Four Roots Dental Clinic

Four Roots Dental Clinic

Share

Dental treatment

15/06/2024

👶ကလေးငယ်များနှင့် သွားကျန်းမာရေး🦷🪥

👶🦷ကလေးငယ်များ သွားပိုးစားခြင်းမှ ကာကွယ်ရန် ချိုဆိမ့်သော၊ စေးကပ်သော အစားအစာ (ဥပမာ ပေါင်မုန့်၊ ဘီစကစ်၊
ကွတ်ကီး၊ ချောကလက်၊ သကြားလုံး) များကို စားပြီးလျှင် သွားတိုက်ခြင်း သို့မဟုတ် ရေပလုတ်ကျင်းခြင်းတို့ ပြုလုပ်ပေးရပါမည်။

🦠ပါးစပ်ထဲရှိ ဘက်တီးရီးယားများသည် အဆိုပါ အစားအစာများကို အလွန် ကြိုက်နှစ်သက်ကြသောကြောင့် ကလေးငယ်တို့၏ သွားများကို သေချာ မသန့်ရှင်းလျှင် သွားပိုးစားရောဂါ၊ သွားဖုံးရောဂါများ အလွယ်တကူ ဖြစ်ပွားလာပါလိမ့်မည်။

📬 Four Roots Dental Clinic
အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
📮ပန်ဆိုးတန်းမှတ်တိုင်

☎️ 09 782696963

🕘 9 AM to 7 PM (Daily)

: No copyright infringement intended. Video clip and background Music belongs to their rightful owners.

Photos from Four Roots Dental Clinic 's post 10/06/2024

"မြန်မာပြည်က ကွမ်းယာထဲက ကွမ်းသီးစိပ် "

ရေစိမ်ပြီး စိပ်ထားတဲ့... ကွမ်းသီးစိပ်တွေကို
အလုံပိတ်အခန်းထဲမှာ ကန့် (ဆာလဖာ)မှုန့် ကို မီးရှို့ပြီး ထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့် ရိုက်တယ်လို့ ခေါ်ပါတယ်။

ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိပ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။

အဲဒီအခါမှာ နဂိုက ခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ် ဖြစ်သွားရောဗျ။

ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိပ်ကို
နမ်းကြည့်ဖို့ မပြောနဲ့ အရမ်းပြင်းတဲ့ အနံ့ဆိုးကြောင့်
ကန့်ဖို ဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။

အဲ့လို အနံ့ပြင်းတဲ့ ကွမ်းသီးစိပ် ကိုမှ
ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။

အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။

ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း
အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။

ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင်
တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။

ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ
၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။
မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး
ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။

ဒါက မန်းလေးက.. ဒီဘက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိပ် လုပ်ကြတဲ့နည်းပါ။

Credit to Ko Melvin Moe

05/06/2024

🎊📝 ဆေးခန်း တစ်နှစ်ပြည့် ကျေးဇူးတင်လွှာနှင့်
💐 အမှတ်တရ ဖုန်းဘေလ်အစီအစဉ်

🎊 Four Roots Dental Clinic ဖွင့်လှစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ကျွန်တော်၊ ကျွန်မတို့၏ ဆေးခန်းကို ယခင် တစ်နှစ်တာကာလအတွင်း ယုံကြည်စိတ်ချစွာ လာရောက်ပြသ၊ ကုသကြသော လူနာများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ မှတ်တမ်းတင်အပ်ပါသည်။ ရှေ့ဆက်၍လည်း သွားနှင့်ပတ်သက်သော ကုသမှုများကို အကောင်းဆုံးဖြစ်စေရန် စေတနာထား၍ ကုသပေးနေမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

💐 ဆေးခန်းတစ်နှစ်ပြည့် အမှတ်တရ အစီအစဉ်အဖြစ်
ဖုန်းဘေလ်လက်ဆောင် ပေးလိုပါသည်။
💐 ဤFour Roots ဆေးခန်းPage မှ ပညာပေးဗဟုသုတအဖြစ် မျှဝေခဲ့သော ယခင်ပို့စ်များထဲမှ မိမိတို့နှစ်သက်ရာ ပို့စ်တစ်ခုကို Like and share လုပ်ပြီး Screenshot ရိုက်ကာ ဤပို့စ်အောက်တွင် ကွန်မန့်လာပေးသူများထဲက ပထမဆုံး လူ ၁၀ ဦးကို
ဖုန်းဘေလ် ၅၀၀၀ ကျပ်စီ လက်ဆောင်ထည့်ပေးပါမည်။

