Sports Mail
မြန်မာပြည်က အာဆင်နယ်ပရိသတ်တွေအတွက် ထူးခြားသတင်းတွေနဲ့ လွမ်းမောဖွယ် အကြောင်းအရာတွေကို စုစည်းခံစားစေနိုင်ဖို့ ရည်ရွယ်ပါတယ်။
31/05/2026
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းရဲ့ အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံမှုပုံရိပ်များ
31/05/2026
ပုံတွေ နှိပ်ကြည့်လိုက်ကြနော်...😁
လန်ဒန်မြို့ရဲ့ လမ်းမများထက်မှာ... အောင်ပွဲခံနေကြပြီ
31/05/2026
လန်ဒန်မြို့ရဲ့လမ်းမထက်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ပရိသတ်တွေ အောင်ပွဲခံဖို့ အသင့်ဖြစ်နေကြပါပြီ။ မကြာခင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားနဲ့ မြို့ပတ်ပြီး အောင်ပွဲခံတော့မှာဖြစ်ပါတယ်။
30/05/2026
ခုချိန် အားလုံးရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားနေရမလဲဆိုတာ ကျွန်တော်သိပါတယ်။ အနည်းဆုံးတော့ ကျွန်တော်ပြောနိုင်တာက ကျွန်တော်တို့ဟာ ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ရပေမဲ့ ဂုဏ်ငယ်စရာ လုံး၀မရှိပါဘူး။ ကိုယ့်ကောင်တွေလည်း အကောင်းဆုံး ကြိုးစားခဲ့ကြတာပဲ။ ပင်နယ်တီဆိုတာကတော့ ကံတရားပဲပေါ့လေ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံပါပဲ။
AMSC က ကျင်းပတဲ့ UCL Final ပွဲအတွက် Sedona Hotel မှာတော့ ၇ နာရီကျော်ကတည်းက ပရိသတ်တွေ အခုလိုများပြားနေခဲ့ပါပြီ။
29/05/2026
ဖိုင်နယ်အမီ တင်ဘာ ပြန်လာနိုင်တာ ဝမ်းသာစရာပါပဲ။ ယုံကြည်မှုအပြည့်နဲ့ အားပေးကြမယ် ကိုယ့်လူတို့ရေ...
အာဆင်နယ် ရှုံးပွဲမရှိစံချိန်နဲ့ ဖလားရတုန်းက မမွေးသေးတဲ့ လူငယ်တစ်ယောက်ရဲ့ ရင်ခုန်သံ
29/05/2026
မိုးပေါ်မှာ လေယာဉ်ပျံ အာဆင်နယ်က ချန်ပီယံ
29/05/2026
"ပြီးခဲ့တဲ့ရာသီတွေတုန်းက ကျွန်တော်တို့ မန်စီးတီးကို အသည်းအသန် လိုက်ဖိခဲ့ရပြီး နောက်ဆုံးမှာ သူတို့ပဲ လိဂ်ချန်ပီယံ ဖြစ်သွားခဲ့တာကို ကျွန်တော့်သူငယ်ချင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အမှတ်ပေးဇယား အခြေအနေက ပြောင်းလဲသွားခဲ့ပြီး ကျွန်တော်တို့ကပဲ ထိပ်ဆုံးကနေ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။
ဒီလိုပုံစံအတိုင်းပါပဲ... ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီ ချန်ပီယံလိဂ်ဖလား ရခဲ့ပေမဲ့လည်း ဒီရာသီမှာတော့ အာဆင်နယ်အသင်းအနေနဲ့ အဆုံးအထိ တက်လှမ်းပြီး ဖလားကြီးကို ကိုင်မြှောက်ကာ ကလပ်အသင်းအတွက် သမိုင်းဝင်နှစ်တစ်နှစ် ဖြစ်အောင် ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ကို ယုံကြည်ပါတယ်။
ပြီးခဲ့တဲ့ရာသီနဲ့ အခုရာသီဟာ လုံးဝကို ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိသေးတဲ့ စံချိန်မှတ်တမ်းနဲ့အတူ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်လို့ 'အဆုံးအထိ သွားနိုင်မယ်' ဆိုတဲ့ တကယ့် ယုံကြည်မှုကို ပေးစွမ်းပါတယ်။
တချို့က ဒါကို ကလပ်အသင်းအတွက် (၂၀၀၆ ခုနှစ်က) ကံဆိုးမှုကို အကြွေးပြန်ဆပ်တာလို့ ခေါ်ချင်ခေါ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့နဲ့ လုပ်စရာရှိတာကို အပြတ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဖလားကို တကယ်လိုအပ်နေတာဖြစ်ပြီး အခုလိုမျိုး စိတ်ဓာတ်ပိုင်း အားသာချက်နဲ့အတူ သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့် ရှိပါတယ်"။
ကနူး
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
No. 127, 14 Street, Lamandaw
Yangon