Random-G

Random-G

Share

Realize Your Dream!

30/03/2025

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အားလုံးသိကြတဲ့အတိုင်း ရေဘေး ငလျင်ဘေးတွေအပြင် စစ်ဘေးတွေကိုပါ ဆက်တိုက်ဆိုသလို ကြုံတွေ့ခံစားနေကြရပါတယ်

ယခုအခြေအနေမှာတော့ ငလျင်ဘေးကြောင့်ပျက်ဆီးဆုံးရှုံးသွားတဲ့အိုးအိမ်တွေနှင့် ပြည်သူ2000 ကျော်သေဆုံးမှု သတင်းစီးဆင်းမှုနှောင့်နှေးစေရန် အင်တာနက်ပိတ်ပင်မှု နုိင်ငံတကာအကူအညီရိက္ခာများကို ဖြတ်ယူ၍ မိမိတုိ့စစ်ရေးအတွက် ရိက္ခာအဖြစ်ပြန်လည်သုံးစွဲနေမှု တုိက်လေယာဥ်ဖြင့်ဗုံးကြဲတုိက်ခိုက်နေမှုတုိ့ကို နုိင်ငံတကာမှ အမြန်ဆုံးဖော်ထုတ်အရေးယူပေးကြဖုိ့နှင့် မကြာခင်မှာ ပိုမိုယုတ်ညံ့လာနုိင်မှုတုိ့အား ကျွန်တော်တုိ့ပြည်သူလူထုမှ သတိကြီးစွာထားနုိင်ဖုိ့ လုိအပ်ပါတယ်

ပိုဆုိးလာဖုိ့သာရှိတော့တဲ့ နိုင်ငံနှင့် လူငယ်များစွာရဲ့အနာဂတ်တွေဟာ လုံးဝဆုိသလို မှေးမှိန်ပျောက်ကွယ်လုဖြစ်နေပါပြီ

ကျွန်တော်တုိ့အားလုံးရဲ့ဆုတောင်းဟာလဲ မိသားစုနှင့်အတူအမြန်ဆုံးပြန်လည်ပျော်ရွှင်စွာနေထိုင်နုိင်ဖုိ့ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်

ကျွန်တော်တုိ့ ဆန္ဒများမကြာခင်ပြည့်နိုင်ပါစေလုိ့လဲ ဆုတောင်းရင်း ပြည်သူများအနေဖြင့် ငလျင်ဘေးအတွက်လှူတဲ့အခါမှာလဲ မသမာသူလူလိမ်များရန်မှ ကင်းဝေးပါရန်နှင့် banking acc ပိတ်ပြီး အလှူငွေများကိုသိမ်းယူယုတ်မာမည့်ရန်မှ ကင်းဝေးပါစေရန် ဆုတောင်းပေးလုိက်ပါတယ်

Random G Entertainment 04/03/2025

Subscribe Our Channel!

Random G Entertainment Share your videos with friends, family, and the world

Photos from Random-G's post 03/03/2025

Tournament Broadcast အတွက် လိုအပ်သူများဆက်သွယ်နိုင်ပါတယ်

For the tournament broadcast, those who need it can contact.

Gmail - [email protected]

Profile pictures 20/02/2025

👀

05/02/2025

Guys!

Mobile Legends " Bang Bang Tournament 🏆🏆🏆

===========================

Esports ပြိုင်ပွဲတွေ ဆော့ကစားရတာ ကြိုက်တဲ့ ဘော်ဒါတွေ....

မကြာခင် မဲဆောက်မြို့မှာ ကျင်းပပေးတော့မယ့် "THE REAL HEROES "Mobile Legends Bang Bang Tournament တစ်ခု အကြောင်းသိပြီးပြီလား ....💥

ဒီပြိုင်ပွဲကိုတော့ မကြာခင်အချိန်အတွင်းမှာပဲ Moon Light Esports & Gaming Community က စတင်ပြီး ကျင်းပပြုလုပ်ပေးတော့မှာဖြစ်ပါတယ် ..... 🤝

======= / ========== / =========

#ဆုကြေး အနေနဲ့ကတော့

: 𝟐𝟎,𝟎𝟎𝟎 𝐓𝐇𝐁 ကို ပေးအပ်သွားမှာဖြစ်ပြီး အခြားသော ဆုလက်ဆောင်များလဲ ထပ်မံ ပေးအပ်သွားဦးမှာပဲ ဖြစ်ပါတယ်....🤩

======= / ========== / =========

#အသင်းဝင်ကြေး အနေနဲ့က

အသင်းသားတစ်ဦးချင်းအတွက် ဝင်ကြေး #၅၀ဘတ် ( 50 THB ) သာ ကျသင့်မှာဖြစ်ပြီး

======= / ========== / =========

#ပြိုင်ပွဲစတင်မည့်ရက်ကတော့

24 FEB 2025 ရက်နေ့တွင် စတင်မှာဖြစ်ပြီး 11 March 2025 ရက်နေ့အထိ အဆင့်လိုက် ရင်ဆိုင်ယှဉ်ပြိုင် သွားရမှာပဲဖြစ်ပါတယ်။

======= / ========== / =========

အခြားအသေးစိတ်အချက်အလက်များကို ယခု page မှ ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ် 💕

အစောဆုံး စာရင်းပေးသွင်းတဲ့ အသင်းစုစုပေါင်း ၅ သင်းအတွက် Playoffs နေ့တွေမှာ လာရောက်အားပေးနိုင်ဖို့ တစ်သင်းလျှင် VIP INVITATION CARD 1 ကတ်စီ လက်ဆောင်ရရှိမှာပဲဖြစ်ပါတယ် .....

=========================================

"THE REAL HEROES " ပြိုင်ပွဲအတွက် TITTLE SPONSOR အဖြစ် Lucky Uni မှ ပါဝင်ကူညီအားဖြည့်ပေးထားပါသည်။

======================================

အသေးစိတ်အချက်အလက်များအတွက် page တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည် ။

===== X ====== X =====

💠 𝐌𝐨𝐨𝐧 𝐋𝐢𝐠𝐡𝐭 𝐆𝐚𝐦𝐢𝐧𝐠 𝐀𝐭 𝐌𝐚𝐞𝐬𝐨𝐭 💠

Location - เลขที่ 1/70 ซอย ราชการราษฎรดำริ1 Mae Sot District, Tak 63110







#မဲဆောက်

25/01/2025

"Respect တစ်ခုကို ပေးခြင်း"

မရေးဖြစ်တာကြာလို့ ကိုယ့်ရဲ့ ကြုံတွေ့လာရတဲ့ အတွေ့အကြုံတွေထဲက တချို့သောအရာများကို ပြန်လည်ဝေမျှခြင်းသာ

ပထမဆုံးအနေနဲ့ Respect ဆိုတာ ဘာလဲ?

တစ်ဖက်သားအပေါ် လေးစားမှုရှိခြင်း အလေးထားမှုရှိခြင်း စသဖြင့်ပေါ့....

ဒါပေမယ့် လူရယ်လို့ဖြစ်လာတဲ့အခါ Respect ဆိုတာ မလုံလောက်တော့ပါဘူး

Mutual Respect လို့ခေါ်တဲ့ အပြန်အလှန်လေးစားခြင်း အပြန်အလှန်အလေးထားခြင်း တန်းတူညီစွာပြုမူဆက်ဆံခြင်းဆိုတဲ့ အပြန်အလှန် လေးစားမှုဟာ မရှိမဖြစ်လိုအပ်ပါတယ်

မင်းက ငါ့ထက်အသက်ငယ်လို့ ငါကမင်းထက်ပိုသာတယ် ငါ respectမပေးနိုင်ဘူး

မင်းထက်ငါက ဒီလောကမှာဦးစွာကျင်လည်လာတာမို့ မင်းအတွေးအကြံက ဘယ်လောက်မှန်နေပါစေ မင်းကို respect မပေးနိုင်ဘူး

မင်းကအသက်ကြီးပြီမို့ ငါတို့လောကက မင်းနဲ့မသက်ဆိုင်ဘူး ​ဒါကြောင့်မင်းကို ဘောင်ထဲမသွင်းနိုင်ဘူး

စသဖြင့် ကျင်လည်ရတဲ့ ဒီမြန်မာနိုင်ငံက လူသားတွေရဲ့ Respect အပေါ်ခံယူပုံပါပဲ

မင်းကချမ်းသာလို့ respectပေးတယ် မင်းက ဆင်းရဲလို့ ဘောင်မဝင်ဘူးဆိုတာ လူတန်းစားခွဲခြားခြင်းပါ

အလုပ်ရှင်ဖြစ်နေပါစေ အလုပ်အကြောင်းမသိတဲ့အခါ အလုပ်သမားတွေက ဒီအလုပ်ရဲ့အသက်သွေးကြောဖြစ်လာပါလိမ့်မယ်

ထို့အတူပဲ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်နိုင်စွမ်းရှိလဲ အလုပ်ရှင်မရှိရင် စားဝတ်နေရေး အဆင်မပြေနိုင်ပါ

နောက်တခုက ကိုယ် respect ရှိပေမယ့် ကိုယ့်အပေါ် mutual respect မရှိတဲ့သူတွေအပေါ်လိုက်မခံစားနေပါနဲ့ မတန်တဲ့သူတွေအပေါ်က လှည့်ထွက်ခဲ့လိုက်ပါ လောကကြီးမှာ ကိုယ့်အတွက် နေရာတွေအများကြီးရှိနေပါသေးတယ်

အလုပ်တခုဟာ အမြန်ဆုံးတိုးတက်အောင်မြင်ဖို့ဆိုတာ mutual respect ရှိဖို့လိုအပ်ပါတယ်

ဒါ့အပြင်အပြန်အလှန်အတွေးအမြင် ဖလှယ်ဖို့ တဖက်ရဲ့ထင်မြင်ယူဆချက်တွေ နားထောင်ဖို့ လုပ်သင့်မလုပ်သင့် စဥ်းစားဖို့များစွာလဲလိုအပ်ပါတယ်

ဘယ်လိုလူဖြစ်ဖြစ် သင့်ရဲ့ respect နဲ့ထိုက်တန်ပါတယ်
ထို့အတူပဲ သင်ကိုယ်တိုင်လဲ respect ပြန်ရဖို့ ထိုက်တန်ပါတယ်

Random-G

14/01/2025

Guys!

5v5 Clash of Clans Clan Wars Challenge

သင့်တွင် ရန်သူ မြေပြင်ကို ဗျူဟာကျကျ အနိုင်ရအောင်တိုက်ခိုက်နိုင်စွမ်း ရှိပါသလား?
သင့်အသင်းဖော်တွဲလက်တွေကလည်း စွမ်းရည်ပြည့်ဝပြီး သုံးသပ်ချက်တိကျစွာ နိုင်နိုင်ကျွမ်းကျွမ်း ဆော့ကစားနိုင်ကြသူတွေလား?

ဒါဆိုရင်တော့ 5v5 Clan Wars Challenge တွင် ပါဝင်ပြီး သင့်ရဲ့ ဗျူဟာကျကျ ဆုံးဖြတ်နိုင်စွမ်းကို စမ်းသပ်လိုက်ပါ!

‼️ပွဲစည်းကမ်းနှင့်အချက်အလက်များ‼️

1. 5 ယောက်ဖြင့် အသင်းတစ်သင်းဖွဲ့ပါ (အားလုံး Town Hall တူညီမှုရှိရမည်)
2. ဝင်ကြေး တစ်ဦးလျှင် ၅,၀၀၀ ကျပ်(စုစုပေါင်း ၂၅,၀၀၀ ကျပ်)
3. အနိုင်ရမှတ်
- အနိုင်ရသည့်အသင်းသည် ပြိုင်ဘက်၏ ဝင်ကြေး ၂၅,၀၀၀ ကျပ် ရယူနိုင်မည်။
- Town Hall တူညီမှုကြောင့် Fair Play ဖြစ်စေမည်။

🚨ယှဉ်ပြိုင်မည့် စည်းမျဉ်းများ🚨

1. Town Hall 9 မှ 14အတွင်းရှိ player များသာ ဝင်ရောက်ပြိုင်နိုင်သည်။
2. Friendly Clan War အနေဖြင့် စီစဉ်ထားသော Clan အသေး 2 ခုထဲ ဝင်ရောက်ရမည်။
3. Preparation Time 1 နာရီနှင့် Battle Time 2 နာရီဖြင့် စုစုပေါင်း 3 နာရီအတွင်း ပြီးဆုံးရမည်။
~~~တိုက်ပွဲအချိန်ကို နှစ်ဖက်ညှိနှိုင်း ရမည်ဖြစ်သည်။
4. Player တစ်ဦးလျှင် Enemy Base တစ်ခုကိုသာ Attack ခွင့်ရှိမည်။
5. Attack အားလုံး အနိုင်ရသည့်အခြေအနေများ :::
~~ကျန်ရှိနေသည့် Attack Time ပိုများသည့် အသင်း အနိုင်ရမည်။
6. ကစားသမား တစ်ဦးလျင် ဂိမ်းအကောင့်တစ်ခု ဖြင့်သာ ယှဉ်ပြိုင်နိုင်ခွင့်ရှိသည်
အကောင့်5ခုအတွက် ကစားသမား5ယောက်ရှိဖို့လိုအပ်သည်။

ယှဉ်ပြိုင်လိုပါက
------>
Telegram တွင်လာရောက်မေးမြန်းနိုင်ပါသည်

12/01/2025

မကြာခင်မဲဆောက်မြို့မှာ mlbb offline tournament တစ်ခုကျင်းပဖို့ရှိပါတယ်

ပြိုင်ပွဲဝင်ကြေးကအခမဲ့ဖြစ်ပီး မဲဆောက်မှာနေတဲ့သူတွေသာ ယှဥ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်

Infoအပြည့်အစုံကတော့မကြာခင်သိရပါမယ်

08/01/2025

👀

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon