First Step Engineering Group
We are T.U (Hmawbi) Mechanical Engineering student at 2017-2018
23/06/2022
First Step Engineering group
မှ ညီအကိုလိုဆွေမျိုးအရင်းအချာ
ဆရာသမားတစ်ယောက်လိုမျိုး
အရမ်းခင်အရမ်းလေးစားရတဲ့
ကိုဇော်ဝင်း ဆုံးပါးသွားသည့်အတွက် F.S Gp အနေဖြင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းမိပါတယ်😢😢
ဘဝတစ်ခုမှာအဆင်ပြေနိုင်ပါစေ ဆုများတောင်းပေးလျက်ပါ ......
Ko Zaw Win
22/11/2021
We will not back down on difficult things!
22/11/2021
လူကြီးမင်းတို့ရဲ့ Comfort Zone အတွက် First Step ရှိနေပါတယ်ခင်ဗျာ🥰🥰
မော်တာ ဒါမှမဟုပ် pump တွေတခုခုဖြစ်သွားရင် ၉ step by step checking
motor တစ်ခုခုဖြစ်ရင် ကိုယ့် image မကျအောင် လုပ်နိုင်ဖို့အတွက် အလွယ်တကူ စစ်လို့ရနိုင်တဲ့ basic step by step checking တွေကို တင်ပြပါတယ် အသေးစိပ်မဟုတ်တဲ့ အတွက် လိုအပ်တာလေးတွေကို comment မှာ sharing လုပ်ပြီး ဆွေးနွေးကြပါလို့ ဖိတ်ခေါ်ပါတယ်
motor fail ဖြစ်သွားရင် working motor ဆိုရင် အရင်ဆုံး power ပိတ်ချပါ disconnect လုပ်ပါ( fuse or breaker etc..)
1- check the outside of the motor
motor fail ဖြစ်တာဟာ electric shock ဖြစ်လို့ ဖြစ်နိုင်ပါတယ် overloading လဲ ဖြစ်နိုင်တယ် ဒါကြောင့် motorရဲ့ အပြင်ဘက် body ကို စစ်ကြည့်ရပါမယ် mounting part တွေ ပျက်စီးလား motor ရဲ့ အလယ်ပိုင်းမှာ မဲနေလား တစ်ခုခု motor အတွင်းပိုင်းထဲ ရောက်နေလား စစ်ကြည့်ပါ
2- check the nameplate on the motor
manufacture's name, model and serial number, RPM , hp,wiring diagram, voltage, current, frame style, type တတ်နိုင်သမျှ information အားလုံး မှတ်ထားပါ အသစ်မှာရမယ်ဆို
စက်ချုပ်ကို အချက်လက်ပေးနိုင်အောင်ပါ
3- check the bearing of the motor
motor failures တော်တော်များများဟာ bearing failures ကြောင့် ဖြစ်တာများပါတယ် motor အစွန်းတစ်ဖက်ဆီမှာ bearing တစ်ခုစီ ပေါင်း နှစ်ခု ရှိပါတယ် motor ရဲ့ rotor / shaft ကို လက်နဲ့ လှည့်ကြည့်ပါ freely ကိုကြည့်ပါ smoothly လား တစ်ခုခု ထစ်နေလား အသံကြားရလား စစ်ကြည့်ပါ
motor shaft ကို ရှေ့ တိုးနောက်ဆုတ် ဆွဲကြည့်ပါ နဲနဲ လေး ရွှေ့ ပါတယ် စစ်ကြည့်ပါ မရရင် မကောင်းပါ
4- check the winding for short circuiting to the frame
motor အများစုဟာ short circuiting ဖြစ်ရင် failures ဖြစ်ပါတယ် ဒါကြောင့် fuse or trip circuit breaker တွေကို စစ်ကြည့်ပါ
ohm meter ကို သုံးပြီး resistance value ကို တိုင်းကြည့်ပါ meterက လက်တံနဲ့ ဆို zero setting လုပ်ဖို့မမေ့နဲ့နော် digitalဆို မလိုပါဘူး
