IRD - Mobile Clinic
Community & Organization
19/05/2025
19/05/2025
အလုပ်ခေါ်စာ
==========
Title: : Dentist 1 post
: Male or Female
Location : Bogalay Tsp, Irrawaddy delta.
Salary : 17 သိန်း + Travel cost
( နေ၊စား အငြိမ်း)
THAKHA သခ- (လိုင်စင်) Update ဖြစ်ရပါမည်။
---------------------------------------------------------------------
Irrawaddy River Doctors Mobile Clinic Ship သည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အခြေစိုက်ကာ မြစ်ဝကျွန်းပေါ်ရှိကျေးရွာများကို
လစဥ် လိုက်လံပြီးဆေးကုသပေးတဲ့ ပြည်တွင်းအသင်းအဖွဲ့ဖြစ်ပါသည်။ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သည်မှာ ဆယ်နှစ်ကျော်ဖြစ်ပါပြီ။ ယခုအခါတွင် သွား နှင့်ခံတွင်း ဆရာဝန် (1) ဦးတာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိပါသည်။ စိတ်ဝင်စားသူများ (ကျား ၊ မ) မရွေးလျှောက်ထားနိုင်ပါသည်။
Job descriptions အကျဥ်းချုပ်ဖော်ပြခြင်း
----------------------------------------------------------
1. လစဥ် 1 ရက်နေ့ မှ 23 ရက်နေ့အထိသည် အလုပ်ဆင်းရက်ဖြစ်ပြီး၊ လစဥ် နောက်ဆုံးအပါတ် သည် Holiday ဖြစ်ပါသည်။
2. တစ်နေရာထဲ အထိုင်ချပြီးဆေးကုသမျိုးမဟုတ်ပဲ
လစဥ် ကျေးရွာပေါင်း 13 ရွာခန့်ကို အလှည့်ကျ စနစ်ဖြင့် ဆေးကုသပေးခြင်းဖြစ်ပါသည်။
3. တစ်နေ့တာ အလုပ်ဆင်းချိန်မှာ နံနက် 8:00 မှ ညနေ 4:00 ဖြစ်ပါသည်။ လူနာပေါ်မူတည်ပြီး စောတဲ့နေ့ရှိသလို နောက်ကျမှ အလုပ်သိမ်းရတာ လည်း ရှိတတ်ပါသည်။
4. လုပ်ငန်းရှင်ဘက်မှာ နံနက်စာ နေ့လည်စာ ညနေ စာ နှင့် နေစရာပံ့ပိုးထားပါသည်။ Boat ပေါ်မှာပဲ နေရပါသည်။ Wifi နှင့် လျှပ်စစ်မီး 24 နာရီရရှိ ပါသည်။ Aircon လည်းရပါသည်။
5. လူနာ နေ့စဥ် မများသောကြောင့် စာဖတ်ဖို့လည်း အချိန်ပိုရပါသည်။ အေးအေးဆေး အလုပ် လုပ်ကိုင်လိုတဲ့သူတွေအတွက် သင့်တော်ပါသည်။
6. ပရဟိတ လုပ်ငန်းဖြစ်သောကြောင့် လစာအပြင် အခြားသော ခံစားခွင့်များတော့မရှိပါ။ ပရဟိတ စိတ်ဝါသနာရှိသူတွေအတွက်ပိုပြီး အဆင်ပြေ ပါသည်။ လူအများနဲ့ လုပ်ကိုင် နေထိုင်စား သောက် နိုင်ဖို့တော့ လိုအပ်ပါသည်။
စိတ်ဝင်စားပြီး အလုပ်လျှောက်ချင်တဲ့ ဆရာဝန်များ အနေဖြင့် အောက်ပါဖုန်းနံပါတ်ဖြင့် ဆက်သွယ်ပြီး မိမိတို့ ပိုမိုသိရှိလိုသည့်အချက်များ မေးမြန်းနိုင်ပါသည်။
Ko Min Min (GM)
Ph- 09450293864 (Viber) yes
Email: [email protected]
ရန်ကုန်မြစ်ရေ ကို သောက်ရေသန့်အဖြစ်ထုတ်လုပ်နိုင်ခဲ့ကြပြီ။ ရေသန့်ထုတ်လုပ်ရေးပညာရှင် Mr.Klaus (Germany) ကျေးဇူးအများကြီးတင်ပါတယ်။
We have been able to produce clean drinking water from the Yangon River. Thank you very much to the water purification expert Mr. Klaus (Germany).
22/09/2024
Date 22.9.2024
Htiyarli Village. ထိယာလိကျေးရွာ
ယနေ့ ဆေးကုမှတ်တမ်း
သင်္ဘောက လူနာစောင့်အခန်း မဆန့်တော့လို့ ဆေးခန်းလာပြမယ့်သူတွေ အဆင်ပြေသလို ဆိပ်ခံတံတားပေါ်မှာပဲ စောင့်ဆိုင်းရပါတယ်။
The waiting room is full. The patients are waiting on the jetty.
21/09/2024
Irrawaddy River Doctors
September mission activities...
ဧရာဝတီနည်လှည့်ဆေးကုသရေးလုပ်ငန်း
စက်တင်ဘာလ ဆေးကုသမှု မှတ်တမ်း။
အလုပ်ခေါ်စာ
==========
Irrawaddy Rivier Doctors Mobile
Clinic Boat ပေါ်တွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန် တစ်ဦး အမြန် အလိုရှိပါသည်။
============
လျှောက်ထားသူသည်
M.B;B.S ဘွဲ့ ရ ဆမ သက်တမ်းရှိသူဖြစ်ရမည်။ ဆေးကုသရေးနယ်ပယ်တွင်
လုပ်ငန်းအတွေ့ကြုံအနည်းဆုံး 1 နှစ်ရှိထားသူ ဖြစ်ရမည်။
အသက် 50 မကျော်ရ။ လူနာများ ကို စိတ်စေတ္တနာထားပြီး ကုသမှုပေးနိုင်သူဖြစ်ရမည်။ လုပ်ငန်းခွင်တွင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။ အသင်းအဖွဲ့မှ သတ်မှတ်ထားသော စည်းမျဥ်း စည်းကမ်းများကို လိုက်နာဆောင်ရွက် နိုင်သူဖြစ်ရမည်။
နယ်လှည့်ဆေးကုသရေးခရီးစဥ်မှာ
လစဥ် 1 ရက်နေ့မှ 23 နေ့အထိဖြစ်ပြီး 24 ရက်နေ့မှ လကုန်ရက်အထိ အားလပ်ရက်ဖြစ်ပါသည်။
(အိမ်ပြန်နားရက်ဖြစ်ပါသည်)
လုပ်ငန်းတည်နေရာ --- ဘိုကလေးမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
အဓိက တာဝန်မှာ အထွေရောဂါ ဆေးကုသပေးခြင်း နှင့်အတူ ကိုယ်ဝန်ဆောင်များ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဒဏ်ရာရ လူနာများ ကုသမှုပေးခြင်း၊ အဖု အကြိတ် စသည့် အသေးစားခွဲစိတ် မှုများပြုလုပ်ပေးခြင်း၊ အရေးပေါ်မွေးလူနာ ရှိပါက မီးဖွားပေးခြင်းများ၊ အခါအားလျော်စွာ ကျေးရွာ နေပြည်သူများကို ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း စသည့်တာဝန်များ ဆောင်ရွက်
ပေးနိုင်သူဖြစ်ရမည်။ ထို့အပြင် အခါအားလျော်စွာ လာရောက်သည့် နိုင်ငံခြား ဆရာဝန်များနှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်သူဖြစ်ရပါမည်။
လုပ်ငန်းရှင်ဘက်မှ နေရေး ထိုင်ရေး စားရေး သောက်ရေး နှင့် ခရီးစရိတ် ပံ့ပိုးပေးထားပါသည်။
Boat ပေါ်တွင် နေစရာအခန်း၊ နံနက်စာ နေ့လည်စာ နှင့် ညနေစာပါ ကျွေးမွေးပါသည်။
ရောက်ရှိတဲ့နေရာတိုင်း မှာ ဖုန်းလိုင်းမိသလို Wifi လည်းတပ်ထားပေးပါသည်။
Basic Salary 15 သိန်း + (ညှိနှိုင်းလို့ရပါသည်)
စိတ်ပါဝင်စားသော ဆရာဝန်များ အနေ ဖြင့် လုပ်ငန်းကိစ္စအသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်ဖြင့် တာဝန်ခံ Manager ထံ ဖုန်းဆက်သွယ်မေးမြန်းနိုင်ပါသည်။
IRD mobile Clinic
Ko Min Min (GM)
Ph: 09 450 293 864
(အလုပ်ခေါ်စာ)
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ရှိ
နယ်လှည့်ရေပေါ်ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် Nurseaid မိန်းကလေး 2 ဦးအလိုရှိပါသည်။
လိုအပ်ချက်များ။
1. အမှန်တကယ် သင်တန်းဆင်းဖြစ်ရမည်။
2. နယ်လှည့်ကျန်းမာရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
3. အသင်းဖွဲ့နဲ့ ပူးပေါင်းနေထိုင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
4. အသင်းဖွဲ့မှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
5. အနည်းဆုံး တစ်နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
6. နိုင်ငံသား မှတ်ပုံတင် လက်ဝယ်ရှိရမည်။
လုပ်ငန်းတာဝန်အချိန်....
1. တစ်လကို 23 ရက် အပြည့် အလုပ်ဆင်းရမည်။
2. ဆေးခန်းဖွင့်ချိန် နံနက် 7:30 မှ ညနေ 5:00 နာရီ။
3. လစဥ် 24 ရက်မှ လကုန်အထိသည် အလုပ်နားရက်သတ်မှတ်ထားပါသည်။
(အခြေခံလစာ အနေဖြင့် 250.000MMk.)
နေစရိတ် စားစရိတ်ကို လုပ်ငန်းရှင်ဘက်မှ ပံ့ပိုးပေးထားပါသည်။
(ဘိုကလေးမြို့ပေါ် နှင့် မြို့နယ်အတွင်းက ဦးစားပေးခေါ်ယူပါမည်။)
စိတ်ပါဝင်စားသူများ ပိုမို၍အသေးစိတ် သိရှိလိုပါက
တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
CV form လာရောက်တင်နိုင်ပါသည်။
MCC မိခင်နှင့် ကလေးစင်တာ
လိပ်စာ အမှတ် 734/ 16 လမ်း / 7 ရပ်ကွက်
ဘိုကလေးမြို့။
09450293864(Manager)
31/01/2024
2 လပိုင်းအတွက် ဆေးကုသခရီးစဥ်အချိန်ဇယားပါ။
ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ် နှင့် မော်လမြိုင်းကျွန်းမြိုနယ်ထဲက ရွာတွေပါဝင်ပါတယ်။
ရွာကလူတွေသိရှိနိုင်နိုင်အောင် ဝိုင်းဝန်းရှယ်ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ်။
ဝက်အင်းပေါက်ကျေးရွာ ဆေးကုသပေး
မှတ်တမ်း Video...
အားလုံးကို သတိရတယ်နော်....
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Yangon