Partners' Link
Let's do the best relations with Partners' Link.
07/08/2026
လေးဘက်နာရောဂါတွေ ဆိုတာ ဘာတွေလဲ? အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ? 🦵
"လေးဘက်နာ" ဆိုတာ ခန္ဓာကိုယ်ရဲ့ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ သွေးကြောတွေကို နာကျင်ရောင်ရမ်းစေတဲ့ ရောဂါစုကြီး ဖြစ်ပါတယ်။ လူအတော်များများက အဆစ်အမြစ်ကိုက်ခဲတာ တစ်ခုတည်းကိုပဲ လေးဘက်နာလို့ ထင်တတ်ကြပေမယ့် တကယ်တော့ လေးဘက်နာအမျိုးအစား ပေါင်း ၁၀၀ ကျော်အထိ ရှိပါတယ်။
အဲ့ဒီထဲကမှ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဖြစ်အများဆုံး လေးဘက်နာ အမျိုးအစားကြီး (၄) မျိုးကို ဝေမျှပေးချင်ပါတယ် 👇
🩸 သွေးလေးဘက်နာ (Rheumatoid Arthritis - RA)
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ပြီး ကိုယ့်အဆစ်တွေကို ပြန်တိုက်ခိုက်ရာကနေ ဖြစ်လာတဲ့ ရောဂါပါ။ လက်ချောင်း၊ ခြေချောင်း အဆစ်လေးတွေကစပြီး ဘယ်ညာအစုံလိုက် ရောင်ရမ်းနာကျင်တတ်ပြီး မနက်အိပ်ရာထချိန်မှာ အဆစ်တွေ တောင့်တင်းနေတတ်တာက အဓိက လက္ခဏာဖြစ်ပါတယ်။
🦴 အရိုးနုစား လေးဘက်နာ (Osteoarthritis - OA)
အသက်ကြီးလာတာ၊ ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် အဆစ်ကို အလွန်အကျွံ သုံးစွဲတာကြောင့် အဆစ်ကြားက အရိုးနုလေးတွေ ပွန်းစားပြီး ဖြစ်လာတဲ့ ရောဂါပါ။ အသက် ၅၀ ကျော်သူတွေမှာ အဖြစ်များပြီး အထူးသဖြင့် ဒူးဆစ်၊ ခါးဆစ်နဲ့ တင်ပါးဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။
🍄ယူရစ်အက်စစ်များ လေးဘက်နာ / ဂေါက်ရောဂါ (Gout)
သွေးထဲမှာ ယူရစ်အက်စစ် (Uric Acid) တွေ အရမ်းများလာပြီး အဆစ်တွေထဲမှာ သွားစုပုံရာကနေ ဖြစ်လာတာပါ။ကိုယ်တွင်း ကလီစာများ၊ ပုစွန်၊ မျှစ်နဲ့ အရက်၊ ဘီယာတွေ အစားများသူတွေမှာ အဖြစ်များပြီး အထူးသဖြင့် ခြေအဆစ်ကြီး ချက်ချင်းဖောင်းကြွပြီး ပြင်းပြင်းထန်ထန် နာကျင်လာတတ်ပါတယ်။
🦋 အရေပြားလေးဘက်နာ / လူးပတ်စ်ရောဂါ (SLE)
ဒါကတော့ အဆစ်အမြစ်တင်မကဘဲ အရေပြား၊ ကျောက်ကပ်၊ နှလုံးနဲ့ အဆုတ်စတဲ့ ခန္ဓာကိုယ်အတွင်းအင်္ဂါတွေကိုပါ ကိုယ်ခံအားစနစ်က မှားယွင်းတိုက်ခိုက်တဲ့ ပြင်းထန်တဲ့ လေးဘက်နာအမျိုးအစား ဖြစ်ပါတယ်။ မျက်နှာမှာ လိပ်ပြာပုံစံ အနီကွက်တွေ ထွက်လာတတ်တာက ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
"လေးဘက်နာရောဂါတွေဟာ အမျိုးအစားပေါ်မူတည်ပြီး ကုသပုံချင်း မတူညီကြပါဘူး။“
ဒါကြောင့် မိမိမှာ အဆစ်အမြစ်တွေ ပုံမှန်မဟုတ်ဘဲ နာကျင်ရောင်ရမ်းနေပြီဆိုရင် အကိုက်အခဲပျောက်ဆေးတွေ ဇွတ်မှိတ်သောက်မယ့်အစား နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ထိရောက်တဲ့ ကုသမှုကို စောစောစီးစီး ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ ❤️
06/08/2026
Partners' Link Co., Ltd. ၏ မန္တလေးမြို့ ရုံးခွဲ တွင် တာဝန်ထမ်းဆောင် ရန် အရည်အချင်း ရှိသော အောက်ပါ ဝန်ထမ်းများအား အမြန်အလိုရှိပါသည် ။
လျှောက်ထားလိုသူများ သည် ဖော်ပြပါ viber နှင့် Email သို့ CV Form များ ပေးပို့လျှောက်ထားနိုင်ပါသည် ။
06/08/2026
Omega-3 ဆိုတာဘာလဲ? Omega-3 ထဲမှာ ဘာတွေ ပါဝင်လဲ? 🐟🧠
ကျန်းမာရေးအတွက် “Omega-3 (အိုမီဂါ-သရီး)” ကို သောက်ပေးသင့်တယ်ဆိုတာ လူတိုင်းကြားဖူးကြမှာပါ။ ဒါပေမဲ့ Omega-3 ဆိုတာ တကယ်တော့ ဘာလဲ? သူ့ထဲမှာ ဘာဓာတ်တွေ ပါဝင်နေလို့ ခန္ဓာကိုယ်အတွက် ဒီလောက်အရေးကြီးတာလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်👇
Omega-3 ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ “မပြည့်ဝဆီဥဓာတ် (Good Fat)” အမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ သူ့အလိုလို မထုတ်လုပ်နိုင်တာကြောင့် အစားအသောက်တွေကတစ်ဆင့် မဖြစ်မနေ ဖြည့်တင်းပေးရပါတယ်။
Omega-3 ရဲ့ အဓိက အကျိုးပြုပုံစံ (၃) မျိုး ရှိပြီး သူ့ထဲမှာ အဓိကအားဖြင့် အောက်ပါ ဓာတ်ပစ္စည်း (၃) မျိုး ပါဝင်ပါတယ် 👇
DHA (Docosahexaenoic Acid) 🧠👀
ဦးနှောက်နှင့် အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ်လုပ်ဖို့နဲ့ မျက်စိအမြင်အာရုံ စူးရှထက်မြက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထူးအရေးပါပြီး ဆယ်လ်မွန်ငါး၊ တူနာငါးစတဲ့ ပင်လယ်ငါးကြီးတွေနဲ့ ငါးကြီးဆီ (Fish Oil) တွေမှာ အများဆုံး ပါဝင်ပါတယ်။
EPA (Eicosapentaenoic Acid) 🫀🛡️
ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ချပေးပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေးကို အဓိက စောင့်ရှောက်ပေးပါတယ်။ သွေးတွင်း အဆီဓာတ် (Triglycerides) ကို ကျဆင်းစေပြီး ပင်လယ်စာတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။
ALA (Alpha-Linolenic Acid) 🌱
ဒါကတော့ အပင်ကရတဲ့ Omega-3 အမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး နည်းနည်းချင်းစီကို EPA နဲ့ DHA အဖြစ် ပြန်ပြောင်းလဲပေးပါတယ်။ နှမ်းကြတ်စေ့ (Flaxseeds)၊ သစ်ကြားသီး (Walnuts) နဲ့ ချီယာစေ့ (Chia seeds) တို့မှာ အများဆုံး ပါဝင်ပါတယ်။
💡 Omega-3 သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ -
👉🏻 နှလုံးရောဂါနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုကို လျော့ချပေးခြင်း
👉🏻 ဥာဏ်ရည်ဥာဏ်သွေးနှင့် မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း
👉🏻အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲမှုများကို သက်သာစေခြင်း
👉🏻 မျက်စိအမြင်အာရုံတိုးတတ်ကောင်းမွန်စေခြင်း
👉🏻 စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူး များစွာရှိပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ်စားသောက်မှုပုံစံမှာ Omega-3 ပါဝင်တဲ့ အစားအစာတွေနဲ့ ငါးကြီးဆီ ဖြည့်စွက်စာတွေကို မျှတစွာ ထည့်သွင်းစားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ ❤️
06/08/2026
ရာသီတုတ်ကွေး ကာကွယ်ဆေး (Flu Vaccine) တကယ်ရော ထိုးဖို့ လိုအပ်သလား ❓💉
ရာသီဥတု အကူးအပြောင်း ရောက်ပြီဆိုတာနဲ့ တုပ်ကွေး ဖျားနာတာတွေ ခဏခဏ ဖြစ်တတ်ကြပါတယ်နော်။ ဒီလိုအချိန်မှာ "ရာသီတုတ်ကွေး ကာကွယ်ဆေး ထိုးသင့်သလား၊ မထိုးသင့်ဘူးလား" ဆိုပြီး တွေးရခက်နေသူတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
အဓိက ကာကွယ်ဆေး ထိုးသင့်သူများ 💡
👶 ကလေးငယ်များ (အသက် ၆ လအထက်)
👵 အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ
🤰 ကိုယ်ဝန်ဆောင် မိခင်များ
🏥 နာတာရှည် ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ် ရောဂါသည်များ)
👩⚕️ ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာပြုစုနေသူများ
⚠️ဘယ်သူတွေ မထိုးသင့်ဘူးလဲ (သို့) ခဏဆိုင်းငံ့သင့်သလဲ
❌ ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်ခုခုနဲ့ ပြင်းထန်စွာ ဓာတ်မတည့်ဖူးသူများ (Severe Allergy)
❌ အဖျားတက်နေချိန် သို့မဟုတ် ပြင်းထန်စွာ ဖျားနာနေချိန် (ဖျားတာ သက်သာမှ ထိုးပေးရပါမည်)
💡 ဘာကြောင့် နှစ်စဉ် ထိုးပေးသင့်တာလဲ?
ရာသီတုတ်ကွေး ဗိုင်းရပ်စ် (Influenza Virus) ဟာ အမျိုးအစား ခဏခဏ ပြောင်းလဲတတ်တာမို့ လွန်ခဲ့တဲ့နှစ်က ထိုးထားတဲ့ ကာကွယ်ဆေးဟာ ဒီနှစ်အတွက် အပြည့်အဝ အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် တစ်နှစ်ကို (၁) ကြိမ် ပုံမှန် ထိုးပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။
🌟 တုတ်ကွေးဖြစ်ရင် အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ဆေးဖိုးကုန်ကျစရိတ် များနိုင်တာမို့ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရာသီတုတ်ကွေး ကာကွယ်ဆေး ထိုးနှံထားကြဖို့ တိုက်တွန်းပါရစေနော်။
🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”
🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881
🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679
#𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #ရာသီတုပ်ကွေး
03/08/2026
နေ့စဉ်ဘဝမှာ အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ Movaday
🏃♂️ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ် ကိုက်ခဲတာတွေကြောင့် နေ့စဉ်လှုပ်ရှားသွားလာရခက်ခဲပြီး စိတ်ညစ်နေရပြီလား?
