Active Computer Training Center -ACTC

Active Computer Training Center -ACTC

Share

Education

09/09/2024

သင်ဟာ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ HR တစ်ယောက်လား
HR ပညာရပ်ကိုစိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား
ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့ စီးပွားရေးသမားတစ်ဦးလား
စက်ရုံ အလုပ်ရုံ / ကုမ္ပဏီ မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်း တစ်ယောက်လား.......????????

အထက်ဖော်ပြပါ အမျိုးအစားထဲမှာ ပါဝင်နေခဲ့ပြီ ဆိုရင်တော့ SCB(MESI) မှ ယခုဖွင့်လှစ်လိုက်တဲ့ Certificate in Labour Law အတန်းလေးက မိတ်ဆွေတို့ မဖြစ်မနေတက်ရောက်ရမည့် အတန်းလေးတစ်တန်းဆိုတာ ငြင်းလို့မရပါဘူး။

အလုပ်သမားဥပဒေ ဆိုတဲ့အတိုင်း အလုပ်သမား(ဝန်ထမ်း) တွေရဲ့ အလုပ်သမားဥပဒေပါ ရသင့်ရထိုက်တဲ့ ခံစားခွင့်များအကြောင်း
အဓိကသင်ကြားသွားမှာဖြစ်တဲ့အပြင် အလုပ်ရှင် များအတွက်လည်း
ကိုယ့်လုပ်ငန်းမှာ ဘယ်အရာတွေက အလုပ်သမားဥပဒေအောက်လျော့နည်းနေလဲ / သာလွန်နေလဲ ဘယ်အရာတွေ ထပ်လုပ်ဖို့ လိုအပ်နေသေးလဲ
ဘယ်အချက်တွေကို ပြောင်းလဲပြင်ဆင်ရမလဲ အစရှိတာတွေကို သိရှိသွားမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် Q&A အစီအစဥ်လေးမှာလဲ မိမိတို့ သိချင်တဲ့ အကြောင်းအရာလေးတွေကို အပြန်အလှန် ဆွေးနွေးခွင့် ရသွားအုန်းမှာ ဖြစ်ပါတယ်။

သင်ကြားပေးမည့် အဓိက အကြောင်းအရာများ
*************************************
အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ​အလုပ်သမားရုံးများအကြောင်း
အလုပ်သမားအသစ်ခေါ်ယူခြင်း/ ခန့်အပ်ခြင်း
Employment Contact (EC စာချုပ်)
အလုပ်ချိန်သတ်မှတ်ချက်
အနည်းဆုံးအခကြေးငွေနှုန်းထား
အခကြေးငွေပေးချေခြင်း
ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ
အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဥ်များ
အလုပ်သမားရေးရာလုပ်ငန်းညှိနှ်ုင်းရေးကော်မတီ (WCC)
အလုပ်မှ ရပ်စဲခြင်း /ထုတ်ပယ်ခြင်း
နစ်နာကြေးနှုန်းထားများ

🎓သင်ကြားပေးမည့် ဆရာ
*************************************
Sayar Zaw Wai Hlyun Phyo
Founder of Active Computer Training Center
Vice Chairman (SCB-MESI)
B.A (History)
Dip.Human Resource Management
Dip.Digital Marketing
EDBM
Professional Management Trainer (MESI)

သင်တန်းအစီအစဉ်
**************************************

ရက်စွဲ။ ။ 2024 , September (11/18) 2 Day Training
အချိန်။ ။8:00 Pm to 10:00 Pm
သင်ကြားမည့်ပုံစံ။ ။ Zoom Live( Face to Face )

သင်တန်းကြေး
********************************************
သင်တန်းကြေး = (၀) ကျပ်
Register fees = (၀) ကျပ်

Certificate လက်မှတ် ရယူလိုသူများသည် သတ်မှတ်ထားသော
MCQ Exam ကိုဖြေဆိုအောင်မြင်ပါကိုCertificate fees (၁၅,၀၀၀) ကျပ် ဖြင့် ရယူနိုင်ပါတယ်။
Certificate မယူပါက မည်သည့် အခကြေးငွေမှ ပေးသွင်းရန်မလိုပါ။