- check that the winding are not open or blown
single phase or 3 phase motor တွေကို ohms meter သုံးပြီ lowest (R × 1 ) range ကို change ပြီး motor leads ကြားက resistance ကို တိုင်းနိုင်ပါတယ်
5- check the start capacitor used for starting motor
တချို့ start or run လုပ်ဖို့ capacitor ရှိတဲ့ motor မှာ capacitor ကောင်းမကောင်း ohms meter နဲ့စစ်ကြည့်ပါ capacitor မကောင်းရင်လဲ motor failures ဖြစ်နိုင်ပါတယ် resistance ဟာ မတက်လာဘူးဆိုရင်တော့ capacitor ကို replace လုပ်ရမှာပါ
6 - check the rear bell housing of the motor
တချို့ rear bell housing ( centrifugal switch ) ကို သုံးတဲ့ motor တွေမှာ rear bell housing ကို စစ်ရပါမယ် contacts တွေ ကောင်းမကောင်း ပါ
7- check the fan
motor fan တွေ ညစ်ပတ်နေမယ် ကြပ်နေမယ် တစ်ခုခု ဖြစ်နေမယ်ဆိုရင် motor overheat ဖြစ်ပြီး failures ဖြစ်နိုင်ပါတယ်
8- choose the right motor for the conditions
in which it will be run
motor ကို တပ်ဆင်အသုံးပြုထားတဲ့ နေရာကို ကြည့်ရပါမယ် Motor type နဲ့ သင့်လျော်သော အနေအထား မှာ ရှိလား စို စွတ်နေတဲ့ နေရာလား ရေတွေရှိနေလား စစ်ကြည့်ရပါမယ်
အခုပြောသွားတဲ့ အချက် 8 ချက်ဟာ အလွယ်နည်း action ယူနိုင်တဲ့ အချက်အလက်တွေဖြစ်ပါတယ် ရုတ်တရက် လူအများရှေ့ မှာ ကိုယ့် image မကျအောင် စစ်နိုင်ဖို့ ရည်ရွယ်ပါတယ်
ဒီထပ်မက အသေးစိပ် လေ့လာ ဖတ်ရှု့ နိုင်ဖို့ လိုအပ်ပါတယ်
senior တွေ အနေနဲ့ လိုအပ်ချက်တွေ မှားတာလေးတွေ ကို sharing လုပ်ပေးကြပါလို့
ကျနော်တို့ ကိုယ်တိုင်ကြိုးစား မှ ကျနော်တို့ အဆင်ပြေမှာပါ အကူညီစောင့်နေရင် သူများအောက်ရောက်သွားမှာပါလို့ ညီအကို တွေကို တိုက်တွန်းပါတယ်
Crd original writer
07/06/2021
First Step Engineering Group ကိုအစဥ်အမြဲအားပေးနေသော
Customer များ လုပ်ငန်းစီးပွားများဒီရေအလားတိုးပွားကြပါစေခင်ဗျာ
07/06/2021
Air con second use တွေ ရပါမယ်
လိုအပ်ပါက ဆက်သွယ်မှာယူနိုင်ပါတယ်
* စက်သီးသန့်ပါ
* စျေးအနေအထားကတော့ စက်အပေါ် / မြင်းကောင်ရေအပေါ်မူတည်ပါမယ်
အောက်ကပုံလေး Mitsubishi 1hp R-22 Heavy Duty type
စျေးအနေနဲ့ 220000 ကျပ်ပါ
05/06/2021
First step engineering group မှ
ယခုကာလအတွင်း ခက်ခက်ခဲခဲအချိန်တွေမှာ အတူတစ်ကွ လုပ်ကိုင်ပေးခဲ့ကြတဲ့ Team တစ်ခုလုံးကိုကျေးဇူးအထူးတင်ပါတယ်
နောက်ထပ် နောက်ထပ်Customer တွေကိုလည်းယခုထက်ပို before and after serive များ right time service များပေးနိုင်အောင် ကြိုးစားလျက်ပါ
22/12/2020
" B2B လုပ်ငန်းတွေမှာ အသုံးများသောဝေါဟါရများလေ့လာခြင်း"
1. Account Based Marketing
Account Based Marketing ဆိုတာ Company တစ်ခု ဒါမှမဟုတ် organization တစ်ခု ကိုသာ target ထားတဲ့ Marketing အမျိုးအစားဖြစ်ပါတယ် ။ ဥပမာ သင်ဟာ IT Company မှာအလုပ်လုပ်နေသူဆိုရင် သင့်ရဲ့ Targeted customer တွေက များများစားစားမရှိတဲ့အပြင် deal တခုတခုရဲ့ amount ကလဲ နည်းမှာမဟုတ်ပါဘူး။ဒီတော့ ဒီလို niche ဖြစ်တဲ့ Market မှာ organization တခုစီကို targetထားပြီး ကြေငြာတဲ့ Marketing Message တွေကိုဆိုလိုတာဖြစ်ပါတယ်။
2. Behaviour Based Marketing
Behaviour Based Marketing ဆိုတာ customer တွေရဲ့မိမိproductအပေါ် စိတ်ဝင်စားမှု change ဖြစ်သွားတာပေါ်မူတည်ပြီး Marketing Message ပေးတါဖြစ်ပါတယ်။ဥပမာ သင်က ကျွန်တော့ရဲ့ Product ၃ခု ရှိတဲ့အထဲက ပထမဆုံး Aကိုစိတ်ဝင်စားတယ်၊
နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် Cကို ပိုစိတ်ဝင်စားတာမျိုးလဲရှိနိုင်ပါတယ်၊ဒါကြောင့် သင့်ရဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီး Marketing Message ပေးတါကို Behaviour Based Marketing လို့ခေါ်ပါတယ်။
3.Retargeting
Retargeting ဆိုတာ Digital Marketing Channel ကနေ ကိုယ့်ရဲ့ Ads/Content တွေနဲ့ပတ်သက်ပြီးEngagement ရှိပြီးသားလူတွေကို Target ထပ်ထားပြီး ကွဲပြားတဲ့ Ads/Content တွေ Feed လုပ်တာကို Retargeting လုပ်တယ်လို့ခေါ်ပါတယ်။
4.Business Plan
Business Plan ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အနာဂတ်ရည်မှန်းချက်တွေနဲ့ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ့် မဟာဗျူဟာတွေကို အသေးစိတ်ရေးထားတဲ့ Plan တစ်ခုဖြစ်ပါတယ်။
5.Marketing Plan
Marketing Plan ဆိုတာ Business Plan ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းတစ်ခုရဲ့ Marketing နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ မဟာဗျူဟာတွေကို အသေးစိတ်ရေးဆွဲထားတဲ့ အစီအစဥ်တစ်ခုလဲဖြစ်ပါတယ်။
6.SEO/SEM (Search Engine Optimization နဲ့ Search Engine Marketing)
SEOဆိုတာ Google လို Search Engine လိုနေရာမျိုးမှာ လူတွေ ကတခုခုကိုရှာတဲ့အခါ ထွက်လာတဲ့ ရလဒ်တွေထဲမှာ ကိုယ့်လုပ်ငန်း၊ကိုယ့်ပစ္စည်း၊ကိုယ့် ဝန်ဆောင်မှုကို ထိပ်ဆုံးကပေါ်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။SEM ကတော့ ဒီနေရာတွေမှာ ကြော်ငြာတဲ့ Marketing Message တွေကိုခေါ်တာပါ၊ဥပမာ သင်က hotel တွေရှာနေတဲ့အချိန် ဘေးနားမှာ Grab Taxi ဆိုပြီး ကြေငြာလာတက်တာမျိုးပေါ့...
7.Pay-Per-Click
Pay-Per-Click Advertising ဆိုတာ ကြော်ငြာတစ်ခုရဲ့ လင့်ခ်အပေါ်ကြည့်ရှုသွားသူက CTA button တစ်ခုကိုနိုပ်သွားတိုင်း ကြော်ငြာရှင်က ပိုက်ဆံပေးရတဲ့ ကြော်ငြာအမျိုးအစားဖြစ်ပါတယ်။
8.Sales Copy
Sales Copy ဆိုတာ မိမိရဲ့ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုကို ရောင်းချဖို့ကြိုးစားတဲ့ ကြော်ငြာစာကိုဆိုလိုတာဖြစ်ပါတယ်။
9.Prospect
Prospectဆိုတာကိုယ့်ရဲ့ Customer ဖြစ်လာနိုင်ခြေရှိတဲ့ သူတွေကိုဆိုလိုတာပါ။ Prospect to Lead to Customer ဆိုတဲ့ပုံစံနဲ့ တဆင့်တဆင့် change ဖြစ်ပါတယ်။
10.Offer
Offer ဆိုတာ ကိုယ့်ဘက်ကနေ Prospect တွေ Lead တွေ Customer တွေကို ကမ်းလှမ်းတဲ့အရာတွေကိုဆိုလိုတာပါ။ဒီနေရာမှာoffer တွေ များစွာရှိနိုင်ပါတယ်၊အဓိက က ကိုယ်ပေးတဲ့ offer က စိတ်ဝင်စားစရာ ကောင်းမယ့်အရာမျိုးတော့ဖြစ်ဖို့လိုပါတယ်။
11.Ebook or Free Report
ဒီမှာ B2B မှာခေါ်တာကတော့ Ebook လို့ခေါ်ပါတယ် အဓိက က ကိုယ့်ရဲ့ Prospect တွေ Lead တွေအတွက် အကျိုးရှိ အသုံးဝင်မယ့် အရာတွေကို ထည့်သွင်းရေးသားပြီး အခမဲ့ပို့ပေးခြင်းမျိုးပါ။
ဥပမာ - သင်က IT business ကဆိုရင် သင့်ရဲ့ Prospect တွေဖြစ်တဲ့ Banking individual တွေကို IT နဲ့ပတ်သက်တဲ့banking မှာအကျိုးရှိမယ့်အကြောင်းအရာတွေ စိတ်ဝင်စားနိုင်မယ့်သတင်းတွေကို ပေးပြီး relationship ယူတာမျိုးပါ။
12. before-during-after
Before ဆိုတာ သင့်ရဲ့ prospectတွေက သင့်ရဲ့ လုပ်ငန်းကို သေချာမသိသေးတဲ့အချိန်ကိုဆိုလိုတာပါ။
During ဆိုတာ က သင့်ရဲ့ product or service တွေကို စိတ်ဝင်စားမှုရှိနေတဲ့ အချိန်ကိုဆိုလိုပါတယ်။
After ဆိုတာကတော့သင့်ရဲ့ customer ဖြစ်လာပြီးနောက်ပိုင်းအချိန်ကိုဆိုလိုတာပါ။
13. POSMs (Point of sales Materials )
POSMs ဆိုတာက သင်တို့အနေနဲ့ Marketing activities တွလုပ်တဲ့နေရာမှာ အသုံးချတဲ့ ပစ္စည်းတွေကိုဆိုလိုပါတယ် ။
ဥပမာ ခွက်တို့ ၊ T shirt တို့ စသည်ဖြင့်ပေါ့
14.Copy writing
Copy writing ဆိုတာ Copy ရေးသားခြင်း အနုပညာကိုဆိုလိုပါတယ်။ ဂရုမစိုက်ခြင်း အနုပညာလိုမျိုးပေါ့ 😅...
15.Return On investment
ROI ဆိုတာ သင်ရင်းနှီးမြှုပ်နှံမှုကနေပြန်ရလာတဲ့အကျိုးအမြတ်ကိုဆိုလိုပါတယ်။
16.Subscription
Subscription ဆိုတာသင့်ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုကို ပုံမှန်ရယူဖို့
ကြိုတင်ငွေပေးချေရတာ ဒါမှမဟုတ် ပုံမှန်ပေးချေရတာကို ဆိုလိုပါတယ်။
ဥပမာ အသက်အာမခံလိုမျိုး၊မီတာ bill လိုမျိုး၊ internet wifi လိုမျိုး product or service တွေဖြစ်ပါတယ်။
17.Cold Call
Cold Call ဆိုတာ တစ်စုံတစ်ယောက်ဆီကို ခွင့်ပြုချက်မရှိပဲ ဖုန်းဆက်ပြီး သင့်ပစ္စည်း သို့ ဝန်ဆောင်မှုကိုရောင်းချဖို့ သို့မိတ်ဆက်ဖို့ ကြိုးစားတာ့ဖြစ်ပါတယ်။
18.Infrastructure (Engineering)
Infrastructure ဟာ ဒီနေရာမှာ၂ပိုင်းကွဲပါမယ် engineering အခေါ်အရဆိုရင် အခြေခံအဆောက်အအုံတွေကိုဆိုလိုတာဖြစ်ပါတယ်။လမ်း၊တံတား၊ဆေးရုံ၊ကျောင်းဘလျှပ်စစ်ဓာတ်အားပေးစက်ရုံစတာတွေကိုဆိုလိုပါတယ်။
19.Infrastructure (Marketing)
Infrastructure ကို Marketing မှာတော့ Marketing System တစ်ခုလည်ပတ်ဖို့လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေလို့သတ်မှတ်ပါတယ်။Marketing Infrastructure ကို Asset တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဥပမာ Lead Capture websites တို့,Ebook တို့, Blog တို့ စတဲ့ အရာတွေကိုခေါ်တာဖြစ်ပါတယ်။
20.Joint Venture
Joint Venture ဆိုတာ လုပ်ငန်း၂ခု ဘုံရည်မှန်းချက် အတွက်ပူးပေါင်းလုပ်ဆောင်ကြတာကိုဆိုလိုပါတယ်။ဥပမာ Google နဲ့ NASAဟာ Google Earth ကိုဖန်တီးတုန်းက အကျိုးတူပူးပေါင်းခဲ့ကြသလိုမျိုး၊အဆောက်အဦးတွေတည်ဆောက်တဲ့အခါ ဆောက်လုပ်
ရေးပိုင်း နဲ့ MME ပိုင်းညှိပြီး project မှီအောက်ပြုလုပ်ပေးရတာမျိုးကိုဆိုလိုပါတယ်။
အခုလို သင်ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ပေးပြီးဆုံးအောင်ဖတ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ယခု sharing ကို 1page marketing plan စာအုပ်မှကိုးကားရေးသားသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာများအားလေးစားလျှက်
#အပူချိန်မြင့်ချိန်အဲကွန်းတွေမအေးရင်
ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ
နေ့လည်ရောက်ရင်မအေးတာက
ပြင်အပူချိန်ကအဲကွန်းစက်အများစုရဲ့
ဒီဇိုင်းအပူချိန်ကျော်ကိုကျော်နေလို့
အဲကွန်းအောက်ဒိုးက အရိပ်ထဲရှိမနေတဲ့စက်အများစုက
စက်ဖွင့်ထားပေမယ့် နေ့လည်၁၂နာရီကနေ ညနေ၄နာရီလောက်ကြား မအေးတတ်ပါ။
ညပိုင်းကြရင် ပြန်အေးပါလိမ့်မယ်။
(ညပိုင်းထိပြန်မအေးရင်တော့ ကျွမ်းကျင်သူသာခေါ်ပါတော့)
မီးအားနိမ့်တဲ့နေရာတွေဆိုရင် အပူချိန်အရမ်းမြင့်ချိန်မှာဖွင့်ရင် စက်ပျက်တာတွေပါဖြစ်နိုင်ပါတယ်။
တချို့ကလဲ စက်က အပူချိန်များလွန်းလို့
စက်မအေးရင် ပိုအေးအောင်ဆိုပြီး.ရီမုတ်ကို
16'C ထိ လွဲမှာစွာထားတတ်ကြပါတယ်။
ရီမုတ်ကို အပူချိန်နိမ့်ထားလို့လည်း စက်ကပိုအေးတာမဟုတ်ပါ။
ရီမုတ်ကအပူချိန်က အခန်းရဲ့အပူချိန်ကို ကိုယ်လိုချင်တဲ့အနေအထား အပူချိန်ကိုချိန်ပေးတာပါ။
စက်ကိုပိုအေးအောင် မလုပ်ပေးနိုင်ပါ။
ရီမုတ်က အပူချိန်ကို နှိမ့်ထားလေလေ မလိုအပ်ပဲ မီတာခပိုကုန်တာပဲအဖတ်တင်မှာပါ။
အကောင်းဆုံးထားသင့်တဲ့အပူချိန်က 22'C နဲ့
25'C ကြားပါ။စက်မှကောင်းနေရင်အေးပါတယ်။
တကယ်လို့ ဒီရာသီမှာစက်ကကောင်းကောင်းမွန်မွန်အလုပ်လုပ်လို့
အခန်းအပူချိန်နိမ့်ထားမိရင်..မတော်တဆ အပြင်ကပြန်လာချိန် အဲဒီအခန်းထဲဝင်မိရင်
အပူချိန်ကွာဟချက်က...
40'C ..ကနေ 20'C အောက်အခန်းထဲရောက်သွားလို့
ခန္ဓာကိုယ်အတွက် အပူချိန်အပြောင်းအလဲများလွန်းလို့
မလိုလားအပ်တဲ့ပြသနာဖြစ်ပြီး ဖျားတာနာတာဖြစ်နိုင်ပါတယ်။
အခုအချိန်မှာ စက်ကပူလွန်းလို့အလုပ်မလုပ်နိုင်ရင်
#ခဏတနာရီလောက်အနားပေးပြီးမှပြန်ဖွင့်ပါ။
#ဒါမှမဟုတ် Fan Mode ပဲ High ထားပြီးဖွင့်ထားပါ။
ညပိုင်းထိပြန်မအေးတော့ရင်တောဖြစ်စေ၊အဲကွန်းအောက်ဒိုးကကျနေဘက်မှာမရှိပဲအရိပ်ထဲမှာရှိနေလျှက်နဲ့
မအေးတော့ရင်ဖြစ်စေ
#အဲကွန်းကိုဆားဗစ်လုပ်ပါ။
#တတ်ကျွမ်းသူနဲ့စစ်ဆေးပါ။
ဆားဗစ်မလုပ်လို့ ညစ်ပတ်နေပြီး အပူထုတ်အားကျလို့
အခန်းထဲမှာအပူချိန်မကျပဲ စက်ကမအေးတာလဲဖြစ်နိုင်သလို
ဂက်စ်နည်းလို့ စက်ချွတ်ယွင်းနေလို့လည်းဖြစ်နိုင်လို့ပါ။
အားလုံးသိအောင် Share ပေးနိုင်တယ်ခင်ဗျာ။
Crd.
#ကိုနန္ဒမိုး
23/08/2020
First Step Engineering Group
Job Type - Sevicing and Changing Capacitor & Refill Gas
A/C Type - Wallmounted Type
A/C Brand Name & hp - Daikin 1.5hp
System Refrigent - R410a
Checking Amp: - 5.5A
System Gas Pressure - 135psi
Location - Mingalardon Township
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
A/C နဲ့ပတ်သက်ပြီး အကောင်းမွန်ဆုံးလက်ရာ အသက်သာဆုံးစျေးနူန်း ကျွမ်းကျင်သောအလုပ်သမားများနှင့်
Engineer များဦးစီးသော First Step Engineering Group ကိုအစဥ်အမြဲလက်တွဲခဲ့သော မိတ်ဟောင်းများကိုလည်းကျေးဇူးတင်လျက် မိတ်သစ်များကိုလည်းကြိုဆိုလျက်ပါ။ စိတ်ချမ်းသာပြီးရောဂါဘယဘေးမှကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား☺️☺️☺️
😊First Step Engineering Group😊
Heating, Ventilation and Airconditioning service
Air-con System Unit
cooled # Water cooled Tower
.........
🙏🙏(လူကြီးမင်းတို့ သိရှိ လိုသည်များကိုအသေး
စိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။)
☎️ 09401810590
☎️ 09781478651
☎️ 09250079365
[email protected]
F.B.page-https://www.facebook.com/AirconditioningMechanicalVentilationService/
No(6),14-Quarter,Nyaung Yan Street , Shwe Pauk Kan, Northokklaa Township, Yangon.
_____________________________________
23/08/2020
First Step Engineering Group
Job Type - Sevicing and Changing Capacitor
A/C Type - Wallmounted Type
A/C Brand Name & hp - Daikin 1.5hp
System Refrigent - R410a
Checking Amp: - 5.3A
System Gas Pressure - 130psi
Location - Mingalardon Township
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
A/C နဲ့ပတ်သက်ပြီး အကောင်းမွန်ဆုံးလက်ရာ အသက်သာဆုံးစျေးနူန်း ကျွမ်းကျင်သောအလုပ်သမားများနှင့်
Engineer များဦးစီးသော First Step Engineering Group ကိုအစဥ်အမြဲလက်တွဲခဲ့သော မိတ်ဟောင်းများကိုလည်းကျေးဇူးတင်လျက် မိတ်သစ်များကိုလည်းကြိုဆိုလျက်ပါ။ စိတ်ချမ်းသာပြီးရောဂါဘယဘေးမှကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား☺️☺️☺️
😊First Step Engineering Group😊
Heating, Ventilation and Airconditioning service
Air-con System Unit
cooled # Water cooled Tower
.........
🙏🙏(လူကြီးမင်းတို့ သိရှိ လိုသည်များကိုအသေး
စိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။)
☎️ 09401810590
☎️ 09781478651
☎️ 09250079365
[email protected]
F.B.page-https://www.facebook.com/AirconditioningMechanicalVentilationService/
No(6),14-Quarter,Nyaung Yan Street , Shwe Pauk Kan, Northokklaa Township, Yangon.
_____________________________________
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 14/5/6, Nyaung Yan Street, Shwe Pauk Kan, Northokklapa
Yangon