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်း ပေါ့ပါးသွက်လက်နေစေဖို့ အရိုးအဆစ်တွေနဲ့ အရိုးနု (Cartilage) တွေ သန်စွမ်းကျန်းမာနေဖို့ အထူးလိုအပ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတာ၊ အထိုင်များတာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု ပုံစံမမှန်တာတွေကြောင့် အဆစ်အမြစ်တွေ တောင့်တင်းပြီး နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို ကြုံတွေ့လာရတတ်ပါတယ်။
ဒီလိုအခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပေးပြီး နေ့စဉ်ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ဖို့ Movaday က သင့်အနားမှာ ရှိနေပါတယ်👇
မိဘဘိုးဘွားတွေအတွက်ပဲဖြစ်ဖြစ်၊ နေ့စဉ်တက်ကြွစွာ လှုပ်ရှားရုန်းကန်နေရတဲ့ မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် အရိုးအဆစ်ကျန်းမာရေးအတွက် Movaday ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါနော်။
လှုပ်ရှားမှုတိုင်း ပေါ့ပါးသွက်လက်ပြီး ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ ❤️
#အရိုးအဆစ်ကျန်းမာရေး
01/08/2026
“မိုးရာသီမှာ အဖြစ်များတဲ့ အူလမ်းကြောင်းပြဿနာတွေကို Panbio (Probiotics) နဲ့ ဖြေရှင်းစို့"🌧️👾
မိုးရာသီရောက်ပြီဆိုတာနဲ့ စိုစွတ်တဲ့ရာသီဥတုကြောင့် ရေနဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကတစ်ဆင့် ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုပေါက်ဖွားလွယ်တတ်ပါတယ်။ ဒါကြောင့်ပဲ မိုးရာသီမှာ အစားမှားတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ လေပွတာနဲ့ ဗိုက်အောင့်ဗိုက်နာဖြစ်တဲ့ အူလမ်းကြောင်းပြဿနာတွေကို ပိုပြီး အဖြစ်များလာရတာပါ။
အထူးသဖြင့် မိုးအေးအေးနဲ့ လမ်းဘေးစာ (Street Food) တွေ၊ အပူအစပ်တွေ ပိုစားဖြစ်တဲ့ အစားတစ်လိုင်းတို့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ အန္တရာယ်က ပိုနီးစပ်နေပါတယ်။
ဒီလိုမိုးရာသီ အူလမ်းကြောင်းပြဿနာတွေကို ထိရောက်စွာ ကာကွယ်ဖြေရှင်းပေးဖို့ Panbio Probiotics ရှိပါတယ် 👇
ရောဂါပိုးအလွယ်တကူပေါက်ဖွားနိုင်တဲ့ မိုးရာသီမှာ ဘာပဲစားစား ဗိုက်နာမှာ မပူရအောင်၊ ဘယ်သွားသွား စိတ်အေးရအောင် အူလမ်းကြောင်းရဲ့ အကောင်းဆုံးအဖော်မွန် Panbio လေးကို အမြဲဆောင်ထားကြစို့နော်။
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘဲ မိုးရာသီနေ့ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။ ❤️
🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”
🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881
🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679
#𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕 #အူလမ်းကြောင်းကျန်းမာရေး
31/07/2026
📢 BigSale7 Application ကနေ Partners’ Link Co., Ltd. ရဲ့ ဆေးဝါးများကို အလွယ်တကူ မှာယူနိုင်ပါပြီ! 💊🛒
BigSale7 Application တွင် Buyerအကောင့်ဖွင့်ပြီး Partners’ Link Co., Ltd. ရဲ့ အရည်အသွေးမြင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးနှင့် အားဆေးများကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ဝယ်ယူနိုင်ပါပြီနော်။
BigSale7 Application က
✅ အကောင့်ဖွင့်ရ လွယ်ကူ
✅ ဆေးပစ္စည်းများကို တိုက်ရိုက်မှာယူနိုင်
✅ အချိန်ကုန်သက်သာပြီး အဆင်ပြေမြန်ဆန်
✅ လက်ကား/လက်လီ ဝယ်ယူသူများအတွက်လည်း အဆင်ပြေစေပါတယ်။
ယနေ့ပဲ BigSale7 Application တွင် Buyerအကောင့်ဖွင့်ပြီး Partners’ Link Co., Ltd. ရဲ့ ဆေးဝါးများကို စတင်မှာယူလိုက်ပါ။
BigSale7 Application Buyerအကောင့်ဖွင့်ရန်အတွက် video link လေးကိုလည်း အောက်မှာချပေးထားပါမယ်ရှင်။
https://fb.watch/Igoj6XWgMI/
🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”
🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881
🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679
#𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕
30/07/2026
မဖြစ်ခင်ကာကွယ် အသည်းကင်ဆာ အန္တရာယ် ⚠️
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး ဓာတ်ခွဲခန်းကြီးဖြစ်တဲ့ 'အသည်း' ဟာ ဝေဒနာတွေကို
အလုပ်လုပ်ဆုံး၊ သည်းခံနိုင်ဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း အသည်းမှာ ပြဿနာတစ်ခုခုဖြစ်လာရင် အစောပိုင်းအဆင့်တွေမှာ လက္ခဏာ သိပ်မပြတတ်ဘဲ နောက်ဆုံးအဆင့် ကင်ဆာအထိ ရောက်ရှိသွားတတ်လို့ "တိတ်ဆိတ်တဲ့ လူသတ်သမား" လို့တောင် တင်စားကြပါတယ်။
ဒါဆို အသည်းကင်ဆာအန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ? 👇
၁။ အသည်းရောင်အသားဝါပိုး (B ပိုး၊ C ပိုး) စစ်ဆေးပါ။အသည်းရောင်အသားဝါ Bပိုးကာကွယ်ဆေးကို စနစ်တကျထိုးနှံပါ 💉
၂။ အရက်နှင့် အယ်လ်ကိုဟောကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ 🍷
၃။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝမစားပါနဲ့ 🥜
၄။ ကိုယ်အလေးချိန် ထိန်းညှိပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ 🥗
၅။ ဆေးဝါးများကို စနစ်တကျ သောက်သုံးပါ 💊
"အသည်းကင်ဆာဆိုတာ ဖြစ်လာမှ ကုသရတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။"
သင့်ရဲ့ အသည်းကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ပြီး အသည်းကို အချိန်မှန် ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။ ရောဂါဘယ ကင်းဝေးကြပါစေ။ ❤️
27/07/2026
သတိမေ့တတ်တာက ပုံမှန်ပဲမို့ ဂရုစိုက်စရာမလိုဘူးလို့ထင်နေတာလား?
ခဏခဏ မေ့လျော့တာ၊ အာရုံစိုက်မရတာတွေက သင့်ဦးနှောက်က အနားယူဖို့နဲ့ အာဟာရဓာတ် ဖြည့်တင်းပေးဖို့ လိုအပ်နေပြီဆိုတဲ့ Signal ပြနေတာ ဖြစ်ပါတယ်။
💡 Adult Vita Capsule မှာ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ စနစ်တကျ ပါဝင်တာမို့ နေ့စဉ်မှတ်ဉာဏ်စွမ်းရည်ကို ထိန်းသိမ်းပေးပြီး Focus အပြည့်နဲ့ ဖြတ်သန်းနိုင်အောင် ကူညီပေးမှာပါ။
အလုပ်တွေကြားထဲ အမြဲတမ်း 'Sharp' ဖြစ်ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့ နေ့တစ်နေ့ရဲ့အစကို Adult Vita နဲ့ပဲ အားဖြည့်လိုက်ရအောင်။
Adult Vita Capsule ကိုမြန်မာနိုင်ငံတစ်ဝှမ်းရှိ ရွှေအိုး ၊ ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်နှင့် သစ်ခွ ဆေးဆိုင်တို့မှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။
🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”
🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881
🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679
\ #𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕
24/07/2026
🍇 Adult Vita ဦးနှောက်စွမ်းရည်မြင့်အားဆေး ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ..
လူကြီးမင်းတို့ရဲ့ အနီးအနားမှာရှိပြီး ရှာဝယ်ရ မခက်ခဲစေဖို့အတွက် Adult Vita ဦးနှောက်စွမ်းရည်မြင့်အားဆေး ကို ရွှေအိုး ဆေးဆိုင်၊ သစ်ခွ ဆေးဆိုင် နှင့်
ကိုဟန်တင် + မတင်တင်အောင် စတဲ့နာမည်ကြီးဆေးဆိုင်ကြီးများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။ 🥰
လိုင်းပေါ်က မှာယူလိုသူများအနေနဲ့ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔' 𝑳𝒊𝒏𝒌 𝑷𝒂𝒈𝒆 𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ် ဝယ်ယူအားပေးနိုင်ပြီး🚛 𝑫𝒆𝒍𝒊𝒗𝒆𝒓𝒚 (အိမ်အရောက်ပို့စနစ်) ဖြင့်လည်း လူကြီးမင်းတို့ အိမ်အရောက် ပို့ဆောင်ပေးနေပါပြီနော် ။
🍇“ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔' 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”
🏡 ရန်ကုန် လိပ်စာ -
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881
🏡 မန္တလေး လိပ်စာ -
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679
\ #𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕 #𝒑𝒂𝒏𝒃𝒊𝒐 #𝒑𝒓𝒐𝒃𝒊𝒐𝒕𝒊𝒄𝒔
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
No. 212, Ngwe Kyar Yan 11th Street , Ward (3) , South Okkalapa
Yangon
11091
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 05:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 05:00 |