လူဦးရေ ကန့်သတ်ထားလို့ စိတ်ပါဝင်စားပါက အမြန်ဆုံးစာရင်းပေးသွင်းထားဖို့ တိုက်တွန်းလိုက်ပါရစေ.....💁‍♂️💁‍♂️💁‍♂️

အသေးစိတ် သိရှိလိုပါက Page Messengerသိူ့ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျာ.....😊😊😊😊

အများအကျိုးရှိစေဖို့ CSR ဆောင်ရွက်ကြပါစို့....။


(MESI)


#ပညာဒါနသင်တန်း

25/12/2023

🎄🎅 Merry Christmas to you all! 🎄🎅

ယနေ့မှာ ကျရောက်တဲ့ ခရစ္စမတ်နေ့လေး မှာ မြန်မာနိုင်ငံသူ/သား များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင် စီးပွားရေးများ
အဆင်ပြေချောမွေ့ကြပါစေကြောင်းနှင့် အမိမြန်မာပြည်ကြီး အမြန်ဆုံး ပြန်လည်အေးချမ်းပါစေကြောင်း ACTC မိသားစုမှ ဆုတောင်းလိုက်ပါတယ်......🎅🎅🎅

Photos from SCB - MESI's post 24/12/2023

ACTC ၏ သင်တန်းသားများ တက်ရောက်နိုင်ပါရန်.....😍😍

13/08/2023

သော့ပါ တစ်ခါတည်း ခတ်ထားလိုက်...😂😂😂

01/08/2023

“ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

++++++++++++++++++++++++++++++

၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

Credit - Shwe Nyar Thar

မကြာခင်ရောက်ရှိတော့မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

၀ါဆိုလပြည့်နေ့ရာဇ၀င်

ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

၀ါဆိုသင်္ကန်း

၀ါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
၀ါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ၀င်တွေက လှူဒါန်းကြပါသည်။

ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။

19/07/2023

အာဇာနည်နေ့အကြောင်း
==========================

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် (၉) ဦး လုပ်ကြံခံခဲ့ရသော ဝမ်းနည်းဖွယ်နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ အစိုးရရုံးပိတ်ရက်အဖြစ် သက်မှတ်ပြီး နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူခြင်း၊ သံရှည်ဥဩဆွဲခြင်းတို့ဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကိုပြကြသည်။

အာဇာနည်နေ့သမိုင်းအကျဉ်း
၁၉၄၇၊ မြန်မာစံတော်ချိန် ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လည်ရှိ အတွင်းဝန်များရုံး၊ ဝန်ကြီးများရုံး၌ အစည်းအဝေးပြုလုပ်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂလိပ်မြို့စောင့်တပ် အမှတ် (၁၂) ၏ စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်ကာ စစ်သေနတ်ဖြင့် အစည်းအဝေးပြုလုပ်နေသော ခန်းမထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြသည်။ အဆိုပါပစ်ခတ်မှုအား နိုင်ငံတော်လုပ်ကြံမှုအဖြစ် သတ်မှတ်ခဲ့ကာ အတိုက်အခံ နိုင်ငံရေးအင်အားစုတစ်ခုက ကြိုတင်လုပ်ဆောင်ခြင်းဖြစ်ကာ အဓိက ကြိုးကိုင်သူအဖြစ် ဂဠုန်ဦးစောကို စွပ်စွဲခဲ့သည်။ ထို့နောက် ဦးစောနှင့် အပေါင်းအပါတစ်သိုက်အား တရားသူကြီးသုံးဦးပါဝင်သော ခုံရုံးဖွဲ့ စစ်ဆေးရာ ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့သည်။
ထိုစီရင်ချက်ကို တရားလွှတ်တော်ချုပ်သို့အယူခံဝင်ခဲံရာ ထိုအယူခံလွှာကို ၁၉၄၈ ဧပြီလ ၂၇ ရက်နေ့တွင် ပယ်ချခံခဲံရသည်။ ထို့နောက် နိုင်ငံတော် သမ္မတထံ ဆက်လက်အယူခံဝင်ရာ ခင်မောင်ရင်၊ သုခ နှင့် မောင်နီတို့ အပေါ်ချမှတ်ထားသော သေဒဏ်ကို ပယ်ဖျက်ကာ၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲပေးခဲ့သည်။ ဦးစော၊ သက်နှင်း၊ မောင်စိုး၊ မှုန်ကြီးတို့အား အင်းစိန်ထောင်တွင်လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန် အကျဉ်းထောင်တွင်လည်းကောင်း ၁၉၄၈၊ မေလ ၈ ရက်နေ့တွင် ကြိုးပေးစီရင်ခဲ့ကြသည်။

