DM Sensor
မိသားစုတိုင်းအတွက် စိတ်အေးရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု DM Concept
28/07/2026
ဝါဆိုလပြည့်အခါတော်နေ့ ဆုတောင်းမေတ္တာပို့သလွှာ 🙏
မြတ်ဗုဒ္ဓ၏ ပထမဆုံးဓမ္မစကြာတရားတော်မြတ်ကို ဟောကြားတော်မူခဲ့ရာ
ဝါဆိုလပြည့်နေ့ထူးနေ့မြတ်ကြီးမှာ...
စိတ်နှလုံးအေးချမ်း၍ ကုသိုလ်ကောင်းမှုများ တိုးပွားနိုင်ကြပါစေ ✨
အန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေ ✨
လိုအင်ဆန္ဒမှန်သမျှ အနှောင့်အယှက်ကင်းစွာ ပြည့်စုံကြပါစေလို့
မဟာလောကအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🙏
#ဝါဆိုလပြည့်
23/06/2026
ပျားရည်က ရိုးရိုးသကြားနဲ့ယှဉ်မယ်ဆို
ဆီးချိုသွေးချိုအတွက် ပိုကောင်းနိုင်မလား ?
ပျားရည်က သဘာဝထွက်ကုန်စစ်စစ်ဖြစ်ပြီး အကျိုးပြုတဲ့ဓာတ်တွေ ပါဝင်ပေမဲ့
သွေးတွင်း အချိုဓာတ်နဲ့ ပတ်သတ်လာတဲ့အခါမှာ စဉ်းစားစရာလေးရှိလာပါတယ်။
အမှတ်လွဲကြတဲ့ တစ်ချက်ကတော့ ပျားရည်က သဘာဝကရလို့
သုံးစွဲဖို့ Safe ဖြစ်တယ်ဆိုတာပါပဲ။ 🐝
နှိုင်းယှဉ်ကြည့်တဲ့အခါ ပျားရည်က သကြားနဲ့စာရင် အချိုဓာတ်အနည်းငယ်ပဲ လျော့နည်းပါတယ်။
သကြားရဲ့ဖွဲ့စည်းပုံက 50% Glucose, 50% Fructose ဖြစ်ပြီး
ပျားရည်မှာ 30% Glucose, 40% Fructose နဲ့ ရေ၊ ဝတ်မှုန်၊ အကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။
ဆီးချိုသမားတွေအတွက် ပျားရည်ကို ဘယ်လိုသုံးစွဲနိုင်မလဲ ? 🍯
ပျားရည်က သဘာဝဖြစ်ပေမဲ့ အစာခြေလိုက်တဲ့အခါ သကြား (အချိုဓာတ်) ပဲဖြစ်ပါတယ်။
ဒါကြောင့် ပုံမှန် သကြားသုံးနေကျနေရာတွေမှာ ပျားရည်ကို အစားထိုးတာမျိုး သုံးနိုင်ပါတယ်။
ဒီလိုသုံးနိုင်ရင်တော့ သကြားလောက် အချိုဓာတ်မများတဲ့အပြင် ပျားရည်ရဲ့
အခြား အကျိုးပြုဓာတ်တွေကိုပါ ရရှိမှာဖြစ်လို့ ခန္ဓာကိုယ်အတွက် ပိုကောင်းနိုင်ပါတယ်။
သတိထားရမှာက နဂို သကြားပါဝင်ပြီးသား အစားအစာမှာ
ပျားရည်ထပ်ထည့်လိုက်တာမျိုးကို ရှောင်ကျဉ်ဖို့ပါပဲ။
ပျားရည်လည်း မသုံးချင်၊ သူ့ဆီကရတဲ့ အကျိုးပြုဓာတ်တွေကိုလည်း လိုချင်တယ်ဆိုရင်တော့
ကိုယ့်ရဲ့ Diet ထဲမှာ အခွံမာသီး၊ အစေ့အဆံ၊ ပဲ၊ ဟင်းရွက်စိမ်းတွေထည့်စားဖို့
အကြံပြုပါတယ်။🤍
#ဆီးချိုသွေးချို #ဆီးချိုသွေးချိုတိုင်းစက်
"မဟာလောက" ကုမ္ပဏီ (၉) နှစ်ပြည့်ဘုန်းကြီးဆွမ်းကပ်
"မဟာလောက" ကုမ္ပဏီတည်ထောင်ခဲ့တာ ခုဆိုရင် (၉) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ (၉) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...
#မဟာလောကကုမ္ပဏီ #၉နှစ်ပြည့်အလှူ
30/04/2026
ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်
ကဆုန်လရဲ့ လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အလွန်ထူးခြားပြီး မင်္ဂလာရှိလှတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ "ကဆုန်လ ညောင်ရေသွန်း၊ ဗုဒ္ဓနေ့ပုညညွှန်း" ဆိုတဲ့အတိုင်း ဒီနေ့မှာ ဘုရားလောင်း ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိခြင်းနဲ့ ပရိနိဗ္ဗာန်စံခြင်း ဆိုတဲ့ "သံဝေဂလေးဌာန" တိုက်ဆိုင်ခဲ့တာကြောင့် "ဗုဒ္ဓနေ့" (Vesak Day) လို့လည်း ကမ္ဘာကပါ သတ်မှတ်ထားကြပါတယ်။
ဒီကနေ့ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မှာ ကုသိုလ်ယူကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးမြကြပါစေ။ ဗောဓိညောင်ပင်ကို ရေလောင်းလှူရတဲ့ ကုသိုလ်ကြောင့် အပူအပင်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲတော် #ဗုဒ္ဓနေ့
"ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ရင်း...
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်အေးချမ်းပါစေ။
ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေလို့
"မဟာလောက" ကုမ္ပဏီမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"
#သင်္ကြန် #မဟာလောက #သင်္ကြန်ဆုတောင်း
"အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ"
"နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ရင်း... မဟာလောကုမ္ပဏီမှ မိဘပြည်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းမိသားစုဝင်များအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🙏
အားလုံးပဲ နှစ်သစ်အတာအသင်္ကြန်မှာ ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။
#သင်္ကြန် #နှစ်သစ်ကူးအတာသင်္ကြန်
26/03/2026
စက်က ဘယ်လောက်ကောင်းကောင်း...
တိုင်းတဲ့ Strip လေးတွေ အရည်အသွေးမမီရင် အဖြေလွဲနိုင်တယ်ဆိုတာ သိပါသလား?
ဆီးချိုသွေးချိုတိုင်းတဲ့အခါ စက်ကိုပဲ အလေးထားတတ်ကြပေမဲ့ တကယ်တော့ သွေးနဲ့ တိုက်ရိုက်ထိတွေ့ပြီး အဖြေရှာပေးတဲ့ Test Strips လေးတွေကလည်း အလွန်အရေးကြီးပါတယ်။ Strips လေးတွေက စိုထိုင်းဆဒဏ်မခံနိုင်ရင် ဒါမှမဟုတ် အရည်အသွေးမမီရင် အဖြေက အမှန်ထက် ပိုများတာ၊ လျော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။
🌟 DM Sensor Strips တွေရဲ့ အားသာချက်က ဘာလဲ?
✅ လေလုံဘူးစနစ်နဲ့ သေသပ်စွာထုပ်ပိုးထားခြင်း
လေထဲမှာပါတဲ့ စိုထိုင်းဆကြောင့် Strips တွေ ပျက်စီးပြီး အဖြေလွဲမှာကို လုံးဝပူစရာမလိုပါဘူး။ ဘူးလေးကို သေချာပိတ်ထားရုံနဲ့ နောက်ဆုံးတစ်ချောင်းအထိ အဖြေမှန်ကို ပေးစွမ်းနိုင်ပါတယ်။
✅ တွက်ခြေကိုက်တဲ့ အရေအတွက်
တစ်ဘူးမှာ အချောင်း (၅၀) တိတိ ပါဝင်တာမို့ နေ့စဉ်ပုံမှန် တိုင်းတာနေရတဲ့ မေမေတို့၊ ဖေဖေတို့အတွက် အလွန်တွက်ခြေကိုက်ပြီး အဆင်ပြေစေပါတယ်။
✅ အလွယ်တကူ ပြန်လည်ဝယ်ယူနိုင်ခြင်း
စက်ရှိပြီး Strip ကုန်သွားလို့ ရှာမရမှာကိုလည်း မစိုးရိမ်ပါနဲ့။ လိုအပ်တဲ့အခါတိုင်း အမြဲအသင့်ရှိနေမှာမို့လို့ ကျန်းမာရေးစစ်ဆေးမှု ပြတ်တောက်သွားမှာ မဟုတ်ပါဘူး။
"အသေးအဖွဲလေးကအစ စိတ်ချရတဲ့ DM Sensor ကိုပဲ ရွေးချယ်ပါ!" ✅🩹
𝐃𝐌 𝐒𝐞𝐧𝐬𝐨𝐫 ဆီးချိုတိုင်းတာစက် အသုံးပြုနည်း အမှန်
customer မိဘများ ဆီးချိုတိုင်းတာတဲ့အခါ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး 𝐃𝐌 𝐒𝐞𝐧𝐬𝐨𝐫 ဆီးချိုစက်ရဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
#အသုံးပြုပုံအဆင့်ဆင့် #ဆီးချိုသမားများအတွက်
24/03/2026
"ဆီးချို အမျိုးအစား (၁) နဲ့ (၂) ...
ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ?
#ဆီးချိုရောဂါ
"ဆီးချိုဆိုတိုင်း အတူတူပဲလို့ ထင်နေပါသလား?
#ဆီးချိုသွေးချို #ဆီးချိုသွေးချိုတိုင်းစက်
Category
Telephone
Website
Address
No. 6, Moe Ma Kha Street, Malikha Housing, Thingangyun Township
Yangon
11071
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |