KMK construction
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMK construction, Real Estate, No. 584 Pemoenin 3 Street 42 Qrt North Dagon, Yangon.
10/02/2023
ဒီရက်ထဲပတ်လုပ်ဖြစ်တာလေးတွေပါ
29/11/2022
မကြာခင်ရုပ်လုံးဖေါ်ပေးရတော့မဲ့ တထပ်လုံးခြင်းလေးရဲ့အလှ ဒီဇိုင်းတော့ပီးပါပီ ဈေးညှိဖို့ပဲကျန်ပါတော့တယ်
ဆောက်လုပ်ခြင်သူများလဲဆက်သွယ်နိုင်ပါတယ်နော်🥰🥰🥰အိမ်လှလှလေးတွေဆောက်ချင်သူမိတ်ဆွေအားလုံးကိုKMK မှနွေးထွေးစွာဖိတ်ခေါ်ပါတယ်ခင်ဗျာ ဒါလေးကတော့ ပေ 50 ပတ်လည်မြေကွက်လေးမှာဆောက်မဲ့ဒီဇိုင်းလေးပါ
-👉ကျယ်ဝန်းတဲ့ဧည့်ခန်း
-👉ဘုရားခန်း
-👉MBR 2ခန်း
-👉ရိုးရိုးအိပ်ခန်းတခန်း
-👉မီးဖိုခန်း
-👉အများသုံးရေချိုးခန်းအိမ်သာ
-👉ရေ/မီး/ဆေး
-👉SPC ကြမ်းခင်း
-👉မျက်နှာကျက်
-👉ကြွေပြား
အားလုံးပီးပြည့်စုံတဲ့အလုံးလေးပါ
📞📞📞📞📞
09253339955
17/10/2022
KMKမှ ယနေ့အပီးသတ် အပ်လိုက်တဲ့ ဧရာဝတီတိုင်း မအူပင်နားက ကရင်ချောင်းကျေးရွာမှာ ဆောက်လုပ်ပေးခဲ့တဲ့ တထပ်လုံးခြင်းအိမ်လေးပါ🥰🥰🥰
လုပ်ငန်းအောင်မြင်အောင် အဖက်ဖက်မှကူညီဖြည့်စည်းပေးခဲ့ပါသောလုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေအားလုံးကိုလဲအထူးကျေးဇူးတင်လျှက်ပါ🙏🙏🙏
နယ်မြေသစ်မှာဆောက်လုပ်ခွင့်ရဖို့အတွက် ယုံကြည်စွာလုပ်ငန်းအပ်နှံပေးပါသော အမိုးနှင့်တကွ ကိုဖိုးအော်တို့မိသားစုကိုလည်းအထူးကျေးဇူးတင်လျှက် 😍😍😍အမိုးတိုမိသားစုအားလုံးဤအိမ်သစ်မှာနေထိုင်၍ ဘေးဘရာဝေးကွာပီးစီးပွားလာဒ်လာဘများ ဒီရေအလားတိုးပွားကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏🙏🙏
ဤရွာမှာနောက်ထပ်အိမ်ကောင်းလေးတွေဆောက်လုပ်ခွင့်ရဖို့လဲမျှော်လင့်ပါရင်း😁😁😁👍👍👍
ကျေးဇူးတင်စွာဖြင့်
ကျော်သူရ🙏🙏🙏
09253339955
09253339944,
08/10/2022
KMK ဆောက်လုပ်ပေးမှုမှလက်စသပ်ပေးနေပါသော အိမ်လေး
မကြာခင် အိမ်ရှင်ထံအပ်နှံနိုင်ပါတော့မယ်ခင်ဗျာ
pH
09253339955
08/08/2022
Facebook messenger ကနေ အမေးများတဲ့ မေးခွန်းက ဒါမျိုးလေးဆောက်ရင် ဘယ်လောက်ကုန် မလဲ ဆိုတာပါပဲ ။ cb ကနေ ပုံ တစ်ချို့ ပို့ပြီး မေးတာပါ ။ အင်တာနက် စာမျက်နှာပေါ်က ပုံအများစုက ကိုယ်လိုချင်တဲ့ အခန်းဖွဲ့စည်းပုံနဲ့ ကွက်တိမကျနိူင်ပါဘူး ။
အခန်းဖွဲ့ မတူရင် အိမ်ရဲ့ အပြင်ဘက်ပုံသဏ္ဠာန်လည်း မတူနိူင်ပါ ။
Internet ပေါ်က ပုံတွေအများစုက မြန်မာဓလေ့နဲ့ မကိုက်ညီပါ ။ ဘုရားခန်း ဆိုတာလည်း မရှိသလို
အိမ်သာခန်းတွေကလည်း function ကျအောင် design လုပ်ထားတာဖြစ်လို့ အိမ်ရှေ့ရယ်အိမ်နောက် ရယ် ခွဲမထားပါ ။ အိမ်မှာနေတဲ့သူ အိမ်လာတဲ့သူအဆင်ပြေဖို့ပဲ အဓိက ထားတာပါ ။
မီးဖိုခန်းမှာဆိူရင် သူတို့က ငပိရည် ငပိချက် မစားကြတော့ ဧည့်ခန်းဘေးမှာ open type နဲ့ dry kitchen ပါ ။ ကျနော်တို့ သူတို့လုပ်သလို လုပ်လို့ဖြစ်ပေမယ့် နေတဲ့သူအဆင်မပြေနိူင်ပါ ။
ပြောချင်တာက အခန်းဖွဲ့ ကို စနစ်ကျအောင် ပြင်ဆင်ပြီးမှ ရုပ်လုံးပေါ်အောင်ဖော်ကြမှ အဆင်ပြေမှာပါ ။ ဒီလိုပုံမျိုးလေး ဆိုတာကို လက်ခံပေးလို့ရပါတယ် ။
အကုန်တူချင်ရင် အတွင်းခန်း အဆင်မပြေမှူကို ရင်ဆိူင်ရပါလိမ့်မယ် ။
အိမ်ဆိူတာ နေဖို့ ဆောက်ရတာပါ ။ အကုန်အဆင်ပြေစေချင်ပါတယ် ။ အတွင်း အပြင် အကုန်လှ အကုန်အဆင်ပြေ ဆိုမှ အိမ်ဖြစ်မယ် မဟုတ်ဘူးလား ။
( သူတို့ဓလေ့ နဲ့ အိမ်တစ်ချို့ တင်ပေးလိုက်ပါတယ် ။ )
05/08/2022
လယ်ဝေး Resort စီမံကိန်းလေးစတင်အကောင်အထည်ဖေါ်
25/06/2022
မဂ်လာပါခင်ဗျာ
ကျွန်တော်တို့ KMK မှ ဧရာဝတီတိုင်း ကရင်ချောင်းကျေးရွာသို့ရေတတန်ကုန်းတတန်သွားရောက်ဆောက်လုပ်ပေးနေပါသော မျက်နှာစာ25ပေ ရှေ့နောက်35ပေအကျယ် တထပ်RCလုံးချင်းအိမ်လေးရဲ့ ဆိုက်စတင်ခြင်မှတ်တမ်းလေးများပါခင်ဗျာ
Construction
Ph.09253339955
02/06/2022
အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားခြင်းနှင့် သိမှတ်ဖွယ်ရာများ
# RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း
၁။ လျှောက်ထားခွင့်ရှိသူ
- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ
- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာရရှိထားသူ
၂။ လျှောက်ထားရမည့်ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန
၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံချက်များ
# (က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)
(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ(G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ
(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ
(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက်(၁ စုံ)
(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်
(ဆ) အဆောက်အဦပုံစံA1ဆိုဒ်(၃) စုံနှင့် (Autocad Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)
- Location Plan
- Building Layout Plan
- Floor Plan
- Cross-section (လှေကားအားဖြတ်ဆွဲထားသောပုံ)
- Beam, Column and Foundation Plan
- Elevation (Front, Back, side)
- Structure Design Detail
(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ
(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့် တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။
(ည) Septic Tank Design (၃)စုံ (A-3)size
- Plan
- Section
- Design Calculation
- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။
(ဋ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာ ပါဝင်သော သတင်းစာကြော်ငြာ)
(ဌ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ
(ဍ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ
(ဎ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း
# အဆောက်အအုံဆောက်လုပ်ခွင့်ကို အောက်ပါ အတိုင်းစိစစ်ပါတယ်
၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်
- အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲခြင်း
- မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်တာဝန်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ်ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေး ငွေပေး ဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့် တင်ပြခြင်း
- ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူခြင်း
- ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း
# ၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း
• RC(၁)ထပ်/ SS(၁) ထပ်မှ RC(၃)ထပ်/SS (၃)ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များအား ကော်မတီ ဝင်ထိ အတည်ပြုခွင့်ပြုချက်ရယူခြင်း
# ၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်
• သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည် အထိ(၃၀ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက်(၆၀ရက်)
# ၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ
• အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
• ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
• မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
• မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
• မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
• သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း ကြိုဆောက်ထားပါက ကြိုဆောက်ဒဏ်ကြေးမပေးဆောင်ခြင်း
ကိုးကား -
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နည်းဥပဒေများ
မှတ်ချက်၊ နေပြည်တော် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့သည်လည်း အဓိက အချက်များမှာ တူညီပါသည်။
ရေးသားသူ
ဆရာကြီးမိုးထက်(၂၉.၁၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်း(၁၀) နာရီ(၄၀) မိနစ်
21/05/2022
အိမ်မကြီးရဲ့ဘေး ကားထားဖို့နဲ့ လူပါနေလို့ရအောင် ဆောက်ပေးဖို့ဆွဲထားတာလေးပါ ဘယ်ဒီဇိုင်းလေးကို မိတ်ဆွေတို့ ပိုနှစ်သက်ပါသလဲရွေးကြည့်ပါအုံးလား
ကျေးဇူးတင်စွာဖြင့်
KMK construction
Ph=09253339955
KMK မှဆောက်လုပ်ပေးနေသော Hotel အဆောက်အဦးလေး ယနေ့ကဆုန်လပြည့်နေ့မှာ တတိယထပ်ကြမ်းခင်းလေး လောင်းဖြစ်ခဲ့ပါပီ
09/05/2022
Plaster cracking 🔎🔎🔎
---------------------------
ချောသားနံရံပြင်တွေမှာ
PlasterCrack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုလျင်တော့
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ် (moisture) တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ
တစ်လကျော်လောက်ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းးလာပြီး
နရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ
Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်ပေါ်လာတဲ့
Plaster crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး
( Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ် )
Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း
(1) အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း /အမှိုက် တွေရောပါနေခြင်း
(2) အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမလုပ်မိခြင်း
(3) ခြောက်သွေ့နေတဲ့အုတ်ရိုးများအားရေမပေးပဲအချောခိုင်မိခြင်း
(4) Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲနေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း
(5) အုတ်စီရာတွင် Joint များမမိခြင်း
(6) Formwork အထပ်သားပြောင်ချောမှုကြောင့်
အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲအချောကိုင်မိခြင်း
(7) ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြားနေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5 class လောက်ကိုသာအသုံးပြုသင့်ပါတယ်
(8) အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိခြင်း
Current setting မလုပ်ခြင်း
(9) အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ Plaster cracking တွေဖြစ်ပေါ်လာရပါတယ်
အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ့ရုံနဲ့
စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်
မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ်
#ဆရာ့ထက်ကြီးတဲ့ဆျာကြီးတွေကတော့ဒီပို့စ်ကိုကျော်သွားပေးပါ
Crd ပါ
(Ko Kyaw Minn)
25/04/2022
လက်ရာပိုင်း ပိုင်ရှင်စိတ်တိုင်းကျစေရမည့်
ပစ္စည်းပိုင်းခိုကပ်မှုမရှိပဲ
အမြဲတမ်းဆောက်လုပ်ပေးလာခဲ့တဲ့ KMK ရဲ့
ကြိုးစားအားထုပ်မှု နဲ့အတူ သိပ်မကြာခင်ကာလလေးမှာ
ပိုင်ရှင်ထံ စိတ်ချမ်းမြေ့စွာ Rc အဆောက်အဦးလေးတလုံး
အပ်နှံနိုင်တော့ပါမယ်ခင်ဗျာ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 584 Pemoenin 3 Street 42 Qrt North Dagon
Yangon
11111