လုပ်ကြံခံရသူများ
၁။ ဦးအောင်ဆန်း (ဝန်ကြီးချုပ်)
၂။ ဦးဘချို (ပြန်ကြားရေးဝန်ကြီး)
၃။ မန်းဘခိုင် (အလုပ်သမားရေးရာဝန်ကြီး)
၄။ ဦးဘဝင်း (စီးပွားရေးနှင့်ထောက်ပံ့ရေးဝန်ကြီး)
၅။ သခင်မြ (ပြည်ထဲရေးဝန်ကြီး)
၆။ ဦးအဗ္ဗဒူရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး)
၇။ စဝ်စံထွန်း (နယ်ခြားဒေသဆိုင်ရာဝန်ကြီး)
၈။ ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးဝန်ကြီး)
၉။ ရဲဘော်ကိုထွေး ( ဦးအဗ္ဗဒူရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး)၏ သက်တော်စောင့်တို့ ဖြစ်ကြသည်။
ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဦးတင်ထွဋ်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။

လုပ်ကြံသူများဖမ်းဆီးခံရခြင်း
လုပ်ကြံခံရသည့် ညနေတွင် တရားခံများအား သောင်းကျန်းမှုနှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁) မှ တပ်ခွဲမှုး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခုမေခလမ်း) အမှတ် ၄ ရှိ ဦးစော အိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပက်တာ မစ္စတာဂျပ်ခေါင်းဆောင်သော ပုလိပ်အဖွဲ့သို့ အပ်နှံခဲ့သည်။ ထို့ပြင်ဗြိတိသျှဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး တစ်ဦးသည် စစ်သုံးကိရိယာများ ထောက်ပံပေးမှုဖြင့် တရားစွဲဆိုခံရသည်။

ပစ်ခတ်ခဲ့သူများ
၁။ ရန်ကြီးအောင် (ရဲဘော်ကိုထွေးနှင့် အစည်းအဝေးခန်းမတွင်းဝင်ရောက်ပစ်ခတ်သူ)
၂။ သက်နှင်း (ဦးဆောင်ပစ်ခတ်သူ)
၃။ မောင်စိုး (ဦဆောင်ပစ်ခတ်သူ)
၄။ စိန်ကြီး (ဦးဆောင်ပစ်ခတ်သူ)
၅။ သုခ (ကားမောင်းသူ)

ပထမဆုံးအာဇာနည်နေ့အခမ်းအနား
၁၉၄၇၊ ဇူလိုင် လ ၂၀ ရက်နေ့တွင် ဆူးလေဘုရားအနီးရှိ ဖိုက်ချ်စကွဲယား (ယခု မဟာဗန္ဓုလပန်းခြံတွင်) နိုင်ငံတောင်ဈာပန ဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂဒုတိယဥက္ကဋ္ဌ၊ မြို့မကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ တို့သည် ကျောင်းသားပြည်သူ တစ်သိန်းကျော်တက်ရောက်သော လူသတ်ဝါဒရှုတ်ချပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ထိုအခမ်းအနားသည်ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဖြစ်သည်။
အာဇာနည်ကိုးဦးလုပ်ကြံခံရပြီးမကြာမီတွင် ဘုရင်ခံချုပ် ဆာဟူးဘတ်ရန့်သည် ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးပေးအပ်ခဲ့ပြီး ဦးနုသည် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသည်။ ထိုအချိန်မှ စ၍နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျင်းပခဲ့ကြသည်။

ကိုးကား- မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၄ (အာဇာနည်နေ့)



#အာဇာနည်နေ့

12/07/2023

July 19 အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် ဖွင့်လှစ်ပေးမည့်

အခမဲ့ ကွန်ပျူတာအခြေခံ သင်တန်း.....📌📌📌

အပြင်မှာ သင်တန်းအတွက်အချိန်မပေးနိုင်လို့ ၊

ငွေကြေးကြပ်တည်းလို့ အကြောင်းအမျိူးမျိူးကြောင့်

အခြေခံကွန်ပျူတာမတက်ဖြစ်သေးတဲ့သူတွေရှိလား?

