Dear Insurance

Dear Insurance

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dear Insurance, Insurance Agent, Yangon.

20/01/2024

🤔အာမခံဆိုတာဘာလဲ?

အာမခံဆိုတာ ကိုယ့်ရဲ့ risk ကိုအာမခံကုမ္ပဏီကိုပေးလိုက်တာကိုဆိုလိုတာပါ
ကိုယ့်အစား ကုမ္ပဏီကို risk ကိုလွှဲပြောင်းပေးလိုက်တာပါ။

🌄မနက်ဖြန်ဆိုတာမသေချာမရေရာတဲ့ အချိန်မှာ ကိုယ့်ရဲဆုံးရှုံးမှုုတွေကိုကာကွယ်ဖို့အတွက် အာမခံဆိုတာလူတိုင်းလိုအပ်တဲ့အရာပါ။

👩‍❤️‍💋‍👨ကိုယ်ချစ်ခင်ရတဲ့သူတွေ 👨‍👩‍👧‍👦ကိုယ့်မိသားစုရဲ့နောင်ရေးစိတ်ချရဖို့အတွက်အသက်အာမခံကိုထားကြတာပါ။

👨‍👩‍👧‍👦မိသားစုတစ်စုမှာအိမ်ကိုဉီးစီးနေသူက မမျှော်လင့်ဘဲဆုံးပါးသွားရင် ကျန်ရစ်ခဲ့တဲ့မိသားစုတွေ ငွေကြေးအခက်အခဲမဖြစ်ရအောင် ‌ဖြေရှင်းပေးနိုင်ပါတယ်။

အသက်အာမခံဆိုတာကလည်းကျန်းမာနေတုန်းအချိန်ပဲ Policy ဝယ်လို့ရတာပါ။

တစ်ချို့ကျပြန်တော့လည်း ငွေစုတဲ့သဘော သို့မဟုတ် သားသမီးပညာရေး စသည်တို့နဲ့ အသက်အာမခံဝယ်ကြပါတယ်။

အာမခံဆိုတာလူတိုင်းအတွက်မိသားစုတိုင်းအတွက်လိုအပ်ပါတယ်

Photo Crd

Photos from Dear Insurance's post 19/01/2024

➡Term Life Insurance Vs Whole Life Insurance
👉Term Life Insurance (သက်တမ်းအလိုက်ထားရှိသောအသက်အာမခံ)
Term Life Insurance သည်အာမခံထားသူများကို သက်တမ်း၁၀ နှစ် သို့မဟုတ် ၃၀ နှစ် ကာလတစ်ခုအကာအကွယ်ပေးတဲ့ကုန်ကျစရိတ်အသက်သာဆုံး product တစ်ခုဖြစ်ပါတယ်။
အာမခံထားသူအကာအကွယ်ရနေတဲ့ကာလတစ်ခုမှာ မတော်တဆအာမခံထားသူ ဆုံးပါးသွားခဲ့ရင်လည်း အကျိုးခံစားခွင့် ရသူကို Insurance Company ကလျော်ကြေးပြန်လည်ထုတ်ပေးပါတယ်။
အာမခံထားသူက အာမခံသက်တမ်းကလည်းကုန်ဆုံးသွားမယ်ဆိုရင်တော့ အာမခံသက်တမ်းထပ်မံတိုးရမှာစ်ပါတယ်။
သက်တမ်းတိုးတဲ့အခါမှာလည်း မိမိယခင်ကဝယ်ယူထားသော Plan ကိုလည်း ‌ပြောင်းလဲဝယ်ယူလို့ရပါတယ်။
Medical Question ‌‌ဖြေရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့ coverage amounts များလို့ပဲဖြစ်ပါတယ်။

🌍Term Life Insurance ရဲ့ကောင်းတဲ့အချက်တွေကတော့ -
(၁) အသက်အရွယ်ငယ်ရင် premium ကြေးလည်းနည်းပါတယ်။
(၂) Beneficiaries အကျိုးခံစားခွင့်ရှိသူက အာမခံထားသူ ဆုံးပါးသွားရင် အာမခံလျော်ကြေးကိုရရှိမှာဖြစ်ပါတယ်။
(၃) whole life insurance အဖြစ်‌ပြောင်းလဲနိုင်ပါတယ်။

🌍Term Life Insurance ရဲ့ မကောင်းတဲ့အချက်တွေကတော့ -
(၁) သက်တမ်းတစ်ခုအထိပဲအကာအကွယ်ပေးပါတယ်။
(၂) အာမခံသက်တမ်းကုန်ဆုံးချိန်မှာ ပြန်လည်သက်တမ်းတိုးရပါတယ်။
(၃) သက်တမ်းအသစ်တစ်ခုထွက်တိုင်း Premium ကြေးတက်နိုင်ပါတယ်။
(၄) Cash Value မလုပ်ပေးပါဘူး။

👉Whole Life Insurance (ဘဝသက်ဆုံးတိုင်အကာအကွယ်ရ‌သောအသက်အာမခံ)
တစ်ချို့ကတော့ permanent insurance လို့ခေါ်ကြပါတယ်။
Premium ပေး‌သွင်းနေသမျှကာလတစ်လျှောက်လုံးအကာအကွယ်ရ‌ရှိနေမှာဖြစ်ပါတယ်။
ငွေစု Policy တစ်ခုလည်းဖြစ်သလို အာမခံထားသူ လိုအပ်လျှင်လည်း ငွေပြန်လည်ချေးနိုင်သော Policy တစ်ခုလည်းဖြစ်သည်/
ချေးယူထားသောငွေ ပြန်လည်မဆပ်ခင် အာမခံထားသူ ဆုံးပါးသွားပါက လျော်််ကြေးငွေမှ ချေးငွေကို ပြန်လည်နှုတ်ယူထားမည်ဖြစ်သည်။
နောက်ထပ်အားသာချက်တစ်ခုအနေဖြင့် Policy premium fixed ထားနိုင်သည်။ အသက်အရွယ်ကြီးလာတာနဲ့ Premium မပြောင်းလဲပါ။
Medical Question တွေအနည်းငယ်ပဲဖြေရမှာပါ။

🌍Whole Life Insurance ရဲ့ကောင်းတဲ့အချက်တွေကတော့-
(၁) Cash Value လုပ်ပေးပါတယ်။
(၂) Premium amount ကို fixed လုပ်နိုင်ပါတယ်။

🌍Whole Life Insurance ရဲ့ မကောင်းတဲ့အချက်တွေကတော့-
(၁) Term life insurance ထက်စျေးပိုကြီးပါတယ်။

Photo Crd

ဝင်ငွေခွန် | Ministry of Planning and Finance 09/04/2023

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များထဲတွင် အသက်အာမခံကြေးအတွက်ပေးရတဲ့ ပရီမီယံကြေးလည်းပါဝင်ပါတယ်

ဝင်ငွေခွန် | Ministry of Planning and Finance ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန

11/02/2023

Insurance Company တွေကခိုင်မာမှုရှိရဲ့လား?
ဒေဝါလီခံ(လူမွဲစာရင်း)ကြေငြာလိုက်ရင်ဘာဆက်ဖြစ်နိုင်လဲ?
ကိုယ်တွေရဲ့စု​ဆောင်းထားတဲ့ငွေကြေးတွေဆုံးရှုံးသွားရပြီလား?..... ဆိုတာကိုပြောပြပေးချင်ပါတယ်။

ကျွန်မကိုယ်တိုင်လည်း အာမခံဝယ်တုန်းက တွေးမိတဲ့အတွေးလေးဖြစ်လို့မျှဝေပေးချင်ပါတယ်။

(1) Insurance Company တွေဟာ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(MOPF)ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ကိုင်ဆောင်ရွက်ရတဲ့ Company တွေဖြစ်ပါတယ်။

(2) Insurance Company တစ်ခုစလုပ်တော့မယ်ဆိုရင် အသက်အာမခံအတွက်မတည်ရင်းနှီးငွေ ကျပ်သန်း (6000) နှင့် အထွေထွေအာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်း (40000) ကို မတည်ရင်းနှီးငွေအဖြစ်ထားရှိရပါတယ်။ အာခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေအရ မတည်ရင်းနှီးငွေရဲ့ 10% နဲ့ညီမျှတဲ့Deposit ငွေကို မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းဖွင့်လှစ်ထားရှိရပြီးတော့ 30%ကိုတော့အစိုးရငွေတိုက်စာချုပ်လက်မှတ် ဝယ်ယူထားရပါတယ်။https://www.mopf.gov.mm/sites/default/files/upload_pdf/2018/03/Myanmar%20Ins%20Rule.pdf

(3) Insurance Company တစ်ခုဒေဝါလီခံလိုက်ရရင်တောင်မှ အာမခံလုပ်ငန်းဥပဒေအရ အစိုးရဆီမှာအပ်ထားတဲ့ Deposit ငွေနဲ့ Policy ပိုင်ရှင်တွေကို ငွေပြန်အမ်းရမယ်ဆိုတာကိုလည်း ဥပ‌‌ဒေကသတ်မှတ်ထားပြီးသားဖြစ်ပါတယ်။https://www.mopf.gov.mm/sites/default/files/upload_pdf/2017/07/ins%20business%20law-myan.pdf

(4) မြန်မာနိုင်ငံမှာလုပ်ငန်းလိုင်စင်ထုတ်ပေးပြီးအာမခံလုပ်ငန်းအနေဖြင့် စုစုပေါင်း (၂၄) ခုရှိပါတယ်။https://www.mopf.gov.mm/sites/default/files/upload_pdf/2020/06/Update%20Insurer%20List%20in%20Myanmar_0.pdf

ထို့ကြောင့် အာမခံဝယ်ယူခြင်းက ငွေစုဆောင်းရယုံသာမက အာမခံရဲ့ အကျိုးကျေးဇူးတွေကိုပါရရှိစေပါတယ်။

အာမခံနဲ့ပတ်သက်ပြီးသိရှိလိုတာများကိုလည်း​မေးမြန်းနိုင်ပါတယ်

Ngu Wah
Financial Advisor
09421055311

23/12/2022

"ပူပန်မှုကင်းပြီး ပျော်ရွှင်စေဖို့ ငွေစုပါ"
သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုများအရ စုငွေထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး အကောင်းမြင်စိတ်တွေ ပိုမိုရှိလာနိုင်တယ်ဆိုတာ သင်သိပါသလား? စုငွေကို စနစ်တကျ ဘယ်လိုစုရမလဲဆိုတာသိချင်ရင်တော့အောက်ပါအလေ့အကျင့်လေးတွေကနေ စလုပ်ကြည့်လိုက်နော်….
၁) စုငွေနဲ့အသုံးစရိတ်ကို သက်သက်စီခွဲထားပါ။ဒီလိုခွဲထားတဲ့အခါ နေ့စဉ်အသုံးစရိတ်ထဲ သုံးမိမှာ စိတ်မပူရတော့ဘူးပေါ့။
၂)လစဉ်လတိုင်း စုငွေစုဖြစ်အောင် စုပါ။ကိုယ်တကယ်စုနိုင်မယ့် ငွေပမာဏတစ်ခုကို လက်တွေ့ကျကျသတ်မှတ်ပြီး လတိုင်းစုပါ။
၃)ငွေပမာဏတစ်ခုကို ရည်စူးပြီးစုတာမျိုးမဟုတ်ဘဲ အနာဂတ်အတွက် ရည်မှန်းပြီးစုဆောင်းပါ။တိကျတဲ့ ပန်းတိုင်တစ်ခုထားပြီး စုငွေစုတဲ့အခါ ကိုယ်လိုချင်တဲ့ပမာဏရောက်တာနဲ့ စုငွေအားလုံးကို အသုံးပြုလိုက်မိမှာပါ။ ပုံမှန်လေးစုငွေထားမယ်ဆိုရင်တော့ အနာဂတ်မှာ လိုအပ်လာမယ့် အရာတွေအတွက် အဆင်သင့်ဖြစ်နေပြီပေါ့။
လိုချင်စရာတွေများလွန်းတဲ့ တိုးတက်လှတဲ့ ခေတ်မှီကမ္ဘာမှာ နေထိုင်နေရတာဖြစ်တဲ့အတွက် ငွေကြေးစုဆောင်းရတာ အင်မတန်ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ်ရှာထားသမျှအသုံးပြုလိုက်မယ်ဆိုရင်တော့ မသေချာမရေရာတဲ့အနာဂတ်မှာ ဘဝအာမခံချက်မရှိနိုင်တော့ပါဘူး။ အနာဂတ်အတွက် Chubb အနာဂတ်မဏ္ဍိုင်အသက်အာမခံ ကဲ့သို့ သေချာတဲ့ ဘဝအာမခံချက်ထားရှိချင်တယ်ဆိုရင်တော့ Chubb Life Myanmar နဲ့ အခုပဲ ချိတ်ဆက်လိုက်ပါ။

Ngu Wah
Financial Advisor
09421055311

23/12/2022

အမျိုးသမီးများဟာ အမျိုးသားများထက် ကျန်းမာရေးလိုက်စားကြတာကြောင့် အသက်ပိုရှည်လေ့ရှိတာကိုတွေ့နိုင်ပါတယ်။ မြန်မာအမျိုးသမီးများရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၀.၃၄ နှစ်နှင့် အမျိုးသားများကတော့ ၆၄.၂၈နှစ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးများက အမျိုိုသားများထက် အငြိမ်းစားယူပြီးချိန်မှာ အပူပင်ကင်းစွာ နေထိုင်နိုင်ရန်၊ မိမိနဲ့ မိမိလက်တွဲဖော်ရဲ့ ကျန်းမာရေးစရိတ်များအတွက် အဆင်သင့်ဖြစ်နေစေရန် ငွေကြေးများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲထားဖို့ လိုအပ်ပါတယ်။ သင်ဟာအမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်​စေ စိတ်ချလက်ချ အနားယူနိုင်ဖို့အတွက် ဒီနေ့ကစပြီး စုငွေစုလိုက်ပါနော်။ Chubb Life Myanmar မှာဆိုရင် အားလုံးရဲ့ အနာဂတ်ကိုတန်ဖိုးထားပြီး အငြိမ်းစားယူချိန်မှာ သက်သောင့်သက်သာဖြစ်စေရန် အကြံညဏ်ကောင်းတွေပေးနေတာဖြစ်လို့ အခုဘဲဆက်သွယ်လိုက်တော့နော်

Ngu Wah
Financial Advisor
09421055311

20/12/2022

အနာဂတ်မှာ သားသားမီးမီး​လေး​တွေရဲ့ ပညာ​ရေးအတွက်စိတ်ချချင်တဲ့​ ဖေ​ဖေ ​မေ​မေ တို့အတွက် ၂၄.၁၂.၂၀၂၂ စ​နေ​နေ့မှာ Protect your family's Future ​ခေါင်းစဥ်နဲ့ seminar ​လေးရှိလို့ဖိတ်ကြားချင်ပါတယ်

ပွဲ​လေးတက်​ရောက်ဖို့စာရင်း​ပေးသွင်းလို့ရပါပြီ​နော်
Ngu Wah
Financial Advisor
09421055311

07/12/2022

Protect your family's future ​👨‍👩‍👧‍👧ခေါင်းစဥ်နဲ့ free seminar ​လေးကိုတက်​ရောက်ဖို့ဖိတ်​ခေါ်ချင်ပါတယ်

(1) မိမိချစ်ရတဲ့မိသားစု​လေးကို👨‍👩‍👧‍👧 insurance နဲ့ဘယ်လိုအကာအကွယ်​ပေးလို့ရလဲ

(2) 👨‍👦👩‍👦သားသားမီးမီး​လေး​​တွေရဲ့​👩‍🎓👨‍🎓ပညာ​ရေး/နောင်​ရေးကို insurance နဲ့ဘယ်လိုမျိုးငွေ​ကြေးအကာအကွယ်ယူလို့ရလဲဆိုတာကိုအ​သေးစိတ်ရှင်းပြ​ပေးမှာဖြစ်ပါတယ်

စိတ်ပါဝင်စားသူများ ကိုယ်တိုင် လာရောက် လေ့လာဖို့ ဖိတ်ကြားအပ်ပါတယ်

🌅Date 11 December 2022 (Sunday)
🕘Time 9:30AM - 11:00AM

🏢Place CHUBB LIFE INSURANCE MYANMAR
Myanmar Plaza, Tower 2 , 18 th Floor,
Kabaraye Pagoda Road, Bahan Township, Yangon.

👉ဧည့်ကတ်ပြား ထုတ်ယူရန် မှတ်ပုံတင်မူရင်း ယူဆောင်လာဖို့လိုပါတယ်ရှင်

👉ပွဲတက်မည့်သူရဲ့အမည် ၊ လိပ်စာ ၊ ဖုန်းနံပါတ်တို့ကိုပေးပို့ပြီးကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်

Ngu Wah
Financial Advisor
09421055311

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon