Victory Vision Accountancy

Victory Vision Accountancy

Share

Victory Vision Accountancy Service

01/05/2025

"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့"

မေလ 1 ရက် 2025 ခုနှစ် (ကြာသပတေး)နေ့တွင် ကျရောက်အပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

26/03/2025

Value-EBITDA Ratio ဆိုတာ ဘာလဲ?
============================
Value-EBITDA Ratio ဆိုတာ ကုမ္ပဏီတစ်ခု၏ Financial value ကို အကဲဖြတ်ရာတွင် အသုံးပြုသော ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကိန်းတစ်ခုဖြစ်သည်။

ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုး (Enterprise Value, EV) နှင့် ၎င်း၏ EBITDA (Earnings Before Interest, Taxes, Depreciation, and Amortization) တို့ကြား အချိုးကို တွက်ချက်တိုင်းတာပါ။

Value-EBITDA Ratio ကို ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းတန်ဖိုးတွေကို နှိုင်းယှဉ်ရန်နှင့် အဲ့ ကုမ္ပဏီ တွေရဲ့ Financial Health ကို အကဲဖြတ်ရန် မကြာခဏ အသုံးပြုကြပါတယ်။

Enterprise Value သည် ကုမ္ပဏီတစ်ခု၏ စုစုပေါင်းတန်ဖိုးကို ကိုယ်စားပြုသည်။ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး (Market Capitalization)၊ ကြွေးမြီများ (Debt)၊ Cash and Cash Equivalents တို့ ပါဝင်သည်။

EV = Market Capitalization + Total Debt - Cash and Cash Equivalents

EBITDA သည် ကုမ္ပဏီ၏ အတိုးနှင့် အခွန် မဆောင်ရသေးခင် ရရှိသော အမြတ်ငွေကို ရည်ညွှန်းသည်။ ၎င်းသည် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုမှ ရရှိသော အမြတ်ငွေကို တိုင်းတာသည့် ညွှန်ကိန်းတစ်ခုဖြစ်သည်။

Value-EBITDA Ratio ကို တွက်မယ်ဆိုရင်
Value-EBITDA Ratio = Enterprise Value (EV) / EBITDA

ဒီနေရာမှာ EV/EBITDA တန်ဖိုးသည် (Undervalued) တန်ဖိုးနည်းပါက အမြတ်ထုတ်နိုင်စွမ်း ကောင်းပြီး ရင်းနှီးမြုပ်နှံဖို့ အခွင့်ကောင်းဖြစ်နိုင်ပါတယ်။

အကယ်၍ တန်ဖိုးက (Overvalued) ဖြစ်နေပါက ကုမ္ပဏီ တန်ဖိုးမြင့်နေပြီး အမြတ်ထုတ်နိုင်စွမ်း နည်းသည်ဟု ယူဆနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံသူများသည် Value-EBITDA Ratio ကို အသုံးပြု၍ ကုမ္ပဏီတစ်ခု၏ စီးပွားရေးလုပ်ငန်းတန်ဖိုးကို အကဲဖြတ်နိုင်သည်။

၎င်းသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အထောက်အကူပြုပါသည်။

ကုမ္ပဏီများ ဝယ်ယူခြင်း သို့မဟုတ် ပေါင်းစည်းခြင်း (Mergers and Acquisitions, M&A) လုပ်ငန်းများတွင် Value-EBITDA Ratio ကို အသုံးပြု၍ ကုမ္ပဏီ၏ တန်ဖိုးကို အကဲဖြတ်နိုင်ပါသည်။

SWMA@Copyright2025
SWMA
VVA
Serial:1432625

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

20/03/2025

**Market Value နှင့် Book Value အကြောင်း**
=====================================
စီးပွားရေးလုပ်ငန်းတစ်ခု၏ Financial Value ကို အကဲဖြတ်ရာတွင် Market Value နှင့် Book Value ဆိုသည့် အဓိက Concept နှစ်ခုကို မကြာခဏ အသုံးပြုကြပါတယ်။

ဒီတန်ဖိုးနှစ်ခုကို လေ့လာခြင်းဖြင့်ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေနဲ့ ဈေးကွက်တွင် ဘယ်လောက်အထိ ပေါက်နေသည်ကို နားလည်စေနိုင်ပါတယ်။

ဒီတန်ဖိုးနှစ်ခုသည် ရည်ရွယ်ချက်လည်း မတူသလို တွက်ချက်မှုနည်းလမ်းများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း မတူကြပါ။

Book Value ဆိုတာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများနှင့် ကြွေးမြီများကို အခြေခံ၍ တွက်ချက်ထားသော တန်ဖိုးပါ။

Market Value ဆိုတာ ဈေးကွက်တွင် ရှယ်ယာများ၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းကို အခြေခံ၍ တွက်ချက်ထားတာပါ။