ဒါဆိုရင်တော့ ဒီသင်တန်းလေးက သင့်အတွက်မို့ မိတ်ဆွေတို့

အဆုံးထိဖတ်ဖြစ်အောင်ဖတ်သွာပေးပါ..😉😉

ယနေ့ခေတ်မှာ ပညာရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုမည့်

လူငယ်လူရွယ်တိုင်း ကွန်ပျူတာ အခြေခံ မှ မတက်ထားရင်

Office Staff အလုပ်တောင် လျှောက်လို့မရတော့ပါဘူး

ဒါကြောင့် ကွန်ပျူတာ ပညာရပ်ဟာ ယနေ့ခေတ်မှာ မဖြစ်မနေ

တက်ထားရမည့် ပညာရပ်တစ်ခု ဖြစ်လာခဲ့တယ်လို့ ပြောရင် မမှားနိုင်ပါဘူး

𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗶𝗻 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗕𝗮𝘀𝗶𝗰 𝗖𝗼𝘂𝗿𝘀𝗲

(သင်ကြားပေးမယ့် အကြောင်းအရာများကတော့)

✔ ကွန်ပျူတာမိတ်ဆက် နှင့် ကွန်ပျူတာအသုံးပြုပုံ
✔လက်ကွက် နည်းစနစ်တကျ စာရိုက်နည်း (𝐓𝐲𝐩𝐢𝐧𝐠 𝐓𝐞𝐱𝐭)
✔စာစီစာရိုက်နှင့် ဓာတ်ပုံပြုပြင်နည်းများ (𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐖𝐨𝐫𝐝)
✔စာရင်းဇယား ရေးဆွဲနည်းများ (𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐄𝐱𝐜𝐞𝐥)
✔အစီအစဉ် တင်ပြမှုများ (𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐏𝐨𝐰𝐞𝐫𝐏𝐨𝐢𝐧𝐭)
✔အင်တာနက် အသုံးပြုပုံ နှင့် 𝐄𝐦𝐚𝐢𝐥 ပို့နည်းများ၊
✔𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖွင့်နည်း (𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 & 𝐄𝐦𝐚𝐢𝐥) အစရှိသည်တို့ကို
လေ့လာသင်ကြား ရမှာ ဖြစ်ပါတယ်။

အခြေခံသင်တန်း ဆိုပေမယ့် တော်တော်များများ မသိသေးတဲ့ အခြေခံအကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံနဲ့သင်ကြားပေးသွားမှာပါ။

အခြေခံ ထက်ပိုတဲ့ပညာတွေကို လိုချင်ရင်တော့ 𝐀𝐂𝐓𝐂 ကို ကြွလှမ်းခဲ့ကြဖို့
ဖိတ်ခေါ်လိုက်ပါရစေ...🥰🥰🥰

ယခုသင်တန်းလေးအတွက် ပထမဦးဆုံးအပ်နှံသူ (၅၀) ဦး အား

သင်တန်းကြေး ၁၀၀% အခမဲ့​ဖြင့် တက်ရောက်ခွင့်ရမှာမို့

အခွင့်အရေးကို လက်လွှတ်မခံဖို့ အကြံပြုလိုက်ပါရစေ......🥰🥰🥰

ပုံမှန်သင်တန်းကြေး - 𝟏𝟕𝟎𝟎𝟎 ကျပ် (𝗢𝗻𝗹𝗶𝗻𝗲)

အစောဆုံးအပ်နှံသူ (၅၀)ဦးအတွက် - 0 ကျပ်

ယခု ပညာဒါန သင်တန်းလေးအတွက် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 မပေးပါ။

𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 လိုအပ်သူများ အတွက်လည်း စီစဥ်ပေးပါမယ်။

စာမေးပွဲလေးတော့ ဖြေဆိုပေးရပါမယ်။

ဒါကြောင့်မို့ Don't Miss this Chance

အခွင့်အရေးကို လက်မလွှတ်ဖို့ အခုပဲ စာရင်းပေးသွင်းအပ်နှံလိုက်ပါ..



❓ဘယ်လိုသင်ကြားရမှာလဲ...👨‍🏫👨‍🏫👨‍🏫👨‍🏫

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 မှာ 𝐑𝐞𝐜𝐨𝐫𝐝 𝐕𝐢𝐝𝐞𝐨 တွေ နဲ့ လေ့လာရပါမယ်။ 𝐥𝐢𝐯𝐞 𝐜𝐥𝐚𝐬𝐬 မဟုတ်တဲ့အတွက် အချိန်မမှီမှာလဲ စိုးရိမ်စရာမလိုပါဘူး။
Record Video Class ဆိုပေမယ့် သင်ခန်းစာတွေကို နေ့စဥ် အသစ်
တင်ပေးတာ မလို့ စာတွေအများကြီး မြင်ပြီး စာလုပ်ချင်စိတ် ပျောက်သွား
တက်တဲ့ သူများအတွက်အထူးသင့်တော်ပါတယ်..😂😂😂
တစ်နေ့စာ တစ်နေ့တော့ အပြီးလုပ်ပေးရပါမယ်။ သင်ခန်းစာတွေ နားမလည်တာ ရှိခဲ့ရင် ဆရာ့ကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ စာဆွေးနွေးရန်
Messenger Group လေးလဲ ဖွဲ့ထားပေးမှာ ဖြစ်ပါတယ်။

❓သင်တန်းတတ်ရောက်ဖို့ ဘာ​တွေလိုအပ်သလဲ..?💁‍♀️

အမှန်တကယ်သင်ယူလို စိတ်ရှိရပါမယ်။
တက်မြောက်ဖို့ အတွက် အာမခံပါတယ်။
လက်တွေ့လေ့ကျင့်ဖို့ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 ရှိရပါမယ်။
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐀𝐜𝐜𝐨𝐮𝐧𝐭 တစ်ခု ရှိရပါမယ်။

❓သင်တန်းဘယ်အချိန်စမှာလဲ...?

၁၈.၇.၂၀၂၃ ရက်နေ့စပါမယ်
အပတ်စဥ် (𝐓𝐮𝐞𝐬𝐝𝐚𝐲 𝐭𝐨 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲)
တစ်ပတ်လျှင် ၅ ရက် သင်ကြားရပါမယ်။
သင်တန်းကာလ (၁) လ ကြာပါမယ်။

သင်တန်းလေးတွေကို စိတ်ဝင်စားလို့ တတ်ရောက်ချင်ရင်တော့ အောက်ပါ
𝐋𝐢𝐧𝐤 လေးမှာ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လေးလုပ်သွားပေးပါ......👇👇👇

https://forms.gle/pmqm6ZSqj5ZPP9S49

ယခု သင်တန်းလေးတွေကို တတ်ရောက်ခွင့်ရရှိရန် လိုအပ်ချက်ကတော့💁‍♀️

Active Computer Training Center -ACTC 𝐩𝐚𝐠𝐞

အား 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 ပြုလုပ်ထားရပါမယ်။

ယခုသင်တန်းကြော်ငြာ Post လေးအား Public ဖြင့် Like &

Share ပြုလုပ်ထားပြီး Share ထားတဲ့ Screenshort လေးကို

Comment မှာ မန့်ထားပေးရပါမယ်။

Admin မှ အမြန်ဆုံး ဆက်သွယ်

အကြောင်းပြန်ပေးပါမယ်ခင်ဗျာ...😊😊😊

အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပွားပါက 𝐀𝐂𝐓𝐂 ၏

ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါသည်။

ACTC မှ သင်တန်းသားတို့၏ စကားသံများ..😍😍😍

https://www.facebook.com/105038068967284/posts/163081183162972/?mibextid=Nif5oz

ACTC မှ သင်တန်းသားတို့၏ အမှတ်တရ ပုံရိပ်များ..😍😍😍😍

https://www.facebook.com/105038068967284/posts/167075812763509/?mibextid=Nif5oz

ကျွန်တော်တို့ သင်တန်းလေးဟာ ကွန်ပျုတာသင်တန်း

များကို Online/Offline သင်ကြားရေးစနစ်နှစ်မျိူးဖြင့် ပြည်တွင်း၊

ပြည်ပ မှ သင်တန်းသားပေါင်း(600)ကျော် အထိ လေ့ကျင့်သင်ကြားပေး

ခဲ့တာ ယခုဆိုရင် (၂)နှစ်တိတိ ပြည့်မြောက်ကျော်လွန် ခဲ့ပြီး ဖြစ်ပါတယ်...

ကိုယ်တက်ရောက်စေချင်တဲ့ သူငယ်ချင်းတွေကိုလဲ 𝗠𝗲𝗻𝘁𝗶𝗼𝗻 ခေါ်သွားကြ

အုန်းနော်....🥰🥰🥰🥰

#𝐀𝐂𝐓𝐂
#𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫


#𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
#ပညာဒါန

26/06/2023

ဘယ်လို နာမည်ဆန်းလေးတွေ ပေးဖြစ်ကြလဲ...???

19/06/2023

Advanced Excel သင်တန်း မနက်ဖြန် စပါပြီ
☺☺☺

15/06/2023

သင်တန်းပြီးလို့ စာမေးပွဲစစ်ချိန် သင်တန်းသားတို့၏ ပုံရိပ်များ..😂😂

14/06/2023

Excel Functions တွေနားလည်ရ ခက်တယ်ဆိုတာ
ဒီသင်တန်းမတက်ရသေးလို့ပါ......👨‍💻👨‍💻👩‍💻👩‍💻

Advanced Excel (ရုံးလုပ်ငန်းသုံး Excel ကျွမ်းကျင်သင်တန်း)

Excel မပိုင် စာရင်းမကိုင်နဲ့ ဆိုတဲ့အတိုင်း အရာရာယှဉ်ပြိုင်နေတဲ့ ခေတ်မှာ အခြေခံ Excel တက်မြောက်ယုံနဲ့ ရာထူးကောင်းကောင်း ၊ လစာကောင်း
ကောင်းရဖို့ဆိုတာ ခက်ခဲနေတာ အမှန်ပါပဲ။

ဘယ်သူတွေ တက်ရောက်သင့်သလဲ?

သင်ဟာ (Office Staff, HR Assistant, HR Executive, Admin Assistant) အစရှိတဲ့ရာထူးမျိုး နဲ့ အလုပ်ဝင်မည့်သူ
(သို့မဟုတ်) အလုပ်လုပ်နေတဲ့သူဆိုရင်တော့ အခုသင်တန်းလေးက သင့်အတွက် မဖြစ်မနေတက်ထားရမယ့် သင်တန်းလေးတစ်ခုဆိုတာ သေချာနေပါပြီ။ သင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ပြီး စာရင်းဇယားတွေကို ကိုယ်တိုင်ရေးဆွဲနေရတဲ့သူ တစ်ယောက်ဆိုရင်လည်း အခုသင်တန်းလေးက သင့်အတွက် မဖြစ်မနေတက်ထားဖို့ အကြံပြုလိုက်ပါရစေ။ ဒါ့အပြင် Excel ကိုအသုံးပြုနေသူတိုင်းအတွက် တက်ထားသင့်တဲ့သင်တန်းလေးတစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်....😊😊😊

အဓိက မဖြစ်မနေ တက်ရမည့်သူများကတော့ HR ဌာန မှာ လုပ်ကိုင်နေတဲ့
HR Assistant မှ HR Manager ရာထူး အထိ မဖြစ်မနေ
တက်ထားဖို့ လိုအပ်ပါတယ်။

သင်တန်းလေး ပြီးသွားရင် ဘာတွေ လုပ်တက်သွားမှာလဲ?

Excel မှာ Formula များရေးသားနည်း။
Excel မှာ ပြတတ်တဲ့ Error တွေရဲ့ အဓိပ္ပါယ်များ
Paste ထပ် များစွာ အသုံးဝင်တဲ့ Paste Special အကြောင်း။
(Workday,Workday International
Networkday, Networkday International) အသုံးပြုပုံ။
Left Function, Right Function, Mid Function,
Substitute Function, Upper Function, Lower Function, Proper Function, Len Function, Rept Function, Find Function, Search Function, Subtotal Functions, Count Function,Round Function ,Sum Function, If Function,And Function,OR Function,
Vlockup,Hlookup,Index & Match Function

အစရှိတဲ့ Function များကိုအသုံးချပြီး.

ဝန်ထမ်းတွေရဲ့ လုပ်သက်တွေကို တွက်ချက်ခြင်း
ဝန်ထမ်းတွေရဲ့ မွေးနေ့တွေ အလိုအလျောက် ဖော်ပြအောင်ပြုလုပ်ခြင်း
ကုန်ပစ္စည်းရဲ့ Code နံပါတ်လေး ထည့်လိုက်ယုံနဲ့ သူနဲ့ပတ်သတ်တဲ့အချက်အလက်တွေ ကျလာအောင်ပြုလုပ်ခြင်း
ဝန်းထမ်းကဒ်နံပါတ်လေး ထည့်လိုက်ယုံ နဲ့ ဝန်ထမ်းနဲ့ ပတ်သတ်တဲ့
အချက်အလက်တွေ အလိုအလျောက်ဖော်ပြပေးခြင်း
စာမေးပွဲ ရမှတ်တွေပေါ်မူတည်ပြီး အောင်/ရှုံး/ဂုဏ်ထူး/အမှတ်ပြည့်
အစရှိသဖြင့် အလိုအလျောက် ဖော်ပြအောင် ပြုလုပ်ခြင်း
ထူးချွန်ကျောင်းသားများကို အလိုအလျောက် Bonous ချီးမြင့်ခြင်း
ရက်ပျက် များတဲ့ ဝန်ထမ်းတွေကို အလိုအလျောက် bonous ဖြတ်ချခြင်း
Cell ကွက်တွေထဲမှာ မိမိ သတ်မှတ်ထားတဲ့ Data တွေပဲ ထည့်ခွင့်ရှိပြီး မှားယွင်းနေလျှင် ထည့်ခွင့်မရအောင် ပြုလုပ်ခြင်း
အစရှိတဲ့ ခေါင်းစဉ်ကြီးများအောက်မှာ အသုံးပြုပုံ အဆင့်ဆင့်နဲ့ နားလည်လွယ်ကူအောင် သင်ကြားပို့ချ ပေးသွားမှာ ဖြစ်ပါတယ်..😊😊😊

ဘာတွေသင်မှာလဲ?

သင်ကြားပေးမည့် ခေါင်းစဉ်ကြီးများ ကတော့

Writing formula
Number Format
Excel Error
Cell Name
Cell Moving
Paste Special
Date & Time Functions
Text & Data Functions
Mathematical Functions
Logical Functions
Data Validation
Lookup Functions
Conditional Formatting
Consolidate
Hyperlink
Pivot Table & Pivot Chart

ဘယ်လိုသင်မှာလဲ?

Telegram Channel မှာ Record Video တွေ နဲ့ လေ့လာရပါမယ်။ သင်တန်းအပ်ပြီးတာနဲ့ လက်တွေ့လေ့ကျင်ရမယ့် Excel file ကို Email မှ တစ်ဆင့်ပေးပို့သွားမှာပါ။

Live Class မဟုတ်တဲ့အတွက် အလုပ်တစ်ဖက်နဲ့ ဝန်ထမ်းတွေ ၊ အချိန်မပေးနိုင်တဲ့သူတွေ အတွက် မိမိအဆင်ပြေတဲ့အချိန် လေ့လာလို့ရမှာပါ။
စာတွေကို တော့ တစ်ပတ်စာတစ်ပတ် ပြုလုပ်ပေးသွားဖို့ လိုပါတယ်နော်။
သင်ခန်းစာတွေ နားမလည်တာရှိရင် ဆရာနဲ့ တိုက်ရိုက် Messenger မှာ စာမေးမြန်းနိုင်ပါတယ်။

🧑‍🏫သင်ကြားမည့်ဆရာ👨‍🏫

Sayar U Zaw Wai Hlyun Phyo
Founder of Active Computer Training Center
Professional Diploma in Human Resource Management (LQB,UK)
Executive Diploma in Business Management
Professional Management Trainer (MESI)
ပဲ ဖြစ်ပါတယ်........

သင်တန်းတက်ရောက်ဖို့ ဘာတွေလိုအပ်လဲ?

သင်တန်း တက်ရောက်ဖို့ ကိုယ်ပိုင် ကွန်ပျူတာ တစ်လုံး ရှိဖို့ လိုအပ်ပါတယ်။
Excel အခြေခံ တက်မြှောက်ဖိူ့လိုပါတယ်။

သင်တန်းဘယ်တော့စမှာလဲ?

၂၀.၆.၂၀၂၃ ရက်နေ့စပါမယ်။
တစ်ပတ်ကို ၅ ရက် သင်ကြားရမှာပါ။
သင်တန်းကာလ (၁) လ ကြာပါမယ်။

Certificate ပေးမှာလား?

သင်တန်းလေးပြီးဆုံးသွားရင် စာမေးပွဲဖြေပြီး အောင်မြင်ပါက Certificate ကို Digital Sign ထိုးပေးပြီး Email မှ တစ်ဆင့်ပေးပို့ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီအထိ ဖတ်ပြီးရင်တော့ သင်ဟာ ယခုသင်တန်းလေးကို စိတ်ဝင်စားပြီး တက်ဖို့ စဉ်းစားနေပြီ ဆိုတာ သေချာနေပါပြီ...😍😍

သင်တန်းကြေး?

ပုံမှန်သင်တန်းကြေး (Online) ၂၂၀၀၀ ကျပ်။
နောက်ထပ်ဖွင့်မယ့်အတန်း ကစပြီး စျေးလေး အနည်းငယ်
အပြောင်းအလဲ ရှိတော့မှာမို့ ဒီစျေးနဲ့က ယခု အတန်းနောက်ဆုံးပါခင်ဗျာ

အစောဆုံးအပ်နှံသူ (၁၀) ဦးအတွက်
30% Discount ၁၅၀၀၀ ကျပ်။😮😮😮
(ACTC ရဲ့ အခြေခံကွန်ပျူတာ သင်တန်းပြီးဆုံးထားသော သင်တန်းသား
ဟောင်းများအတွက် ၁၂၀၀၀ ကျပ်။)🙋🙋🙋

ကိုယ့်အတွက် အမှန်တကယ်အကျိုးရှိမယ့် အတန်းလေးမို့ Discount အမှီလေးအပ်ထားဖို့တော့လိုမယ်နော်။

သင်တန်းလေးနဲ့ ပတ်သတ်ပြီး ထပ်မံသိချင်တာရှိရင် Page Messenger မှာ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်..

ACTC မှ သင်တန်းသားတို့၏ စကားသံများကိုလဲ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/105038068967284/posts/163081183162972/?mibextid=Nif5oz

သင်တန်းကြေး ဘယ်လိုပေးသွင်းရမလဲ?.

Wave money (or) Kpay နဲ့ ပေးသွင်းရပါမယ်။
သင်တန်းကြေး ပေးသွင်းရမည့် Account များကို
Chatbox မှာ ပို့ပေးပါမယ်....

ယခုသင်တန်းလေးကို စိတ်ဝင်စားလို့ တက်ချင်တယ်ဆိုရင် comment မွာ လို့ရေးထားပေးပါ။ Admin မှ အမြန်ဆုံး ပြန်လည်ဖြေကြား ပေးပါမယ်ခင်ဗျာ.....

13/06/2023

Advanced Excel သင်တန်းမှာ ဒီလို ဆရာကို
ပြန်ကြပ်တဲ့သူတွေ တကယ်ရှိတာပါ....😎😎😎

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aye Yeik Nyein Street
Yangon