📝 ဆေးခန်းကို လူအားဖြင့်လည်းကောင်း၊
စိတ်ခွန်အားဖြင့်လည်းကောင်း၊
အကြံဉာဏ်အားဖြင့် လည်းကောင်း
အဖက်ဖက်မှ ပံ့ပိုးပေးကြ‌သော
မိဘများ၊ ဆရာသမားများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ဂါရဝပြုအပ်ပါသည်။

📝🙏🎊💐

Four Roots Dental Clinic မိသားစု
_____________________________________________

📬 Four Roots Dental Clinic
အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
📮ပန်းဆိုးတန်းမှတ်တိုင်

☎️ 09 782696963

🕘မနက် (၉) နာရီမှ ည (၇)နာရီထိ (နေ့စဉ် ပိတ်ရက်မရှိ)

21/05/2024

" လေး သွားဆေးခန်း သွားပြခြင်း "

💟 ကလေးများ လိုက်ဆိုနိုင်ရန် သင့်တော်အောင်
မြန်မာမှုပြုထားပါသည်။ ကျေးဇူးတင်ပါသည်။ 💟

🏥 Four Roots Dental Clinic
အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ပန်းဆိုးတန်းမှတ်တိုင်

☎️ 09 782 696963

🕘မနက် (၉) နာရီမှ ည (၇)နာရီထိ (နေ့စဉ် ပိတ်ရက်မရှိ)

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး

Call now to connect with business.

19/05/2024

🛑"မပေါ့ဆသင့်သော ခံတွင်းကင်ဆာ"🛑

ကွမ်းယာ အများအပြား စားသုံးခြင်းနှင့်အတူ
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကြောင့် ခံတွင်းကင်ဆာရောဂါများ ဖြစ်ပွားလာကြပါသည်။ အသက် ၄၀ ကျော် အမျိုးသားများတွင် ဖြစ်ပွားကြပြီး ယခုအခါ လူငယ်များတွင်ပါ ဖြစ်ပွားလာကြပါသည်။

မိမိတို့၏ သွားများတွင် အချွန်အတက်များ ဖြစ်ပေါ်နေပါက ပါးစောင်နှင့် လျှာတို့ကို အမြဲ ပွတ်တိုက်မှုကြောင့် ပွန်းရှရာများ ဖြစ်ရင်းမှလည်း ကာလရှည်ကြာလျှင် ခံတွင်းကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။

မိမိတို့၏ လျှာ၊ ပါးစောင်တို့တွင် ပုံတွင် ပြထားသည့်အတိုင်း ပုံမှန်မဟုတ်သော အဖြူကွက်များ ဖြစ်ပေါ်နေပါက သွားနှင့်ခံတွင်းဆေးခန်းသို့ သွားရောက်ကာ ပြသစစ်‌ဆေးသင့်ပါသည်။

ထို့ကြောင့် ကွမ်းယာစားသုံးသူများ၊ သွားအချွန်အတက်၊ သွားတုအံကပ် အချွန်အတက်များ ရှိသူများသည် သွားနှင့်ခံတွင်းဆေးခန်းများတွင် စစ်ဆေးကုသမှု ခံယူသင့်ပါကြောင်း Four Roots Dental Clinic မိသားစုမှ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာ
ဝေငှအပ်ပါသည်။

📬 Four Roots Dental Clinic
အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
📮ပန်းဆိုးတန်းမှတ်တိုင်

☎️ 09 782696963

🕘မနက် (၉) နာရီမှ ည (၇)နာရီထိ (နေ့စဉ် ပိတ်ရက်မရှိ)

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး #ခံတွင်းကင်ဆာ

13/04/2024

📣သင်္ကြန်အကြိုနေ့ နှင့် သင်္ကြန်အကျနေ့ ၂ ရက် ပိတ်ပါမည်။သင်္ကြန်အကြတ်နေ့ (15 ရက်နေ့) တွင် ဆေးခန်း ပုံမှန် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ပါကြောင်း..📣


အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
📮ပန်းဆိုးတန်းမှတ်တိုင်
☎️ 09 782696963
🕘မနက် (၉) နာရီမှ ည (၇)နာရီထိ (နေ့စဉ် ပိတ်ရက်မရှိ)

06/04/2024

🙋အပြုံးလှလှ ယုံကြည်မှု ရဖို့ရာ 🌿
🦷Four Roots ကို ကြွခဲ့ကြပါနော် 🙋🦷🌿

Four Roots Dental Clinic
အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
📮ပန်းဆိုးတန်းမှတ်တိုင်
☎️ 09 782696963,

28/02/2024

Four Roots Dental Clinic နဲ့ဆို ရှိသမျှသွားတွေအကုန်စိန်စီပစ်လိုက်မှာ . . . 💎🦷

နဂိုတည်းကလှပါတယ်ဆိုတဲ့ အပြုံးလေးတွေကို ပိုမိုတောက်ပ၊ တလတ်လတ်ထနေချင်တယ်ဆိုရင် Four Roots Dental Clinic မှာ သွားစိန်ကပ်အလှဆင်ခြင်း Service ကိုပြုလုပ်နိုင်ပါပြီ။ ✨

💎🦷 သွားစိန်ကပ်အလှဆင်ခြင်းဆိုတာဟာ လူကြီးမင်းရဲ့လှပတဲ့သွားလေးတွေပေါ်မှာစိန်ပွင့်လေးတွေကို “ကော်” အကောင်းစားအသုံးပြုပြီးတင်ဆင်ခြင်းပါ။

💁‍♀️ ဒီလိုတပ်ဆင်တဲ့နေရာမှာ သွားကြွေလွှာကိုတိုက်စားပြီးမှတပ်ဆင်ရတာမျိုးမဟုတ်လို့ ကြွေလွှာပျက်စီးမှာကိုလည်းစိတ်ပူစရာမလိုတဲ့အတွက် သွားစိန်ကပ်တပ်ဆင်ခြင်းဝန်ဆောင်မှုလေးကို Four Roots Dental Clinic မှာစိတ်ချလက်ချဆောင်ရွက်နိုင်ပါတယ်။

✅ အခုနောက်ပိုင်းမှာဆိုရင် သွားစိန်ကပ်အလှဆင်ခြင်းဟာ Fashion တစ်ခုလိုပြုလုပ်လာကြတာဖြစ်လို့ ခေတ်ရေစီးကြောင်းနဲ့လည်းကိုက်ညီပြီး လူကြီးမင်းရဲ့တလတ်လတ်တောက်ပတဲ့အပြုံးလေးအတွက် Four Roots Dental Clinic ကတာဝန်ယူဆောင်ရွက်ပေးပါရစေ။

📩 Four Roots Dental Clinic ရဲ့ Page Messenger ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏠 လိပ်စာ - အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ် (ပန်းဆိုးတန်းမှတ်တိုင်)၊ ရန်ကုန်မြို့။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉) နာရီမှ ည (၇)နာရီအထိ။ (ပိတ်ရက်မရှိပါ)

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး #သွားစိန်ကပ်အလှဆင်ခြင်း

25/02/2024

Brace တပ်ခြင်းကိုမြန်မာမှုပြုရရင်တော့ သွားညှိကုသမှုကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။✨

💁‍♀️ ဘယ်လိုအခြေအနေတွေမှာ Brace တပ်ခြင်းကို ဆောင်ရွက်ဖို့လိုအပ်သလဲဆိုရင်တော့

✔ သွားမညီခြင်း၊ သွား‌များထပ်နေခြင်း၊ သွားကျဲ၊ သွားခေါခြင်းများဖြစ်ပေါ်နေတဲ့အခါ Brace တပ်ခြင်းဟာ ဒီလိုအရာတွေကို လှပတဲ့အနေအထားဖြစ်အောင် ထိန်းညှိပေးသွားမှာပဲဖြစ်ပါတယ်။