Book Value (စာရင်းပိုင်းတန်ဖိုး)
========================
Book Value ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးစာရင်းများတွင် ဖော်ပြထားသော ရှယ်ယာတန်ဖိုးကို ရည်ညွှန်းပါတယ်။

၎င်းကို ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ (Assets) မှ ပေးရန်ရှိသော ကြွေးမြီများ (Liabilities) ကို နုတ်ခြင်းဖြင့် တွက်ချက်ပါတယ်။

ရိုးရိုးရှင်းရှင်းပြောရလျှင်၊ Book Value သည် ကုမ္ပဏီပိုင်ဆိုင်သော ပစ္စည်းများ၏ စာရင်းပိုင်းတန်ဖိုးဖြစ်သည်။

ဘယ်လို တွက်ရမလဲဆိုရင်..........................
Book Value = Total Assets - Total Liabilities

ရှယ်ယာတစ်စောင်ချင်းစီအတွက် Book Value ကို တွက်ချက်လိုပါက၊ စုစုပေါင်း Book Value ကို ထုတ်ပေးထား သော ရှယ်ယာအရေအတွက်ဖြင့် စားပေးရပါတယ်။
Book Value per Share = Total Book Value/Number of Shares Outstanding

Book Value သည် ကုမ္ပဏီ၏ လက်ရှိ Financial အခြေအနေကို မြင်နိုင်စေပါတယ်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများနှင့် ကြွေးမြီများကို အခြေခံ၍ တွက်ချက်ထားသော တန်ဖိုးဖြစ်ပြီး၊ ကုမ္ပဏီအား ဖျက်သိမ်းပါက ရှယ်ယာရှင်များ ရရှိနိုင်သည့် တန်ဖိုးကို ခန့်မှန်းပေးပါတယ်။

Market Value(ဈေးကွက်တန်ဖိုး)
==========================
နောက်တစ်ခု က Market Value (ဈေးကွက်တန်ဖိုး)ပါ။
Market Value ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ပြင်ပဈေးကွက်တွင် ရောင်းဝယ်နေသော လက်ရှိတန်ဖိုးကို ရည်ညွှန်းတာပါ။

၎င်းကို ရှယ်ယာတစ်ခု၏ လက်ရှိဈေးနှုန်း (Current Share Price) နှင့် ထုတ်ပေးထားသော ရှယ်ယာအရေအတွက်ကို မြှောက်ခြင်းဖြင့် တွက်ချက်သည်။

**တွက်ချက်နည်း:**
Market Value = Current Share Price/Number of Shares Outstanding

Market Value သည် ရင်းနှီးမြှုပ်နှံသူများ၏ ကုမ္ပဏီအပေါ် ယုံကြည်မှုနှင့် ဘယ်လောက် အကျိုးအမြတ် ရနိုင်သည်ကို ခန့်မှန်းပေးနိုင်ပါတယ်။

ကုမ္ပဏီ၏အောင်မြင်မှု၊ စီးပွားရေးဈေးကွက်၏ အခြေအနေများအပေါ် မူတည်ပြီး စျေးနူန်းကတော့ ပြောင်းလဲနိုင်ပါတယ်။

Market Value နှင့် Book Value တို့သည် ကုမ္ပဏီတစ်ခု၏ တန်ဖိုးကို အကဲဖြတ်ရာတွင် အရေးကြီးသော ကိန်းဂဏန်းများဖြစ်ပါတယ်။

Financial Management (သို့) Investment ကို စိတ်ဝင်စားသူတိုင်း နှစ်မျိုးလုံးကို နားလည် ထားရပါမယ်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဤတန်ဖိုးနှစ်ခုကို နားလည်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မှာဖြစ်ပါတယ်လို့ ပြောရင်း။

SWMA@Copyright2025
SWMA
VVA
Serial:1332025

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

14/03/2025

Accounting Concepts စာရင်းဆိုင်ရာ အခြေခံ သဘောတရားများ
=====================================
Accounting concept တွေဆိုတာက လုပ်ငန်း တစ်ခုရဲ့ ငွေကြေးအကြောင်းအရာတွေ ကို မှတ်တမ်းတင် စာရင်းရေးသွင်းတဲ့ အခါ အခြေခံအဖြစ် အသုံးပြုရတဲ့ အတွေးအခေါ်တွေ ယူဆချက်တွေ အခြေအနေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ အခြေခံ အတွေးအခေါ် အယူအဆ တွေက လုပ်ငန်းရဲ့ စာရင်း အကြောင်းအရာ အသွားအလာ တွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ် ကောက်နိုင်ပြီး စာရင်းရေးသွင်းရာမှာ အထောက်အကူ ရစေမှာ ဖြစ်ပါတယ်။

🍀Accrual Concept
Accrual Concept ကို Matching Principle လို့လည်း ခေါ်ကြပါတယ်။ Accrual Concept ဆိုတာက Income Statement မှာ Expense တစ်ခုကို ထည့်သွင်း‌ဖော်ပြရင် အဲ့ဒီ expense နဲ့ သက်ဆိုင်တဲ့ Related Income ကိုလည်း
ထည့်သွင်း ဖော်ပြရမယ်လို့ ဆိုလိုတာပါ။

ထို့ပြင် Income Statement မှာ lncomeတစ်ခုကို ထည့်သွင်းဖော်ပြရင် အဲ့ ဝင်ငွေရဖို့ ကုန်ကျခံရတဲ့ Related Expenses တွေကိုလည်း ထဲ့သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ စာရင်းရေးသွင်းမလဲ ဆိုတဲ့ Recognition ကို စဉ်စား ဆုံးဖြတ်တဲ့ အခါမှာလည်း ဝင်ငွေဆိုရင် ပိုင်ဆိုင်မှု တာဝန်ယူမှု လွဲပြောင်းပြီးမှ၎င်း အသုံးစရိတ်ဆိုရင် သက်ဆိုင်ရာ စာရင်းကာလ မှာ ကျခံပြီးမှ ဖော်ပြကြရမှာ ဖြစ်ပါတယ်။

🍀Consistency Concept
Financial Accounting Process မှာ ယခင် မူလအသုံးပြုနေတဲ့ Policies, Method နဲ့ Techniques တွေကိုသာ မပြောင်းမလဲ တစ်သတ်မှတ်တည်း အသုံးပြုစေဖို့ ဖြစ်ပါတယ်။ သို့သော် အပြောင်းအလဲ ပြုလုပ်ခြင်းဖြင့် True and Fair ပိုဖြစ်စေမယ့် အခြေအနေ ရှိရင် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
ဥပမာ Depreciation Method, Valuation Method

🍀Going Concern Concept
ကြိုမမြင်နိုင်တဲ့ အနာဂတ်မှာလည်း လုပ်ငန်းဆက်လက်လည်ပတ်နေမယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ အနာဂတ်မှာ လုပ်ငန်းဆက်လည်ပတ်နေမယ်လို့ ယူဆရင် စာရင်းလုပ်ငန်းစဉ်က ပုံမှန်အတိုင်း ဆက်သွားမှာ ဖြစ်ပေမယ့် လုပ်ငန်းက တရားဝင် ဖျက်သိမ်းလိုက်ဖို့ ဆုံးဖြတ်ထားပြီးသား ဆိုရင်တော့ Accounting Treatment တွေက တစ်မျိုးတစ်မည် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်အခြေအနေ တစ်ခုက လုပ်ငန်းက Going Concern အရ ပြဿနာ ရှိနေပေမယ့် ကယ်လို့ ဆယ်လို့ ရနိုင်သေးတယ်ဆိုရင် Disclosure Note မှာ Corrective Action ဘာတွေ လုပ်ဆောင်မလဲ ဆိုတာ ဖော်ပြပြီး စာရင်း လုပ်ငန်းစဉ်ကိုတော့ ပုံမှန်အတိုင်း သွားနိုင်ပါတယ်။

🍀Prudence Concept
ဆင်ခြင်မျှော်တွေးမှု သဘောတရား ဆိုတာကတော့ လုပ်ငန်းမှ စာရင်းအစီရင်ခံဖို့ တာဝန်ရှိသူတွေ အနေနဲ့ စာရင်းစံသတ်မှတ်ချက်တွေ နဲ့ ပြဌာန်းထားတဲ့ ဥပဒေများ နဲ့ လက်တစ်လုံးခြား ကိစ္စရပ်တွေကို မလုပ်ဖို့၊ Judgement ဆုံးဖြတ်ချက်တွေ လုပ်ရတဲ့အခါ မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝင်ငွေတွေ အမြတ်တွေကို အမှန်တကယ် ရတာမျိုး၊ ဖြစ်တာမျိုးကိုဘဲ ပြရမှာ ဖြစ်ပြီး ပို မပြကြဖို့။
ဥပမာ Asset တန်ဖိုး တွေ Income တွေကို Overstate
မလုပ်ကြ‌ဖို့။ Equity, liabilities, Expenses တွေကို Understate မလုပ်ကြဖို့ ဖြစ်ပါတယ်။

🍀Business Entity Concept
လုပ်ငန်းနှင့် လုပ်ငန်းပိုင်ရှင်က သီးခြားစီလို့ မှတ်ယူရမှာ ဖြစ်ပြီး စာရင်းကိုင်တွေ အနေနဲ့က စာရင်းကို Business နေရာက Stand လုပ်ပြီး စာရင်းမှတ်သား ရေးသွင်းကြရတဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်။

စာရင်းကိုင် ဆိုတာ လုပ်ငန်းရှု့ထောင့် ကနေ အမြဲ ကြည့်ရပြီး သမာသမတ် ကြဖို့ကလည်း လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ တရားသူကြီးတွေ ဘက်လိုက်ပြီး ဆုံးဖြတ်ရင် တရားလို တရားခံ တွေ နစ်နာကြသလို စာရင်းကိုင် သမာသမတ်
မကျရင် Stakeholders တွေ နစ်နာ ကြပါတယ်။

🍀Materiality Concept
အရေးကြီးသော အရာများကို ဦးစာပေး လုပ်စေဖို့ နဲ့ အဓိက အရေးပါတာများကို အမှားအယွင်း မဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

စာရင်းတွေမှာ အမှားအယွင်း ရှိခဲ့ရင် Accounting Users တွေရဲ့ Economics Decisions ကို လွှမ်းမိုးမှု ရှိနိုင်သောကြောင့် အထူးဂရုစိုက်ကြရတာ ဖြစ်ပါတယ်။

🍀Money Measurement Concept
လုပ်ငန်းက Financial Accounting မှာ မှတ်သားတဲ့ အကြောင်းအရာတွေ အားလုံးက ငွေကြေးတန်ဖိုးတစ်ခုအနေနှင့် ဖော်ပြထားတာတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ စာရင်းမှတ်တယ်ဆိုတာ Business Transactions တိုင်းကို မှတ်တာ မဟုတ်ပါဘူး။

Business transactions တွေထဲကမှ Financial Transaction တွေကို စာရင်းရေးသွင်း မှတ်တမ်းတင်ကြတာ ဖြစ်ပါတယ်။
ဥပမာ အလုပ်မှာ အစည်းအဝေး ကျင်းပတယ်ဆိုတာ Business Transaction တစ်ခုပါ။ အစည်းအဝေး တစ်ကြိမ် ဆိုပြီး Financial Accounting မှာ စာရင်းမမှတ်ကြပါဘူး။

သို့သော် ထိုအစည်းအဝေး အတွက် ကျွေးမွေးစရိတ် အခန်းငှားခ စသဖြင့် ကုန်ကျစရိတ်တွေ ရှိလာပြီ ဆိုရင်တော့ အစည်းအဝေး အခန်းငှားခ အစည်းအဝေး ဧည့်ခံစရိတ် ဆိုပြီး စာရင်းရေးသွင်းကြပါတယ်။

🍀Historical Cost Concept
လုပ်ငန်းရဲ့ Asset ပိုင်ဆိုင်မှု့တွေကို ဝယ်ရင်းဈေးဖြင့်သာ တန်ဖိုးသင့်ပြီး စာရင်းသွင်းကြရပါတယ်။ လက် ရှိကာလပေါက်ဈေးဖြင့် တန်ဖိုးမသင့်ရ။

🍀Realization Concept
မိမိတို့ ရောင်းချလိုက်သော ပစ္စည်းကို ဝယ်သူကို တာဝန်လွှဲပြောင်းပြီးမှသာ ဝင်ငွေ စာရင်းဖော် ပြဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Matching Principle တို့ Accrual Concept တို့နဲ့လည်း အဆက်အစပ် ရှိနေတာ ဖြစ်ပါတယ်။

🍀Dual Aspect Concept
ဒီ သဘောတရားက Double Entry Bookkeeping စနစ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ စာရင်းအကြောင်းအရာတစ်ခုကို စာရင်းခေါင်းစဉ် နှစ်ခုမှာ စာရင်းမှတ်သားခြင်း ဖြစ်ပါသည်။
စာရင်းခေါင်းစဉ် တစ်ခုမှာ Debit ဆိုရင် အခြားစာရင်းခေါင်းစဉ်တစ်ခုမှာ Credit စာရင်းသွင်းရမှာပါ။

အချုပ်အနေနဲ့ ပြောရရင် Concept မပိုင်ရင် Account မကိုင်နဲ့လို့တောင် ပြောကြပါတယ်။ Concept မပိုင်ပဲ Account ကိုင်ခဲ့ရင် Accounting Equation ကိုက်နေတယ် ဆိုရင်တောင် "အမှိုက်ကား အမှားကိုက် နေတာမျိုး" ဖြစ်နေနိုင်ပါတယ် ဆိုတာ အသိပေးရင်း စာရင်းရဲ့ အခြေခံ သဘော တရားတွေကို မျှဝေလိုက်ပါတယ်။
https://www.facebook.com/share/p/1A3YxYUtsW/

08/03/2025

ENTERPRISE RESOURCE PLANNING (ERP) SYSTEM ဆိုတာဘာလဲ?
=====================================
ERP System ဆိုတာက လုပ်ငန်းတစ်ခုရဲ့ အရင်းအမြစ်များ (ဥပမာ - Finance ၊ လူ့စွမ်းအား၊ ထုတ်လုပ်မှု၊ အဝယ်စာရင်း၊ ရောင်းချရမှု) အားလုံးကို တစ်နေရာထဲမှာ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဆော့ဖ်ဝဲလ်စနစ်တစ်ခု ဖြစ်ပါတယ်။

ဒီစနစ် အကောင်အထည်ပေါ်ဖို့ဆိုရင် ဌာနအသီးသီးမှာ သီးသန့်အသုံးပြု နေတဲ့ ဒေတာ စနစ်တွေရှိနေရပါမယ်။မရှိရင် အဲ့တာရှိအောင် အရင် စဉ်းစားရပါမယ်။

ERP ကို သေချာ လုပ်နိုင်ရင် အဲ့အချက်အလက်တွေကို ပလက်ဖောင်းတစ်ခုတည်းမှာ ပေါင်းစည်း (Integration) လိုက်ပြီး ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချလို့ရအောင် တပြေးညီထဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ERP ၏ အဓိကလုပ်ဆောင်ချက်များ တွေကတော့ ဌာနအားလုံးရဲ့ စာရင်းတွေကို ပေါင်းစပ်ပြသပေးနိုင်ပါတယ်။ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ၊ Report တွေကို အချိန်နှင့်တစ်ပြေးညီ မြင်တွေ့နိုင်ပြီး အစီရင်ခံစာများကိုလည်း အလိုအလျောက်ထုတ်ပေးပါတယ်။

ERP ၏ အကျိုးကျေးဇူးတွေကတော့ ဌာနအလိုက် သီးသန့်စနစ်တွေ အစားထိုးရန် မလိုအပ်တော့ဘဲ တစ်ခုတည်းဖြင့် စီမံခန့်ခွဲမှုလွယ်ကူမယ်။

အချိန်နှင့်တပြေးညီ အချက်အလက်များ တွေရရှိမယ် စတာတွေကြောင့် Decisionချမှတ်မှု မြန်ဆန်လာခြင်းအပြင် လုပ်ငန်းလည်ပတ်မှုများကိုပါ စနစ်တကျဖြစ်စေခြင်းတို့ ပါပါတယ်။

ERP စနစ် ကို ရွေးချယ်မယ်ဆိုရင်စဉ်းစားရမည့်အချက်တွေကတော့
• လုပ်ငန်း၏ လိုအပ်ချက်များ
• ဘတ်ဂျက်နှင့် နည်းပညာအထောက်အပံ့။
• စနစ်၏ စိတ်ချရမှုနှင့် စံချိန်စံညွှန်းများတွေ ရှိမရှိတို့ပါဘဲ
တကယ်လုပ်တဲ့အခါ ကြုံရတဲ့ စိန်ခေါ်မှုတွေက စနစ်တပ်ဆင်ရန် ကုန်ကျစရိတ်ကြီးမားတာ၊ ဝန်ထမ်းတွေအနေနဲ့ လေ့လာရန် အချိန်ထပ်ယူရတာ တွေ။

လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော Customization လုပ်ဖို့ အချိန်ကြာတာတွေ ဟာ အမြဲ ကြုံကြရပါတယ်။ တစ်ချို့လုပ်ငန်းတွေဆို လုပ်တာလုပ်နေတာ မပြီး ဆုံးသော ဇာတ်လမ်းတစ်ပုဒ်လိုပါပဲလို့ပြောရင်း။

SWMA@Copyright2025
SWMA
VVA
Serial:FP0930725

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

02/03/2025

Working Capital Managementဆိုတာ
==============================
Finance နဲ့ပတ်သတ်ပြီး ဒီတစ်ခါ မျှဝေပေးချင်တာကတော့ "Working Capital Management" နဲ့ပတ်သတ်တဲ့အပိုင်း‌ လေးပါ။

လုပ်ငန်း အစဉ်အမြဲ လည်ပတ်နိုင်ဖိုအတွက် လည်ပတ်ငွေ ကို ကို "Working Capital Management" လို့ခေါ်ပါတယ်။ အဲ့မှာ သိထားရမှာက ငွေသားအဖြစ်ကို အလွယ်တကူပြောင်းလဲလို့ ရတဲ့ Current Asset ပါ။

အဲ့ဒီလိုပဲ မဖြစ်မနေပေးရမည့် Current Liability တွေ။ ကိုယ့်လုပ်ငန်းမှာငွေဖြစ်လွယ်တဲ့ Asset က ၃၀၀၀ ရှိတယ်ဆိုပါတော့........ ။

သူများကို အချိန်တန်ရင် မဖြစ်မနေ ပေးရမယ့်အကြွေးက ၁၀၀၀ ရှိနေရင် ကိုယ့်လုပ်ငန်းထဲမှာ အသားတင် လည်ပတ်ငွေ ဘယ်လောက်ရှိလဲလို့ တွက်လို့ ရပါတယ်တယ်။

၃၀၀၀ ထဲက ၁၀၀၀ ကိုနုတ်လိုက်ရင် လုပ်ငန်းမှာ အသားတင်လည်ပတ်ငွေ ၂၀၀၀ ရှိတယ်လို့ မှတ်ယူရပါမယ်။ ဒီလောက်ဆို "Working Capital Management" ကို နားလည်ပြီထင်ပါတယ်။

အဲ့ဒီတော့ ကိုယ့်မှာ ငွေဖြစ်လွယ်တဲ့ Asset တွေများလေလေ ပေးရမယ့်အကြွေးတွေကို ပေးနိုင်လေလေဖြစ်မှာပါ။

လုပ်ငန်း ကို စီမံတဲ့နေရာမှာ အရပ်စကားနဲ့ပြောရရင် ငွေ‌ကြေး"ခါးမပြတ်သွားဖို့" က အရမ်းအရေးကြီးပါတယ်။

အဲ့အတွက်ကို ကြို မတွက်ထားရင် ငွေတွေက မမြတ်နေတာလည်းမဟုတ် ၊ လက်ထဲလည်း မရှိဖြစ်တတ်တာမို့ "Working Capital Management" ကလည်း သေချာ လေ့လာပြီး စနစ်တကျ အကောင်အထည်ဖော်နိုင်မှ လုပ်ငန်း အတွက်
အိုကေမှာပါ။

"Working Capital Management" ကို သေချာလုပ်နိုင်ဖို့ လုပ်ငန်းမစတင်ကတည်းက 'Capital Structure'ကို သေချာ ချမှတ်ခဲ့ဖို့လိုပါတယ်။

Debt‌တွေက ဘယ်လောက် ရာခိုင်နူန်း ထားပြီး Equity ကို ဘယ်လောက် ရာခိုင်နူန်းထားမယ်ဆိုတာ သေချာ သတ်မှတ်ပြီး Debtတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။

ဒီလိုမှမဟုတ်ရင် အခြားတနည်းနဲ့Debtတွေကို တဖြည်းဖြည်းနည်းနည်းလာအောင် ဘယ်လိုကြိုတင်စီမံထားရမယ်ဆိုတာ စဉ်းစားထားရမှာဖြစ်ပါ‌ကြောင်း။

Copyright@2025
SWMA
VVA
Serial:FP0702325

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

22/02/2025

Corporate လုပ်ငန်းတခု၏ဘဏ္ဏာရေးငွေရေးကြေးရေးများကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?
==========================================
Corporate လုပ်ငန်းတစ်ခုရဲ့ ဘဏ္ဏာရေး၊ငွေရေးကြေးရေးတွေကို စီမံခန့်ခွဲမယ်ဆိုရင် အဲ့လုပ်ငန်းရဲ့ Balance sheet ၊ လက်ကျန်ရှင်းတမ်းတွေ ဘဏ္ဏာရေးဆိုင်ရာ Report တွေကို နားလည် ထားဖို့လိုပါတယ်။

Balance sheet လို့ပြောလိုက်တာနဲ့ Asset = Liabilities + Capital ကိုတော့ တော်တော်များများ သိထားကြပြီးဖြစ်ပါတယ်။

Asset လို့ပြောလိုက်တာနဲ့ Fixed Assets တွေ Current Asset တွေပါမယ်။ Fixed Asset မှာ Tangible Asset နဲ့ Intangible Asset ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။

ကာလရှည်ရင်းနှီးမြုပ်နှံဖို့ မြေတွေ၊ကားတွေ၊ အဆောက်အဦတွေဝယ်တာ အဲ့တာတွေကတော့ ဒြပ်ရှိတွေ၊ Tangible Assets တွေပေါ့။ Intangible Asset တွေအနေနဲ့ဆိုရင် copyright၊ patent rights၊ လုပ်ငန်းလုပ်ခွင့်လိုင်စင်တို့ ပါဝင်ပါတယ်။

နောက်တစ်ခါ လက်ငင်းရပိုင်ခွင့်ရှိတဲ့ current Asset တွေကတော့ Stock တွေပါမယ်၊ Inventory တွေပါမယ်၊ အဲ့တာတွေကို ရောင်းချတဲ့အခါ လက်ငင်းရောင်းတာလည်းရှိသလို အကြွေးရောင်းထားတာတွေလည်း ရှိမယ်။

အကြွေးရောင်းရင် အကြွေးရမယ့်သူ တွေဟာ ကိုယ်ရဲ့ Debtor တွေပေါ့။ မြီစားတွေ။Account receivable တွေရှိမယ်။ လက်ငင်းရောင်းချထားရင် လက်ထဲမှာ Cash in Hand တွေရှိမယ်။ ဘဏ်မှာအပ်ထားတယ်ဆိုရင် Cash at Bank ပေါ့။

အခုပြောခဲ့တာတွေက ငွေသားအဖြစ်ကို အလွယ်တကူပြောင်းလဲလို့ ရတဲ့အရာတွေ။ တနည်းဆိုရရင် current asset တွေပေါ့။

နောက်တစ်ဖက်မှာတော့ Capital နဲ့ Liabilities ပေါ့။ Capital မှာတော့ ကိုယ့်ရဲ့ ရင်းနှီးငွေကို ဘယ်လိုပုံစံနဲ့ တည်ဆောက်ထားမှာလဲဆိုတာတွေပါမယ်။

Stock holder/share holder တွေရဲ့ အရင်းအနှိီးနဲ့လည်ပတ်မှာလား၊ဘဏ်ကနေ ချေးငွေနဲ့ လည်ပတ်မှာလား၊Bond တွေထုတ်ရောင်းမှာလား၊ဒါတွေဆို Long-Term Debt တွေနဲ့ တည်ဆောက် လည်ပတ်မယ်လို့ ဆုံးဖြတ်မှာလား၊ လုပ်ငန်း လည်ပတ်နေရင်း မဖြစ်မနေ ပေးရမယ့် ပေးရန်တွေကိုကျတော့ Current Liabilities လို့ခေါ်ပါတယ်။

ဒီအပိုင်းတွေ အကုန်လုံးကို သေသေချာလေး စဉ်းစားပြီး ဘယ်လောက် ပမာဏအထိ အသုံးပြုမယ်၊ ဘယ်လို ပြန်ရှာမယ်ဆိုတာတွေကို သေချာလေး တွက်ချက် လုပ်ကိုင်နိုင်ဖို့လိုပါတယ်။

ဒီအပိုင်းတွေကို သေချာလေ့လာတာကို Finance Management (သို့) Corporate Finance လို့လည်းခေါ်ပါတယ်။

Copyright@2025
SWMA
VVA
Serial:FP0422225

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

18/02/2025

Corporate Finance အကြောင်း တစေ့တစောင်း
======================================
Corporate Finance ဆိုတာဘာလဲ?။ Corporate လုပ်ငန်းတစ်ခုရဲ့ ဘဏ္ဏာရေး ငွေရေးကြေးရေးတွေကို စီမံခန့်ခွဲမယ်ဆိုရင် ဘယ်လိုစီစဉ်ခန့်ခွဲမှာလဲ ဒီတခေါက် ပြောပြပေးမှာပါ။

Corporate Finance လို့ပြောလိုက်ရင်
1). ကာလရှည်ရင်းနှီးမြုပ်နှံမှု(Investment Decision)
2). အဲလို ရင်းနှီးမြုပ်နှံဖို့လိုငွေကို ဘယ်လို ရှာမှာလဲဆိုတဲ့ (Capital Structure)
3). လကုန်တာနဲ့မဖြစ်မနေပေးရမယ့် Bill တွေအတွက် လည်ပတ်ငွေ ဘယ်လောက်ထားမှာလဲဆိုပြီး အပိုင်း (၃)ပိုင်းကို ခွဲခြားပြီး လေ့လာရမှာဖြစ်ပါတယ်။

Corporate Finance လို့ပြောလိုက်ရင် ကိုယ့်လုပ်ငန်းက လုပ်မယ့် အရင်ဆုံး ကာလရှည် ရင်းနှီးမြုပ်နှံမှုတွေက ဘာတွေလုပ်မှာလဲဆိုတာ အရင်စဉ်းစားရပါတယ်။

Project တွေမှာ ရင်းနှီးမြုပ်နှံမှာလား၊ဒါမှမဟုတ် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဘဲ လုပ်မှာလား၊ ဘယ်အလုပ်ဘဲ လုပ်လုပ် ရေရှည်အသုံးပြုရမည့် Asset တွေကို ဘယ်လို ဝယ်ယူမှာလဲ။ဒါတွေကို ပထမဆုံးစဉ်းစားရမည့် Investment Decision ဆိုတာတွေ ရှိပါမယ်။

ရင်းနှီးမြုပ်နှံမှု နဲ့ပါတ်သတ်ပြီး ဆုံးဖြတ်ချက် ချပြီးသွားရင် အဲ့တာတွေ တကယ်လုပ်ဖို့ လိုအပ်နေတဲ့ ငွေကြေးတွေကို ဘယ်ကနေ ရအောင် ယူမှာလဲဆိုတာကိုလည်း စဉ်းစားရပါတယ်။

အဲဒီ‌တော့အကြွေးတွေ ယူပြီး ဘဏ္ဏာငွေ ရှာမှာလား။အဲ့တာဆိုရင်တော့ Debt Financing ပေါ့။ Bond တွေ ထုတ်ရောင်းမှာလား၊ ငွေချေးစာချုပ်တွေ ထုတ်ရောင်းမှာလား......စသည်ဖြင့်ပေါ့။

ဒါမှမဟုတ်ရင် အစုရှယ်ရာတွေ ထုတ်ရောင်းပြီးမှ ဘဏ္ဏာငွေတွေ ရှာမှာလား၊ Equity Financing ပေ့ါ။ လုပ်ငန်းအတွက်လိုနေတဲ့ Capital Structure ကို ဘယ်လို ပုံစံနဲ့ တည်ဆောက်မှာကို ဆုံးဖြတ်ရတာဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းမှာ အသုံးပြုရမည့် Short Term Cash Flow ကို စဉ်းစားတွက်ချက်ရပါမယ်။ လုပ်ငန်းမှာ မဖြစ်မနေ ပေးရမယ့် Bill တွေကို ပေးချေဖို့အတွက် ကာလတို ငွေသားစီးဆင်းမှုနဲ့ပတ်သတ်ပြီး ဘယ်လို စီစဉ်မှာလဲပေါ့။
ဥပမာ လစာ ၊ မီတာဘေ၊ ဝိုင်ဖိုင်ဘေ အစရှိသည်ဖြင့်ပေါ့။

လုပ်ငန်းရဲ့ လှည့်လည်ငွေရင်းဖြစ်တဲ့ Working Capital Management ကိုရော ဘယ်လို စီမံမှာလဲ အများကြီးပါပဲ။

ဒီလုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ဘဏ္ဏာရေး၊ငွေရေးကြေးရေးတွေကို စီမံခန့်ခွဲမယ်ဆိုရင် အခုလို အပိုင်း (၃)ပိုင်းခွဲပြီး စီမံဖို့လိုပါတယ်လို့ ပြောရင်း။

Copyright@2025
SWMA
VVA
Serial:FP0321825

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

13/02/2025

Accounting Informationနဲ့ Balance Sheetဘယ်လိုချိတ်ဆက်ပါသလဲ?
========================================
Accounting information ဆို တာ အဲဒီလုပ်ငန်းရဲ့ Performance ကို ပြသနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အဲ့တာမို့ ကိန်းဂဏန်းတွေဟာ မှန်ကန် တိကျမှု ရှိဖို့လိုသလို စနစ်တကျ ရေးသွင်းမှတ်သားထားဖို့လည်း လိုပါတယ်။

မန်နေဂျာတိုင်းဟာ Accounting ကို လေ့လာထားသင့်ပါတယ်။ Accountant လုပ်ဖို့မဟုတ်ဘဲ Accounting equation တွေကို ဖတ်နိုင် ၊ နားလည်နိုင်မှ လုပ်ငန်းရဲ့ Performance ကို ဆန်းစစ် နိုင်မှာကြောင့်ပါ။

လုပ်ငန်းတိုင်းမှာရှိသင့်တဲ့ အခြေခံအကျဆုံး အရာကတော့ Balance Sheet ဘဲဖြစ်ပါတယ်။လုပ်ငန်းအကြီးတွေဆိုရင် အားလုံးနီးပါး ရှိကြပါတယ်။ မန်နေဂျာတွေဟာဆိုရင်လည်း Balance Sheet ကို ဖတ်နိုင်၊ နားလည်နိုင်ဖို့လိုပါတယ်။

အဲ့ဒီလိုမှသာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို အမှန်အတိုင်းသုံးသပ်ပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်။

Equation အရ Asset = Liabilities + Owner Equityပါ

ဘာကိုဆိုလိုတာလဲဆိုတော့- ကုမ္ပဏီမှာ ဘာAsset တွေရှိနေလဲ (ပိုင်ဆိုင်မှုများ)၊ ဘယ်လောက် ပေးဆောင်ဖို့လိုအပ်လဲ (ကုန်ကျစရိတ်များ)နဲ့ ကုမ္ပဏီပိုင်ရှင်ရဲ့ အပိုင်း (အစုရှယ်ယာများ)တို့ကို ပြထားတာပါ။

ဥပမာ - သင့်မှာ ငွေ ၁သိန်း၁ထောင်နဲ့ လုပ်ငန်းစလုပ်တယ်ဆိုပါတော့။ လုပ်ငန်းစစချင်း သင်က ရုံးခန်း စာချုပ် သိန်း တစ်ရာ ဖြင့်ချုပ်လိုက်ရင်..............
Asset(သိန်း၁ ထောင်)=Liability(သိန်းတစ်ရာ)+Owner Equity (သိန်း ၉ ရာ) လို့ စာရင်းရှိနေမှာဖြစ်ပါတယ်။

ပြောင်းပြန် တွက်လိုက်ရင်လည်း ဒီ Equation ကို ကြည့်ပြီး လုပ်ငန်းရဲ့အခြေအနေကို သိနိုင်ပါတယ်။

အဲဒီတော့ Balance Sheet ကိုသေချာနားလည်ရင် ရေရှည် ရင်းနှီးမြုပ်နှံမှုတွေ လုပ်သင့်မလုပ်သင့် စဉ်းစားနိုင်မယ်။
အမှားတွေ ရှိနေရင်လည်းအ ချိန်မှီ ပြုပြင်နိုင်ပါလိမ့်မယ်။
ကုန်ကျစရိတ် နဲ့ ရင်းနှီးမြုပ်နှံမှုကို သေချာ စီမံနိုင်မှာဘဲဖြစ်ပါတယ်။

Khine Myat@MyatKhine
Management Consultant
Copyright@2025
SWMA
VVA
Serial0121225

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 138, 48 Street, Botataung TSP
Yangon