): 50,000 100,000 83,333.50
လက်ကျန် ကုန်ပစ္စည်း တန်ဖိုး 450,000 400,000 416,667.50
မည်သည့် ကုန်ကျစရိတ် တွက်ချက်ခြင်းနည်းလမ်း ကသင့်လုပ်ငန်းအတွက်သင့်တော်မလဲဆိုတာကိုတော့လုပ်ငန်းသဘောသဘာဝပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်။
ဒါက ကုန်ပစ္စည်း (Power Bank (Mi 10400 mAh)) တစ်ခု တည်း ရဲ့ တန်ဖိုး (Stock Valuation) တွက်ချက်ပုံလေးပါ။
အမျိုးအစားတွေအရမ်းများသွားပြီဆိုရင်တော့ Computerized Stock Management System တစ်ခု ကိုအသုံးပြုပီး စာရင်းတွက်ချက်ဖို့အကြံပြုချင်ပါတယ်။
WNT Solution ရဲ့ Inventory and Accounting Management Solution မှာဆိုရင် သင့်လုပ်ငန်းအတွက်ကိုက်ညီမယ့် Costing Methods တွေကို အလွယ်တကူ Set up လုပ်နိုင်ပြီး သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
09/10/2020
ကုန်ပစ္စည်းတွေရဲ့ ယူနစ် (Units/ Unit of Measurement) သတ်မှတ်ချက်တွေက သင့်လုပ်ငန်းရဲ့ကုန်ပစ္စည်းထိန်းချုပ်မှုစနစ် ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ ?
လုပ်ငန်းပေါ်မူတည်ပြီး ကုန်ပစ္စည်း တွေဝယ်တဲ့အချိန်မှာ တစ်ခု၊ ဒါဇင်၊ ကဒ်၊ ထုပ် စတဲ့ မတူညီတဲ့ ယူနစ်တွေနဲ့ ဝယ်လိုက်ကြသလို
ရောင်းတဲ့အချိန်မှာလည်း တစ်ခု ၊ ဒါဇင်၊ ကဒ်၊ ထုပ် စသည်ဖြင့်ရောင်းချကြပါတယ်။
တစ်ချို့ ကုန်ပစ္စည်း တွေက ကဒ်နဲ့ဝယ်တယ် ၊ ကဒ်နဲ့ရောင်းတဲ့အတွက် မှတ်ရတာလွယ်ကူ ပါတယ်။
ဒါပေမယ့် ကုန်ပစ္စည်း အရောင်းအဝယ်တွေအားလုံးက အဲလောက်မရိုးရှင်းကြပါဘူး။
ဒါဇင်လိုက်ဝယ်ပြီး တစ်ခုချင်းရောင်းတာမျိုးရှိသလို၊ ဒါဇင် လိုက်ပြန်ရောင်းတာမျိုးလည်းရှိနိုင်ပါတယ်။
ယူနစ် (Units/ Unit of Measurement) က ကုန်ပစ္စည်းတွေရဲ့ ရောင်းစျေး၊ ဝယ်ဈေးတွေနဲ့ ဆက်နွယ်နေပါတယ်။
အရောင်းအဝယ်နဲ့ပတ်သတ်တဲ့စာရင်းကိုမှတ်တဲ့အချိန်မှာ အလွယ်တကူ ပြုပြင်လို့ပြောင်းလို့လွယ်တဲ့ ယူနစ် စနစ်ကိုအသုံးပြုထားသင့်ပါတယ်။
ကုန်ပစ္စည်းတွေရဲ့ ရောင်းစျေး၊ ဝယ်ဈေးတွေကို အသေးဆုံး(စံ)ယူနစ် (Standard UoM/ Base UoM) ထားဖို့အတွက် အကြံပြုချင်ပါတယ်။
ဒါမှလည်း အထုပ်နဲ့ ဝယ်ပြီး ဒါဇင်လိုက်ရောင်းတာမျိုး ၊ တစ်ခုချင်းပြန်ရောင်းတာမျိုး
စတာတွေကို ကုန်ပစ္စည်းတွေရဲ့အရေအတွက်အလိုက် အတိအကျစာရင်းသွင်းထားနိုင်မှာဖြစ်ပါတယ်။
ဥပမာ တစ်ခုအနေနဲ့ Dutch Mill လိုမျိုးဆိုရင်
တစ်ဘူးချင်းရှိမယ်၊
၄ ဘူးတစ်ကဒ် ရှိမယ်၊
၁၀ ကဒ်ကိုတစ်ဖာ ရှိမယ်ဆိုကြပါဆို့ ။
ဒါဆိုရင်တော့ Standard UoM က ဘူး ဖြစ်ပါမယ်။
၁ ဘူးဝယ်ဈေး (အရင်းဈေး) က 200 ရောင်းဈေးက 250 ဆိုရင်
၄ ဘူးတစ်ကဒ်ဈေး (ဝယ်ဈေး 800 ရောင်းဈေး 1,000)၊
၁၀ ကဒ် တစ်ဖာဈေး (ဝယ်ဈေး 8,000 ရောင်းဈေး 10,000)၊
စတာတွေကို ကုန်ပစ္စည်းရဲ့ Standard UoM ကိုအခြေခံပြီး တွက်ချက်ပေးသွားရမှာဖြစ်တယ်။
WNT Solution ရဲ့ Inventory and Accounting Management Solution မှာဆိုရင် Unit Conversions/ Unit Relation တွေကို အလွယ်တကူ ထည့်သွင်းနိုင်ပြီး သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းထိန်းချုပ်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
ပုံ ၃ ခုမှာ တစ်ခုက ဝယ်တဲ့အချိန် မှာ Box နဲ့ဝယ်ပြထားပါတယ်။
နောက်တစ်ခုက ရောင်းတဲ့အချိန်မှာ Box or Set or Pieces နဲ့ရောင်းပြထားပါတယ်။
နောက်တစ်ခုက တော့ လက်ကျန် (Balance) ကိုကြည့်လိုက်ရင် ပြမယ့် ကုန်လက်ကျန်စာရင်းပုံစံလေးကိုပြထားပါတယ်။
သာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ကြပါစေ
WNT Solution Team
05/10/2020
သင့်စီးပွားရေးလုပ်ငန်းမှာ ဘာကြောင့် ကုန်ပစ္စည်းထိန်းချုပ်မှု (Stock Control) ကို အာရုံစိုက်သင့်သလဲ ?
ကုန်ပစ္စည်းထိန်းချုပ်မှု ဆိုတာ အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးပြောရရင် တော့ သင့်လုပ်ငန်းမှာရှိတဲ့
၁) ကုန်ပစ္စည်းတွေရဲ့ အရေအတွက်ဘယ်လောက်ကျန်သလဲ (Quantity)
၂) ကုန်ပစ္စည်းတွေ ဘယ်ဂိုဒေါင် က နေဘယ်ဂိုဒေါင်ကို ရွေ့ သွားပြီလဲ (Stock Movement/ Stock Transfer)
၃) ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဘယ်လောက်ကျန်ရှိနေသလဲ (Stock Value)
စတာတွေကို ခြေရာခံ ပြီး မျက်ခြေမပျက်အောင် စောင့်ကြည့်ရတဲ့ လုပ်ဆောင်ချက် တွေပဲ ဖြစ်ပါတယ်။
ကုန်ပစ္စည်းထိန်းချုပ်မှု က ဘယ်သူ့အတွက်လဲ ?
ကုန်ပစ္စည်းထိန်းချုပ်မှု ကို လုပ်ငန်းအကြီးအသေး လုပ်ငန်းအရွယ်အစားမရွေး အာရုံစိုက် အလေးထားသင့်ပါတယ်။
ဘယ်လိုလုပ်ငန်းမျိုးမှာမဆို ကုန်ပစ္စည်းတွေပါဝင်လာပြီဆိုရင်တော့ ကုန်ပစ္စည်းထိန်းချုပ်မှု ဆိုတာကိုအာရုံစိုက်အလေးထားသင့်နေပါပြီ။
အွန်လိုင်းအရောင်းအဝယ်လုပ်ငန်း (E-Commerce), Retail and Wholesale လုပ်ငန်းတွေမှာဆိုရင် လည်း ကုန်ပစ္စည်းတွေရဲ့ အဝင်အထွက်စာရင်း၊ အပြောင်းအရွေ့ စာရင်းစတာတွေကို စာရင်းသွင်းမှတ်သားထားနိုင်မှ သာ လုပ်ငန်းအနေအထားကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။
နောက်ထပ် မျက်ခြေမပျက် စောင့်ကြည့်ရမယ့် အချက်တစ်ခုက ဝင်ငွေ နဲ့ကုန်ကျစရိတ်တွေပါပဲ။
ကုန်ပစ္စည်းတွေကိုဝယ်တဲ့ အချိန်မှာ ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ အခွန်၊ သယ်ယူစရိတ် စတဲ့ ကုန်ကျစရိတ်စုစုပေါင်း စတာတွေပါဝင်ပါတယ်။ ဒီလိုကုန်ကျစရိတ်တွေကို သင့်လုပ်ငန်းနဲ့ကိုက်ညီမယ့် Costing Methods(FIFO/LIFO/Average) တစ်ခုခုကိုရွေးချယ်ပြီးတွက်ချက်ရပါမယ်။
ကုန်ပစ္စည်းတွေကိုရောင်းတဲ့ အချိန်မှာဆိုရင်လည်း ကုန်တစ်ခုချင်းစီရဲ့ အမြတ်ငွေကို ထဲကနေ လျော့ငွေ၊ အခွန် စတာတွေကို နုတ်ပြီး တော့ အသားတင်အမြတ်ငွေ တွေကို တွက်ချက်ရပါမယ်။
ဒါတွေကို စာရင်းသွင်း တွက်ချက်နိုင်မှ ကုန်ပစ္စည်းတစ်ခုရဲ့အခြေခံအမြတ်/အရှုံး ကို အလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။
နောက်ထပ် စောင့်ကြည့်ရမယ့် အချက်တစ်ခုက ကုန်ပစ္စည်းတွေရဲ့ ရွေ့လျားမှု နဲ့ ကုန်လက်ကျန်။
ကုန်ဝယ် = ငွေထွက်မယ်၊ ကုန်တွေတိုးမယ်။
ကုန်ရောင်း = ငွေဝင်မယ်၊ ကုန်တွေလျော့မယ်။
ကုန်ပစ္စည်းတွေကို လက်ရှိ ဂိုဒေါင်တစ်ခုကနေ အခြား တစ်ခုကိုပြောင်းရွေ့ တာ (Stock Transfer/ Movement) ကလည်း လက်ရှိဂိုဒေါင်မှာလျော့မယ်၊ အခြားမှာတိုးမယ်။
ဂိုဒေါင်မှာရှိတဲ့လက်ကျန်စာရင်းနဲ့ (Ground Stock) လက်ရှိလက်ကျန်စာရင်းကိုပြန်စစ်ပြီတော့လိုအပ်ရင်(stock adjustment) စာရင်းညှိတာတွေကိုလုပ်ဆောင်ဖို့ကလည်းအချိန်ကာလတစ်ခုသတ်မှတ်ပြီးလုပ်ဆောင်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။
ကုန်ပစ္စည်းထိန်းချုပ်မှု ကို အချိန်ကုန်သက်သာပြီးပိုကောင်းအောင်လုပ်ဆောင်ဖို့အတွက်နောက် တစ်ချက် ကတော့ Barcode ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။
ကုန်ပစ္စည်းထိန်းချုပ်မှု မှာ အမှားအများဆုံးဖြစ်တတ်တာက စာရင်းသွင်းတဲ့အချိန်မှာ မှားယွင်းပြီး စာရင်းသွင်းတာဖြစ်ပါတယ်။ လက်နဲ့ရိုက်ရလို့ ဒါမှမဟုတ်တစ်ခြားအကြောင်းကြောင့် စာရင်းသွင်းချိန်မှာမှားယွင်းစာရင်းသွင်းမိနိုင်ပါတယ်။
ဘားကုဒ် Scanner ကိုသုံးပြီးတော့ ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ အတိအကျဆုံး အရေအတွက်နဲ့ အချိန်ကုန် တာတွေကို လျော့ချနိုင်ပါတယ်။
WNT Solution ရဲ့ Inventory and Accounting Management Solution က သင့်လုပ်ငန်းရဲ့ အရောင်းအဝယ် ကုန်ပစ္စည်းထိန်းချုပ်မှု စနစ် အပြင် ဂိုဒေါင်တစ်ခုချင်းစီရဲ့ ကုန်လက်ကျန်စာရင်းတွေနဲ့ အရှုံး အမြတ် အစီရင်ခံစာတွေကိုပါ ကြည့် လို့ရနိုင်ပါဖြစ်တယ်။
လေ့လာအသုံးပြုချင်တယ်ဆိုရင်တော့ cb မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
24/09/2020
အရောင်းအဝယ်လုပ်ငန်းတစ်ချို့ ရဲ့ သဘောသဘာဝအရ အရောင်းဝန်ထမ်းတွေ ဟာ လိုအပ်ရင် လိုအပ်သလို တစ်ခြားမြို့နယ်တွေကိုသွားပြီး ကုန်တွေကိုသွားရောင်းရတာမျိုးတွေ ဖြန့်ဖြူးရတာမျိုးတွေက လုပ်ငန်းတော်တော်များများမှာမြင် တွေ့ နေ ကျပုံစံလေးတွေဖြစ်ပါတယ်။
သမရိုးကျ ဘောင်ချာတွေကို Manual သွင်းပြီး HQ ရောက်မှ ပြန်စီစစ်နေရတာ ဒါမှမဟုတ် HQ ရောက်မှ Computer ထဲ စာရင်းပြန်သွင်းပြီးပြန်စစ်နေရတာစတဲ့ နှစ်ခါလုပ်နေရတဲ့အလုပ်တွေက ဒီလိုခေတ်ကြီးမှာ မလိုအပ်တော့ဘူးလို့ယူဆနေပြီလား။
အရောင်းဝန်ထမ်းတွေ သွင်းထားတဲ့ စာရင်း တွေ ကို HQ Computer ကနေ အချိန်နဲ့ တပြေးညီကြည့်လို့ ရနိုင်မယ် ဆိုရင် ပိုကောင်းလိမ့်မယ်လို့ယူဆတယ်ဆိုရင်တော့ 🤔 သင့်လုပ်ငန်းအတွက်အကျိုးရှိမယ်လို့ယူဆတဲ့ အကြံဥဏ်လေးတစ်ချို့ကိုမျှဝေချင်ပါတယ်။
ဒီလိုနည်းပညာခေတ်ကြီးမှာ သာမန်လူတိုင်းအတွက် Tablet or Mobile Phone တွေက ရင်းနှီးနေကြပြီးတော့ Daily ထိတွေ့နေကြတဲ့ အတွက် တကယ်လို့သာ သင့်ရဲ့ အရောင်းဝန်ထမ်းတွေကို Mobile or Tablet ကနေစာရင်းသွင်းဖို့ အကြံပေးရင် ဒါမှမဟုတ် သင်ပေးရင်အချိန်တိုအတွင်းအလွယ်တကူစာရင်းသွင်းတတ်သွားမှာဖြစ်ပါတယ်။
Manual စာရင်းသွင်းစရာမလိုတော့ဘဲ အချိန်ကုန်သက်သာသွားပြီဆိုတော့ Sales ပိုင်းကိုပိုပြီး အားစိုက်လာနိုင်မှာဖြစ်တဲ့အတွက် New Customer တွေကို ပိုမိုရှာဖွေလာနိုင်မှာဖြစ်ပါတယ်။
လက်တလောမှာတော့ Cloud နည်းပညာတွေခေတ်စားနေတော့ လုပ်ငန်း တော်တော်များများက တော့ Cloud Based System တွေ ကိုရွေ့ဖို့ ပြင်ဆင်နေကြတာတွေ့ ရပါတယ်။ အချိန် မရွေးနေရာမရွေး Internet ရှိတာနဲ့ ကိုယ့်ရဲ့ စာရင်းတွေကိုကြည့်လို့ရမယ်ဆိုတော့ လုပ်ငန်းရှင်တော်တော်များများကလည်းစိတ်ဝင်တစားနဲ့ လေ့လာနေကြပါတယ်။
Data Security ပိုင်းတွေ ကုန်ကျစရိတ် အပိုင်း တွေကို လည်း ထည့်သွင်းတွက်ချက်နေကြပါတယ်။
တကယ်လို့ သာ ကိုယ့်ရဲ့ Data တွေသာ ကိုယ့်ရဲ့ Local Server ပေါ်မှာပဲ သာဆိုရင်
ကုန်ကျစရိတ်ကလည်းCloud Base system ထက်သက်သာမယ်ဆိုရင်...
Mobile / Tablet တွေကိုလည်း Online/ Offline သုံးလို့ရမယ်ဆိုရင်...
Data တွေကို Any Time any where မကြည့်နိုင်ပေမယ့်
Any Time တော့ HQ ကနေကြည့်လို့ ရနိုင်မယ့် WNT Solution ရဲ့ Inventory & Accounting Management System ကို စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိပ် ကို Comment or cb .မှာလာရောက်မေးမြန်းနိုင်ပါတယ်.
😊
ကုန်ရောင်း / ကုန်ဝယ် စာရင်းသွင်းပုံ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |