NWT Car Rental Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NWT Car Rental Services, Car rental, Yangon.
19/10/2019
ယာဉ်မတော်တဆမှုဖြစ်လာတဲ့အခါ အောက်ပါအချက်ကလေးတွေနဲ့ အမှား /အမှန် ခွဲခါးဆုံးဖြတ်တယ်ဆိုတာ သိထားနှိုင်ကြပါစေ။ မိတ်ဆွေများအားလုံး မေတ္တာတရား ရှေ့ထားမောင်းနှင်ကြပြီး ခရီးလမ်းမှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ စိတ်ချမ်းသာနှိုင်ကြပါစေ။
18/10/2019
အဆွေတော်တို့၏ မော်တော်ယာဉ်များ စည်းကမ်းတကျ မောင်းနှင်နှိုင်ကြ ပါစေကြောင်း မျှဝေလိုက်ပါသည်။
08/10/2019
အလုပ်ပိတ်ရက်၊၊ ကျောင်းပိတ်ရက်၊ အားလပ်ရက် အတွင်း ရန်ကုန်မြို့တော်မှ အနယ်နယ် အရပ်ရပ်သို့ ပြန်ကြမည့် လူကြီးမင်းတို့အတွက် ကျွန်ုပ်တို့ NWT ကားအငှားလုပ်ငန်းမှ ဝန်ဆောင်မှုပေးပါရစေ။ လူကြီးမင်းတို့၏ ဇာတိမြေသို့ ပြန်ကြမည့် ခရီးစဉ်များအတွက်၊ ဘေးကင်းလုံခြုံစိတ်ချစွာနဲ့ ငြိမ့်ငြောင်း သာယာပြီး သက်တောင့်သက်သာ ဖြစ်စေမည့် ကားများဖြင့်သာ၊ ကျွန်ုပ်တို့ ကုမ္ပဏီမှ ဝန်ဆောင်မှုပေးပါသည်။ လူကြီးမင်းတို့ အိမ်အပြန်ခရီးစဉ်အတွက် မျက်နှာပမ်းလှစေမည့် ကားများ ငှားယူလိုပါက အောက်ပါဖုံးနံပါတ်များသို့ ဆက်သွယ်နှိုင်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
🍀 ဆက်သွယ်ရန် လိပ်စာ-
🌷 ရန်ကုန် ရုံးချုပ်-
အမှတ် (၉၇)၊ (၄) လွှာ၊ ဦးရေခဲကွန်ဒို၊ ဦးရေခဲလမ်း၊ မရမ်းကုန်းမြို့နယ်။
📞 Hotline:
09799455059
0942171894
05/10/2019
🌸🌸🌸 လူကြီးမင်းတို့၏ စီးပွါးဥစ္စာ ဒီရေအလား တစ်နေ့တခြား တိုးပွါးနှိုင်ကြပါစေကြောင်း ဆုတောင်းလျက်၊ ကျွန်ုပ်တို့ NWT Car Rental Services ရဲ့ မြဝတီမြို့ ခရီးစဉ်လေးကို မိတ်ဆက်ပေးပါရစေ။🌸🌸🌸
🌿 မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဇုံတစ်ခုဖြစ်တဲ့ မြဝတီမြို့ဟာ၊ ပြည်တွင်းထွက်ကုန်များ တင်ပို့ရာ၊ ပြည်တွင်းသွင်းကုန်များ ဝင်ရောက်ရာ ၊ ပြည်တွင်း ပြည်ပကုန်သည်များ ဆုံစည်းရာ အဓိက နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့အတွက်၊ အပမ်းဖြေလည်ပါတ်စရာ၊ လေ့လာစရာ စုံလင်တဲ့ နေရာလေးတစ်ခုပါ။
🌿 ထို့အတူ၊ တစ်ဘက် ထိုင်းနိုင်ငံသို့ အလည်အပါတ် ဗီဇာဖြင့် အလွယ်တကူ ဝင်ရောက်နှိုင်ပြီး၊ တစ်ဘက်နိုင်ငံထွက် ကုန်ပစ္စည်းများကို စူးစမ်းလေ့လာ ဝယ်ယူနိုင်တဲ့အတွက် ကုန်သည်များ လုပ်ငန်းရှင်များ မကြာခဏ အရောက်သွားကြတဲ့ နေရာလေး တစ်ခုလည်း ဖြစ်ပါတယ်။
🌿 လူကြီးမင်းတို့ အနေဖြင့် တစ်ဘက် ထိုင်းနိုင်ငံသို့ အထူးဗီဇာ ( Special Pass ) ဖြင့် ဝင်ရောက်ပြီး-
Robinson Center, Tesco Lotus Mall, Hong Long Mall, Makro Shopping Mall အစ ရှိသည်တို့မှာ၊ ဒေသထုတ်ကုန်ပစ္စည်းအနေအထား၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ၊ စက်ပစ္စည်းကိရိယာများ၊ လူသုံးကုန် ပစ္စည်းမျိုးစုံကို သွားရောက် ကြည့်ရှု နမူနာယူပြီး၊ မိမိတို့ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နှိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
🌿 အလည်အပါတ်သဘောနဲ့ အပျော်သွားမည်ဆိုပါက ကြက်ပန်းခြံလို့လူသိများတဲ့ဖဝေါဘုရားနှင့်မောင်နီနတ်ကွန်း ၊ အညောင်းအညာဖြေ ရေပူစမ်းစိမ်ရင်း ကြက်ဥပါပြုတ်စားနိုင်မယ့် ရေပူစမ်း ၊ တစ်ကျောင်းလုံးရွှေအတိဝင်းနေတဲ့ ရွှေကျောင်း၊ ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုထူးခြားစွာဆန့်ကျင်နေတဲ့ သံလိုက်တောင် ( Magic Hill ) ၊ နဂါးရုပ်ထုကြီးရှိတဲ့ နဂါးလိုဏ်ဂူ၊ ရှေးဟောင်းပစ္စည်းအများအပြားပြသထားတဲ့ ပြတိုက် မြွေဘုရား၊ စက်ရုပ်ပန်ခြံ ခေါ် သရံဝန်းခြံ (ကျောက်တုံးဥယျာဉ်)၊ မိကျောင်းကုန်းဘုရား၊ ရွှေမြင်းဝန်ဘုရား ကဲ့သို့ လည်ပါတ်စရာ များစွာ ရှိနေပါသေးတယ်။
🌿 ထိုကဲ့သို့ စီးပွါးရေး၊ လူမှုရေး၊ အလည်အပါတ် ခရီးစဉ်များအတွက် ကျွန်ုပ်တို့ နေဝန်းသစ် ကားအငှားလုပ်ငန်းမှ၊ လူကြီးတို့စိတ်အေးချမ်းသာမှုပြည့်ဝစွာ သွားရောက်လေ့လာနှိုင်ရန်အတွက်၊ တစ်ဘက် ထိုင်းနိုင်ငံထဲအရောက် ၊ ကျွမ်းကျင်သော ယာဉ်မောင်းများ၊ ဖေါ်ရွှေသော အပြုံးများနဲ့ အောက်ပါဈေးနှုန်းများအတိုင်း ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်-
🌺(၂) ညအိပ် (၃) ရက်ဈေးနူန်း🌺
Toyota Probox ၄၅၀၀၀၀ ( 3+1 Seaters )
Toyota Vista ၅၀၀၀၀၀ ( 3+1 Seaters )
Toyota Kluger ၅၅၀၀၀၀ ( 3+1 Seaters )
Toyota Alphard ၆၀၀၀၀၀ ( 7 Seaters )
Hyundai County ၁၅၀၀၀၀၀ ( 24 Seaters )
( မှတ်ချက် ။ အထက်ဖေါ်ပြပါ ဈေးနှုန်းများသည်၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် အထူးဗီဇာကြေး၊ လမ်ြးေ၊ ဒကး၊ ဆီဖိုး အပြီး အစီး ဈေးနှုန်းများ ဖြစ်ပြီး၊ တည်းခိုခန်း နှင့် ဟိုတယ်ခတို့ မပါဝင်ပါ။ )
🍀 ဆက်သွယ်ရန် လိပ်စာ-
🌷 ရန်ကုန် ရုံးချုပ်-
အမှတ် (၉၇)၊ (၄) လွှာ၊ ဦးရေခဲကွန်ဒို၊ ဦးရေခဲလမ်း၊ မရမ်းကုန်းမြို့နယ်။
📞 Hotline:
09799455059
0942171894
04/10/2019
03/10/2019
🙏စိတ်၏ကျမ်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်ဝကြပါစေ🙏
ရုံး၊ ကျောင်း အားလပ် ရက်များမှာ
နေ့ချင်းပြန် (သို့) တညအိပ် ၂ ရက် ဖြင့်
မြန်မာနိုင်ငံ ရဲ့ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်တဲ့အပြင်၊ ကမ္ဘာတလွှားကပါ ရင်သပ်ရှုမော အံသြကြရတဲ့
ကျိုက်ထိးရိုး ခရီး စဉ်လေးကို လူကြီးမင်းတို့အား မိတ်ဆက်ပေးချင်ပါတယ်။
☘ ရန်ကုန်မြို့မှ နံနက်စောစော ခရီးစဉ်စတင်ပြီး၊
ဆံတော်ရှင် ကျိုက်ထိးရိုးတောင်ခြေ ကင်ပွန်းစခန်းသို့ မိုးလင်းချိန် ရောက်တာနဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေ စေတီတော်ကြီးကို ဖူးမြော် နိုင်ပါတယ်။,ဘုရားရင်ပြင်ပ်ါမှာ အေးမြတဲ့ လေပြေညှင်းကို ရှုရှိုက်ရင်း၊ မျက်စိပသာဓ ကျစရာ၊ သဘာဝအလှကိုခံစားပြီး ၊ ပင်ပမ်းခဲ့သမျှတဒင်္ဂနဲ့ အားသစ်၊ အင်သစ်၊ စိတ်သစ် လူသစ်ဖြင့် လန်းဆန်းနှိုင်ကြပါလိမ့်မယ် လို့ယုံကြည်ပါတယ်။
☘ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးကအပြန်၊ ကျိုက်ထိုမြို့ရဲ့ ကျက်သရေဆောင် ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားကိုလည်း ဖူးမျှော်နှိုင်ပါသေးတယ်။
☘ ထို မှတဖန် စိမ်းလဲ့တင်အပန်းဖြေစခန်းမှာ အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး၊ မွန်ပြည်နယ်ရဲ့လက်ရာစားသောက်ဖွယ်ရာများကို မြည်းကြည့် ခံစားသုံးဆောင်နှိုင်ပါလိမ့်မယ်။
☘ အပြန်ခရီးမှာ ဟံသာဝတီရွှေမြို့တော်ရဲ့ အထင်ကရ ရွှေမုဌော စေတီတော်ကြီးကို
ဝင်ရောက်ဖူးမြော် ပြီး၊ မြန်မာ့ဒုတိယအင်ပါယာအဖြစ် တည်ထောင်ခဲ့တဲ့၊ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီ နန်းတော်ရာနေရာဟောင်းလေးကိုလည်း ဝင်ရောက် လေ့လာနိုင်ပါသေးတယ်။
☘ ပဲခူးမြို့ရဲ့ သမိုင်းဝင် အထင်ကရ တန်ခိုးကြီး ဘုရားများ ဖြစ်ကြသော ရွှေ သာလျှောင်း, မြသာလျှောင်း,ကျိုက်ပွန် လေးမျက်နှာဘုရားအစရှိတဲ့ ဘုရားအစုံကို ဖူးမျှော်ရင်း ဒေသထွက်ကုန်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ် လေးများနဲ့ လက်မှုပညာရပ် ပစ္စည်းလေးများကို အမှတ်တရ ဝယ်ယူနှိုင်ကြပါလိမ့်မယ်။
☘ ရန်ကုန်ရွှေမြို့တော်သို့ ခြေဦးလှည့်တဲ့ လမ်းမထက်မှာတော့၊ ရိုးရာ သစ်ထွင်း ပန်းပုရုပ်လေးတွေ လေ့လာနိုင်သလို၊ Shwepyi Resort မှာလည်း ခေတ္တအနားယူနှိုင်ပါသေးတယ်။
🌿 အထက်ဖေါ်ပြပါ ခရီးစဉ်အတွက် လူကြီးမင်းတို့ အရောက်သွား အနားယူ အပမ်းဖြေဖို့ ဆန္ဒရှိမည် ဆိုပါက၊ ကျွန်ုပ်တို့ NWT ကား ဝန်ဆောင်မှု လုပ်ငန်းမှ၊ (လမ်းကြေး၊ ဆီဖိုး၊ ကားမောင်းသမားကြေး အပြီးအစီး) အောက်ဖေါ်ပြပါ ဈေးနှုန်းများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်-
🌺 ကျိုက်ထီးရိုးနေ့ချင်းပြန် ဈေးနူန်းများ
Toyota Probox 110000 ( 3+1 Seaters )
Toyota Vista 130,000 ( 3+1 Seaters )
Toyota Kluger 150,000 ( 3+1 Seaters )
Toyota Alphard 200,000 ( 7 Seaters )
Hyundai County 300000 ( 24 Seaters )
🌺 ကျိုက်ထီးရိုး ၁ညအိပ်၂ ရက်ဈေးနူန်း
Toyota Probox 150000 ( 3+1 Seaters )
Toyota Vista 170,000 ( 3+1 Seaters )
Toyota Kluger 200,000 ( 3+1 Seaters )
Toyota Alphard 250,000 ( 7 Seaters )
Hyundai County 350000 ( 24 Seaters )
🍀 ဆက်သွယ်ရန် လိပ်စာ-
🌷 ရန်ကုန် ရုံးချုပ်-
အမှတ် (၉၇)၊ (၄) လွှာ၊ ဦးရေခဲကွန်ဒို၊ ဦးရေခဲလမ်း၊ မရမ်းကုန်းမြို့နယ်။
📞 Hotline:
09799455059
0942171894
03/10/2019
ရုံး ပိတ်ရက်၊ ကျောင်းပိတ်ရက် မိသားစုလိုက်ပဲ သွားသွား၊ အပေါင်းအဖေါ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲ စုသွားသွား၊ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဖြင့် လူကြီးမင်းတို့ သွားလိုသည့် ခရီးစဉ်များအတွက် (၂၄) ယောက်စီး Hyundi County Minibus ကားများဖြင့် ဝန်ဆောင်မှု ပေးရန် အသင့်ရှိပါသည်။ လူကြီးမင်းတို့ သွားလို့သည့်နေ့ရက်အတွက် ကြိုတင်ဘိုကင်ယူပြီး စုံစမ်းစာရင်းသွင်းထားဖို့တော့ လိုပါလိမ့်မယ်။
လူကြီးမင်းတို့၏ အားလပ်ရက်များကို၊ စိတ်လွတ်ပေါ့ပါး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းနှိုင်ကြပါစေကြောင်း ကျွန်ုပ်တို့ NWT ကား ဝန်ဆောင်မှု ကုမ္ပဏီမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🍀 ဆက်သွယ်ရန် လိပ်စာ-
🌷 ရန်ကုန် ရုံးချုပ်-
အမှတ် (၉၇)၊ (၄) လွှာ၊ ဦးရေခဲကွန်ဒို၊ ဦးရေခဲလမ်း၊ မရမ်းကုန်းမြို့နယ်။
🌷 နေပြည်တော်ရုံး-
အမှတ် (၂၃၉၈၆)၊ မင်္ဂလာဒီပရပ်ကွက် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်။
📞 Hotline:
09799455059
0942171894
Travel Rental #မြန်မာ့ခရီးသွား #ကားငှားရမ်းခြင်း
Click here to claim your Sponsored Listing.
Category
Website
Address
Yangon