✔ တစ်ယောက်နဲ့တစ်ယောက် သွားအနေအထားပေါ်မူတည်ပြီး Brace တပ်ရတဲ့ ကြာချိန်ကတူနိုင်မှာမဟုတ်ပါဘူး။ အခုနောက်ပိုင်းခေတ်တွေမှာတော့ Brace တပ်ခြင်းဟာ Trend တစ်ခုအနေနဲ့တော်တော်များများက‌ ဆောင်ရွက်လာကြတာကိုတွေ့ရမှာပါ။

✔ လူကြီးမင်းအနေနဲ့ အပေါ်မှာပြောပြခဲ့တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရလို့ Brace တပ်ခြင်းကိုဆောင်ရွက်ချင်ပေမယ့် ငွေကြေးအခြေအနေ တွက်ချက်နေရတယ်ဆိုရင် Four Roots Dental Clinic မှာ Brace တပ်ခြင်းကိုအရစ်ကျနဲ့လုပ်ဆောင်ပေးနေတဲ့အကြောင်း သတင်းကောင်းလေးပါးပါရစေ။

📌 Four Roots Dental Clinic မှာကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ လူကြီးမင်းရဲ့သွားအခြေအနေကို သေချာစစ်ဆေးပေးခြင်း၊ လိုအပ်တဲ့အရာတွေနဲ့ ဂရုပြုရှောင်ရှားရမယ့်အရာတွေကို သေချာဂရုတစိုက်ညွှန်ကြားပေးခြင်း၊ ခေတ်မှီနည်းစနစ်ကျတဲ့ စက်ကိရိယာတွေနဲ့ဆောင်ရွက်ပေးခြင်းတို့အပြင် အရစ်ကျနဲ့ပါဆောင်ရွက်လို့ရတာမို့ Brace တပ်တော့မယ်ဆိုရင် အမြန်ဆုံး Four Roots Dental Clinic ကိုသာလာခဲ့လိုက်ပါနော်။

📩 Four Roots Dental Clinic ရဲ့ Page Messenger ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏠 လိပ်စာ - အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ် (ပန်းဆိုးတန်းမှတ်တိုင်)၊ ရန်ကုန်မြို့။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉) နာရီမှ ည (၇)နာရီအထိ။ (ပိတ်ရက်မရှိပါ)

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး #သွားညှိကုသခြင်း

20/02/2024

➨ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ အနော်ရထာလမ်းနဲ့ ၃၇ လမ်းထောင့်မှာဖွင့်လှစ်ထားသော Four Roots Dental Clinic ဟာဆိုရင် သွားရလာရလွယ်ကူအဆင်ပြေမှု၊ သန့်ရှင်းသပ်ရပ်မှု၊ နွေးထွေးပြူငှာမှုတွေနဲ့ ပေါင်းစပ်
ဖွင့်လှစ်ထားတာကြောင့် လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းပြဿနာတိုင်းအတွက် Four Roots ကိုအရောက်လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေရှင့်။

📩 Four Roots Dental Clinic ရဲ့ Page Messenger ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏠 လိပ်စာ - အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ် (ပန်းဆိုးတန်းမှတ်တိုင်)၊ ရန်ကုန်မြို့။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉) နာရီမှ ည (၇)နာရီအထိ။ (ပိတ်ရက်မရှိပါ)

18/02/2024

လှလှလေးပြုံး မျာများပိုပျော်ဖို့ Four Roots မှာသွားကြွေလွှာဖြည့်ပြုပြင်စို့ . . . 🤗

လမ်းမှာ အသိမိတ်ဆွေတွေနဲ့တွေ့လို့ လှလှပပလေးပြုံးပြလိုက်တော့မယ်ဆိုရင် သွားကျဲနေလို့ ပြုံးမပြနိုင်ဘူးဆိုမှတော့ ချေတယ်လို့အထင်ခံရပြီပေါ့။ 😣

သွားကျဲရခြင်းရဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ . . .

🔵 မေးရိုးအနေအထားကကြီးနေပေမယ့် ထွက်လာတဲ့ သွားတွေကသေးသေးလေးဖြစ်နေခြင်းကြောင့် သွားအရွယ်အစားနဲ့ မေးရိုးရဲ့အရွယ်အစားမညီမျှခြင်း။

🔵 သွားဖုံးရောဂါတွေကြောင့် သွားဖုံးရောင်ခြင်း၊ သွားတွေနဲ့လာခြင်း။

🔵 ကလေးငယ်တွေမှာဆိုရင်တော့ လက်မစုပ်ခြင်း၊ နှုတ်ခမ်းစုပ်ခြင်း စတဲ့အကြောင်းတွေကြောင့် သွားကျဲရခြင်းတွေကိုပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

သွားကျဲနေလို့ မပြုံးနိုင်တာက သင့်အပြစ်မဟုတ်ပါဘူး။ ကုသမှုအမြန်မခံယူဘဲ ဒီတိုင်းနေပြီး မပြုံးနိုင်တိုင်းစိတ်ညစ်နေလို့တော့မဖြစ်ဘူးနော်။ 🙅🏻‍♀️

သွားကျဲခြင်းကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးထဲကမှ အလွယ်ကူ အရိုးရှင်းဆုံး နည်းလမ်းကတော့ သွားကြွေလွှာဖြည့်ပြုပြင်ခြင်းပါပဲ။ ✨

💫 Four Roots မှာဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ရင်းရင်းနှီးနှီးတိုင်ပင်လို့ရပြီး ခေတ်မှီစက်ကိရိယာတွေနဲ့ သေချာစမ်းသပ်စစ်ဆေးပေးတာကြောင့် သွားကြွေလွှာဖြည့်ပြုပြင်ခြင်း ဆောင်ရွက်တော့မယ်ဆိုရင် Four Roots Dental Clinic ကိုအပြေးလေးလာခဲ့လိုက်တော့နော် ။

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး #သွားကျဲခြင်း

15/02/2024

💁 သွားပိုးပေါက်ဆိုတာဟာ သွားရဲ့ကြွေလွှာကို ပျက်စီးစေတဲ့ အက်စစ်ကိုထုတ်လွှတ်ပေးတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတာပါ။

ဒီလိုဖြစ်ပေါ်လာတဲ့ သွားပိုးပေါက်ကို အချိန်မှီမကုသဘူးဆိုရင်တော့ . . .

📌 သွားကျဉ်ခြင်း၊

📌 သွားနာခြင်း

📌 ပိုးပေါက်နေရာက တဆစ်ဆစ်ကိုက်ခြင်း။

📌 အချို၊ ရေခဲ၊ ရေနွေး စတဲ့ အရာတွေစားလိုက်မိတာနဲ့ နာကျင်မှုကိုခံစားရခြင်း စတဲ့ဒုက္ခတွေကို ခံစားရတော့မှာပဲဖြစ်ပါတယ်။

ဒီလိုတွေဖြစ်ပေါ်လာပြီဆိုရင် မပေါ့ဆဘဲနဲ့ Four Roots Dental Clinic ကိုအမြန်ဆုံးလာပြီး သွားပိုးပေါက်ဖာ Treatment လေးကို အမြန်ဆုံးရယူလိုက်ပါနော်။

🙄 ကိုယ်ကတော့ ရည်စားမရှိတဲ့ အထီးကျန်မှုထပ် သွားပိုးပေါက်ဖြစ်လာလို့ သွားပိုးပေါက်ကြောင့် သွားကိုက်မှာကို‌အကြောက်ဆုံးပဲ။

သင်ရော ဘာကိုအကြောက်ဆုံးလဲ ရည်းစားမရှိတာလား?

သွားပိုးပေါက်ရှိတာလား?

📩 Four Roots Dental Clinic ရဲ့ Page Messenger ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏠 လိပ်စာ - အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ် (ပန်းဆိုးတန်းမှတ်တိုင်)၊ ရန်ကုန်မြို့။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉) နာရီမှ ည (၇)နာရီအထိ။ (ပိတ်ရက်မရှိပါ)

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 111, 37th St & Anawrahta Road
Yangon
11182

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00