Smart Business Service

Smart Business Service

Share

SMART is an acronym for the 5 elements of specific, measurable, achievable, relevant, and time-based goals.

It's a simple tool used by businesses to go beyond the realm of fuzzy goal-setting into an actionable plan for results.

05/05/2021

အလကားဆို တစ်ချို့က တန်ဖိုးမထားချင်ကြဘူး။ သို့ပေမယ့် တန်ဖိုးထားတတ်သူတွေတွက် တင်ပေးပါတယ်။ 🥰

အောက်က IELTS E-books ဖိုင်များကို လွတ်လပ်စွာ ဒေါင်းထားနိူင်ပါတယ်။

https://www.scholarshipformyanmar.com/post/ielts-books

05/01/2021

FYI for business

အပြောင်းအရွှေ့ ဝန်ဆောင်မှုပေးသူများအတွက်
FSCမှ အခမဲ့ ကူညီရှာဖွေပေးနေပါပြီ။

Form ဖြည့်ရန်

1-ဝန်ဆောင်မှုနာမည်

2-ပိုင်ရှင် နာမည် ဖုန်းနံပါတ်

3-တာဝန်ခံ နာမည် ဖုန်းနံပါတ်

4-ဝန်ဆောင်မှုရုံးရှိရာလိပ်စာ

5-ဝန်ဆောင်မှုရရှိနိုင်သော မြို့နယ်များ

6-ကားအမျိုးအစားနှင့် ဈေးနှုန်း

7-အလွှာလိုက်သက်မှတ်ချက်များ

8-ကြိုတင်ပြောဆိုရန်အချိန်

9-ထိခိုက်ပွန်းပဲ့ခြင်းမှတာဝန်ယူရပါမည်။

မှတ်ချက်
Fairly Services မှ ဝန်ဆောင်ခ တပြားတချက်မှယူမည်မဟုတ်ပါ။

အချိန်နှင့်အလုပ်ကိုလေးစားရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းမဆောင်ရွက်မှီ သယ်ယူပို့‌ဆောင်ရေးအတွက် ကျသင့်ငွေကိုကြိုတင် အကြောင်းကြားအသိပေးပါမည်။ ကုန်တင်ကုန်ချအပြီးငွေရှင်းပါ။

နှစ်ဦးသဘောတူမှသာလုပ်ငန်း‌ဆောင်ရွက်ပါမည်။
ကြိုတင်အကြောင်းကြားမှာဖြစ်သောကြောင့် တာဝန်သိ တာဝန်ခံရန် အထူးလိုအပ်ပါသည်။

ကာလရှည်ကြာစွာလက်တွဲလုပ်လိုသောကြောင့် customer များကို စေသနာထား ကူညီပေးရန် လေးစားစွာ ပြောချင်ပါတယ်။

Customer feedback ပြန်တောင်မှာဖြစ်သောကြောင့် fairly services companyနှစ်စဉ် ဆုပေးရန်လဲ ကြိုးစားသွားပါမည်။

ရိုးသားကြိုးစားခြင်းဆိုတာ အောင်မြင်ခြင်းရဲ့အစ

Chat box မှ informationပေးနိုင်သလို
ဖော်ပြပါ Link https://bit.ly/38fPXBj
မှလဲ စားရင်းပေးသွင်းနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက 09761810969

01/12/2020

အရမ်းကိုservice ကောင်းတယ်ကြားရတာဝမ်းသာပီတိဖြစ်ရပါတယ်။

Customer ရဲ့ ပထမဆုံး page လေးကို website နဲ့စိတ်တိုင်းကျပြင်ဆင်
ချိတ်ပေးထားပါတယ်။

Free website ဖြစ်တဲ့ အတွက် Data limitတော့ရှိပါတယ်။google site 15gbပါ။

Customizeလုပ်ပေးတဲ့အပြင်
အစအဆုံးသင်ပေးသေးတယ်ဆိုတော့
အရမ်းအဆင်ပြေပြီပေါ့။

ဈေးနှုန်းကတော့ ၅၀၀၀၀ ကျပ်ပါနော်

Client website
https://sites.google.com/view/shwekyawkyar2020/home

Client page
https://www.facebook.com/ShweKyawKyar2020/

Shwe Kyaw Kyar -ရွှေကျော်ကြား စားသောက်ကုန် ဖြန့်ဖြူး ရောင်းချပြီ?

27/08/2020

#ကုန်သည်လုပ်ငန်းရှင်

သိန်းတသောင်းနဲ့ အလုပ်လုပ်တယ်
ဆိုပါတော့ဗျာ
အတိုးက ၁၃ ရာနူန်း ဆိုတော့
တနှစ်နေရင် သိန်း ၁၃၀၀ ကျသင့်တယ်
မြတ်လာရင် အမြတ်ပေါ်မှာ 25%
ဆောင်ရမယ် ဗျာ ဒီတော့

သိန်းတသောင်းရင်းလို့
IRD ပြည်တွင်းခွန်က 10% မြတ်တယ်ဆိုတဲ့
Rate နဲ့ တွက်ရင် သိန်း တသောင်းပေါ်မှာ
သိန်း ၁၀၀၀ ပဲရှိတယ်
၁၀% မြတ်ရင် ၁၀၀၀ ပေါ်မှာ 25% မို့
သိန်း ၂၅၀ အစိုးရကိုပေးရသလို

အမြတ်ငွေ - 1000
Bank - 1300
IRD - 250

စိုက်ရငွေ - သိန်း 550
တနှစ်ရင်းငွေ
တန်ဖို့းကြုံခြင်း ပွားများခြင်းမပါဘူး

ဒီတော့ သိန်း တသောင်းယူပြီး
တနှစ်မှာ 10% ပဲမြတ်ရင် ခင်ဗျားရူံးပြီ
20% မြတ်လဲ ရှူံးတယ်
30%မြတ်လဲ ရှုံးတယ်
အလုပ်လုပ်လုပ်မလုပ်မလုပ်လုပ်
15% က ပေးရန်တာဝန်ရှိတယ်

Trading လုပ်တဲ့ သူတွေ ငွေလှည့်ရင်
အနည်းဆုံး Round Time 3 ခါရတယ်

ပစ္စည်းသွင်းတယ် သွားတာလာတာ
၁လခွဲ ပြန်ရောင်းတာ ရင်းတာ
ငွေ အလုံးပြန်ရောက်တာ အနည်းဆုံး
3 လကြာတယ်

လှည့်ငွေ အကြိမ်ဖြစ်မှ
ခင်ဗျား အမြတ်ကျန်မယ်

ကြားထဲမှာ မူဝါဒ ဥပဒေ ပြသနာ
အချိန်ကြာတာ ရှိတယ်

သိန်းတသောင်းလုံး လှည့်မရပဲ
Break Down တွက်ရင် ငွေလှည့်ဖို့ က
သိန်းတသောင်းရဲ့ 50%
ပထမကျော့မှာမို့ 5000 တခါ
3000 ထပ်ဖြည့် 2000 အပြည့်
ဒီလိုတိုးလည်ရတယ်

အဲဒီတော့ လုပ်ငန်းရှင်က စဉ်းစားတယ်
ဒေါ်လာစျေးက တက်တယ်

ငွေကြေးဖောင်းဖွတယ် ငွေဖောင်းပွ
သိန်း တသောင်းက တကယ်နေမှာ
8000ပဲ သုံးနိင်တယ်

ရှေ့ Risk နောက် Risk တွက်ရတယ်
မသေချာတဲ့ စျေးကွက်တွက်ကိန်း နဲ့
တန်းဖိုးများ အလုံးအရင်းဆုံးနိင်မှု ကို
သေချာမကိုင်တွယ်ရင်
အဲသူဟာ ဆုံးရှုံးနိင်ခြေ 50% ဖြစ်တယ်
မျှခြေက 50/50 ရှိတယ်
ဘဝပျက်သွားနိင်တယ်

အိမ်မှာထိုင်စားရင် တလကို သိန်း ၃၀ ဆို
လူတန်းစေ့ နေနိင်တယ်
သုံးတယ် ဆိုရင် 60 ကုန်တယ်
12 လ နဲ့တွက် 720 ကုန်တယ်

ပထမ သိန်း 550 ဆိုတာ နေထိုင်စရိတ်
Living Cost မပါဘူး
အခု 720 ဆိုတာ အေးအေးဆေးဆေး
သဌေးလို ခရီးလေးထွက်လိုက်
အမြီးလေးမြှောက်လိုက်
အီးလေးပေါက်လိုက်နေလို့ရတယ်

အလုပ်လုပ်ရင် အလုပ်လဲလုပ်ရမယ်
550 ဆိုတဲ့ ပေးရန်ရှိလဲ အမြဲ လိုက်ပါနေမယ်
စပြီးရင် ဆုံးမရဘူး

ဒီတော့ လုပ်ငန်းရှင်ဟာ
အလုပ်မလုပ်ခင် စဉ်းစားတယ်
တွက်ချက်ရတယ် Risk တွေ
Market တွေ Management တွေ
အကုန်တွက်မှ လုပ်ငန်းလုပ်သင့်မသင့်
စဉ်းစားတွေးတောရတယ်

အခုရေးသားချက် စဉ်းစားရမယ့်
အချက် ဥပမာပြောပြတာပါ

30/60 လဲရှိတာပဲဟာ မြတ်ရင်လဲ
မြတ်မှာပေါ့

လုပ်ငန်းရှင်ဟာ ဒီ ဟာရင်းမယ် မရင်းမယ်
Risk ယူရတာဟာ
အလုပ်လုပ်ခြင်းလို့ခေါ်တယ်

သိန်းတသောင်းရဖို့ ခင်ဗျားမှာ
အဲဒီတန်ဖိုးထက် ၃ဆလောက်တန်ကြေးရှိတဲ့
အာမခံ ပစ္စည်းလိုတယ်

ဒီတော့ လတ်တလော ချမ်းသာနေတဲ့
လုပ်ငန်းရှင်ဟာ ဒီ Game ကိုဆော့ခဲ့ကြတယ်

သိန်းတသောင်းတန်ချေးလို့ရတဲ့
မြေတွေ အိမ်တွေ မိဘကပေးထားတယ်

ဒါကိုအရင်းပြုကြတယ် စင်ပေါ်ရောက်တယ်
အောင်မြင်တယ်ဆိုတာ 50/ 50 ကို
20/80 ပြောင်းနိင်တဲ့စျေးကွက်ကို
ဖော်ဆောင်နိင်လို့ Risk ယူရဲလို့ပဲ

မယူရဲတဲ့သူ Game ကိုမသိတဲ့သူ
မိဘအမွေမထားတဲ့ မရှိတဲ့ ကောင်ကတော့
နင်းပြားက နင်းပြားပဲ ငမွဲက ငမွဲပဲ

ဒါမို့ ကိုယ်ထက်အောင်မြင်တဲ့
ကုန်သည် လုပ်ငန်းရှင်တွေ့ရင်
ကျနော်ကလေးစားတယ် အားကျတယ်
အတုယူတယ် သူ့အစားလဲ ဂုဏ်ယူတယ်

ချမ်းသာမှုဆိုတာ
Generation ၂ ဆက်အလုပ်လုပ်ရတယ်
အဘိုးအဘွားမှာ 40ကြိုးစားရပြီး
အဖေလက်ထက်မှာ 70% ကြိုးစားရတယ်
ဒါမှ
မြေးလက်ထက်မှာ 100% သူဌေးဖြစ်မယ်

ထိုင်နေမလား
ထသွားမလား

အိမ်မက်တိုင်းဟာ စျေးကြီးတယ် ။

နေစေး

09/06/2020

😲တစ်သက်လုံး Comfort Zone ထဲမှာ နေမှာလား❗
**********
🎲မနက်ဆို ပုံမှန်တိုင်းနိုးလာတယ်။
ရုံးသွားတယ်။
နေ့တိုင်းလုပ်နေကျအရာတွေကိုပဲ လုပ်တယ်။
ရုံးဆင်းရင် အိမ်ပြန်တယ်။
ရုပ်ရှင်လေးကြည့်လိုက်၊ မုန့်စားလိုက်နဲ့ ..

🎲နောက်နေ့ နောက်နေ့တွေမှာလဲ ဒီလိုပုံစံနဲ့ပဲ
ဘဝကို ငြီးငွေ့စွာ ဖြတ်သန်းတယ်။

🎲လုပ်ရိုးလုပ်ထုံးတွေအတိုင်းပဲ နေပြီး
အခွင့်အလမ်းအသစ်တွေ၊ အယူအဆသစ်တွေများစွာကို ရှာဖွေဖို့ မေ့နေကြတယ်။

🎯ဒီလိုနေနေတာနဲ့အမျှ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊
တီထွင်ဖန်တီးနိုင်စွမ်းတွေကျဆင်းလာပြီး
လုပ်နေကျအရာတွေကိုပဲ လုပ်နေရင်း ဘဝက အညွှန့်တုံးလာပါလေရော…

🎯အောင်မြင်ပျော်ရွှင်စရာ ကောင်းတဲ့
ဘဝဆိုတာ Comfort Zone ထဲကထွက်မှစတာပါ။

🎯ဘာကြောင့်လည်းဆိုတော့
Comfort Zone ဆိုတာ မိမိ လက်ရှိ ပိုင်ဆိုင်ပြီးသား နေရာတစ်ခုပဲ ဖြစ်ပါတယ်။
ကိုယ်က အဲ့ဒီနေရာကို မကြိုက်ဘူးဆိုရင် Comfort Zone ရဲ့ တစ်ဖက်မှာရှိနေတဲ့ Challenge Zone ထဲကို ဝင်ရောက် ထိုးဖောက်ရမှာ ဖြစ်ပါတယ်။

Comfort Zone ထဲကနေထွက်ချင်တဲ့၊
အောင်မြင်မှုကို လိုလားတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်မျှဝေပေးချင်တာလေးတွေရှိပါတယ်။

(၁)ခြေလှမ်းသေးသေးလေးနဲ့စတင်ပါ🚶‍♂️🚶‍♀️

အလွန်မြင့်တဲ့ ဧဝရတ်တောင်ထိပ်ကိုတက်ချင်ရင်တော့ ခြေတစ်လှမ်းတည်းနဲ့ မရောက်နိုင်ပါဘူး။
ခြေလှမ်းသေးသေးလေးတွေနဲ့ နေ့တိုင်းပုံမှန်
ရောက်အောင်လျှောက်မှသာ မိတ်ဆွေလိုချင်တဲ့
ဘယ်လိုအောင်မြင်မှုမျိုးကိုမဆို ရမှာပါ။
ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့ ပြီးပြည့်စုံတဲ့ ခြေလှမ်းသေးသေးလေးတွေနဲ့ စတင်ရမှာပဲဖြစ်ပါတယ်။

(၂)တီထွင်ဖန်တီးမှုအသစ်တွေကို လုပ်ပါ📝🔎

မသိတဲ့အခါ မေးဖို့ရာ ဝန်မလေးပါနဲ့။
ကိုယ့်ရဲ့ အလုပ်ရှင်၊ Senior တွေဆီမှာ တာဝန်
သစ်တွေခွဲပေးဖို့ ရှိမရှိ အမြဲသွားမေးပါ။
တာဝန်သစ်တွေကို လက်ခံခြင်းက ခဏတာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေမဲ့ အသစ်အသစ်တွေကို လက်တွေ့လုပ်
ဆောင်ပါများလာတဲ့ အခါ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပိုတိုးလာပြီး နေရာကောင်းနဲ့ လစာကောင်းကောင်းနဲ့ အတွေ့ကြုံအသစ်တွေလဲ ပိုရလာမှာဖြစ်ပါတယ်။

မလုပ်ဖူးတာတွေလုပ်ရဖို့အတွက်
အမြဲ "YES" ပြောဖို့ ဝန်မလေးနဲ့နော်။

(၃)အကြောက်တရားတွေကို ဖယ်ရှားပါ🙅‍♂️🙅‍♀️

ကျွန်တော်တို့တွေဟာ နေ့တိုင်း အသက်ရှူချောင်ချောင်နဲ့ နေရတဲ့ ဘဝမှာ အနေကြာလာတာနဲ့အမျှ
တစ်ခုခုကို စွန့်စားလုပ်ကိုင်ရတော့မယ်ဆိုရင် ကြောက်ရွံကြပါတယ်။
ဘာမဆိုလွယ်လွယ်ရနေရင်းက ခက်ခက်ခဲခဲ လုပ်မှရမဲ့ အရာတစ်ခု ကြုံလာရပြီဆို ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကြပါရော..

ကျွန်တော်တို့ Comfort Zone ထဲက ထွက်နိုင်ဖို့ဆိုရင် အစပိုင်းမှာ ခက်ခဲကြမ်းတမ်းတာတွေရှိမယ်၊
ပင်ပန်းတာတွေကြုံရမယ်၊ ဝမ်းနည်းမှုတွေကြုံရမယ်။
Comfort Zone ထဲက ထွက်နိုင်လာတာနဲ့အမျှ မိတ်ဆွေကြုံတွေ့နေရတဲ့ အကြောက်တရားတွေ ကြမ်းတမ်းပင်ပန်းမှုတွေက မိတ်ဆွေသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်ပို့ပေးကြမှာပါ။

🚶‍♀️သွားပါများ ခရီးရောက်🚶‍♂️ဆိုသလို
Comfort Zone ကို ချဲ့ကားထွက်နိုင်လာလေလေ ကျွန်တော်တို့ဘဝတွေက မနေ့ကနဲ့ ယနေ့တောင်တူနေမှာ မဟုတ်တော့ပါဘူး။

(၄)ကိုယ့်ကိုစိန်ခေါ်မဲ့ အရာတွေကို ရွေးလုပ်ပါ👨‍💻👩‍💻

မိတ်ဆွေ Comfort Zone ထဲက ရုန်းထွက်နိုင်ပြီဆိုတာနဲ့ နောက်ထပ်လုပ်ရမှာတစ်ခုက ကိုယ့်ကို တုန်လှုပ်
ခြောက်ခြားစေမဲ့ အလုပ်တွေ တာဝန်တွေကို လုပ်ဖို့ပါပဲ။
ဘာကိုပြောတာလဲဆိုတော့
ကိုယ်လိုချင်တာရဖို့ နည်းနည်းပဲလိုတော့တဲ့ အရာမျိုး၊ ဒါမှမဟုတ် အခုမှမလုပ်ရင် မရတော့မဲ့ အရာမျိုးကို ပြောတာပါ။

Comfort Zone ထဲကထွက်ဖို့ဆိုရင်တော့
"တစ်ခါမှ မလုပ်ဖူးသေးတာတွေကိုလဲလုပ်ဖို့ မကြောက်ပါနဲ့" နော်။

(၅) စပ်စပ်စုစုရှိပါ🗣️👂

စပ်စုတယ်ဆိုတာ ကလေးတွေပဲ လုပ်တာလို့ ပြောမယ်ဆိုရင် မှားလိမ့်မယ်။
စပ်စုတယ်ဆိုလို့ မကောင်းတဲ့အရာတွေကိုလိုက်စပ်စုခိုင်းတာကို ပြောတာမဟုတ်ပါဘူး။

IBM ရဲ့ CEO ဖြစ်သူ Gina Rometty က
"အလုပ်ခွင်မှာ လုပ်ရမဲ့ အရေးကြီးဆုံးအရာတစ်ခုက စူးစမ်းလိုစိတ်ရှိခြင်းပါပဲ" လို့ ဆိုပါတယ်။

ကျွန်တော်တို့လို အရွယ်ရောက်ပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေဆို
ယနေ့ ကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပျက်နေတဲ့ အရာတွေနဲ့ နည်းပညာအခွင့်အလမ်းသစ်တွေကို မျက်ခြေမပျက်လေ့လာနေဖို့လိုပါတယ်။
နည်းပညာအသစ်အဆန်းတစ်ခုခုဆို ချဉ်းကပ်စပ်စုပြီး တီထွင်ဖန်တီးမှုအသစ်တွေကို လိုက်ပါလုပ်ဆောင်နေမယ်ဆိုရင် သူများထက် ခြေတစ်လှမ်းသာနေမှာတော့ အမှန်ပါပဲ။

🎯အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Comfort Zone ထဲက ထွက်လာတယ်ဆိုတာ သင်ကြားသင်ယူမှုတွေ၊စူးစမ်းလေ့လာမှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်းကို ပြောတာပါ။

မိတ်ဆွေတို့အနေနဲ့လဲ

နေ့စဉ် ကိုယ်လုပ်နေကျ အလုပ်တွေနဲ့ပဲ
တင်းတိမ်ရောင့်ရဲမနေဘဲ

🏆တစ်နေ့ကို နာရီဝက်လောက် ကိုယ့်အတွက် အကျိုးရှိမဲ့စာပေဖတ်တာမျိုး

🏆ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ တာဝန်အသစ်မျိုးကို လုပ်တာမျိုး

🏆ကိုယ့်ထက် အတွေ့ကြုံရင့်တဲ့ Senior ဆီက အတွေ့အကြုံအသစ်တွေကို မေးမြန်းပြီး ကူညီလုပ်ဆောင်ပေးတာမျိုး လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ Comfort Zone ဟာ ပိုကျယ်ပြန့်လာပြီး Challenge Zone အဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။🤗🤗

အခု စလုပ်တော့မယ်လို့ တွေးနေချိန်မှာပဲ မိတ်ဆွေဟာ ခြေတစ်လှမ်း နောက်ကျနေပါပြီ 😊ဒါ့ကြောင့် comfort zoneကနေ လက်တွေ့ ရုန်းထွက်နိုင်အောင် ကြိုးစားပါ😊🤗🤗

Credit Original Post

(၆) နှစ်အတွင်းမှာ ဟိုတယ်ပေါင်းသောင်းနဲ့ချီဖွင့်နိုင်ခဲ့တဲ့ သန်းကြွယ်သူဌေးလေး 11/03/2020

wowww

(၆) နှစ်အတွင်းမှာ ဟိုတယ်ပေါင်းသောင်းနဲ့ချီဖွင့်နိုင်ခဲ့တဲ့ သန်းကြွယ်သူဌေးလေး သန်းကြွယ်သူဌေးကြီးအများစုက ဘယ်လိုအောက်ခြေကနေစတင်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်တဲ့အထိ အောင်မြင်အောင်လုပ်ခဲ့...

07/03/2020

အားလုံးပဲ မင်္ဂလာပါ . . . .

ပညာဒါန အလင်းပြခြင်း အပိုင်း (၁)

ပထမတစ်ခု အနေနဲ့
Google Digital Garage မှာ Digital Marketing ရဲ့ အခြေခံ တွေ ကို အခမဲ့ သင်ယူနိုင်မှာ ဖြစ်ပြီးတော့ Certificate လဲ ရမှာပါနော်

ဒုတိယတစ်ခုကတော့
Corporate Finance Institute ကနေ ပေးတဲ့
Excel Crash Course Certificate လဲ ရမှာပါနော်

မိမိကြိုက်နှစ်သက်ရာ ဝင်ရောက်လေ့လာ ဖြေဆိုနိုင်ပါတယ် နော်
Link မှ ဝင်ရန် http://bit.ly/2xl4Bav

အသက် (၁၉) နှစ်နဲ့ မီလျံနာဘယ်လိုဖြစ်လာသလဲ ပြောပြခဲ့တဲ့ အမျိုးသမီးလေး 05/02/2020

အလုပ်တစ်ခု စလုပ်ဖို့ အကြောင်းပြချက်တော့မလိုပါဘူး

အသက် (၁၉) နှစ်နဲ့ မီလျံနာဘယ်လိုဖြစ်လာသလဲ ပြောပြခဲ့တဲ့ အမျိုးသမီးလေး အင်္ဂလန်နိုင်ငံက အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူလေးတစ်ဦးဖြစ်တဲ့ အိုလီဗီယာကွန်လွန်ဆိုသူ အမျိုးသမီးလေးဟာ အသက....

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11411